မြတ်ဗုဒ္ဓ၏တရားတော်များ၊ ရှေးပညာရှိများ၏ အဆိုအမိန့်များ၊ သုတစာပေ၊ ရသစာပေ၊ ဓမ္မစာပေဆိုင်ရာ ဗီဒီယိုများကို ပုံမှန်တင်ဆက်မျှဝေပေးနေတဲ့ Channel လေးပါခင်ဗျာ။
တခါတရံမှာတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အမြင်လေးတွေကိုလည်း မျှဝေပေးပါတယ်။( အမှားအယွင်းနဲ့ တစုံတရာအားနည်းချက်တွေရှိလို့ ထောက်ပြဝေဖန်ရင်လည်း ဝမ်းမြောက်စွာလက်ခံပါတယ်ခင်ဗျာ။ )
ကျိန်းသေတာကတော့ အဆိပ်အတောက်ဖြစ်စေမည့် ဗီဒီယိုဖိုင်များကို လုံးဝတင်သွားမည်မဟုတ်တာကိုတော့ အာမခံပါတယ်ခင်ဗျာ။
ကျွန်တော့် channel ရဲ့ viewer များတစ်ယောက်စီတိုင်းနဲ့ သက်ရှိများအားလုံး ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်
စေတနာ - သုတ ရသ ဓမ္မ channel
@HcayTaNar
စေတနာ ( စာပေနှင့်တရားဓမ္မ )
" အတွေးမတူရင် အပြေးမတူဘူး "
__________________________
တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ်။
ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ် နည်းလမ်းမျိုးစုံအောင် လှည့်ပတ်လို့ပြေးတယ်...။
ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...
" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။
ခွေးက...
" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့ " မင်းက တစ်နပ်စာအတွက်လိုက်တယ်။
ငါက တစ်သက်စာအတွက် ပြေးရတာလေ... အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။
* ဒီလိုပါပဲ လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။
ဒါပေမဲ့..မတူညီတာက တချို့က တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။
ဘာပဲဖြစ်ဖြစ် ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့ ပြေးနိုင်ခဲ့သေးရင် ကိုယ်လည်း တစ်သက်စာပြေလည်ဖို့ အလုပ်တွေလုပ်နိုင်ရမယ်လေ။
#CreditToOriginalUploader
Photo_Google
2 years ago | [YT] | 18
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
ရှေ့ဆောင်လမ်းပြပေး ကြပါ
------------
မြန်မာနိုင်ငံ မှာ အနုပညာရှင် ဆယ်လီ တွေ ရာပေါင်းများစွာရှိတယ်
ပြည်သူတွေဟာ အနုပညာရှင်တွေရဲ့ အမူအကျင့်တွေကို အမြဲတမ်း အတုယူလေ့ရှိတယ် အနုပညာ ရှင်တွေကို အရူးအမူးအားပေးကြတယ်
ဝမ်းနည်းစရာ ကောင်းတာက အနုပညာရှင်တွေဟာ ဗုဒ္ဓဘာသာ နဲ့ ရတနာသုံးပါးအတွက် အားကိုးရာ မဖြစ်ခဲ့ဘူး ရှေးတုန်းက အနုပညာရှင်ကြီးတွေဟာ ရတနာသုံးပါးနဲ့ပါတ်သတ်ပြီး ပြည်သူတွေကို အသိပညာတွေ ပေးနိုင်ခဲ့ပေမဲ့ ဒီကနေ့ခေတ်မှာတော့ ရာပေါင်းများစွာသော အနုပညာရှင်တွေဟာ ရတနာသုံးပါးအတွက် ပြည်သူတွေကို ရှေ့ဆောင်လမ်းပြမဖြစ်ခဲ့ဘူး
လမ်းပြဖို့ထက် နာမည်ကြီးလာပြီ ဆိုရင် ဘာသာတရားနဲ့ ယဥ်ကျေးမှူ့ကိုပါ ချနင်းလာကြတာ သတိထားမိတယ်
အံ့သြစရာကောင်းတာက အနုပညာရှင်တွေရဲ့ ဆယ်ပုံတစ်ပုံတောင် သာသာနာအတွင် ယဥ်ကျေးမှူ့အတွက် ရှေ့ဆောင်လမ်းပြမဖြစ်ခဲ့ဘူး
သူတို့ ပြည်သူတွေကို ပေးတာက အဆဲအဆိုတွေ ရန်ဖြစ်တာတွေ သရုပ်ပျက်ဝတ်စားဆင်ယဥ်မှူ့ တွေ ကိုသာ ပေးခဲ့ကြတယ်
ဒါ့ကြောင့်လည်း ဒီနေ့ခေတ်မျိုးဆက်သစ်တွေဟာ ဆဲနည်းမျိုးစုံ သရုပ်ပျက်နည်းမျိုးစုံနဲ့ မြန်မာ့ယဥ်ကျေးမှု့ကို စော်ကားလာကြတာများတယ်
အနုပညာရှင်တွေဟာ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ ဆုတ်ယုတ်ဖို့ အဓိကကျပါတယ်
ဒါ့ကြောင့် ဒီနိုင်ငံမှာ နေပြီး ဘာသာတရားနဲ့ ယဥ်ကျေးမှု့ကို မကာကွယ်ပေးရင်တောင် မျိုးဆက်သစ်တွေကို မဖျက်ဆီးဖို့ အထူးလိုအပ်လှပါတယ်
ရဟန်းသံဃာတော်တွေ နဲ့ မဆက်ဆံတတ်တာ ရှက်စရာ မြန်မာအမျိုးသမီးဆိုတာ အိမ်ထောင်မှူ့ ဝတ်စားဆင်ယဥ်မှူ့ ကို အမြဲတမ်းလိုက်နာရမယ် ဆိုတဲ့ စာရေးဆရာမကြီး
လူထုဒေါ်အမာလို စာရေးဆရာ
ရတနာသုံးပါးကို လူတွေကြည်ညိုတတ်အောင် ရိုက်ကူးတဲ့ဆရာကြီး ဦးသုခ တို့လို
ဒါရိုက်တာ
ဟောလီးဝုဒ်မှာ ရိုက်တာတောင် မြန်မာအမျိုးသမီးဝတ်စုံနဲ့ ရိုက်လေ့ ရှိပြီ နုတ်ခမ်းချင်းနမ်းရမှာ ရှက်လို့ အနမ်းမခံချင်လို့ ကျက်သွန်ဖြူတွေ စားပြီး သရုပ်ဆောင် တဲ့ သရုပ်ဆောင် ဒေါ်ဝင်းမင်းသန်း
တို့လို ပုဂ္ဂိုလ်ကြီးတွေ အနုပညာလောကမှာ များများမြင်တွေ့ဖို့ ဆန္ဒပြုပါတယ်
ဦးမြင့်ခိုင်
crd
2 years ago | [YT] | 15
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
သုတစာပေ
သာလွန်အင်အားဖြင့် ကမ္ဘာကိုလွှမ်းမိုးနိုင်ရန် အားထုတ်နေသူများ
-----------------------------------------------------------
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်းနယ်ထဲက ကမ်ဒင်းရွာလေးက အလယ်တန်းကျောင်းလေးမှာ ဖြစ်ပါ တယ်။ ဒီကျောင်းလေးဟာ တိဘက်အချုပ်အချာ ပိုင်နက်ထဲမှာရှိတယ်။ တရုတ်နိုင်ငံချန်ဒူးကနေ ကားမောင်း သွားမယ်ဆိုရင် သုံးနာရီလောက်ပဲကြာတယ်။ အဲဒီကျောင်းမှာ တက်နေတဲ့ ကလေးတွေဟာ အင်တာနက်ကို အသုံးပြုပြီးတော့ ပညာတွေ သင်ယူနေကြတယ်။ သူတို့ကို အင်တာနက်ကတစ်ဆင့် ပို့ချနေသူတွေကတော့ ချန်ဒူး အမှတ် ၇ အထက်တန်းကျောင်းက ဆရာတွေပဲဖြစ်ပါတယ်။
နည်းပညာခေတ်မှာ ဝေးလံတဲ့ဒေသတွေက ကျောင်းတွေကို ဆရာမရှိလို့ မသင်ကြားနိုင်ဘူးဆိုတဲ့ အကြောင်း ပြချက်မျိုးတွေ မရှိတော့ဘူး။ ပြီးတော့ မပြည့်စုံလို့ ခေတ်မီစွာနဲ့ ပညာမရှာနိုင်ဘူးဆိုတာလည်း မရှိဘူး။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ကွန်ပျူတာနဲ့ အင်တာနက်ကို အခြေခံထားတဲ့ သင်ကြားရေး လမ်းကြောင်းပေါ် တက်လိုက်တဲ့အခါမှာ ပညာရေးဟာ ကလေးတိုင်းနဲ့ မဝေးတော့ပါဘူး။
တောနယ်လေးမှာ ရှိနေတဲ့ ကလေးတွေ သိချင်တဲ့ အကြောင်းအရာတွေကို ပင်မကျောင်းကြီးတွေထံကနေ ဆရာတွေက မိနစ်ပိုင်းအတွင်း အင်တာနက်ကတစ်ဆင့် ပြန်လည်ဖြေကြားပေးနိုင်အောင် စီစဉ်ပေးထားတယ်။
တရုတ်တွေဟာ ပညာရေးမှာ နည်းပညာကို ချဲ့ထွင်ပြီး သုံးစွဲနိုင်အောင် ကြိုးစားနေကြတယ်။ ဆင်းရဲလို့၊ ဝေးလံလို့၊ ဆရာမရှိလို့၊ လျှပ်စစ်မီး မရှိလို့၊ အင်တာနက်မရလို့ဆိုတဲ့ အကြောင်းပြချက်တွေကို ကျော်လွှား နိုင်အောင် လုပ်နေကြတယ်။ ဒစ်ဂျစ်တယ်ပညာရေးကသာလျှင် သူတို့လူမျိုးနဲ့ နိုင်ငံရဲ့ ဘဝမြှင့်တင်ရေးကို လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူဆပြီးတော့ လက်တွေ့ ကျင့်သုံးနေကြပြီဆိုတာ သိထားသင့်ပါတယ်။
သူတို့နိုင်ငံခေါင်းဆောင်တွေကလည်း သူတို့နိုင်ငံနဲ့ လူမျိုးတိုးတက်ဖို့အတွက် သတင်းအချက်အလက် နည်းပညာကို လူတိုင်းရယူသုံးစွဲနိုင်ရေး၊ ဘဝတစ်သက်တာ ပညာရှာမှီးနိုင်အောင် စီမံပေးနိုင်ရေးဟာ အုပ်ချုပ်သူတွေရဲ့ တာဝန်တစ်ရပ်အနေနဲ့ ယူဆပြီးတော့ လုပ်ဆောင်နေကြပါတယ်။
ကျောင်းတွေမှာ ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ သင်ကြားနိုင်ရေးကို မြှင့်တင်နေကြတယ်။ တရုတ်နိုင်ငံ တစ်ဝှမ်းလုံးမှာရှိတဲ့ မူလတန်း၊ အလယ်တန်းကျောင်းတွေမှာ အင်တာနက်ကို သင်ကြားမှု အထောက်အကူ အဖြစ် သုံးနိုင်ရေးအတွက် တိုးမြှင့်တပ်ဆင်ပေးနေကြတယ်။ ၂၀၁၂ ခုနှစ်တုန်းက တစ်ပြည်လုံးရဲ့ ကျောင်းပေါင်း ၂၅ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုနိုင်တဲ့ အင်တာနက်ဟာ ခုဆိုရင် ၉၉ ဒသမ ၅ ရာခိုင်နှုန်းလောက်အထိ အင်တာနက်ကို အသုံးပြုနိုင်တဲ့ မာလ်တီမီဒီယာစာသင်ခန်းတွေ ဖြစ်ကုန်ပြီလို့သိရပါတယ်။
ပညာရေးအတွက် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ “Smart Education of China” ဆိုတာကို ၂၀၂၂ မှာ ထူထောင်ပြီးတော့ ကျောင်းတွေမှာ နည်းပညာနဲ့ သင်ကြား၊ သင်ယူမှုတွေကို အထောက်အကူပြုနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြတယ်။
“Smart Education of China” လိုင်းမှာ ပညာရေးနဲ့ ပတ်သက်တဲ့ စာမျက်နှာပေါင်း ၆ ဒသမ ၇ သန်းကျော်ကို စီစဉ်တင်ပေးထားတယ်။ နိုင်ငံအတွင်း ပြည်နယ်ဒေသပေါင်း ၂၀၀ ကျော်ကနေ ဝင်ရောက်ပညာယူနေသူပေါင်း ၁ ဘီလီယံလောက်ရှိနေပြီလို့လည်း သိရတယ်။
အဲဒီ “Smart Education of China” အနေနဲ့ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေအပြင် တက္ကသိုလ် ကောလိပ်အဆင့်တွေပါမကျန် အရည်အသွေးမြင့်ပညာရေးမျိုးကို ရယူ သင်ကြား သင်ယူမှုတွေရလာအောင် လုပ်ဆောင်ပေးနေပါတယ်။
ဒစ်ဂျစ်တယ်ခေတ်ရောက်လာပြီဆိုတာ မျက်ခြေပြတ်လို့မရပါဘူး။ နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိနေတဲ့ တောရော မြို့ပါမကျန် ပညာရေး တစ်ပြေးညီဖြစ်ဖို့ဆိုတာ နည်းပညာ အထောက်အကူမပါဘဲ သက်ရောက်မှု မရှိနိုင်ပါဘူး။ အားလုံးအတွက်ပညာရေးဆိုတာကို အကောင်အထည်ဖော်ချင်ရင် နည်းပညာနဲ့ လက်တွေ့ကျကျ ထိတွေ့ ပေးနိုင်ရေးကသာလျှင် အဖြေတစ်ခုဖြစ်နိုင်မယ်ဆိုတာ သူတို့သဘောပေါက်ပြီး လက်တွေ့ လုပ်ဆောင် နေကြတာပါ။
ပညာရေးမှာ ဆရာတွေကို အဆင့်မြှင့်တင်နိုင်ရေးကလည်း အရေးကြီးပါတယ်။ မတတ်တဲ့ဆရာတွေကနေ မသိတဲ့ကလေးတွေရဲ့ ပညာရေးကို ဘယ်လိုမှ အဆင့်မြှင့်တင်ပေးနိုင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဆရာတွေကို နည်းပညာနဲ့ ဦးစွာထိတွေ့ လေ့ကျင့်ပေးရေးကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဆရာတွေကို လည်း အွန်လိုင်းကတစ်ဆင့် နည်းပညာဆိုင်ရာသဘောတရားနဲ့ ပညာရေးခေတ်မီစေဖို့ လက်တွေ့ပို့ချ သင်တန်းတွေပေးနေပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ယခုဆိုရင် ကမ္ဘာနိုင်ငံကြီး ၁၃ နိုင်ငံက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ အင်္ဂလိပ်စာ အပါအဝင် အခြားဘာသာစကားတွေကို ပါလေ့လာနိုင်အောင် လုပ်ဆောင်ပေးနေပြီ။ သူ့နိုင်ငံသား ၇ သန်းကျော် နိုင်ငံတကာ တက္ကသိုလ်တွေကနေ ပညာတွေကို အွန်လိုင်းကတစ်ဆင့် သင်ကြားနေကြတယ်လို့လည်း ဆိုပါတယ်။
တရုတ်တွေဟာ သူ့နိုင်ငံ သူ့လူမျိုးတွေကို သူများတွေထက်သာရမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ သာလွန် အင်အားတွေကို သာလွန်စိတ်ဓာတ်တွေသုံးပြီး သာလွန်တဲ့ နည်းပညာတွေနဲ့ ပညာရေးမှာ အသုံးချနေတယ် ဆိုတာ သဘောပေါက်သင့်ပါတယ်။
အာလုံးထက် သာလွန်ဖို့ဆိုတာ ဘာကိုအသုံးပြုရမယ်၊ ဘာကိုလုပ်ဆောင်ရမယ်။ ဘယ်အရာကသာ အားလုံးထက် သာလွန်သွားအောင် လုပ်ဆောင်နိုင်တယ်ဆိုတာ သဘောပေါက်ထားတဲ့ နိုင်ငံနဲ့ လူမျိုးဟာ ရှေ့ရောက်ပြီး အားလုံးထက်သာလွန်သွားမှာပဲဆိုတာလည်း သိထားသင့်ပါတယ်။
(Photo Credit: The Star)
တင်ညွန့်
၁၆.၁၂.၂၀၂၃
2 years ago | [YT] | 4
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
နည်းလမ်းမှန်မှန်နဲ့ လက်ရေးလှလှရေးကြည့်ရအောင်။
2 years ago | [YT] | 4
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
ကောက်ကျစ်တဲ့သူတွေပဲ လူမုန်းများမယ်ထင်ခဲ့တာ။
တကယ်တော့ ရိုးသားလွန်းတဲ့သူတွေကိုလည်း တော်တော်များများက မလိုလားကြပြန်ဘူး။
လောကမှာ ပျင်းတဲ့သူတွေကိုပဲ လူတွေမကြိုက်ကြဘူးလို့ ထင်ခဲ့တာ။
တကယ်တော့ တကယ်ကြိုးစားတဲ့သူတွေကိုလည်း ကြည့်မရကြပြန်ဘူး။
လောကမှာ တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ။
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်းအမြင်ကပ်ကြပြန်ရော။
လောကမှာ အရည်အချင်းမရှိတဲ့သူတွေကိုသာ နေရာမပေးချင်ဘူးထင်ခဲ့တာ။
တကယ်တော့ အရည်အချင်းရှိတဲ့သူကျတော့လည်းမနာလိုဖြစ်နေပြန်ရော။
တကယ့်လက်တွေ့လောကမှာ လူတစ်ယောက် ကောင်းမကောင်းသတ်မှတ်တဲ့စံနှုန်းဟာ သူတို့အလိုကို ဘယ်လောက်အထိ လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲတိုင်းတာလာကြတော့တာပဲ။
အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့၊ကိုယ်လုပ်စရာရှိတာကို.ကိုယ့် plan အတိုင်း ဘယ်သူ့ကိုမှ အာရုံမထားဘဲ ဆက်တိုက် လုပ်နေဖို့ ပါပဲ။
#𝐂𝐫𝐞𝐝𝐢𝐭
2 years ago | [YT] | 38
View 2 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
#နှလုံးသားအာဟာရ_ဓမ္မစာစုများ
လူသား၏စာရိတ္တကို သမိုင်းတစ်လျှောက် အမဲကွက်ထင်အောင် လုပ်သည်မှာ လောဘသာဖြစ်သည်။
..................
ဆင်းရဲခြင်းသံသရာ
အတိတ်ဘဝက စာရိတ္တမစင်ကြယ်ခဲ့လို့ အခုဘဝမှာ ဆင်းရဲနေကြတာပါ။
အခုဘဝမှာလည်း စာရိတ္တမစင်ကြယ်ရင် နောက်ဘဝမှာ ပိုပြီးဆင်းရဲတော့မှာပါ။
.....................
#မေတ္တာရှင်_ရွှေပြည်သာ
#နှလုံးသားစာစုများ
2 years ago | [YT] | 11
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
#နှလုံးသားအာဟာရ_ဓမ္မစာစုများ
ကိုယ့်စိတ်ကိုယ်ကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကိုတွေ့ရတယ်။
အားငယ်စိတ် ကြောက်စိတ် မရှိတော့ဘူး။
ချီးမွမ်းတာ ကဲ့ရဲ့တာကို မကြောက်တော့ဘူး။
ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။
ဘာကိုမှ မကြောက်တဲ့စိတ်ကိုရတယ်။
ကိုယ့်စိတ်ကိုကိုယ် သိနေတဲ့သူဟာ အကျိုးမရှိတာကို လုပ်ချင်တဲ့စိတ်ကို ဦးစားမပေးတော့ဘူး။
အကျိုးရှိတာကို ဦးစားပေးတယ်။ လုပ်သင့်တာတွေကို ပိုလုပ်ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဘဝဟာ ပိုပြီးအဆင်ပြေလာတယ်။
...........................................
လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။
ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။
.........................................
ကိုယ့်အကြောင်းကိုကိုယ် အမှန်အတိုင်းသိရတာ မသက်သာပါဘူး။
.......................................
#ဦးဇောတိက_မဟာမြိုင်တောရ
#တွေးမိတိုင်းပျော်တယ်
@HcayTaNarTayarTaw
2 years ago (edited) | [YT] | 23
View 1 reply
စေတနာ ( စာပေနှင့်တရားဓမ္မ )
#နှလုံးသားအာဟာရ_ဓမ္မစာစုများ
လူနဲ့တိရစ္ဆန်ခြားနားမှုဖြစ်တဲ့ မိမိစိတ်ကိုသိမြင်ခြင်းဆိုတဲ့စွမ်းရည်ဟာ အတိုင်းအတာကန့်သတ်ချက်မရှိဘူး။
လူကိုလူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိဖြစ်ရုံတင်မကပါဘူး။
သာမန်လူထက်ပိုလွန်တဲ့၊ ထူးကဲတဲ့၊ မြင့်မြတ်တဲ့ လူသားတစ်ဦးဖြစ်အောင် လုပ်ပေးနိုင်တယ်။
#ဆရာတော်ဦးဇောတိက_မဟာမြိုင်တောရ
#တွေးမိတိုင်းပျော်တယ်
2 years ago | [YT] | 19
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့ က္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။
အားလုံးပြောကြတာက "ဆယ်နာရီ ကိုးမိနစ် ရှိပြီ" လို့ပဲပြောကြတယ်။
အများစုက "ဆယ်နာရီ ကိုးမိနစ် သုံးဆယ်စက္ကန့်" ဆိုပြီး ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ ကူညီပေးတယ်။
အလားတူပါပဲ။
ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့သူတွေ ရှိတတ်ကြပါတယ်။
သူတို့ကိုတော့ စကားထဲမှာထည့် မပြောပေမယ့် ကျနော်တို့ တိုးတက်ဖို့ သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။
Credit.. Original uploader
2 years ago | [YT] | 41
View 0 replies
စေတနာ ( စာပေနှင့်တရားဓမ္မ )
#နှလုံးသားအာဟာရ_ဓမ္မစာစုများ
ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေထွက်လာဖို့ အဓိကအကြောင်းဖြစ်တယ်။
ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင် ပိုကောင်းတဲ့တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။
#ဦးဇောတိက_မဟာမြိုင်တောရ
#တွေးမိတိုင်းပျော်တယ်
2 years ago | [YT] | 22
View 1 reply
Load more