Edulistic English Channel

🌟FREE ONLINE ENGLISH LESSONS IN BURMESE🌟

Hi there! 👋

Welcome to Edulistic English! I’m Teacher Ei Ei Aung, an English teacher passionate about helping learners gain confidence and fluency in English.

Years ago, I discovered my love for teaching while volunteering to help English learners. That experience changed my path. I switched my major from Accounting to Education and later earned a Master’s Degree in TESOL (Teaching English to Speakers of Other Languages) from the City University of New York. Since then, I’ve been teaching English as a New Language in U.S. public schools, supporting students from diverse backgrounds to communicate with clarity and confidence.

In today’s fast-changing world, English fluency opens doors to endless opportunities, and I’m here to help you reach that goal, step by step.

💬 Let’s learn, grow, and succeed together!


Edulistic English Channel

Happy Myanmar New Year! 🌼

May this special day bring peace to your heart, happiness to your home, and blessings to your family. Wishing everyone a fresh new year filled with good health, kindness, and beautiful new beginnings.

Have a joyful and blessed Myanmar New Year! 💛

2 months ago | [YT] | 520

Edulistic English Channel

youtube.com/playlist?list=PLO...

မင်္ဂလာပါရှင် 💛
ဒီနေ့တော့ channel မှာ အရင်ကတင်ခဲ့တဲ့ Speaking Pattern video တွေကို ပြန်ပြီး မိတ်ဆက်ပေးချင်ပါတယ်။

အင်္ဂလိပ်စကားပြောတတ်ချင်တဲ့သူများအတွက် speaking patterns ကို လေ့ကျင့်တာက အရမ်းအကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ စကားတစ်ကြောင်းချင်းကိုသာ မမှတ်ဘဲ အသုံးများတဲ့ sentence patterns တွေကို နားလည်ပြီး လေ့ကျင့်ထားရင် ကိုယ့်စကားကိုယ် ပိုလွယ်လွယ်ကူကူ တည်ဆောက်ပြောနိုင်လာလို့ပါ။
ဥပမာ —
✅ pattern တစ်ခုကို သေချာလေ့ကျင့်ထားရင်
✅ ကိုယ့်အကြောင်း ပြောတာ
✅ နေ့စဉ်အလုပ်အကြောင်း ပြောတာ
✅ အကြိုက်အကြောင်း ပြောတာ
✅ မေးခွန်းဖြေဆိုတာ
✅ တခြားအခြေအနေအသစ်တွေမှာ စကားပြန်တည်ဆောက်တာတွေကို ပိုပြီး သဘာဝကျကျ ပြောနိုင်လာပါတယ်။

Speaking pattern practice က vocabulary သင်တာလိုပဲ အရေးကြီးပေမယ့် တစ်ခါတလေ လူများက မေ့လျော့တတ်ကြပါတယ်။ စကားလုံးတစ်လုံးချင်း သိနေရုံနဲ့ မလုံလောက်ပါဘူး။
အဲဒီစကားလုံးတွေကို pattern ထဲမှာ ဘယ်လိုသုံးရမလဲ သိလာတဲ့အခါ English speaking က ပိုပြီး မြန်လာတယ်၊ ယုံကြည်မှုလည်း တက်လာတယ်။

ဒီ playlist ထဲက video တွေက
✨ အသုံးဝင်တဲ့ speaking patterns
✨ နေ့စဉ်သုံး English expressions
✨ ထပ်ခါထပ်ခါ လေ့ကျင့်လို့ရတဲ့ sentence structures
တွေကို အခြေခံပြီး လေ့ကျင့်နိုင်အောင် ကူညီပေးမယ့် video တွေပါ။

ဒီ video တွေကို ဘယ်လိုလေ့ကျင့်သင့်လဲ?
👉🏻 တစ်ကြိမ် နားထောင်ပါ
👉🏻 နောက်ကနေ အသံထွက်လိုက်ပြောပါ
👉🏻 sentence ကို ကိုယ့်အကြောင်းနဲ့ ပြန်ပြောင်းပြီး ပြောကြည့်ပါ
👉🏻 တစ်နေ့ကို 5 မိနစ်၊ 10 မိနစ်ပဲဖြစ်ဖြစ် မှန်မှန်လေ့ကျင့်ပါ
အရေးကြီးဆုံးက perfect ဖြစ်အောင် မစောင့်ပါနဲ့။
အရင်ဆုံး စပြီးပြောဖို့၊ ထပ်ခါထပ်ခါ လေ့ကျင့်ဖို့က ပိုအရေးကြီးပါတယ်။
Speaking patterns တွေကို မကြာခဏ လေ့ကျင့်ပေးရင် English စကားပြောတဲ့အခါ
“ဘာပြောရမလဲ?” ဆိုပြီး ကြာကြာစဉ်းစားနေစရာ မလိုတော့ဘဲ sentence တွေက ပိုပြီး သဘာဝကျကျ ထွက်လာပါလိမ့်မယ်။

အရင်က video တွေကို မကြည့်ရသေးတဲ့သူတွေလည်း ဒီအချိန်မှာ ပြန်လည်လေ့ကျင့်လို့ရပါတယ်။ အရင်ကြည့်ပြီးသားသူတွေလည်း revision အနေနဲ့ ပြန်ကြည့်ပြီး ပြန်ပြောကြည့်ပါ။
Language learning မှာ repetition က တကယ်အရေးကြီးပါတယ်။ ဒီ playlist က video တွေကို ကြည့်ပြီးနေ့တိုင်း နည်းနည်းစီ practice လုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့် speaking confidence တက်လာတာကို သေချာခံစားရပါလိမ့်မယ်။ 💪✨

🎥 Speaking Pattern Playlist ကို ဒီမှာ ဝင်ကြည့်ပြီး အတူလေ့ကျင့်လိုက်ရအောင်နော်။
ကိုယ်အကြိုက်ဆုံး pattern ဒါမှမဟုတ် practice လုပ်ချင်တဲ့ pattern ရှိရင် comment မှာလည်း ရေးခဲ့ပေးပါရှင်။ 💬 

အတူတူ ဖြည်းဖြည်းချင်း လေ့ကျင့်ပြီး English speaking ကို ပိုကောင်းလာအောင် ကြိုးစားကြမယ်နော်။ 💛

3 months ago | [YT] | 35

Edulistic English Channel

Happy New Year to all my viewers!🎉 I’m grateful for every view, comment, and message. Let’s keep learning and growing together in the new year!✨

5 months ago (edited) | [YT] | 454

Edulistic English Channel

Happy holidays, everyone! I’m grateful for your support and wish you rest, joy, and good moments with the people you love. See you soon!❤️

6 months ago | [YT] | 279

Edulistic English Channel

မင်္ဂလာပါရှင်🙂

ဒီ practice video ထဲမှာ၂ ယောက်ပြောတဲ့ English conversation အတိုလေး ၃ခု ပါဝင်ပါတယ်။ အဖော်မလိုပဲနဲ့ တစ်ယောက်တစ်လှည့်ပြောပြီး လေ့ကျင့်လို့ရနဲ့ပုံစံလေးနဲ့ လုပ်ပေးထားပါတယ်။ ဒီမှာ 3 steps ပါဝင်ပါတယ်။

Step 1: Listen to the conversation. - နားထောင်ပေးပါ။
Step 2: Repeat. - ပြန်ပြောပြီး လေ့ကျင့်ပေးပါ။
Step 3: Take turns. - တစ်လှည့်စီ ပြောပေးပါ။

❤️Happy learning!❤️

6 months ago | [YT] | 78

Edulistic English Channel

Tomorrow is Thanksgiving day in the United States. Let's learn why and how Americans celebrate this holiday!

6 months ago | [YT] | 40

Edulistic English Channel

မင်္ဂလာပါရှင်။☺️

ဒါကတော့ Speaking Patterns Level 1 ရဲ့ အပိုင်း ၁ ပါ။ အောက်ပါ pattern တွေပါဝင်ပါတယ်။

(1) I have to + verb 1
(2) I have something to + verb 1
(3) I've decided to + verb 1
(4) I'm good at...
(5) I'm bad at...
(6) I’m interested in...
(7) I’m here to + verb 1
(8) I'm here for...
(9) I’m about to + verb 1
(10) I was about to + verb 1
(11) I’m busy + verb-ing
(12) I’m not used to + verb-ing
(13) I’m used to + verb-ing

💕Happy learning!!!💞

7 months ago | [YT] | 72

Edulistic English Channel

မင်္ဂလာပါရှင်🤗

ဒီနေ့မှာတော့ 🗣️အသံထွက်ကောင်းအောင် လေ့ကျင့်ကြပါစို့။✅

🌟noun ရဲ့ နောက်မှာ 's' သို့မဟုတ် 'es' ထည့်ပေါင်းပြီး အများ plural ပြောတဲ့အခါ အသံထွက်အားလုံးကို /s/သံနဲ့ပဲ ဆုံးတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ plural nouns ရဲ့ အသံထွက် (၃)သံရှိပါတယ်။ ဒီ lesson မှာ plural nouns ရဲ့ pronunciation rules ကို လေ့လာပါမယ်ရှင်။

📚Level 1 Beginner Course: www.youtube.com/playlist?list...

🌺Happy learning!🌺

📌Facebook Page - www.facebook.com/EdulisticEnglish

7 months ago | [YT] | 50

Edulistic English Channel

မင်္ဂလာပါရှင်🙂

ဒီ lesson က Level 1 - Beginner English Course: Unit 2 ရဲ့ Speaking Practice ဖြစ်ပါတယ်။ Unit 1 and 2 က ကြည့်ခဲ့တဲ့ skills တွေကိုသုံးပြီး speaking လေ့ကျင့်ကြည့်ပါ။ Video ထဲမှာ သဘာဝကျကျ​ပြောနိုင်အောင် အသံထွက်ပါ ထည့်သင်ပေးထားပါတယ်။

ကျမနဲ့အတူတူ speaking လေ့ကျင့်ကြရအောင်။

❤️Happy learning!❤️

📚Level 1 Beginner Course: www.youtube.com/playlist?list...

📌Facebook Page - www.facebook.com/EdulisticEnglish

7 months ago (edited) | [YT] | 47

Edulistic English Channel

မင်္ဂလာပါရှင်🙂

This” နဲ့ “That” ကို ဘယ်လိုသုံးရမလဲဆိုတာ သိချင်ပါသလားရှင်။🤔 ဒီအခြေခံကျတဲ့ Level 1 Beginner သင်ခန်းစာမှာ “this" and "that"သုံးနည်းကို လေ့လာမှာ ဖြစ်ပါတယ်။ Extra အနေနဲ့ ပိုင်ဆိုင်မှုပြတဲ့ possessive apostrophe ကိုပါ ထည့်သင်ပေးထားပါတယ်ရှင်။

ဒီဗီဒီယိုထဲမှာ —
✅ ရှင်းလင်းတဲ့ သင်ခန်းစာနဲ့ ဥပမာများ
✅ နေ့စဉ်သုံးနိုင်တဲ့ ဥပမာများ
✅ Listening Practice
ပါဝင်ပါတယ်။

ဒီသင်ခန်းစာအပြီးမှာ “this” နဲ့ “that”၊ possessive apostrophe ကို သဘာဝကျကျ ပြောနိုင်ပါလိမ့်မယ်။

📄 Listening Practice Worksheet: drive.google.com/file/d/1jQszj9zrYDfSXoVnI5ab9wAYH…

📚Level 1 Beginner Course: www.youtube.com/playlist?list...

❤️Happy learning!❤️

📌Facebook Page - www.facebook.com/EdulisticEnglish

7 months ago | [YT] | 31