This is an official Youtube of Grace Assembly of God, Yangon, Myanmar.
History
ကျေးဇူးတော် ဧဝံဂေလိအသင်းတော်သည် အဖ သင်းအုပ်ဆရာကြီး Rev Hau Lian Kham BA, BRE, MDiv, ThM, DMin(cand) အားဖြင့် ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ်ရှိ ဧဝံဂေလိဓမ္မကောလိပ် Evangel Bible College (EBC) ကျမ်းစာကျောင်းတွင် အသင်းသား အိမ်ထောင်စု (၁၆) စုနှင့် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ အေဂျီ (ဧဝံဂေလိ) အသင်းတော်များ၊ အထွေထွေသာသနာကောင်စီ လက်အောက်ရှိ သာသနာခရိုင် (၃)၊ သာသနာနယ် (၁) ရန်ကုန်လက်အောက်တွင် အခြေကျအသင်းတော်တစ်ပါး ဖြစ်ပါသည်။
"Jesus Christ is the same yesterday and today and forever" Hebrews 13:8
Mission
- ချီးမွမ်းကိုးကွယ်ခြင်းကို အထူးဦးစားပေးသော အသင်းတော်ဖြစ်ရန်။
- လူမျိုးပေါင်းစုံပါဝင်သော အသင်းတော်ဖြစ်ရန်။
- ပြည်တွင်းသာမက ပြည်ပသို့ပါ သာသနာပြုရန်။
- ပင်တေကုတ္တေခံယူချက်ရှိသော အသင်းတော်များကို တည်ထောင်ရန်။
- အမှုတော်ဆောင်သစ်များ မွေးထုတ်ရန်။
Grace AG Yangon
CHURCH SOUND WORKSHOP || 23 SEP, 2023
at Grace AG - Yangon
2 years ago | [YT] | 15
View 0 replies
Grace AG Yangon
ချင်းတောင်နိုးထမှုအတွက် ဘုရားသခင်အသုံးပြုခဲ့သော Rev Hau Lian Kham (ဘုန်းတော်ဝင်စားခြင်း - ၂၇ နှစ်) နှင့်ဇနီး Rev Hau Lun Cing (ဘုန်းတော်ဝင်စားခြင်း - ၁၄ နှစ်) တို့၏ အောက်မေ့ဖွယ်အခမ်းအနားကို ကျေးဇူးတော်ဧဝံဂေလိအသင်းတော်၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
မည်သူမဆို လူကိုယ်တိုင်အားဖြင့်သော်လည်းကောင်း၊ Online Streaming အားဖြင့်သော်လည်းကောင်း ပါဝင်ကြပါရန် မေတ္တာဖြင့် ဖိတ်ကြားအပ်ပါသည်။
အချိန် - နိုဝင်ဘာ ၂၂၊ ၂၀၂၂ (အင်္ဂါနေ့)၊ နေ့လည် ၂ နာရီ
နေရာ - Grace AG - Yangon
အမှတ် ၃၀ (ဘီ)၊ အခန်း ၆ (အပေါ်ဆုံးထပ်)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
#memorial #graceagyangon
3 years ago | [YT] | 16
View 0 replies