ကဗျာတွေ စာတွေ ရေးချင်ဖတ်ချင်လို့ ဖန်တီးထားတဲ့ကမ္ဘာငယ်လေးတစ်ခုပါ
ငှက်ကလေးတစ်ကောင်ရဲ့ စာမျက်နှာ
ဘာလို့မျှဝေဖြစ်ကြတာလဲ???.ဒီနေ့ ကျွန်တော် စဉ်းစားနေမိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့... ကျွန်တော်တို့တွေဟာ Social Media ပေါ်မှာ ကိုယ့်ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဘာကြောင့် ဒီလောက်အထိ အပင်ပန်းခံပြီး တင်နေကြတာလဲ ဆိုတာပါပဲ။ သင်ကော ဘာကြောင့် တင်ဖြစ်နေတာလဲ?""တကယ်တော့ ကျွန်တော်တို့ ဝေမျှနေတာတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ ကြီးမားတဲ့ သတင်းထူးတွေ မဟုတ်ပါဘူး။ ဥပမာ - ကျွန်တော်ဆိုရင် ဒီနေ့ ဘာဟင်းနဲ့ ထမင်းစားဖြစ်တယ် ဆိုတာမျိုးလေးကို ဓာတ်ပုံရိုက်ပြီး တင်ဖြစ်တယ်။ 'ဒီနေ့တော့ ငါ့အကြိုက်ဆုံး ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်လေးနဲ့ပဲ' ဆိုတဲ့ စာသားလေးနဲ့ပေါ့။ ဒါမှမဟုတ် လမ်းဘေးမှာ တွေ့လိုက်ရတဲ့ ထူးဆန်းတဲ့ ဆိုင်းဘုတ်လေးတစ်ခု၊ သွားဖြစ်တဲ့ နေရာက သတိထားမိတဲ့ အဖြစ်အပျက်သေးသေးလေးတွေကို တစ်နေ့ကို အနည်းဆုံး ၃ ပုဒ်လောက်တော့ တင်ဖြစ်နေတာပါ။""ဘေးလူက ကြည့်ရင်တော့ 'ဒါကြီးက တင်စရာလား' လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီပို့စ်လေးတွေအောက်မှာ 'ဟေး... ငါလည်း အဲဒီဟင်း အရမ်းကြိုက်တာ' ဆိုပြီး လာမန့်ကြတဲ့သူတွေကို Reply ပြန်ရင်း၊ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ရင်းနဲ့ နေ့စဉ်ဘဝရဲ့ မောပန်းမှုတွေကြားထဲက ရယ်မောစရာ အသေးအဖွဲလေးတွေကို ကျွန်တော် ပြန်ရရှိလိုက်တာပါ။ တစ်ခါတလေ ကိုယ်စားတဲ့ ထမင်းဝိုင်းဓာတ်ပုံလေးက တခြားတစ်ယောက်အတွက် 'အင်း... ငါလည်း ဒီနေ့ ဒါလေးချက်စားဦးမှ' ဆိုတဲ့ စိတ်ကူးလေး ပေးလိုက်သလို ဖြစ်နေတတ်ပါတယ်။""ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေမှ ဝေမျှရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲခင်ဗျာ? တကယ်တော့ ကျွန်တော်တို့ ဝေမျှနေတာဟာ အကြောင်းအရာသက်သက်တင် မဟုတ်ဘဲ 'ငါ့ရဲ့ ဒီနေ့လေးကတော့ ဒီလိုကုန်ဆုံးသွားတယ်' ဆိုတဲ့ အမှတ်တရ သိမ်းဆည်းခြင်းတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။""ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တစ်စုံတစ်ယောက်က သတိထားမိစေချင်လို့လား? ဒါမှမဟုတ် အထီးကျန်မှုကို အနုနည်းနဲ့ ဖြေဖျောက်နေကြတာလား? ကိုယ်ဝေမျှလိုက်တဲ့ အကြောင်းအရာသေးသေးလေးတစ်ခုက တစ်ဖက်လူကို ခဏတာ ပြုံးရယ်စေခဲ့မယ်ဆိုရင် အဲဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု မဖြစ်နိုင်ဘူးလား?""အဆုံးသတ်အနေနဲ့ မေးချင်တာကတော့... မိတ်ဆွေကော ဒီနေ့ Social Media ပေါ်မှာ ဘာတွေ ဝေမျှခဲ့လဲ? အဲဒီ ဝေမျှခြင်းက မိတ်ဆွေအတွက် ပျော်ရွှင်မှုတစ်ခု ပေးနိုင်ခဲ့ရဲ့လားခင်ဗျာ..."
3 months ago | [YT] | 0
View 0 replies
“သူနဲ့သာ ဆိုရင် …’**************************************https://www.youtube.com/watch?v=zrB-K... သူနဲ့သာဆိုရင် ဘယ်လိုပင်ဝေးစေ …လိုက်မှာပဲ အမြဲမခွဲတွဲအယှဉ် …သူနဲ့သာဆိုရင် ပန်းရနံ့လည်း မမွှေးတဲ့လမ်းအဝင် ကြယ်တွေမစုံလမိုက်သောညတွင်…. စမ်းရေပင်ပူလောင်မီးလျှံအသွင်… အလှဆိုတာအလျှဉ်းမတွေ့တောင် ခက်ခဲလှစေလျှောက်ချင် . လမ်းတစ်ဖက်ခြမ်း က မင်္ဂလာဆောင်ဆီကနေ ပျံ့လွင့်လာတဲ့ သီချင်းသံကြောင့် နှုတ်ခမ်းတွန့်လိုက်မိတယ်။ တကယ်ပဲ သူနဲ့သာဆိုရင် အရာရာပြည့်စုံမှာတဲ့လား။ မလျှောက်ဖူးတဲ့လမ်းဆိုရင်တော့ လွယ်လွယ်ကူကူ လက်ခံလိုက်မိမှာပဲ။ ကိုယ်နှစ်သက်သဘောကျတဲ့သူနဲ့ အတူတူ ဖြတ်သန်းရတဲ့ ဘဝခရီးဆိုတာ တကယ်ကို ပျော်စရာကောင်းတဲ့ခရီးလမ်းပဲ လို့လေ။ ဒါပေမဲ့ ဘဝဆိုတာ အချစ်တစ်ခုတည်း နဲ့ ဖြတ်သန်းရတာမျိုးမှ မဟုတ်တာ။ ဟုတ်တယ်မလား။ . ဟွန့်…။ ဒီအမျိုးသမီးကလည်း မိန်းမပီပီသသ ငွေအကြောင်း စဉ်းစားနေပြန်ပြီလို့ တွေးမိသွားပြီလား။ မဟုတ်ဘူးလေ… မဟုတ်ဘူး။ ငွေ ဆိုတာကလည်း ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းမှာ ပါပေမဲ့ အဲဒီလောက်ကြီးတော့ အရေးကြီးတာမဟုတ်ပြန်ဘူး။ အို ရှုပ်ပါတယ်။ ဇာတ်ကြောင်းစုံကို ရှင်းပြမယ်ရှင်။ . သူလေ သူ။ မဟာအရှက်အကြောက်ကြီးသူ၊ ဇီဇာကြောင်သူ ကျွန်မယောကျ်ားအကြောင်းပေါ့။ နေဦး။ ကျွန်မကို ငွေမက်သူလို့ ထင်မှာစိုးလို့ ပြောပြဦးမယ်။ ကျွန်မတို့လက်ထပ်တုန်းက သူ့မှာ မင်္ဂလာပွဲလုပ်ဖို့ ငွေတောင်မရှိဘူး။ ကျွန်မကလည်း မင်္ဂလာပွဲကို စိတ်ရှုပ်လို့မလုပ်ချင်ဘူးလေ။ ဒီလိုနဲ့ပဲ သူနဲ့လက်ထပ်ဖို့ ကျွန်မ ခေါင်းညိတ်ခဲ့တယ်ပေါ့ရှင်။ ပွဲမလုပ်ဘူးတွေးထားပေမယ့်လည်း နှစ်ဖက်မိဘသဘောအရ ပွဲအသေးလေးတော့ ဖြစ်သွားတာပါပဲ။ . အခုကလေ အခုက….။ ကြွားတာမဟုတ်ဘူးနော်။ အမျိုးသမီးတိုင်းနီးပါး လိုချင်တဲ့ဘဝကို ကျွန်မက ပိုင်ဆိုင်ထားတာပါရှင်။ သူကလေ တစ်ရာမှာတစ်ယောက်ရှားတဲ့ အရက်မသောက်ဆေးလိပ်မသောက်၊ ယုတ်စွအဆုံး ကွမ်းပါမစားတဲ့ ယောကျ်ားကောင်းလေးရှင်။ ဟင်းအတွက်လည်း ကျွန်မ စိတ်ပူစရာမလိုဘူး။ ထမင်းကို ကျွန်မချက်ပေးပြီးတာနဲ့ သူကိုယ်တိုင် အသေးစိတ်စဉ်းစားပြီး ဖွယ်ဖွယ်ရာရာလေးတွေ နေ့တိုင်းချက်ကျွေးတယ်ရှင်။ မိန်းမ စားချင်တာ ဘာပဲ ရှိရှိ၊ မပျင်းမရိ ချက်ကျွေးရှာပါသေးတယ်။ အိမ်မှုကိစ္စကို မဖြစ်မနေလုပ်ရမှာမျိုး မဟုတ်ဘဲ ကျွန်မ စိတ်အဆင်ပြေတဲ့အချိန် လုပ်စေဆိုပြီးလည်း ကျွန်မကို လွှတ်ထားပေးသေးတယ်ရှင်။ လူရှေ့သူရှေ့ရောက်ရင်တော့ လိုအပ်လို့ တစ်ခုခုလေး သွားခိုင်း၊ ယူခိုင်းရင်တောင် နှုတ်ခမ်းကြီးဆူပြီး ငါ့ကိုချည်း ခိုင်းနေတာလို့ ငြူဆူပြတယ်ရှင်။ သွားချင်တာလာချင်တာရှိရင်လည်း သူ့ရဲ့အိပ်ချိန်နားချိန်လေးသာ မထိခိုက်စေနဲ့။ လိုက်ပို့တယ်ရှင်။ . အဟင်း..။ ဒါဆိုရင်ကို တော်တော်အဆင်ပြေတဲ့ယောကျ်ားဖြစ်နေပြီလေ။ ဟုတ်တယ်မလား။ ဟုတ်တာပေါ့။ တကယ်ကို အဆင်ပြေတဲ့ ယောကျ်ားရယ်ပါ။ အငြင်းသန်တာလေးရယ်၊ တစ်ခုခုကို စိတ်ဆိုးပြီဆို ဘာမှပြောမရဘဲ နှုတ်ခမ်းဆူတတ်တာလေးရယ်၊ အသံတိတ်ပြီး မျက်နှာကြီးအိုနေတာလေးရယ်၊ သူမကြိုက်တာလေး လုပ်ပြီဆို စိတ်လိုလက်ရ ဆူတတ်တာလေးရယ်ပါ။ အဲဒါလေးတွေကလွဲရင် ဂီတကို ချစ်တတ်၊ ဘောလုံးအားကစားကို သဘောကျတတ်၊ ပြီးတော့ စာရေးစာဖတ်ဝါသနာ ပါတဲ့ လူရိုးလူကောင်းလေးပါပဲ။ ဒီလောက် ကောင်းတဲ့လူကို ကျွန်မ က ဘာတွေ စိတ်တိုင်းမကျဖြစ်နေတာလဲ တွေးနေပြီမဟုတ်လား။ ကဲ ..ကဲ…။ သူ မကြိုက်တတ်တာလေးတွေလည်း ပြောပြဦးမယ်ရှင်။ အရေးအကြီးဆုံးအချက် သူတကူးတက ချက်တာလေးတွေကို ကျွန်မက သေချာမစားရင် စိတ်ဆိုးတယ်ရှင်။ ကျွန်မဆိုတာကလည်း အစားအသောက်မှာ ဇီဇာကြောင်သူ ဖြစ်တဲ့အပြင် စိတ်အပြောင်းအလဲကလည်း မြန်လွန်းသူကိုး။ ဒီတော့ တစ်ခါတစ်ခါ ငါ စားတာသောက်တာများလွန်းနေတယ်၊ ဝလာတော့မှာပဲ လို့တွေးမိတဲ့အချိန်ကျရင် နံနက်စာ ရှောင်တာ၊ ဒါမှမဟုတ် ညနေစာ ရှောင်တာမျိုး လုပ်ဖြစ်တယ်ရှင်။ ဒီမှာတင် အဆူခံရတာပါပဲ။ . “စားစေချင်လို့ သေချာလေး ချက်ထားတာကို ဟိုဟာမကြိုက်တာ.. ဒီဟာမကြိုက်တာနဲ့ ဇီဇာကြောင်လွန်းတယ်… ချက်တဲ့လူဖက်ကို ထည့်မတွေးဘူး၊ မစာနာဘူး” “စားစေချင်လို့ ချက်ကျွေးမိတဲ့သူပဲ စိတ်မကောင်းဖြစ်ရတယ်… နောက်ဆို ဘာစားချင်ချင် ချက်ကိုမကျွေးဘူး” “ငါ ချက်ကျွေးတာ မစားရင် စားနိုင်မယ့်သူကို ရှာလိုက်မှာနော် ” ဆိုပြီး ခြိမ်းခြောက်တာက ရှိသေးတယ်ရှင်။ . ဒီလောက်က နားပူခံနိုင်သေးတယ် ပဲ ထားပါ။ ဒီထက်ဆိုးတဲ့အချက်ကတော့ စိတ်တိုလို့ မျက်နှာကြီး အိုပြီဆို ဘယ်လိုချော့ချော့ မရဘူးရှင်။ ဪ… ကျွန်မရဲ့ အဓိက အားနည်းချက်ကို မပြောရသေးဘူးနော်။ ကျွန်မရဲ့အဓိက အားနည်းချက်က ဟင်းမချက်တတ်ဘူးရှင်။ အဲဒီလို ကျွန်မက သူ စိတ်ပြေအောင် လက်ဖက်သုပ်လေးတွေ သုပ်ကျွေးတယ်ရှင်။ သူ လိုအပ်မယ်ထင်တာလေးတွေ လုပ်ပေးတယ်ရှင်။ သူက ရေနွေးကြမ်းကြိုက်တတ်တော့ ရေနွေးကြမ်းလေး တည်ပေးတယ်ရှင်။ ဒါလည်း သူ စိတ်ပြေချင်မှ ပြေတာပါ။ . ရေနွေးကြမ်းတောင် ကျိုပေးဖို့ သတိမပြုမိတဲ့အချိန်ဆို အဆူက ထပ်ဆင့်ရရောရှင်။ ပုံမှန်ဆို သူ့ဘာသာ သီချင်းလေး နားထောင်ရင်း တစ်ခုချင်းစီ ဇယ်ဆက်သလို လုပ်သွားပေမယ့် သူများ စိတ်ငြိုငြင်ပြီဆိုရင်လေ ဟင်းဟင်း…။ "ထမင်းစားတော့မယ်ဆို ရေနွေးကြမ်းလေးတောင် တည်မပေးနိုင်ဘူးလား၊ ငါ သောက်တတ်မှန်းသိရက်နဲ့" “ထမင်းစားတော့မယ်ဆိုတိုင်း ငါကချည်း အမြဲလို ပြင်ပေးနေရတယ်… တစ်ခါလောက်များ ဇနီးမယားက ပြင်ပေးတဲ့ ထမင်းဝိုင်းမှာ ထိုင်ချင်ပါသေးတယ်” "ငါတို့အိမ်မှာ မီးဖိုချောင်ဆို မိန်းမ မဝင်ရ နယ်မြေပဲဟေ့... အချိန်အားရှိရင်တောင် ဝင်မလာနဲ့" ….။ ပြောတာပြောတာဆိုတာလေ တစက်ကလေးမှ မနားဘူးရှင်။ ကျွန်မယောကျ်ားရဲ့ စကားပြောနိုင်စွမ်းကို ပြောရမယ်ဆိုရင် ၄၅ မိနစ် လောက်ကတော့ အသာလေး ပြောနိုင်တယ်ရှင်။ ဒါတောင် အိမ်ထောင်သည်ဘဝမလို့ စွမ်းဆောင်ရည်ကျသွားတာလို့ ပြောရမယ်။ . သမီးရည်းစား ဘဝတုန်းကများ ဖုန်းတစ်ခါပြောရင် နာရီဝက်တစ်ခါနှုန်းနဲ့ သုံးလေးခေါက်လောက်ကို ဖုန်းပြောတာရှင်။ သမီးရည်းစားဘဝ ချစ်ကြောင်းကြိုက်ကြောင်းပြောတာ ဘာကြောင့် တစ်နာရီခွဲနှစ်နာရီကြာစရာရှိမှာတုန်းလို့ မေးလာရင်တော့ဖြင့် ဟင်း…ဟင်း။ ကဗျာကြိုက်စာကြိုက်တဲ့ ကျွန်မရဲ့ချစ်ရသူက တစ်ခါဖုန်းပြောရင် အဖွဲ့အနွဲ့မှာ ဆရာတစ်ဆူဖြစ်တဲ့ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာရှည်ကြီးတွေကို ရွတ်ပြတယ်ရှင်။ မြန်မာဆန်တဲ့ကဗျာလေးတွေ ရိုးလာရင် ဆရာလှသန်းရဲ့ကဗျာတွေ ရွတ်ပြတယ်ရှင်။ တစ်ခါတစ်ခါဆို နားပူလွန်းလို့ မဖတ်ဖို့တားရင် “ဘာလဲ မောင့် ကဗျာရွတ်သံက နားထောင်မကောင်းလို့လား” “ချစ်သူရလာတဲ့အခါ ဒီကဗျာတွေ ရွတ်ပြမယ် လို့တေးထားတာ… ဘာလဲ မရွတ်ပြရဘူးလား“ ဆိုပြီး Version အစုံနဲ့ စိတ်မကောင်းဖြစ်ပြတတ်သေးတယ်။ ဒီလိုလူက အခုအိမ်ထောင်သည်ဘဝမှာ သူကျွမ်းသွားတာ အဆူတစ်လိုင်းပဲ ရှိတယ်ထင်ပါရဲ့။ တစ်ခါတစ်ခါဆို ကျွန်မတွေးမိတယ်။ ဪ ငါ့ ယောကျ်ားက အကုန်အဆင်ပြေပါရဲ့။ ဒီအဆူတစ်လိုင်းတော့ ငါ့ကြောင့်ပဲ သူ ကျွမ်းကျင်သွားသလားလို့…လေ။ အခုပြောပြတာ သူမကြိုက်တဲ့အချက်လေး တစ်ချက်ပဲ ရှိသေးတယ်နော်။ ကဲ ထပ်လာပါပြီရှင်။ တစ်ပတ်ကို တစ်ခါနှစ်ခါလောက်ကတော့ သူကမေးလေ့ရှိတယ်။ နင်စားချင်တာလေးလည်း ပြောဦး တဲ့။ ကလေးတွေအတွက် ဘာချက်ရင် ကောင်းမလဲ ကူစဉ်းစားပေးဦးတဲ့။ တကယ်သာ ပြောမိရင်လေ အဲဒီဟင်းချက်တဲ့ရက်က ကျွန်မ အဆူခံရတဲ့ ရက်ပဲ သိလား။ ဘာလို့လဲ ဟုတ်လား။ ကျွန်မ ကြိုက်တဲ့ဟင်းကို ချက်တာပေမယ့် ကျွန်မက ဟင်းကိုအများကြီး စားတတ်သူမဟုတ်၊ စားပြန်တော့လည်း ဒီနေ့ဟင်းကို ဒီနေ့ပဲ စားပြီး မနက်ဖြန်ဆိုမစား၊ ဟော… သူကကျတော့ ကျွန်မ ကြိုက်လို့သာချက်ပေးတာ၊ သူ့အကြိုက်မဟုတ်ပြန်။ ဒီလိုနဲ့ပဲ သူမကြိုက်တဲ့ကျွန်မအကြိုက်ဟင်းတွေကို ချက်လိုက်စားလိုက်နဲ့ သူ့မှာ သူမကြိုက်တဲ့ နံနံပင်ထည့်သုပ်တဲ့လက်ဖက်သုပ်ကိုလည်း ကြိုက်သွားပြီ။ သူ သိပ်မစားဖြစ်တဲ့ အသားတုကြော်လည်း အခုတော့ ကြိုက်သွားပြီလေ။ ဒီတော့ သူကလည်း ခုနောက်ပိုင်းဆို ကျွန်မကြိုက်တဲ့ဟင်းကို ကျွန်မ မစားဖြစ်ရင် ဆူတတ်လာပြီပေါ့။ အဲဒီတော့ ကျွန်မကလည်း သူမေးလာတဲ့ရက်ဆို ယောကျ်ားချက်တာ အကုန်ကြိုက်တယ် ဆိုပြီး ရှောင်ရတိမ်းရတာပေါ့။ တစ်ခါတစ်ခါတော့ အဆူခံနိုင်ဖို့ စိတ်ကို ပြင်ဆင်ရင်း ပြောမိတာလေးတွေ ရှိပါရဲ့။ အင်ဥချက်လို ရာသီစာလေးတွေပေါ့ရှင်။ ဪ.. ကိုယ်စားချင်တာ စားရတာများ၊ အဆူခံလိုက်ပေါ့ လို့ ပြောချင်နေပြီလား။ နေဦးရှင်။ ကျွန်မယောကျ်ားက ဒီလိုစိတ်အလိုမကျတာလေးတွေအပြင် အတိတ်ကို အမှတ်ရရင် ဘလိုင်းကြီး ထထဆူတတ်တာလေးတွေ ရှိသေးတယ်။ “အိမ်ထောင်ကျပြီး ဟင်းချက်တာ သင်မယ်ဆို.. ခုတော့ ကလေးနှစ်ယောက်တောင် ရပြီ၊ သေချာမသင်ရသေးဘူးလား” “မင်းနော် ငါ့ကို ညာယူတာနော်…. အိမ်ထောင်ကျပြီးရင် ဟင်းချက်သင်မယ်ကနေ ကလေးမွေးပြီးရင် ဟင်းချက်သင်မယ် ပြောတယ်.. အခုကျတော့ ဘာတုန်း ကလေးတွေဘွဲ့ရမှလား..” ဒီလိုပြောပြီဆို ကျွန်မမှာ ပြုံးပဲ ပြရတော့တာရှင်။ ဘာလို့တုန်း သိလား။ သူ့မီးဖိုချောင်ကို မိန်းမ မဝင်ရ နယ်မြေ လို့ ပြောတယ်မလား။ တကယ်တမ်း ကျွန်မ ဝင်ပြီး သူ့ကို ကူရင် သူ့အတွက် ပိုရှုပ်တယ်ဆိုပြီး နှင်ထုတ်တယ်ရှင်။ မီးဖိုချောင်ကို ကျွန်မဝင်ချိန်က ထမင်းစားချိန်၊ ထမင်းအိုးတည်ချိန်နဲ့ပန်းကန်ဆေးချိန်လောက်ပဲ ရှိတယ်။ သူ ခိုင်းတာ ကူဖို့လိုရင် သွားတဲ့အချိန်လောက်ပဲ ပေါ့ရှင်။ “ရွှေတွေငွေတွေအများကြီး မဆင်နိုင်ပေမယ့် အိမ်ထောင်သည်ဘဝမှာ ထမင်းနပ်မှန်စေရမယ်.. လို့ မောင် အာမခံတယ် မရယ်” ကျွန်မကို လက်ထပ်ခွင့်တောင်းတုန်းက သူပြောခဲ့တဲ့ စကားပေါ့။ ချစ်ခြင်းမေတ္တာအရဆို သူ့ချစ်ခြင်းမေတ္တာက အတိုင်းသားမြင်နိုင်တယ်ဆိုတော့လည်း ယုံတယ်ပေါ့ရှင်။ အခု အိမ်ထောင်သက် ၈ နှစ်၊ ကလေးနှစ်ယောက်နဲ့မှာ သူ့စကားအတိုင်းပဲ၊ ထမင်းတော့ မငတ်ဘူးပေါ့ရှင်။ နေစရာလေးလည်း အဆင်ပြေပါရဲ့။ ကျွန်မရဲ့ကိုလူရိုးလေးက အလုပ်ကလည်း ကြိုးစားတယ်ဆိုတော့ ငွေကြေးအရလည်း မချမ်းသာတောင် စိတ်ညစ်စရာ မရှိဘူးပေါ့ရှင်။ ဒါပေမဲ့ ဒီလိုအဆင်ပြေပါတယ်ဆိုတဲ့ ကျွန်မတောင်မှ သူ့ကို စိတ်တိုတာ ဖြစ်တဲ့အချိန် ရှိတာပဲရှင့်။ မရယ်နဲ့။ ကျွန်မကို မရယ်နဲ့။ တစ်ခါတစ်ခါဆူရင် ၄၅ မိနစ်ရှင်။ တစ်ခုခုဆို ကျွန်မ ကလေးတွေကမှ အာဘွား ဆိုပြီး အနမ်းပေးပြီး ချော့ရင် ပျော့သေးတယ်ရှင်။ သူကျ မျက်နှာကြီးအိုပြီး ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေတယ်ရှင်။ ချော့ဖို့ ကြံရွယ်လိုက်တိုင်း အဝေးရှောင်တယ်ရှင်။ တစ်ခါတစ်ခါဆို သူ့ကိုထားပြီး အဝေးမှာ တစ်လနှစ်လတော့ သွားနေချင်စိတ်ပေါက်တယ်ရှင့်။ ကျွန်မလို လူတောင် ဒီလိုစိတ်ပေါက်ရင် အခုသီချင်းကို သေချာနားထောင်ကြည့်စမ်းပါဦး။ လမ်းအဝင်မှာ ပန်းရနံ့လည်း မမွှေးဘူး။ ကြယ်မစုံ လမိုက်တဲ့ည မှာ စမ်းရေကတောင် မီးလျံလို ပူလောင်သတဲ့။ ဒီလိုအနေအထားမျိုးဆို ထွက်ပြေးဖို့ပဲ ရှိမှာပေါ့ရှင်။ အခုတော့ အတူလျှောက်ချင်သတဲ့။ မှားနေပြီလို့သာ အော်ပြောလိုက်ချင်တော့တာပဲ။ ဘယ်သူ့မှမကြည့်နဲ့…။ ကျွန်မပဲ ကြည့်၊ ကျွန်မပဲ ကြည့်လို့။ ဒီလောက်သာယာနေတဲ့အနေအထား လို့ လူအများမြင်တာတောင်မှ ဘဝမှာ အချွန်လေးနဲ့ အတက်လေးနဲ့ ကြုံနေရတာပဲ မဟုတ်လား။ ဟုတ်တယ်ဟုတ်…။ မှတ်မှတ်ရရ စိတ်တိုလွန်းလို့လေ… တစ်လလောက် သူနဲ့ တိုက်ရိုက် စကားမပြောဘဲ လုပ်စရာရှိတာလုပ်၊ ကလေးတွေကို ပုံမှန်ဂရုစိုက်နေပြလိုက်မိသေးတယ်။ ယောကျ်ားတွေအကြောင်း သိတယ်မလားရှင်။ တစ်လဆိုတော့ သူလည်း ဘယ်စိတ်ပြိုင်ဆိုးနိုင်တော့မတုန်း။ ပြောပါ့ပကော။ အရှက်အကြောက်ကြီးသူဆိုတာ။ ကလေးတွေ အိပ်နေတုန်း သူရယ်လေ..။ စိတ်ဆိုးပြေအောင် လာဖက်တယ်။ ကျွန်မကလည်း သူ့လက်ကို ပုတ်ထုတ်တယ်ရှင်။ စိတ်ဆိုးမှမပြေသေးတာ။ ဟုတ်တယ်မလား။ သူ ပြောနေတဲ့ စကားတွေထဲ ငါ.. မှားပါတယ် ဆိုတဲ့ စကားလုံးမှ မပါတာ။ တစ်ခါလည်းမရ၊ နှစ်ခါလည်း မရတော့ သူ စိတ်ဆိုးလာတယ် ထင်ပါတယ်။ ရုတ်တရက် ထထိုင်ပြီး “မိန်းမ ငါ .. လူကြီးလူကောင်းလို တောင်းဆိုနေတာပါကွာ”.. တဲ့လေ။ ကျွန်မ မှာလေ … တစ်လလုံး ထိန်းထားသမျှ အဲဒီစကားတစ်ခွန်းနဲ့ ထရယ်မိပါလေရောရှင်
11 months ago | [YT] | 0
ငှက်ကလေးတစ်ကောင်ရဲ့ စာမျက်နှာ
ဘာလို့မျှဝေဖြစ်ကြတာလဲ???
.
ဒီနေ့ ကျွန်တော် စဉ်းစားနေမိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့... ကျွန်တော်တို့တွေဟာ Social Media ပေါ်မှာ ကိုယ့်ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဘာကြောင့် ဒီလောက်အထိ အပင်ပန်းခံပြီး တင်နေကြတာလဲ ဆိုတာပါပဲ။ သင်ကော ဘာကြောင့် တင်ဖြစ်နေတာလဲ?"
"တကယ်တော့ ကျွန်တော်တို့ ဝေမျှနေတာတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ ကြီးမားတဲ့ သတင်းထူးတွေ မဟုတ်ပါဘူး။ ဥပမာ - ကျွန်တော်ဆိုရင် ဒီနေ့ ဘာဟင်းနဲ့ ထမင်းစားဖြစ်တယ် ဆိုတာမျိုးလေးကို ဓာတ်ပုံရိုက်ပြီး တင်ဖြစ်တယ်။ 'ဒီနေ့တော့ ငါ့အကြိုက်ဆုံး ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်လေးနဲ့ပဲ' ဆိုတဲ့ စာသားလေးနဲ့ပေါ့။ ဒါမှမဟုတ် လမ်းဘေးမှာ တွေ့လိုက်ရတဲ့ ထူးဆန်းတဲ့ ဆိုင်းဘုတ်လေးတစ်ခု၊ သွားဖြစ်တဲ့ နေရာက သတိထားမိတဲ့ အဖြစ်အပျက်သေးသေးလေးတွေကို တစ်နေ့ကို အနည်းဆုံး ၃ ပုဒ်လောက်တော့ တင်ဖြစ်နေတာပါ။"
"ဘေးလူက ကြည့်ရင်တော့ 'ဒါကြီးက တင်စရာလား' လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီပို့စ်လေးတွေအောက်မှာ 'ဟေး... ငါလည်း အဲဒီဟင်း အရမ်းကြိုက်တာ' ဆိုပြီး လာမန့်ကြတဲ့သူတွေကို Reply ပြန်ရင်း၊ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ရင်းနဲ့ နေ့စဉ်ဘဝရဲ့ မောပန်းမှုတွေကြားထဲက ရယ်မောစရာ အသေးအဖွဲလေးတွေကို ကျွန်တော် ပြန်ရရှိလိုက်တာပါ။ တစ်ခါတလေ ကိုယ်စားတဲ့ ထမင်းဝိုင်းဓာတ်ပုံလေးက တခြားတစ်ယောက်အတွက် 'အင်း... ငါလည်း ဒီနေ့ ဒါလေးချက်စားဦးမှ' ဆိုတဲ့ စိတ်ကူးလေး ပေးလိုက်သလို ဖြစ်နေတတ်ပါတယ်။"
"ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေမှ ဝေမျှရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲခင်ဗျာ? တကယ်တော့ ကျွန်တော်တို့ ဝေမျှနေတာဟာ အကြောင်းအရာသက်သက်တင် မဟုတ်ဘဲ 'ငါ့ရဲ့ ဒီနေ့လေးကတော့ ဒီလိုကုန်ဆုံးသွားတယ်' ဆိုတဲ့ အမှတ်တရ သိမ်းဆည်းခြင်းတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။"
"ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တစ်စုံတစ်ယောက်က သတိထားမိစေချင်လို့လား? ဒါမှမဟုတ် အထီးကျန်မှုကို အနုနည်းနဲ့ ဖြေဖျောက်နေကြတာလား? ကိုယ်ဝေမျှလိုက်တဲ့ အကြောင်းအရာသေးသေးလေးတစ်ခုက တစ်ဖက်လူကို ခဏတာ ပြုံးရယ်စေခဲ့မယ်ဆိုရင် အဲဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု မဖြစ်နိုင်ဘူးလား?"
"အဆုံးသတ်အနေနဲ့ မေးချင်တာကတော့... မိတ်ဆွေကော ဒီနေ့ Social Media ပေါ်မှာ ဘာတွေ ဝေမျှခဲ့လဲ? အဲဒီ ဝေမျှခြင်းက မိတ်ဆွေအတွက် ပျော်ရွှင်မှုတစ်ခု ပေးနိုင်ခဲ့ရဲ့လားခင်ဗျာ..."
3 months ago | [YT] | 0
View 0 replies
ငှက်ကလေးတစ်ကောင်ရဲ့ စာမျက်နှာ
“သူနဲ့သာ ဆိုရင် …’
**************************************
https://www.youtube.com/watch?v=zrB-K...
သူနဲ့သာဆိုရင် ဘယ်လိုပင်ဝေးစေ …လိုက်မှာပဲ အမြဲမခွဲတွဲအယှဉ် …သူနဲ့သာဆိုရင် ပန်းရနံ့လည်း
မမွှေးတဲ့လမ်းအဝင်
ကြယ်တွေမစုံလမိုက်သောညတွင်…. စမ်းရေပင်ပူလောင်မီးလျှံအသွင်… အလှဆိုတာအလျှဉ်းမတွေ့တောင်
ခက်ခဲလှစေလျှောက်ချင်
.
လမ်းတစ်ဖက်ခြမ်း က မင်္ဂလာဆောင်ဆီကနေ ပျံ့လွင့်လာတဲ့ သီချင်းသံကြောင့် နှုတ်ခမ်းတွန့်လိုက်မိတယ်။ တကယ်ပဲ သူနဲ့သာဆိုရင် အရာရာပြည့်စုံမှာတဲ့လား။ မလျှောက်ဖူးတဲ့လမ်းဆိုရင်တော့ လွယ်လွယ်ကူကူ လက်ခံလိုက်မိမှာပဲ။ ကိုယ်နှစ်သက်သဘောကျတဲ့သူနဲ့ အတူတူ ဖြတ်သန်းရတဲ့ ဘဝခရီးဆိုတာ တကယ်ကို ပျော်စရာကောင်းတဲ့ခရီးလမ်းပဲ လို့လေ။ ဒါပေမဲ့ ဘဝဆိုတာ အချစ်တစ်ခုတည်း နဲ့ ဖြတ်သန်းရတာမျိုးမှ မဟုတ်တာ။ ဟုတ်တယ်မလား။
.
ဟွန့်…။ ဒီအမျိုးသမီးကလည်း မိန်းမပီပီသသ ငွေအကြောင်း စဉ်းစားနေပြန်ပြီလို့ တွေးမိသွားပြီလား။ မဟုတ်ဘူးလေ… မဟုတ်ဘူး။ ငွေ ဆိုတာကလည်း ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းမှာ ပါပေမဲ့ အဲဒီလောက်ကြီးတော့ အရေးကြီးတာမဟုတ်ပြန်ဘူး။ အို ရှုပ်ပါတယ်။ ဇာတ်ကြောင်းစုံကို ရှင်းပြမယ်ရှင်။
.
သူလေ သူ။ မဟာအရှက်အကြောက်ကြီးသူ၊ ဇီဇာကြောင်သူ ကျွန်မယောကျ်ားအကြောင်းပေါ့။ နေဦး။ ကျွန်မကို ငွေမက်သူလို့ ထင်မှာစိုးလို့ ပြောပြဦးမယ်။ ကျွန်မတို့လက်ထပ်တုန်းက သူ့မှာ မင်္ဂလာပွဲလုပ်ဖို့ ငွေတောင်မရှိဘူး။ ကျွန်မကလည်း မင်္ဂလာပွဲကို စိတ်ရှုပ်လို့မလုပ်ချင်ဘူးလေ။ ဒီလိုနဲ့ပဲ သူနဲ့လက်ထပ်ဖို့ ကျွန်မ ခေါင်းညိတ်ခဲ့တယ်ပေါ့ရှင်။ ပွဲမလုပ်ဘူးတွေးထားပေမယ့်လည်း နှစ်ဖက်မိဘသဘောအရ ပွဲအသေးလေးတော့ ဖြစ်သွားတာပါပဲ။
.
အခုကလေ အခုက….။ ကြွားတာမဟုတ်ဘူးနော်။ အမျိုးသမီးတိုင်းနီးပါး လိုချင်တဲ့ဘဝကို ကျွန်မက ပိုင်ဆိုင်ထားတာပါရှင်။ သူကလေ တစ်ရာမှာတစ်ယောက်ရှားတဲ့ အရက်မသောက်ဆေးလိပ်မသောက်၊ ယုတ်စွအဆုံး ကွမ်းပါမစားတဲ့ ယောကျ်ားကောင်းလေးရှင်။ ဟင်းအတွက်လည်း ကျွန်မ စိတ်ပူစရာမလိုဘူး။ ထမင်းကို ကျွန်မချက်ပေးပြီးတာနဲ့ သူကိုယ်တိုင် အသေးစိတ်စဉ်းစားပြီး ဖွယ်ဖွယ်ရာရာလေးတွေ နေ့တိုင်းချက်ကျွေးတယ်ရှင်။ မိန်းမ စားချင်တာ ဘာပဲ ရှိရှိ၊ မပျင်းမရိ ချက်ကျွေးရှာပါသေးတယ်။ အိမ်မှုကိစ္စကို မဖြစ်မနေလုပ်ရမှာမျိုး မဟုတ်ဘဲ ကျွန်မ စိတ်အဆင်ပြေတဲ့အချိန် လုပ်စေဆိုပြီးလည်း ကျွန်မကို လွှတ်ထားပေးသေးတယ်ရှင်။
လူရှေ့သူရှေ့ရောက်ရင်တော့ လိုအပ်လို့ တစ်ခုခုလေး သွားခိုင်း၊ ယူခိုင်းရင်တောင် နှုတ်ခမ်းကြီးဆူပြီး ငါ့ကိုချည်း ခိုင်းနေတာလို့ ငြူဆူပြတယ်ရှင်။ သွားချင်တာလာချင်တာရှိရင်လည်း သူ့ရဲ့အိပ်ချိန်နားချိန်လေးသာ မထိခိုက်စေနဲ့။ လိုက်ပို့တယ်ရှင်။
.
အဟင်း..။ ဒါဆိုရင်ကို တော်တော်အဆင်ပြေတဲ့ယောကျ်ားဖြစ်နေပြီလေ။ ဟုတ်တယ်မလား။ ဟုတ်တာပေါ့။ တကယ်ကို အဆင်ပြေတဲ့ ယောကျ်ားရယ်ပါ။ အငြင်းသန်တာလေးရယ်၊ တစ်ခုခုကို စိတ်ဆိုးပြီဆို ဘာမှပြောမရဘဲ နှုတ်ခမ်းဆူတတ်တာလေးရယ်၊ အသံတိတ်ပြီး မျက်နှာကြီးအိုနေတာလေးရယ်၊ သူမကြိုက်တာလေး လုပ်ပြီဆို စိတ်လိုလက်ရ ဆူတတ်တာလေးရယ်ပါ။ အဲဒါလေးတွေကလွဲရင် ဂီတကို ချစ်တတ်၊ ဘောလုံးအားကစားကို သဘောကျတတ်၊ ပြီးတော့ စာရေးစာဖတ်ဝါသနာ ပါတဲ့ လူရိုးလူကောင်းလေးပါပဲ။
ဒီလောက် ကောင်းတဲ့လူကို ကျွန်မ က ဘာတွေ စိတ်တိုင်းမကျဖြစ်နေတာလဲ တွေးနေပြီမဟုတ်လား။ ကဲ ..ကဲ…။
သူ မကြိုက်တတ်တာလေးတွေလည်း ပြောပြဦးမယ်ရှင်။
အရေးအကြီးဆုံးအချက် သူတကူးတက ချက်တာလေးတွေကို ကျွန်မက သေချာမစားရင် စိတ်ဆိုးတယ်ရှင်။ ကျွန်မဆိုတာကလည်း အစားအသောက်မှာ ဇီဇာကြောင်သူ ဖြစ်တဲ့အပြင် စိတ်အပြောင်းအလဲကလည်း မြန်လွန်းသူကိုး။ ဒီတော့ တစ်ခါတစ်ခါ ငါ စားတာသောက်တာများလွန်းနေတယ်၊ ဝလာတော့မှာပဲ လို့တွေးမိတဲ့အချိန်ကျရင် နံနက်စာ ရှောင်တာ၊ ဒါမှမဟုတ် ညနေစာ ရှောင်တာမျိုး လုပ်ဖြစ်တယ်ရှင်။ ဒီမှာတင် အဆူခံရတာပါပဲ။
.
“စားစေချင်လို့ သေချာလေး ချက်ထားတာကို ဟိုဟာမကြိုက်တာ.. ဒီဟာမကြိုက်တာနဲ့ ဇီဇာကြောင်လွန်းတယ်… ချက်တဲ့လူဖက်ကို ထည့်မတွေးဘူး၊ မစာနာဘူး”
“စားစေချင်လို့ ချက်ကျွေးမိတဲ့သူပဲ စိတ်မကောင်းဖြစ်ရတယ်… နောက်ဆို ဘာစားချင်ချင် ချက်ကိုမကျွေးဘူး”
“ငါ ချက်ကျွေးတာ မစားရင် စားနိုင်မယ့်သူကို ရှာလိုက်မှာနော် ” ဆိုပြီး ခြိမ်းခြောက်တာက ရှိသေးတယ်ရှင်။
.
ဒီလောက်က နားပူခံနိုင်သေးတယ် ပဲ ထားပါ။ ဒီထက်ဆိုးတဲ့အချက်ကတော့ စိတ်တိုလို့ မျက်နှာကြီး အိုပြီဆို ဘယ်လိုချော့ချော့ မရဘူးရှင်။ ဪ… ကျွန်မရဲ့ အဓိက အားနည်းချက်ကို မပြောရသေးဘူးနော်။ ကျွန်မရဲ့အဓိက အားနည်းချက်က ဟင်းမချက်တတ်ဘူးရှင်။ အဲဒီလို ကျွန်မက သူ စိတ်ပြေအောင် လက်ဖက်သုပ်လေးတွေ သုပ်ကျွေးတယ်ရှင်။ သူ လိုအပ်မယ်ထင်တာလေးတွေ လုပ်ပေးတယ်ရှင်။ သူက ရေနွေးကြမ်းကြိုက်တတ်တော့ ရေနွေးကြမ်းလေး တည်ပေးတယ်ရှင်။ ဒါလည်း သူ စိတ်ပြေချင်မှ ပြေတာပါ။
.
ရေနွေးကြမ်းတောင် ကျိုပေးဖို့ သတိမပြုမိတဲ့အချိန်ဆို အဆူက ထပ်ဆင့်ရရောရှင်။ ပုံမှန်ဆို သူ့ဘာသာ သီချင်းလေး နားထောင်ရင်း တစ်ခုချင်းစီ ဇယ်ဆက်သလို လုပ်သွားပေမယ့် သူများ စိတ်ငြိုငြင်ပြီဆိုရင်လေ ဟင်းဟင်း…။
"ထမင်းစားတော့မယ်ဆို ရေနွေးကြမ်းလေးတောင် တည်မပေးနိုင်ဘူးလား၊ ငါ သောက်တတ်မှန်းသိရက်နဲ့"
“ထမင်းစားတော့မယ်ဆိုတိုင်း ငါကချည်း အမြဲလို ပြင်ပေးနေရတယ်… တစ်ခါလောက်များ ဇနီးမယားက ပြင်ပေးတဲ့ ထမင်းဝိုင်းမှာ ထိုင်ချင်ပါသေးတယ်”
"ငါတို့အိမ်မှာ မီးဖိုချောင်ဆို မိန်းမ မဝင်ရ နယ်မြေပဲဟေ့... အချိန်အားရှိရင်တောင် ဝင်မလာနဲ့"
….။
ပြောတာပြောတာဆိုတာလေ တစက်ကလေးမှ မနားဘူးရှင်။ ကျွန်မယောကျ်ားရဲ့ စကားပြောနိုင်စွမ်းကို ပြောရမယ်ဆိုရင် ၄၅ မိနစ် လောက်ကတော့ အသာလေး ပြောနိုင်တယ်ရှင်။ ဒါတောင် အိမ်ထောင်သည်ဘဝမလို့ စွမ်းဆောင်ရည်ကျသွားတာလို့ ပြောရမယ်။
.
သမီးရည်းစား ဘဝတုန်းကများ ဖုန်းတစ်ခါပြောရင် နာရီဝက်တစ်ခါနှုန်းနဲ့ သုံးလေးခေါက်လောက်ကို ဖုန်းပြောတာရှင်။ သမီးရည်းစားဘဝ ချစ်ကြောင်းကြိုက်ကြောင်းပြောတာ ဘာကြောင့် တစ်နာရီခွဲနှစ်နာရီကြာစရာရှိမှာတုန်းလို့ မေးလာရင်တော့ဖြင့် ဟင်း…ဟင်း။ ကဗျာကြိုက်စာကြိုက်တဲ့ ကျွန်မရဲ့ချစ်ရသူက တစ်ခါဖုန်းပြောရင် အဖွဲ့အနွဲ့မှာ ဆရာတစ်ဆူဖြစ်တဲ့ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာရှည်ကြီးတွေကို ရွတ်ပြတယ်ရှင်။ မြန်မာဆန်တဲ့ကဗျာလေးတွေ ရိုးလာရင် ဆရာလှသန်းရဲ့ကဗျာတွေ ရွတ်ပြတယ်ရှင်။ တစ်ခါတစ်ခါဆို နားပူလွန်းလို့ မဖတ်ဖို့တားရင်
“ဘာလဲ မောင့် ကဗျာရွတ်သံက နားထောင်မကောင်းလို့လား”
“ချစ်သူရလာတဲ့အခါ ဒီကဗျာတွေ ရွတ်ပြမယ် လို့တေးထားတာ… ဘာလဲ မရွတ်ပြရဘူးလား“
ဆိုပြီး Version အစုံနဲ့ စိတ်မကောင်းဖြစ်ပြတတ်သေးတယ်။
ဒီလိုလူက အခုအိမ်ထောင်သည်ဘဝမှာ သူကျွမ်းသွားတာ အဆူတစ်လိုင်းပဲ ရှိတယ်ထင်ပါရဲ့။ တစ်ခါတစ်ခါဆို ကျွန်မတွေးမိတယ်။ ဪ ငါ့ ယောကျ်ားက အကုန်အဆင်ပြေပါရဲ့။ ဒီအဆူတစ်လိုင်းတော့ ငါ့ကြောင့်ပဲ သူ ကျွမ်းကျင်သွားသလားလို့…လေ။
အခုပြောပြတာ သူမကြိုက်တဲ့အချက်လေး တစ်ချက်ပဲ ရှိသေးတယ်နော်။ ကဲ ထပ်လာပါပြီရှင်။
တစ်ပတ်ကို တစ်ခါနှစ်ခါလောက်ကတော့ သူကမေးလေ့ရှိတယ်။ နင်စားချင်တာလေးလည်း ပြောဦး တဲ့။ ကလေးတွေအတွက် ဘာချက်ရင် ကောင်းမလဲ ကူစဉ်းစားပေးဦးတဲ့။ တကယ်သာ ပြောမိရင်လေ အဲဒီဟင်းချက်တဲ့ရက်က ကျွန်မ အဆူခံရတဲ့ ရက်ပဲ သိလား။ ဘာလို့လဲ ဟုတ်လား။ ကျွန်မ ကြိုက်တဲ့ဟင်းကို ချက်တာပေမယ့် ကျွန်မက ဟင်းကိုအများကြီး စားတတ်သူမဟုတ်၊ စားပြန်တော့လည်း ဒီနေ့ဟင်းကို ဒီနေ့ပဲ စားပြီး မနက်ဖြန်ဆိုမစား၊ ဟော… သူကကျတော့ ကျွန်မ ကြိုက်လို့သာချက်ပေးတာ၊ သူ့အကြိုက်မဟုတ်ပြန်။ ဒီလိုနဲ့ပဲ သူမကြိုက်တဲ့ကျွန်မအကြိုက်ဟင်းတွေကို ချက်လိုက်စားလိုက်နဲ့ သူ့မှာ သူမကြိုက်တဲ့ နံနံပင်ထည့်သုပ်တဲ့လက်ဖက်သုပ်ကိုလည်း ကြိုက်သွားပြီ။ သူ သိပ်မစားဖြစ်တဲ့ အသားတုကြော်လည်း အခုတော့ ကြိုက်သွားပြီလေ။ ဒီတော့ သူကလည်း ခုနောက်ပိုင်းဆို ကျွန်မကြိုက်တဲ့ဟင်းကို ကျွန်မ မစားဖြစ်ရင် ဆူတတ်လာပြီပေါ့။
အဲဒီတော့ ကျွန်မကလည်း သူမေးလာတဲ့ရက်ဆို ယောကျ်ားချက်တာ အကုန်ကြိုက်တယ် ဆိုပြီး ရှောင်ရတိမ်းရတာပေါ့။ တစ်ခါတစ်ခါတော့ အဆူခံနိုင်ဖို့ စိတ်ကို ပြင်ဆင်ရင်း ပြောမိတာလေးတွေ ရှိပါရဲ့။ အင်ဥချက်လို ရာသီစာလေးတွေပေါ့ရှင်။
ဪ.. ကိုယ်စားချင်တာ စားရတာများ၊ အဆူခံလိုက်ပေါ့ လို့ ပြောချင်နေပြီလား။ နေဦးရှင်။ ကျွန်မယောကျ်ားက ဒီလိုစိတ်အလိုမကျတာလေးတွေအပြင် အတိတ်ကို အမှတ်ရရင် ဘလိုင်းကြီး ထထဆူတတ်တာလေးတွေ ရှိသေးတယ်။
“အိမ်ထောင်ကျပြီး ဟင်းချက်တာ သင်မယ်ဆို.. ခုတော့ ကလေးနှစ်ယောက်တောင် ရပြီ၊ သေချာမသင်ရသေးဘူးလား”
“မင်းနော် ငါ့ကို ညာယူတာနော်…. အိမ်ထောင်ကျပြီးရင် ဟင်းချက်သင်မယ်ကနေ ကလေးမွေးပြီးရင် ဟင်းချက်သင်မယ် ပြောတယ်.. အခုကျတော့ ဘာတုန်း ကလေးတွေဘွဲ့ရမှလား..”
ဒီလိုပြောပြီဆို ကျွန်မမှာ ပြုံးပဲ ပြရတော့တာရှင်။ ဘာလို့တုန်း သိလား။ သူ့မီးဖိုချောင်ကို မိန်းမ မဝင်ရ နယ်မြေ လို့ ပြောတယ်မလား။ တကယ်တမ်း ကျွန်မ ဝင်ပြီး သူ့ကို ကူရင် သူ့အတွက် ပိုရှုပ်တယ်ဆိုပြီး နှင်ထုတ်တယ်ရှင်။ မီးဖိုချောင်ကို ကျွန်မဝင်ချိန်က ထမင်းစားချိန်၊ ထမင်းအိုးတည်ချိန်နဲ့ပန်းကန်ဆေးချိန်လောက်ပဲ ရှိတယ်။ သူ ခိုင်းတာ ကူဖို့လိုရင် သွားတဲ့အချိန်လောက်ပဲ ပေါ့ရှင်။
“ရွှေတွေငွေတွေအများကြီး မဆင်နိုင်ပေမယ့် အိမ်ထောင်သည်ဘဝမှာ ထမင်းနပ်မှန်စေရမယ်.. လို့ မောင် အာမခံတယ် မရယ်”
ကျွန်မကို လက်ထပ်ခွင့်တောင်းတုန်းက သူပြောခဲ့တဲ့ စကားပေါ့။ ချစ်ခြင်းမေတ္တာအရဆို သူ့ချစ်ခြင်းမေတ္တာက အတိုင်းသားမြင်နိုင်တယ်ဆိုတော့လည်း ယုံတယ်ပေါ့ရှင်။
အခု အိမ်ထောင်သက် ၈ နှစ်၊ ကလေးနှစ်ယောက်နဲ့မှာ သူ့စကားအတိုင်းပဲ၊ ထမင်းတော့ မငတ်ဘူးပေါ့ရှင်။ နေစရာလေးလည်း အဆင်ပြေပါရဲ့။ ကျွန်မရဲ့ကိုလူရိုးလေးက အလုပ်ကလည်း ကြိုးစားတယ်ဆိုတော့ ငွေကြေးအရလည်း မချမ်းသာတောင် စိတ်ညစ်စရာ မရှိဘူးပေါ့ရှင်။
ဒါပေမဲ့ ဒီလိုအဆင်ပြေပါတယ်ဆိုတဲ့ ကျွန်မတောင်မှ သူ့ကို စိတ်တိုတာ ဖြစ်တဲ့အချိန် ရှိတာပဲရှင့်။
မရယ်နဲ့။ ကျွန်မကို မရယ်နဲ့။ တစ်ခါတစ်ခါဆူရင် ၄၅ မိနစ်ရှင်။ တစ်ခုခုဆို ကျွန်မ ကလေးတွေကမှ အာဘွား ဆိုပြီး အနမ်းပေးပြီး ချော့ရင် ပျော့သေးတယ်ရှင်။ သူကျ မျက်နှာကြီးအိုပြီး ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေတယ်ရှင်။ ချော့ဖို့ ကြံရွယ်လိုက်တိုင်း အဝေးရှောင်တယ်ရှင်။ တစ်ခါတစ်ခါဆို သူ့ကိုထားပြီး အဝေးမှာ တစ်လနှစ်လတော့ သွားနေချင်စိတ်ပေါက်တယ်ရှင့်။ ကျွန်မလို လူတောင် ဒီလိုစိတ်ပေါက်ရင် အခုသီချင်းကို သေချာနားထောင်ကြည့်စမ်းပါဦး။
လမ်းအဝင်မှာ ပန်းရနံ့လည်း မမွှေးဘူး။ ကြယ်မစုံ လမိုက်တဲ့ည မှာ စမ်းရေကတောင် မီးလျံလို ပူလောင်သတဲ့။ ဒီလိုအနေအထားမျိုးဆို ထွက်ပြေးဖို့ပဲ ရှိမှာပေါ့ရှင်။ အခုတော့ အတူလျှောက်ချင်သတဲ့။ မှားနေပြီလို့သာ အော်ပြောလိုက်ချင်တော့တာပဲ။ ဘယ်သူ့မှမကြည့်နဲ့…။ ကျွန်မပဲ ကြည့်၊ ကျွန်မပဲ ကြည့်လို့။ ဒီလောက်သာယာနေတဲ့အနေအထား လို့ လူအများမြင်တာတောင်မှ ဘဝမှာ အချွန်လေးနဲ့ အတက်လေးနဲ့ ကြုံနေရတာပဲ မဟုတ်လား။
ဟုတ်တယ်ဟုတ်…။
မှတ်မှတ်ရရ စိတ်တိုလွန်းလို့လေ… တစ်လလောက် သူနဲ့ တိုက်ရိုက် စကားမပြောဘဲ လုပ်စရာရှိတာလုပ်၊ ကလေးတွေကို ပုံမှန်ဂရုစိုက်နေပြလိုက်မိသေးတယ်။ ယောကျ်ားတွေအကြောင်း သိတယ်မလားရှင်။ တစ်လဆိုတော့ သူလည်း ဘယ်စိတ်ပြိုင်ဆိုးနိုင်တော့မတုန်း။ ပြောပါ့ပကော။ အရှက်အကြောက်ကြီးသူဆိုတာ။ ကလေးတွေ အိပ်နေတုန်း သူရယ်လေ..။ စိတ်ဆိုးပြေအောင် လာဖက်တယ်။ ကျွန်မကလည်း သူ့လက်ကို ပုတ်ထုတ်တယ်ရှင်။ စိတ်ဆိုးမှမပြေသေးတာ။ ဟုတ်တယ်မလား။ သူ ပြောနေတဲ့ စကားတွေထဲ ငါ.. မှားပါတယ် ဆိုတဲ့ စကားလုံးမှ မပါတာ။ တစ်ခါလည်းမရ၊ နှစ်ခါလည်း မရတော့ သူ စိတ်ဆိုးလာတယ် ထင်ပါတယ်။ ရုတ်တရက် ထထိုင်ပြီး
“မိန်းမ ငါ .. လူကြီးလူကောင်းလို တောင်းဆိုနေတာပါကွာ”.. တဲ့လေ။ ကျွန်မ မှာလေ … တစ်လလုံး ထိန်းထားသမျှ အဲဒီစကားတစ်ခွန်းနဲ့ ထရယ်မိပါလေရောရှင်
11 months ago | [YT] | 0
View 0 replies