author story poem
ကဗျာဆိုတာ လူတစ်ယောက်ရဲ့စိတ်ကို
နူးညံစေသောအရာ


mgkyaw Lynn

စိတ်ရဲ့ အမှိုက်တွေကို စွှန့်ပစ်ဖို့ဆိုတာ
ဒီကမ္ဘာမြေရဲ့ အကျယ်အဝန်းနဲ့ မဆန့်ဘူး

3 years ago (edited) | [YT] | 27

mgkyaw Lynn

သူ့ကို ချစ်တယ် …

ကျွန်တော့်မှာ ဒီထက်တော့ ပိုပြီးပြောစရာ မရှိဘူး ကိုမိုး …

သေချာတာက …

ခင်ဗျားပြောသလို
ကျွန်တော့် အချစ်ဟာ …
အားလုံးထက် သာလွန်တဲ့ အချစ်မျိုးပါ လို့တော့ သူ့ကို ယုံအောင် ပြောဖို့ မပြောနဲ့ …

ကျွန်တော့် ဘာသာတောင် မယုံဘူး

ကမ္ဘာမှာ သူ့ကို ကျွန်တော့်ထက် သာအောင် ချစ်နိုင်မဲ့ ယောကျာ်းတွေမှ အများကြီး …

ဒါပေမဲ့ ကျွန်တော်လည်း သူ့ကို ချစ်တယ်

အဲ့ဒီလောက်ပဲ ဖြစ်မယ် …

ကျွန်တော့်မှာ အာမခံချက်တွေလည်း မရှိဘူး … ကိုမိုး
အရမ်းကာရော ကြိုးစားပြီးလုပ်ယူမဲ့ နည်းလမ်းတွေလည်း မသိဘူး

အဖြစ်က …
ခင်ဗျား ကို ကျွန်တော် ခဏခဏ ပြောနေတဲ့ …
အတွေးနဲ့တော့တော်တော်ဆင်တယ် …

‘အနုပညာ တစ်ခု ရဲ့ တန်ဖိုး’ ဆိုတာလေ …

ဟုတ်တယ် ကိုမိုး …

အနုပညာ တစ်ခု ရဲ့ တန်ဖိုး ဆိုတာ …

‘ဖန်တီးသူ နဲ့ ပရိသတ်’ ရဲ့ ကြားက ‘နားလည်မှု’ ကိုခေါ်တာ မဟုတ်လား …

Da Vinci ရဲ့ နှစ်ချီကြာ ဆွဲတဲ့ ပန်းချီတွေဟာ

Rothko ရဲ့ No. 10 ထက် သာကောင်း ပါတယ် … သာတန်ပါတယ် လို့ ကျွန်တော်တို့ တထစ်ချ ပြောလို့မရဘူး

တန်ကြေးဟာ ခံစားသူ ရဲ့ နားလည်မှု အပေါ် မူတည်ပြီး ပေါက်တယ် …

ဒီလိုဖြစ်မှ … ဒီလိုရှိနေမှ … သတ်မှတ်ချက် မရှိဘူး …

ခင်ဗျား အရမ်းကာရော အားပဲစိုက်စိုက် …
အလျင်စလို ခပ်သွက်သွက်ပဲ လုပ်လုပ် …

သူသဘောတွေ့ရင် ပေးမှာပဲ …



Picasso ရဲ့ Light Drawings တွေက မပေါ့လွန်းဘူးလား …
ပိုခက်တဲ့ Naturalism တွေပဲ ဝယ်ပါ့လားလို့
တစ်စုံတစ်ယောက်ကို ဘယ်လိုနားချရပါ့ .. ကိုမိုး ရယ် …

ဆုံးဖြတ်ပိုင်ခွင့် ဟာ သူ့ဆီမှာ မဟုတ်လား



ဒီတော့ ကိုမိုး ရယ် …

ဒီအချစ်ဟာလည်း ပန်းချီကားတစ်ချပ် ဖြစ်လိမ့်မယ်ထင်တယ် …

သူ နဲ့ ဆက်စပ်တဲ့ အရောင်တွေခြယ်ထားမယ် …
ကျွန်တော် ပေးချင်တဲ့အရောင်တွေ ပိုများတယ်

နိုင်စွမ်း ရှိသလောက်ပေါ့ဗျာ …

ချစ်ခြင်းနဲ့ပတ်သတ်လို့ ရေးနိုင်သမျှအရောင်တွေတော့ စုံမှာပါ …

ဒီထက်လည်း မသာနိုင်ဘူး …

သူ နားလည်လို့ ကြိုက်မှ ဝယ်ပါစေ … ကိုမိုး …

ကျွန်တော့် ပန်းချီတွေ မညာနိုင်ဘူး …


- မြတ်ခိုင်

4 years ago | [YT] | 26

mgkyaw Lynn

တစ်နာရီ ၃၀၀ ဆိုတဲ့ဆိုင်လေးထဲ
ကောင်လေးတစ်ယောက်ရောက်လာတယ်
g-talk ဖွင့်တယ် email ပို့တယ်
တစ်စုံတစ်ယောက်သောဆီကိုပေါ့
တစ်ရက်လည်းမဟုတ်
တစ်လလောက်နေ့တိုင်းလာသုံးနေ
တော့သူနဲ့ရင်းနှီးခွင့်ရခဲ့တယ်
နောက်မှသိလိုက်ရတယ်
သူကောင်မလေးက စလုံးမှာတဲ့
ခဗျားတို့ယုံလား keyboard ပေါ်
ကလာတဲ့ခံစားချက်တစ်ခုကအချစ်စစ်ပါလို့
သူကတော့အချစ်လို့လက်ခံထားတယ်ထင်ပါတယ်
တစ်ခါတစ်လေ vzo လေးဖွင့်ပီးသူ့ကောင်မလေးနဲ့
စကားတွေပြောကြတယ်
actvie မဖြစ်တဲ့သူ့ကောင်မလေးအကောင့်ကို
ထိုင်စောင့်ရင်းနဲ့သူနဲ့စကားလက်ဆုံကျဖူးတယ်
မိုးရွာရွာနေပူပူသူကတစ်ရက်မှအလာမပျက်ခဲ့ပါဘူး
သူ့ရဲ့တာ၀န်တစ်ခုလို့တောင် သတ်မှတ်ထားသလားမသိ
သူ့ကိုကြည့်ပီးအချစ်ကကျွန်တော်ကိုအံ့သြစေတယ်
ကျွန်တော်လူတော်တစ်ယောက်တော့မဟုတ်ဘူး
ဒါပေမယ့် longe distance relationship
ဖြစ်တဲ့ သူတို့ကိုကြည့်ပြီး သူလာထိုင်နေကျ
သူ့ရဲ့destop ပေါ်မှာ နိုင်း၀မ်းရဲ့
စလုံးကချစ်သူ သီချင်းတွေ ခံစားချက်ကဗျာတိုလေးတွေသွားထားရကောင်းမှန်းတော့သိတယ်
တစ်ခါတစ်ရံသူ့ဆီက၀မ်းသာမူတစ်ချို့မြင်ရသလို
တစ်ခါတစ်လေတော့၀မ်းနည်မူတစ်ချို့မြင်ရတယ်
ဇတ်လမ်းက ဇတ်ရှိန်မြင့်လာသလိုပဲ
အဆုံးသတ်ချိန်ရောက်နေပါပီး
အဲဒီနောက်သူ့ကိုထပ်မတွေ့ရတော့ဘူး
နောက်ဘယ်တော့မှ....ပေါ့
ဘာကြောင့်လဲ?
၁ နာရီ ၄၀၀ စျေးတက်သွားတဲ့အင်တာနက်ဆိုင်ကြောင့်လား
သူ့ကောင်မလေးနဲ့ပြတ်သွားလို့လား
ဒါမှမဟုတ်
android ဖုန်းပေါ်မှာ facebook app run လို့ရသွား
တဲ့ဇူကာဘတ်ကြောင့်လား
ခဗျားတို့ရောဘယ်လိုထင်လဲ?

4 years ago | [YT] | 38

mgkyaw Lynn

Tea Date တဲ့ ☕️

ငယ်နဲ့စတွေ့ထဲက ငယ်က ပကာသန မမက်တဲ့မိန်းကလေးဆိုတာတန်းသိရတယ် ။

ဘယ်ဆိုင်မှာ ဆုံကြမလဲမေးတိုင်း
ခုံပုလေးတွေရှိတဲ့ လက်ဖက်ရည်ဆိုင်လို့အမြဲဖြေတတ်တယ် ။

ငယ်က ပေါ့ဆိမ့်သောက်တယ် ။
ကာကျက်စားတယ် ။
ဆိုင်က စားပွဲထိုးလေးက ငယ်ကြိုရောက်တိုင်း တစ်ယောက်ထဲလားလို့မေးခံရတာကိုငယ်သိပ်သဘောကျတာ ။
လူတွေက ငယ်တို့ကိုဆို နှစ်ယောက်တွဲတွဲမြင်တယ်နော်တဲ့ ။

ငယ်နဲ့ရုပ်ရှင်မကြည့်ဖူးဘူး
သူက လက်ဖက်ရည်ဆိုင်မှာပြတဲ့ ဇာတ်ကားကို မော့ကြည့်ရတာကြိုက်တယ် ။

လက်ဖက်ရည်ဆိုင်ရောက်ရင် ဆိုင်ကကြောင်လေးတွေကို သူကသိပ်ချစ်တာ
သူကိုင်ဖို့ ကျနော်အမြဲဖမ်းပေးရတယ် ။

အေးချမ်းတဲ့ relationship ဟာ ငယ်ထိုင်နေကျ ခုံပုလေးတွေနဲ့လက်ဖက်ရည်ဆိုင်က စခဲ့တယ် ။

တစ်ခါတစ်လေကျတော့လည်း ပေါ့ဆိမ့်တစ်ခွက်ကို ၂ နာရီလောက် အရသာခံပြီးထိုင်သောက်တတ်တဲ့အမျိူးသမီးကိုမြင်ရတာ အံ့ဩမိတယ် ။

ဒီခေတ်ထဲမှာ ပကာသန မမက်ပဲ အေးချမ်းလိုက်တာဆိုပြီး ။

ကြည့်နေရင်းပဲ တစ်ခုသတိထားမိသွားတယ်
ဒီမိန်းကလေးက ကျနော်ပိုင်တာပါလားဆိုပြီး ။

ကားသံတွေကြားထဲက ရှုပ်ထွေးတဲ့ မြို့ပြမှာ ပေါ့ဆိမ့်လေးပဲသောက်ချင်ပါတယ်လို့ ပူဆာတတ်တဲ့ မိန်းကလေးမျိုးရထားတာ ဘယ်လောက်ကံကောင်းလိုက်လဲ

crd

4 years ago | [YT] | 41

mgkyaw Lynn

နီးလွန်းလို့မမြင်နိုင်တော့တဲ့
ဒီချစ်မေတ္တာဟာ ငါ့သည်းခြေမှာအရာထင်တယ်

ဦးဆုံးငါဟာအချစ်ခံရခဲ့တယ်
နောက်တော့ ငါဟာချစ်ပေးရပြန်တယ်

အဆုံးသတ်ဆိုတာ ဘယ်လိုမျိုးလဲ ချစ်ရဆုံးလေးရေ....
ငါ့မျက်ရည်တွေကျသွားတဲ့နေ့မှာလား
ဒါမှမဟုတ်
ငါမချစ်တော့ဘူးလို့ ပြောမိတဲ့စကားကို မင်းအတည်ယူလိုက်တဲ့နေ့ကလား
ဖြေပါ

"စိတ်တွေ တစတစဝေးလာတဲ့
ရက်ပေါင်းတွေ အတော်ကြာခဲ့ပြီ"

မြတ်နိုးယုယမှုတွေ
ကျကွဲသွားတဲ့အခါ ငါ့ရင်ကိုလာစိုက်တယ်

ချစ်မေတ္တာတွေ
မနွေးထွေးတော့တဲ့ခါ ငါ့စိတ်နှလုံးအေးခဲတယ်

ဒီဒဏ်ရာတွေဟာ အမြတ်တနိုးလေးရခဲ့တဲ့ဒဏ်ရာရယ်မို့
ငါ့အမြတ်တနိုးလေးရေ.......
ကျေးဇူးပြု၍ ငါ့ကိုကယ်ပါ

4 years ago | [YT] | 44

mgkyaw Lynn

အခက်ခဲဆုံးကာလတွေမှာ ချစ်ခြင်းမေတ္တာကို
အထိအခိုက်မရှိအောင် ဘယ်လိုစောင့်ရှောက်ခဲ့ကြောင်း
နေသာတဲ့တစ်နေ့နေ့ကျမှ
စီကာပတ်ကုံး ပြောပြပါ့မယ်...

အခုတော့ တိတ်တဆိတ်ချစ်နေရုံ၊
တိတ်တဆိတ်လွမ်းနေရုံလောက်ပဲ တတ်နိုင်ပါတယ်...

- မိုးနေ့ l အပိုင်းအစများ

4 years ago | [YT] | 33

mgkyaw Lynn

ဝန်ခံရရင် ငါ့မှာ မင်းနဲ့ပက်သက်ပြီး
ဆိုက်ကိုတွေကျန်နေတုန်း
ရှားရှားပါးပါး မင်းသုံးဖူးတဲ့
ပရိုဖိုင်ပုံလေးနဲ့တစ်ယောက်က လာမန့်တော့
ငါ့မှာ မင်းများလားဆိုပြီး
သူ့ဝေါကို အပြေးသွားကြည့်ရတာ အမော
မင်းပြောတဲ့ လေယူလေသိမ်းနဲ့ ခပ်ဆင်ဆင်
တစ်ယောက်ကများ လာမန့်သွားရင်
ငါ့မှာ သူ့အကောင့်ကို ပြေးကြည့်ပြီးစူးစမ်းမိပြန်ရော
တယောက်ယောက်ကများ
ငါ့အကြောင်းလာမေးရင်
မင်းများမေးခိုင်းသလားဆိုပြီး
ထင်ယောင်ထင်မှားဖြစ်နေတုန်း
နာမည်ဆင်ဆင်တစ်လုံးလောက်များပါရင်
မင်းရဲ့ အကောင့်သစ်များလားဆိုပြီး
ငါ့မှာ သွားလေ့လာမိပြန်ရော
အမှန်တော့
မင်းက ငါ့ဆီ ပြန်မလာတော့ဘူးဆိုတာ
ငါလည်းသိပါတယ်
ဒါပေမယ့်ပေါ့
ဒါပေမယ့်ပေါ့လေ
ငါ့မှာ ဒီလို ထင်ယောင်ထင်မှား မျှော်လင့်ချက်လေးမှ
မထားရရင် ငါ ဘယ်လို ရှေ့ဆက်ရမလဲ
မင်းပြန်မလာရင် ငါသေမယ်လို့ မပြောပါဘူး
ငါ သေလည်း မသေပါဘူး
စိတ်ကူးယဉ်ရတာကြိုက်တဲ့ ငါလိုကောင်အတွက်
မနက်ဖြန်တွေကို အခုလိုမျှော်လင့်ချက်တစ်ခုမှ မရှိရင်
ဘယ်လို ဖြတ်သန်းရပမလဲ
မင်းစဉ်းစားကြည့်ပေးအုံး ငါ့ဘက်ကို။

-လင်းမာအို

4 years ago | [YT] | 60

mgkyaw Lynn

မချစ်ရင် ပစ်မယ်
ကျိုက်ထီးရိုး သေနတ်ဝါဒ

-အောင်ခင်မြင့်-

4 years ago | [YT] | 32

mgkyaw Lynn

သိစေချင်ရုံလေးပါ

4 years ago | [YT] | 51

mgkyaw Lynn

ဒီနေ့ကားသမားက
အသည်းကွဲလာပုံရတယ်

လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်

ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏပြောနေရတယ်

ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံး အသည်းကွဲလာပုံရတယ်....။ ။

-မြကျေး-

4 years ago | [YT] | 32