မင်္ဂလာပါ။ကျနော်က Facebook,Youtube နဲ့ Tiptokမှာ ကျန်းမာရေး ဗဟုသုတ နဲ့ အခြေခံဆေးဝါးများအကြောင်းကိုမျှဝေပေးနေတဲ့ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
Medical Knowledge by Dr Min Thiha
Myanmar Vs Afghanistan 👏👏👏
1 year ago | [YT] | 3
View 0 replies
Omega 3,6,9 ကနေ ဘာကောင်းကျိုးတွေ ရမှာလဲ?? ဒီနေ့မှာတော့ လူတိုင်း ကြားဖူးပြီးသား ဖြစ်တဲ့ Omega 3,6,9 အကြောင်းကို မျှဝေပေးချင်ပါတယ်။ Omega 3,6,9 ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ fatty acid တွေ ဖြစ်တာကြောင့် လုံလောက်တဲ့ ပမာဏ ရရှိနေဖို့ လိုပါတယ်။ Omega 3 (Alpha Linolenic Acid (ALA)) နဲ့ Omega 6 (Linoleic Acid (LA)) နှစ်မျိုးဟာ Essential Fatty Acid တွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်က ထုတ်နိုင်ခြင်း မရှိပဲ အစားအစာကနေပဲ ရနိုင်မှာ ဖြစ်ပါတယ်။ Omega 9 (Oleic Acid) ကိုတော့ ခန္ဓာကိုယ်ကနေ ထုတ်နိုင်တယ် ဆိုပေမယ့် အစားအစာကနေလည်း ရရှိနိုင်ပါတယ်။အရင်ဆုံး Omega 3 အမျိုးအစားတွေ အကြောင်းကို လေ့လာကြည့်ရအောင်.. Omega 3 အုပ်စုတွေထဲမှာ ALA, EPA နဲ့ DHA ဆိုပြီး သုံးမျိုး ရှိပါတယ်။ ALA (Alpha Linolenic Acid) ဟာ အစေ့အဆန်နဲ့ အစေ့အဆန်က ရနိုင်တဲ့ အဆီတွေမှာ အဓိကပါဝင်ပြီး (EPA) Eicosapentaenoic Acid ကိုတော့ ဆဲလ်မွန်၊ ဂဏန်းနဲ့ ခရုစတဲ့ ပင်လယ်စာတွေကနေ ရနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ DHA လို့ခေါ်တဲ့ Docosahexaenoic Acid ဖြစ်ပြီး ဒီအမျိုးအစားကိုလည်း ပင်လယ်စာ အသား၊ ငါးတွေကနေ ရနိုင်တာ ဖြစ်ပါတယ်။ Omega 6 နဲ့ 9 ကတော့ သဘာဝကရတဲ့ အသီး၊ အရွက်တွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ omega 6 ကိုတော့ ပဲပိစပ်ဆီ၊ အသီးအရွက်ဆီနဲ့ နေကြာစေ့၊ ဗာဒံစေ့အပါအဝင် အစေ့အဆံ တွေကနေ ရနိုင်ပြီး Omega 9 ကိုလည်း အသီး၊ အစေ့အဆံတွေကနေ အများဆုံး ရနိုင် ပါတယ်။ ဒါဆိုရင် ဒီ omega 3,6,9 က ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေ ရစေတာလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်.. Omega 3 ဟာ အဓိကအားဖြင့် နှလုံး၊ ဦးနှောက်နဲ့ မျက်စိကျန်းမာရေးအတွက် အဓိက ကောင်းကျိုးပေးနိုင်တာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ omega 3 fatty acid ဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေတဲ့အပြင် သွေးတွင်းအဆီများတဲ့သူတွေမှာလည်း နှလုံးပြဿနာဖြစ်ပွါးနှုန်းကို အထိုက်အလျောက် လျော့ကျစေတာကို တွေ့ရပါတယ်။ EPA ဟာ ရောင်ရမ်းမှုတွေကို လျော့ကျသက်သာစေတံ့အပြင် စိတ်ကျရောဂါကိုပါ သက်သာစေပါတယ်။ DHA ကတော့ အမြင်အာရုံ ပိုမို ကောင်းမွန်ဖို့အတွက် ကူညီပေးနိုင်သလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမို တိုးတက်စေဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပဲ omega 3 ဟာ ခါးပတ်လည်က အဆီတွေကို လျော့ကျစေပြီး ကိုယ်အလေးချိန်ချဖို့ရာမှာ ကူညီပေးနိုင်တာကို လေ့လာမှုတွေအရ တွေ့ရပါတယ်။ Omega 6 အနေနဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး Omega 6 ချို့တဲ့တဲ့ အခြေအနေမှာ ရောင်ရမ်းမှုတွေကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။ Omega 9 ဟာ ကောင်းမွန်တဲ့ ကိုလက်စထရော HDL ကို များစေပြီး ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို နည်းစေတာကြောင့် နေ့စဉ် စားသုံးတဲ့ အဆီမှာ omega 9 ကြွယ်ဝတဲ့ ဆီ၊ အစားအစာတွေကို အစားထိုး သုံးပေးသင့်ပါတယ်။ Omega 3,6,9 သုံးမျိုးလုံးဟာ ခန္ဓာကိုယ်မှာ လိုအပ်ပေမယ့် များလွန်း၊ နည်းလွန်းရင်လည်း မကောင်းတာကြောင့် မျှချေအခြေအနေမှာ ရှိနေဖို့ဆိုရင် omega fatty acid ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် အသင့်အတင့် စားပေးသင့်ကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။
2 years ago | [YT] | 21
View 10 replies
Medical Knowledge by Dr Min Thiha
Myanmar Vs Afghanistan 👏👏👏
1 year ago | [YT] | 3
View 0 replies
Medical Knowledge by Dr Min Thiha
Omega 3,6,9 ကနေ ဘာကောင်းကျိုးတွေ ရမှာလဲ??
ဒီနေ့မှာတော့ လူတိုင်း ကြားဖူးပြီးသား ဖြစ်တဲ့ Omega 3,6,9 အကြောင်းကို မျှဝေပေးချင်ပါတယ်။
Omega 3,6,9 ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ fatty acid တွေ ဖြစ်တာကြောင့် လုံလောက်တဲ့ ပမာဏ ရရှိနေဖို့ လိုပါတယ်။ Omega 3 (Alpha Linolenic Acid (ALA)) နဲ့ Omega 6 (Linoleic Acid (LA)) နှစ်မျိုးဟာ Essential Fatty Acid တွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်က ထုတ်နိုင်ခြင်း မရှိပဲ အစားအစာကနေပဲ ရနိုင်မှာ ဖြစ်ပါတယ်။ Omega 9 (Oleic Acid) ကိုတော့ ခန္ဓာကိုယ်ကနေ ထုတ်နိုင်တယ် ဆိုပေမယ့် အစားအစာကနေလည်း ရရှိနိုင်ပါတယ်။
အရင်ဆုံး Omega 3 အမျိုးအစားတွေ အကြောင်းကို လေ့လာကြည့်ရအောင်..
Omega 3 အုပ်စုတွေထဲမှာ ALA, EPA နဲ့ DHA ဆိုပြီး သုံးမျိုး ရှိပါတယ်။ ALA (Alpha Linolenic Acid) ဟာ အစေ့အဆန်နဲ့ အစေ့အဆန်က ရနိုင်တဲ့ အဆီတွေမှာ အဓိကပါဝင်ပြီး (EPA) Eicosapentaenoic Acid ကိုတော့ ဆဲလ်မွန်၊ ဂဏန်းနဲ့ ခရုစတဲ့ ပင်လယ်စာတွေကနေ ရနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ DHA လို့ခေါ်တဲ့ Docosahexaenoic Acid ဖြစ်ပြီး ဒီအမျိုးအစားကိုလည်း ပင်လယ်စာ အသား၊ ငါးတွေကနေ ရနိုင်တာ ဖြစ်ပါတယ်။
Omega 6 နဲ့ 9 ကတော့ သဘာဝကရတဲ့ အသီး၊ အရွက်တွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ omega 6 ကိုတော့ ပဲပိစပ်ဆီ၊ အသီးအရွက်ဆီနဲ့ နေကြာစေ့၊ ဗာဒံစေ့အပါအဝင် အစေ့အဆံ တွေကနေ ရနိုင်ပြီး Omega 9 ကိုလည်း အသီး၊ အစေ့အဆံတွေကနေ အများဆုံး ရနိုင် ပါတယ်။
ဒါဆိုရင် ဒီ omega 3,6,9 က ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေ ရစေတာလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်..
Omega 3 ဟာ အဓိကအားဖြင့် နှလုံး၊ ဦးနှောက်နဲ့ မျက်စိကျန်းမာရေးအတွက် အဓိက ကောင်းကျိုးပေးနိုင်တာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ omega 3 fatty acid ဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေတဲ့အပြင် သွေးတွင်းအဆီများတဲ့သူတွေမှာလည်း နှလုံးပြဿနာဖြစ်ပွါးနှုန်းကို အထိုက်အလျောက် လျော့ကျစေတာကို တွေ့ရပါတယ်။
EPA ဟာ ရောင်ရမ်းမှုတွေကို လျော့ကျသက်သာစေတံ့အပြင် စိတ်ကျရောဂါကိုပါ သက်သာစေပါတယ်။ DHA ကတော့ အမြင်အာရုံ ပိုမို ကောင်းမွန်ဖို့အတွက် ကူညီပေးနိုင်သလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမို တိုးတက်စေဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပဲ omega 3 ဟာ ခါးပတ်လည်က အဆီတွေကို လျော့ကျစေပြီး ကိုယ်အလေးချိန်ချဖို့ရာမှာ ကူညီပေးနိုင်တာကို လေ့လာမှုတွေအရ တွေ့ရပါတယ်။
Omega 6 အနေနဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေပြီး Omega 6 ချို့တဲ့တဲ့ အခြေအနေမှာ ရောင်ရမ်းမှုတွေကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။ Omega 9 ဟာ ကောင်းမွန်တဲ့ ကိုလက်စထရော HDL ကို များစေပြီး ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို နည်းစေတာကြောင့် နေ့စဉ် စားသုံးတဲ့ အဆီမှာ omega 9 ကြွယ်ဝတဲ့ ဆီ၊ အစားအစာတွေကို အစားထိုး သုံးပေးသင့်ပါတယ်။
Omega 3,6,9 သုံးမျိုးလုံးဟာ ခန္ဓာကိုယ်မှာ လိုအပ်ပေမယ့် များလွန်း၊ နည်းလွန်းရင်လည်း မကောင်းတာကြောင့် မျှချေအခြေအနေမှာ ရှိနေဖို့ဆိုရင် omega fatty acid ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် အသင့်အတင့် စားပေးသင့်ကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။
2 years ago | [YT] | 21
View 10 replies