Hello! I’m Phyo, and welcome to my food channel.This is where I share the honest joy of my daily food life! I love exploring and cooking,with a deep appreciation for the authentic flavors of Myanmar. I cook heartwarming meals and happily devour them all by myself .I also travel to taste local delicacies, street food, and heartwarming community meals .I hope you’ll stay! Subscribe and turn on notifications! Let’s enjoy the best of Myanmar food life together. 🔔
အားလုံးပဲမင်္ဂလာပါရှင်။ဖြိုး ရဲ့Channelလေးကနေလှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။😊ဒီChannelမှာတော့ချက်ပြုတ်စားသောက်ခြင်းကနေရရှိတဲ့ ရိုးသားတဲ့ပျော်ရွှင်မှုတွေကိုမျှဝေပေးနေတာပါ။မြန်မာ့ရိုးရာအရသာစစ်စစ် အိမ်မှာချက်ပြုတ်ထားတဲ့ဟင်းပွဲတွေကိုအားရပါးရ စားပြတာကိုကြည့်ရှုရမှာပါ။ဒေသစာတွေကိုလိုက်လံမြည်းစမ်းရင်းဝေမျှပါမယ်။မီးဖိုချောင်တစ်ခုတည်းမဟုတ်ဘဲနေရာအစုံမှာရိုက်ကူးထားလို့သဘာဝအရှိဆုံးခံစားရမှာပါ။ရိုးသားတဲ့စားစရာခံစားချက်တွေနဲ့နွေးထွေးမှုကို ရှာဖွေနေတယ်ဆိုရင်ဒီ Channel မှာနခဲ့ပါဦးနော်။Subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားလိုက်ပါတော့နော်! 🔔
PHYO- ဖြိုး
အယောက် (၁၀၀၀)စာ ဖြိုးလက်ရာကြာဇံဟင်းခါးချက်နည်း
လိုအပ်သောပစ္စည်းများ
ဂျုံကြာဇံ - ၁၀ပိသာ
ဆီ - ၃ပိသာတစ်ပုံး
ကြက်သား ၈ပိသာ
ကြက်သွန်နီ - ၁၅ပိသာ
ကြက်သွန်ဖြူ - ၁ပိသာ
ငရုတ်သီး အရောင်တင်မှုန့် - ၁၅ကျပ်သား
မှိုခြောက် - ၂ပိသာ
ပဲလိပ် ၁ပိသာ၅၀သား
အသားတုတောင်ပံ- ၁ပိသာ၅၀သား
ငုံးဥ - ၅၀၀ လုံး
ကွကျဥ - ၂၀၀
နံနံပင်
သံပရာသီး
ဆား
ဟင်းခတ်မှုန့်
ငရုပ်သီးအကြတ်မှုန့်
ကော်မှုန့်
ချက်ပြုတ်နည်း
-ပထမဆုံး မှိုခြောက် ပဲလိပ် အသားတုတို့ကို ရေစိမ်ပြီး သေချာသန့်ရှင်းထားပါ
-ကြာဇံကိုလည်းရေစိမ်ထားပေးပါ
-ငုံးဥနဲ့ကြက်ဥ တစ်ဝက်ကိုပြုတ်ထားပါ
-ပြီးရင်တော့အိုးကြီးတစ်လုံးထဲကြက်သားတွေကိုရေနည်းနည်းနဲ့အရင်ဆုံးပြုတ်ပေးပါ
-ရလာသောကြက်သားတွေကိုအအေးခံ အသားနွှင်ပြီး အရသာနယ်ထားပေးပါ
-ကြက်သားတွေကိုဆီသတ်ဖို့အတွက် ဒယ်အိုးထဲဆီထည့်ပါ
ဆီပူလာရင် ထောင်းထားသောကြက်သွန်ဖြူနဲ့ ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး ဆီသတ်ပေးပါ အရောင်လှအောင်အရောင်တင်မှုန့်ပါထည့်ပေးပါ
-ဆီသတ်ထားတာလေးတွေမွှေးလာပြီဆိုအရသာနယ်ထားသောကြက်သားတွေထည့်ပြီးကြော်ပေးပါ
ရေဓာတ်ခမ်းသွားရင်တော့ ကြက်သားဆီသတ်လေးရပါပြီ
-ခုနကကြက်သားပြုတ်ထားတဲ့ ကြက်ပြုတ်ရည်အိုးထဲ မိမိနှစ်သက်သလောက်ရေထပ်ထည့်ပြီး မီးဖိုပေါ်တင်ပေးပါ
-ရေမဆူခင် ဆီသတ်ထားသောကြက်သားကိုထည့် ပြီးလျှင် မှိုခြောက် ပန်းခြောက် ပဲလိပ် အသားတုတို့ကိုထည့်ပေးပါ
-အခွံခွာထားသောကြက်သွန်နီဥလေးတွေကိုလည်းထည့်ပေးပါ
-အရသာအတွက် ဆား ဟင်းခတ်မှုန့်တို့ကိုထည့်ပေးပါ
-ဆူလာပြီဆိုမှ ရေစိမ်ထားသော ကြာဇံကိုထည့်ပေးပါ
-အကုန်လုံးနူးလာပြီဆို မပြုတ်ရသေးတဲ့ကြက်ဥတစ်ဝက်ကို မွှေပြီး ဟင်းရည်ပျစ်အောင်ထည့်ပေးပါ
-ပြုတ်ထားသော ငုံးဥ ကြက်ဥ(စိပ်ထားပါ)တို့ကိုထည့်ပေးပါ
-နောက်ဆုံးမှ ဟင်းရည်ပိုပျစ်သွားအောင် ရိုးရိုးကော်မှုန့်ကို ၂၀သားလောက်အရည်ဖျော် လောင်းထည့်ပြီး အဆက်မပြတ်မွှေပေးပါ
-ဒါဆိုရင်တော့ကြာဇံဟင်းခါးစားလို့ရပါပြီ
ပန်းကန်ထဲကြာဇံဟင်းခါးလေးထည့် နံနံပင်လေးထည့် ငရုပ်သီးမှုန့်လေးထည့် သံပုရာသီးလေးညှစ်ထည့် လိုက်ရင် အရမ်းအရသာရှိတဲ့ကြာဇံဟင်းခါးလေးသုံးဆောင်လို့ရပါပြီရှင့်
#PHYO
#ကြာဇံဟင်းခါး
🚨ဖြိုးရေးထားတာလေးတွေယူသုံးပါကဖြိုးpageကိုမန်းရှင်းခေါ်ပေးပါ
1 year ago | [YT] | 285
View 7 replies