Hello, i am May Myat. I’m gonna make some study videos for students and my life vlogs. ✨Enjoy


Telegram- wangmaym

For work email- pmaymyat7@gmail.com








maymyat p

ဒီ acc လေးတွေသာ ကိုယ်တိုင်သုံးတဲ့ အကောင့်တွေ ( real account) လေးတွေဖြစ်ပါတယ်နော်✨☁️
( အခု ဘာonline class မှ မသင်ပါဘူးနော် 🍀)

Account လေးတွေ အကုန် connect လုပ်လိုက်ပါပီ 🥳✨ To get to know me more☁️

📌Fb- life update ( post frequently 🍀)
📌Ig - life update ( post occasionally 🍀)
📌TikTok- ( post rarely 🍀)
( I deleted it three weeks ago because I found myself doom-scrolling on TikTok.😅) But I might install it again later just to post—still not sure.

Telegram- ဒီမှာက message လေးတွေ ပို့ပေးလို့ရပါတယ် ဖတ်ဖြစ်ပါတယ် ရှင့် ဘယ်လို video လေးတွေ လုပ်စေချင်လဲ ပို့ပေးလို့ရပါတယ် ✨💓
( Acc for YouTube Family and Uni life )🍁
( post occasionally 🍀)

I also use
WeChat - for close friends and family
What’s up- for international friends
Viber - for school and family stuff


www.facebook.com/may.myat.599524?mibextid=wwXIfr&m…

www.instagram.com/notmm_12?igsh=MXBpdjNtYTV3bnhwNQ…

www.tiktok.com/@notmm_12?_r=1&_t=ZS-93YkzAEuqsG

@wangmaym

3 months ago | [YT] | 204

maymyat p

Hello G-12 လေးများ ✨ အတွက်

☁️( အမတို့ နစ်က ၆ဘာသာ ဂုဏ်ထူးရသူတိုင်း ရွှေ ၁ကျပ်သား ရပါတယ် အာ့တော့ အမဆို အာ့တာလေး ရောင်းပီး နံနံခြား ပတ်နေတာပါ ၃နိုင်ငံ လည်ခဲ့ရပါတယ် ၂၀၂၅ မှာ
အာ့တော့ ဒီလိုမျိုး အခွင့်အရေးကို အားလုံးကိုလဲ ရစေချင်ပါတယ် ( ဒီနစ် ပေးမပေးတော့ မသိပါဘူးနော် ) ဒါကြောင့် အခုချိန်မှာ
အစွမ်းကုန်သာ ကြိုးစားပေတော့ ) ☁️

စာမေးပွဲနီးလာပီဆိုတော့
Moti ထက် စာပဲ သေချာလုပ်ပါတော့

ကိုယ့်ကိုကိုယ်ပဲ ကယ်နိုင်မှာဆိုတဲ့ စိတ်ကို ထားပါ 🙌🏻
အပြတ်အသတ်သာ ကြိုးစားပါတော့ ✈️

ငါလုပ်ရင် ဖြစ်တယ် ငါရကို ရတယ် ဆိုတဲ့ စိတ်တွေနဲ့ ဆက်သာ သွားပါ
Dreams come true ✨😼

Fighting pr !!!
အမ video ကို အားပေးနေတဲ့ ကလေးတွေကို ယုံကြည်ပီးသားပါ လုပ်နိုင်တယ် စာမေးပွဲကို အကောင်းဆုံး ကျော်ဖြတ်နိုင်တယ်ဆိုတာ

ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ပဲ ကျန်မယ်နော်

#grade12 #myanmar #motivation #student #hangzhou

4 months ago | [YT] | 808

maymyat p

ကိုယ့်ကို ရှေ့ဆက်ဖို့ အင်အား ဖြစ်စေတဲ့ အရာတွေကတော့

ကိုယ်ဖြစ်ချင်တဲ့ အိမ်မက်တွေ ၊ အရာတွေဆီကနေပဲ လာမှာပါ

( ဒါအပြင် ကိုယ့် ချစ်ရတဲ့ သူတွေဆီကနေလဲ အင်အားတွေ ရကြမှာပါ ဘယ်သူ့အတွက်ကြိုးစားနေတာ စသည်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်တော့ ခွန်အားဖြစ်စေတဲ့ အရာတွေ မတူလောက်ပါဘူး ) 🫶🏻

အာ့အရာ တစ်ခုကို ရအောင် ကြိုးစားရုန်းကန်နေရတဲ့ အခိုက်အတန့်တွေက သာ ပျော်စရာတွေပါပဲ

📌 ✨ တကယ်လို့ ကိုယ်သာ အရာ တစ်ခုကို တကယ်လိုချင်ပီဆို ကြိုးစားရတာပါ ပျော်လာမှာပါ

ဒါကြောင့် လဲ

ကိုယ့်ရဲ့ ဘဝမှာ ဘယ်အရာတွေက အရေးကြီးလဲ အရေးပါသလဲ ဆိုတာ ခွဲခြား သိဖို့လိုပါတယ် 🔖

အဓိက ကတော့

ဘဝမှာ ဖြစ်ချင်တဲ့ အရာတွေကို ပုံဖော်ထားပါ visualization

Plan ချထားပါ

ပီးရင် လုပ်ရမဲ့ အဆင့်တွေ နည်းလမ်းတွေ ရှာဖွေပါ

ပီးရင်တော့ တစ်ဆင့်ချင်း ကြိုးစားသွားရုံပါပဲ


နောက်ဆုံး ကြိုးစားတဲ့ အဆင့်ကတော့ အခက်ဆုံးပါပဲ
🔖

ဒီနေရာမှာက ကိုယ့်စိတ်က စကားပြောလာပီ

“ပင်ပန်းတိုင်း ရပ်သွားမှာလား
အခက်အခဲ ကြုံတိုင်းရပ်သွား မလားဆိုတဲ့ မေးခွန်းပေါ့”

( ဒါကလဲ ကိုယ့် ရည်မှန်းချက်ပန်းတိုင်သာ ခိုင်မာရင် ဒီအခက်အခဲတွေက အလွယ်လေး ကျော်နိုင်ပါတယ် 🌌)

Remember why you started

Never give up on yourself

You have so much potential


အခုတလော အလုပ်နဲနဲ များနေလို့ပါ
G12 ကလေးများ ဖိုက်တင်းပါ 🥳✨
#life # motivation

5 months ago (edited) | [YT] | 685

maymyat p

Hello everyone!

ဒါကတော့ study guidelines လေးပါ
အမလဲ တတ်နိုင်သလောက် ကူညီ ပေးရုံပါ✨ ( အနှစ်ချုပ်ကို ဒီမှာ စုပြီးရေးပေးထားပါတယ်နော် ။ အသေးစိတ် တစ်ခုချင်းစီ ရေးနည်း မှတ်နည်းတွေက်ုတော့ အမရဲ့ အရင် video အဟောင်းလေးတွေမှာ တင်ပေးထားပါတယ်နော် )🔖

မြန်မာစာ - ခက်ဆစ်၊ အလင်္ကာ နေ့တိုင်း ပြန်နွှေးပေးပါ

အပုဒ်ကြီးများ နားလည်အောင်ဖတ်ပီး မေးခွန်းနဲ့ ကိုက်ညီအောင် ရေးပါ

တစ်မှတ်တန် နဲ့ အပြောအရေး ၅ မှတ်တန် - အပိုင်ယူရရန်

စာစီစာကုံး အဆိုအချေ - တစ်ပတ် တဟ်ပုဒ်ရေးပေးပါ

များများလေ့ကျင့်ပေးပါ မပျင်းပါနဲ့
📌📌📌📌
English- initial , multiple, grammar, ပုံနိပ်ကျိပါ ပုံနိပ်ထဲက စာလုံးတွေရယ် မေးခွန်းဟောင်းရယ်

answer the question, poem အပိုင်ကျက် အပိုင်ယူပါ

Read the passage and dialogue- လေ့ကျင့်ပါ မေးခွန်းဟောင်း ရော အခြားစာအုပ်တွေရော

Essay letter - တစ်ပတ် တစ်ပုဒ်ရေးပေးရပါမယ်

📌📌📌📌
Math - ဘာမှ မရသေးရင် ပုံနိပ်တော့ နားလည်အောင် ရအောင်လုပ်ပါ

ပီးမှ မေးခွန်းဟောင်းတွေ ကြည့်ပါ

လေ့ကျင့်ပါ မသိရင် မေးပါ

📌📌📌📌📌
Chem- textbook exercise များ
မေးခွန်းဟောင်း short questions များ ပိုင်နိုင်အောင်လုပ်ပါ

1မှတ်တန် ပုံနိပ်ထဲက စာပိုဒ် များများ ဖတ်ပေးပါ
📌📌📌📌
Physics - textbook exercise များ
မေးခွန်းဟောင်း short questions များ ပိုင်နိုင်အောင်လုပ်ပါ

1မှတ်တန် ပုံနိပ်ထဲက စာပိုဒ် များများ ဖတ်ပေးပါ ပုံဆွဲလေ့ကျင့်ပါ

📌📌📌
Bio အမှတ်ရဖို့ ကတော့ အပီအပြင် ကျက်ပါ ( အမှန်တော့ စာနားလည်အောင်ပါ လုပ်ခဲ့ပါ ဒါမှ uni ကျရင် ပိုပိုပို အဆင်ပြေမှာပါ 🥲 )

ပြန်နွေးပါ မေ့ရင်

📌📌📌📌 အရေး အကြီးဆုံး အချက်

ဘယ်စာကျက်ကျက် မျက်လုံးစုံ မှိတ်ပီးတော့ မကျက်ပါနဲ့

စဉ်းစားပါ နားလည်အောင် လုပ်ပီးမှ ကျက်ပါ နော် ✨✨✨📌📌📌

အားလုံးကို ကျေးဇူးတင်ပါတယ် channel လေးကဆိုရင် subscribers 10k တောင်ကျော်သွားပါပြီ

( အားလုံးကို တစ်ဖက်တစ်လှမ်းက ကူညီချင်တဲ့ စိတ်နဲ့ စခဲ့တာ ဒီလောက်ထိ များသွားမယ်လို့ မထင်မိခဲ့ပါဘူး 🐻‍❄️ အမ ( မေမြတ် ) video လေးတွေက အထောက်အကူ ဖြစ်တယ်ဆိုရင် ဝမ်းသာပါပီ ✨📌 )

5 months ago | [YT] | 702

maymyat p

ညီလေး ညီမလေးတို့

Bioကလေ အခုအချိန်ထိ ကျက်လိုက်မေ့လိုက် ဖြစ်နေသေးတယ်ဆိုလို့ရှိရင်

ဒီနည်းလမ်းလေးကို သုံးကြည့်ပါ

မနက် ၃၀မိနစ်

ည ၃၀ မိနစ်

( အဟောင်း ပြန်နွေးပါ )

နေ့တိုင်း မိုးလင်းပီ ဆိုတာနဲ့ မျက်နှာသစ်တဲ့ချိန်ဆိုရင် စာအုပ်ကို ရှေ့မှာ ထောင်ထားပီး ပြန်နွှေးပေးပါ

ညဘက်ဆိုရင်လဲ မအိပ်ခင် skincare လုပ်ချိန်ပဲ ဖြစ်ဖြစ် ပြန်နွှေးပေးပါ

နေ့တိုင်းနေ့တိုင်းရအောင်နွှေးပေးပါ အာ့တာဆို စာက အရှေ့ကျက်အနောက်မမေ့တော့ဘူးပေါ့

အာ့တာ ဆို အသစ်သင်တာတွေကိုရော ဘယ်အချိန်လုပ်ရမလဲ??

ကျောင်းသွားရတဲ့ သူတွေက ကျောင်းသွားရင်

စာသင်ချိန်ပြောင်းတဲ့ အချိန် နေ့လည်စာ စားနားတဲ့ အချိန်တွေမှာ

စာအုပ်ကို ဘေးနားထားပီး

အသစ်သင်တာတွေကို ပြန်ဖတ်ပါ

ပြီးတော့မှ အိမ်ရောက်ရင် ဖြစ်ဖြသ် ကျူရှင် ရောက်ရင် ဖြစ်ဖြစ်

ပြန်ကျက်တာ လုပ်ပေးပါ


📌 အဓိက point က စာမမေ့ချင်ရင် များများထိတွေ့ပေးရပါမယ်နော်

✨ကဲ ဒီလိုအချိန်နဲနဲ ရလဲ ဘိုင်အိုပဲ ပြန်နွေးပေးပါ

အာ့ဆို ကိုယ်ရဲ့ တိုးတက်မူကို မြင်ရပါလိမ့်မယ် 😉

ကြိုးစားထားကြပါ !!! Fighting!!!

လက်လှမ်း၍ မမီသော အောင်မြင်မှုဟူ၍ မရှိ📌🔥

6 months ago | [YT] | 581

maymyat p

Exam advice video အသစ်လေးတွေနဲ့ ပြန်လာခဲ့ပါမယ်နော်
အခုမှ ဘန်ကောက်ကနေ ပြန်ရောက်လို့ video တွေ မတင်ဖြစ်တာ ကြာသွားပါတယ်

စာမေးပွဲ ကာလလဲ နီးကပ်လာပြီဆိုတော့ ဘယ်ဘာသာတွေကို ဘယ်အပိုင်းကနေစပြီး အသေးစိတ်ကြည့်ရမလဲ ဆိုတာလေးတွေ ရှင်းပြပေးသွားပါမယ်

ကျေးဇူးတင်ပါတယ်နော် အားလုံးပဲ

Fighting ပါ ✨📌

No star is out of reach ✨

#study #grade12 #studyadvice #education #selfstudy

6 months ago | [YT] | 445

maymyat p

ဒီ အချိန်မှာ အားလုံး stress များနေကြမယ်ထင်ပါတယ် ( comment တွေမှာ ဖတ်မိသလောက်ပါ ) 🌱

ဒီအချိန်က အမတို့ တုန်းကလဲ စိတ်အညစ်ဆုံး အချိန်ပါပဲ

စာက ရသလိုလို မရသလိုလိုနဲ့

ဒါကြောင့်လေ
မဖြစ်လာသေးတာတွေ ကို တွေးမပူပဲ
လက်ရှိ ရနေတဲ့ အချိန်မှာ အကောင်းဆုံး ကြိုးစားဖို့ကသာ

ကိုယ့် တာဝန်ဖြစ်ပါတယ်

ရနိုင်တာ မရနိုင်တာတွေက ဘယ်သူမှ မသိနိုင်ပါဘူး

ကိုယ်သာ အရူံးပေးလိုက်ရင် ကိုယ့်အပြစ် မကင်းပါဘူး ဒါကြောင့်

ယုံကြည်မူတို့နဲ့ အတူ ရှေ့ဆက်ကြပါနော်

“ ငါစာလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ စိတ်ကပဲ ကိုယ့်ကို အရှေ့ကို တွန်းပို့ပေးမှာပါ

အကောင်းဆုံးပဲ ကြိုးစားလိုက်ပါ 🌸

Pressure မများပါနဲ့ 🌸

စိတ်ကို ပြန်စုစည်းပီး စာလုပ်ကြည့်ပါ 🌸

Fighting ပါ အားပေးနေပါတယ် 🌸

အချိန်ရှိသေးတာမို့ ကိုယ့်တာဝန်က အရူံးမပေးပဲ
🔖
ယုံကြည်မူအပြည့်နဲ့ ဆက်လျောက်ဖို့ပါ 🎉

#grade12 #selfstudy #study #motivation #nevergiveup #keepgoing

7 months ago | [YT] | 631

maymyat p

ကျောင်းတွေလဲ ပြန်ဖွင့်တော့မှာ ဆိုတော့

Fighting pr အားလုံးပဲ
အားပေးနေပါတယ်

ယုံယုံကြည်ကြည်နဲ့

I can do it ဆိုတဲ့ စိတ်နဲ့ စာမှ စာပဲ

ကျန်တဲ့ အချိန်လေးမှာ အပြတ် ကြိုးစားပလိုက်ပါ 🙇🏼‍♀️💓

တကယ်ကြိုးစားရင် တကယ် ဖြစ်ပါတယ်

အခု အချိန်က အရေးကြီးပြီမို့
ကျန်တာတွေ အကုန်ပစ်ပြီး

စာပဲ တစိုက်မတ်မတ် လုပ်သွားကြပါစို့

Fighting ဖိုက်တင်း

We can do it !!!
✨✨✨

Good luck pr ✨

Thank you everyone 🫶🏻

#study # grade12 # education # selfstudy #studyadvice

7 months ago | [YT] | 501

maymyat p

ကျောင်းပိတ်ရက်မှာ စာတွေ ရှယ်လုပ်နေကြပြီလား?

ပျော်စရာ သီတင်းကျွတ်လေးဖြစ်ပါစေ✨

အားလုံးပဲ ဆက်လက် ကြိုးစားနေပါ

ဒီအချိန်ဟာ မရသေးတဲ့ စာတွေ အားနည်းတဲ့ စာတွေ လုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ🌸

နောက်ကျနေပြီလို့ မတွေးပါနဲ့

အခုမှ လုပ်လဲ အကောင်းဆုံး အားစိုက် သွားရင် ရလဒ်က ကောင်းမှာ အမှန်ပဲ

Fighting ပါ 🙇🏼‍♀️✨

( 1 hour study with me video uploading…..)
🎀✨

#grade12 #study #selfstudy #studentlife #studywithme

7 months ago | [YT] | 489

maymyat p

G-12 နဲ့ ပတ်သက်ပြီး

စာလုပ်နည်း + မေးခွန်း ချည်းကပ်နည်း + အမှတ်သယ်နည်းတွေ အတွက်

အမ အရင်ကတင်ပေးခဲ့တဲ့

Video လေးတွေ ကြည့်ပေးပါနော်

Initial words, essay and letter , စာစီစာကုံး , အဆိုအချေရေးနည်းတွေက အစ ဝေမျှပေးထားပါတယ် ✨✨

#grade12 #studywithme #selfstudy #students #helping #forwards

8 months ago | [YT] | 394