မြတ်စွာဘုရားရှင်အား ပူဇော်ပါ၏
ဓမ္မအမွေအနှစ်တို့အား ပူဇော်ပါ၏
သံဃာတော်အရှင်သူမြတ်တို့အား ပူဇော်ပါ၏

ယခုချန်နယ်ကို စုစည်းတင်ဆက်ရခြင်းမှာ တင်ဆက်သူကိုယ်တိုင် နာယူမှတ်သားခဲ့ရသမျှ ဗုဒ္ဓဘာသာတရားတော်စစ်စစ်များကို နာယူပူဇော်စေလိုတဲ့ စေတနာ အရင်းခံဖြင့် စုစည်းပေးထားပါတယ်။

သာမန်ပုထုဇဉ်ဘဝမှ ကလျာဏဗုဒ္ဓဘာသာဝင် ပုထုဇဉ်ဘဝသို့ လည်းကောင်း
ကလျာဏဗုဒ္ဓဘာသာဝင်စစ်စစ်ဘဝမှ သောတပန်ဘဝသို့လည်းကောင်း
သောတာပန်ဘဝမှသည် နိဗ္ဗာန်ရွှေပြည်ထိတိုင် လမ်းပြနိုင်သော မြတ်စွာဘုရားရဲ့ ဓမ္မတရားတော်တို့ဖြင့် လမ်းပြကူညီခွင့်ရတဲ့အတွက် ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။

🌟🙏 မိမိတို့ပူဇော်သလို အများသူငါလည်း နာကြားခွင့်ရအောင် Like, Subscribe, Share ခြင်းဖြင့် တပိုင်တနိုင် သာသနာပြု ကုသိုလ်ယူကြပါခင်ဗျာ 🙏🌟

Our Mission:

Our mission is to make the profound wisdom of Buddha accessible to everyone, regardless of their background or beliefs. We strive to create a supportive community where individuals can explore and deepen their understanding of Buddhism and its relevance in the modern world.


BUDDHA VISION

❝ အားကြီးတဲ့ ဝိပဿနာ ❞

အေးတဲ့ရုပ်ဟာ ​
အေးတဲ့​နေရာမှာ ပင်ချုပ်တယ်
ပူတဲ့ဆီ တစ်စက်မှ မကူးဘူး။
ဒီ​နေရာမှာ ဖြစ် - ဒီ​နေရာမှာ ပျက်။

မျက်လုံးထဲ​ ပေါ် တဲ့ ဥပက္ခာ​ဝေဒနာ
မျက်လုံးထဲမှာပင် ပျက်။

နားထဲ ဥပက္ခာ​ဝေဒနာ​ ပေါ် တယ်
နားထဲမှာပင် ပျက်။

စိတ်​တွေလည်း
ဘယ်​နေရာပဲ​ ပေါ်​ ပေါ်
သူ့​နေရာနဲ့ သူ​ ပေါ်ပြီး
သူ့​နေရာနဲ့ သူ ပျက်ရတယ်။

ဘယ်မှ​ ရွေ့​ပြောင်းပြီး ပျက်နိုင်
သွားနိုင်တဲ့ သဘော သတ္တိ မရှိဘူး။
ဒီ​နေရာတင် ဖြစ် - ဒီ​နေရာတင် ပျက်တဲ့
တရားကို ခိုင်တယ် မြဲတယ်
ကူးသွား​သေးတယ်-ဆက်သွား​သေးတယ်
လို့ မယူနိုင်ဘူး။

အဝိဇ္ဇာတည်း ဟူ​သော
ကိ​လေသာ ဝဋ်​ ကြောင့်
သင်္ခါရဆို တဲ့ ကမ္မဝဋ် ဖြစ်တယ်။

ဒီကမ္မဝဋ်​ ကြောင့် အခုရထားတဲ့
ခန္ဓာကိုယ် ဝိပါကဝဋ်ကြီး
ဖြစ်​နေတယ်

အဲ့ဒီ ဝိပါကဝဋ်ဖြစ် ၍ -
ဝိပါကဝဋ် ပျက်တာကို သိပါမှ
ပုဂ္ဂိုလ် သတ္တဝါ ပျောက်တယ်။

ခန္ဓာကိုယ်ထဲ ပု ဂ္ဂိုလ် သတ္တဝါ
ငါ သူ မရှိဘဲ ဓမ္မတန်းကြီး
ဖြစ်​နေတာ သိမှ သက္ကယဒိဌိ ပြုတ်တယ်။

တစ်​နေ့လုံး ဓမ္မ​​တွေ လှည့်​နေတာ။
အိပ်​ပျော်သွား​တော့လည်း
ဘဝင်စိတ်​တွေ တစ်ခုချုပ်ပြီး
တစ်ခုဖြစ်​နေတာ။

နိုးလာပြန်​တော့
နိုးစိတ်က​လေး​ပေါ်တာ။
နိုးစိတ်ချုပ်သွားပြီး
တွေးစိတ် ဓမ္မ​လေး​ပေါ်တာ။
လာသမျှ ဖြစ်ပြီး ပျက်တာပဲ။

ဓမ္မ​ပေါ် ပီး ဓမ္မပဲ အနိစ္စ ရောက်တယ်
ဆို​ တော့ ဘယ်မှာလဲ ငါ့ဥစ္စာ
တစ်သံသရာလုံးလည်း
ဓမ္မ​တွေ လှည့်သွားတာ။

နိဗ္ဗာန် မ​ရောက်​သေးသမျှ
ဒီဓမ္မအစဥ်​တွေပဲ လှည့်ပတ်ပြီး
ဖြစ်လိုက် ပျက်လိုက် ​လည်နေရမှာပဲ။

သံသရာလည်တဲ့ ပုဂ္ဂိုလ်မရှိ။
ဓ မ္မ​တွေ လှည့်​​နေတာကို
သံသရာ​ လို့ ခေါ် တာပဲ။

ဓမ္မသ​ဘောထဲ ငါ​ရောရင်
သက္ကာယ ဒိဌိ ဖြစ်တယ်။

ဓမ္မသ​ဘောထဲ ငါ မ​ရောရင်
သက္ကာယဒိဌိ ပြုတ်တယ်။

ဓမ္မတစ်ခု​ပေါ်ပြီး ပျက်တာ သိရင်
ခိုင်မြဲတယ် ယူတဲ့ သဿတ ဒိဌိ
ပြုတ်တယ်။

ပျက်သွားတဲ့ ဓမ္မ က​လည်း
နောက်ဓမ္မ တစ်ခု​ ပေါ်​ အောင်
ကျေးဇူးပြုခဲ့တာ သိရင်
အ​ကြောင်း အကျိုး ပျက်တယ် ယူ တဲ့
ဥ​စ္ဆေဒ ဒိဌိ ပြုတ်တယ်။

ဒီ ဒိဌိ သုံးမျိုး အသိနဲ့ ပြုတ် ရင်
စူ ဠ​ သော တာ ပန် ပဲ။

ခန္ဓာထဲ ဘယ်တရား​ပေါ် လာ​ ပေါ် လာ
အ​ကြောင်း ဖြစ်လို့ အကျိုးဖြစ်တယ်။
အ​ကြောင်းချုပ်လို့ အကျိုးချုပ်တယ်။

ဖဿ ဖြစ်လို့ ​​ဝေဒနာ ဖြစ်တယ်။
ဖဿချုပ် လို့ ​ဝေဒနာ ချုပ်တယ်။

အစားထိုးတဲ့ ဖဿ ပြန်ဖြစ်​တော့​
ဝေဒနာ​ တွေ ပြန်ဖြစ်တယ် ဆို တာ
ဝေဒနာ ရှုသူ တို့က သိထားရမယ်။

နာမ်ရုပ်ဖြစ်လို့ စိ တ် ဖြစ်တယ်။
နာမ်ရုပ်ချုပ်လို့ စိတ်ချုပ်တယ် ဆို​တာ
စိတ်ရှုသူ တို့ သိထားရမယ်။

အခုလို ဖြစ်သင့်လို့ ဖြစ်တယ်
ပျက်သင့်လို့ ပျက်တယ်လို့
ပိုင်ပိုင်နိုင်နိုင်သိရင်
#အားကြီးတဲ့ဝိပဿနာ ဖြစ်ပြီ။

အားကြီးတဲ့ ဝိပဿနာမှသာ
နိဗ္ဗာန် ရမယ်။
#အားနဲတဲ့ဝိပဿနာက ကုသိုလ်ရ မယ်

အားထုတ်တဲ့အချိန်မှာ
ဒါ​တွေ မ​တွေး ပါ နဲ့
ဖြစ် ပြီ - ပျက် ပြီ ဒီလိုသာအားထုတ် ပါ။
ဓမ္မသ​ ဘော သူ့ဟာသူ
ဖြစ်ပျက်​နေတာ ကြည့်​နေဖို့ ပဲ။

သံသယရှိတာ​ မေးလိုက်လို့
ရှင်းသွားရင် ဝိစိကိစ္ဆာ​ သေတာပဲ။

ဒိဌိသတ်ဖို့က ​ပေါ် လာသမျှ တရား
ဖြစ်ပျက်ရှုပါမှ သံသယ ကုန်​တော့မှ
ဖြစ်ပျက် ဖြိုင်ဖြိုင်ရှု။

သံသယ ကင်းပြီး ဖြစ်ပျက်ရှုနိုင်ရင်
သော တာ ပန် ဖြစ် မည် ဧ ကန် မှတ်။

Credit
Ashin Sandar Thiri
( Dahama Darna)

1 year ago | [YT] | 54

BUDDHA VISION

🔆 သာဓုတရား (၄)ပါး

လောကထဲမှာ နေတဲ့အခါမှာ ဆိုလို့ရှိရင် ဒီအချက်လေးချက်ကို သတိထားဖို့လိုတယ်ပေါ့။

(၁) လောကမှာ ဘဝရပ်တည်ဖို့အတွက် အသိဉာဏ်ပညာနဲ့ ကြိုးပမ်းအားထုတ်ဖို့။

(၂) ကိုယ်ရရှိလာတဲ့ အခွင့်အရေး၊ ကိုယ်ရရှိလာတဲ့ ပစ္စည်းဥစ္စာ တို့ကို အားလုံးနဲ့မျှဝေသုံးစွဲပြီး လောကကို အကျိုးပြုမှု။

(၃) အခွင့်အရေးသာလို့ အောင်မြင်ကြီးပွါးလာတဲ့ အခါ စိတ်ဓာတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ ဘဝင်မမြင့်ဖို့။ ဘဝင်မမြင့်ဘဲနဲ့ စိတ်ဓာတ်တည်ငြိမ်စွာ ထားရှိနိုင်မှု။

(၄) ကျဆုံးခန်းရောက်တဲ့အချိန်အခါမှာ စိတ်နှလုံးတုန်လှုပ်မှုမရှိမှု။ စိတ်ဓာတ်မကျမှု။

အဲ့ဒီ့တရားလေးပါးကို သာဓုတရားလေးပါးလို့လည်း ခေါ်တယ် နော်။ ဒါအကောင်းဆုံးနေထိုင်ခြင်းပဲ။ သာဓုဆိုတာ အကောင်းဆုံး လို့ ဆိုလိုတယ်။

အဲဒီတော့ ဘဝမှာ လောကတွင်းမှာ နေတဲ့အခါမှာ ဒီအချက်လေးချက်နဲ့ပြည့်ပြည့်စုံစုံနေထိုင်မှုဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းပြီးတော့ နေရမယ်ဆိုတာ မှတ်သားသင့်တယ်ပေါ့ နော်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
Credit
#တရားမှတ်စု #ပါချုပ်ဆရာတော်

1 year ago | [YT] | 67

BUDDHA VISION

" သတိထားတာနဲ့ သတိရှိတာ "

သတိထားရင်းက သတိရှိလာတယ်၊ သတိ ရှိလာရင် သက်သောင့် သက်သာရှိလာတယ်၊ ပထမတော့ အားမရစရာလိုပဲ၊ ပေါ့ပေါ့ ပါးပါးနဲ့ သိနေရလို့ အားမရသလို ဖြစ်တယ်။
နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ် ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။ ဒါဆိုရင် သတိထားရင်းနဲ့ သတိလွတ်နေပြီ၊ သတိမရှိတော့ဘူး။ စိတ်ကို လျှော့ပေးပါ။ တချို့ယောဂီတွေ တော်ရုံနဲ့ ပြန်လျှော့လို့ မရဘူး။ စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး ကြည့်ပေးပါ။
ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေတာ။ သတိထားလို့ သတိရှိ လာပြီဆိုရင် ဓမ္မအလုပ် ဖြစ်သွားတယ်။ ဓမ္မအလုပ်ဖြစ်သွားရင် မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ အဲဒါတွေက သဘာဝ ဖြစ်နေတယ်။

" လုပ် မရှုနဲ့၊ ဖေါ် မရှုနဲ့ "

ပူတာလေးကို ကြည့်ရင်းနဲ့ ပူတာလေး လျှောသွား ပျောက်သွားလို့ ပူတာမရှိရင် အေးတာရှိ၊ အေးတာကိုကြည့်။ အေးတာကို ရှုရင်း ပျောက်သွားလို့ အေးတာမရှိရင် လှုပ်တာရှိ၊ လှုပ်တာကိုကြည့်။ လှုပ်တာရှုရင်း၊ လှုပ်တာပျောက်သွားရင် ငြိမ်တာရှိ၊ ငြိမ်တာကိုပဲ ဆက်ရှု။
အဲဒီလို သဘောမပေါက်တော့ လုပ်လုပ်ပြီး ရှုကြတယ်၊ ဖေါ်ဖေါ်ပြီး ရှုကြတယ်၊ ကြောင့်ကြစိုက်ကြတယ်။ သူ့သဘာဝ ပေါ်တဲ့အတိုင်း သူ့သဘာဝပဲလို့ သဘောပေါက်ပြီး ရှုသွားရမယ်။ ကြမ်းတာ၊ နုတာ အကြောင်းမဟုတ်ဘူး၊ သတိဆက်စပ်ဖို့၊ သတိထားနိုင်ဖို့ အဓိကပဲ။

" တရား စ ရှုတဲ့အခါ "

ကိုယ်ရော စိတ်ရော အေးအေးညောင်းညောင်းနဲ့ ညီညီ ညွတ်ညွတ်လေး ထားပြီးတော့ ပေါ်တာ သိတာ ထင်ရှားတာလေးကို သတိလေးထားပေး။ ပုံမှန်အားဖြင့်တော့ နှာသီးဖျားမှာ စိတ်ကလေးထား။ ထွက်လေ ဝင်လေ သတိကပ်ဖို့၊ ထွက်တိုင်းသိ၊ ဝင်တိုင်းသိ။ နောက်တော့ ပေါ်ရာပေါ်ရာ ထင်းရှားရာ သတိလေးထားပေး၊ ခန္ဓာမှာ ပေါ်တာသိ၊ ဖြစ်သမျှတွေ လိုက်သိ။
သိစရာမရှိရင် ထွက်လေဝင်လေပေါ်မှာ သတိထားနေ၊ တစ်နေ့လုံး သွားလာ လှုပ်ရှားထားတာ၊ ပူလောင်ပင်ပန်းထား တာကို သိရုံလေးသိပေး၊ ပူလောင်မှုသက်သာပြီး အေးအေး သက်သာ ဖြစ်သွားမယ်။

" တန်ခူး၊ ကဆုန် နေထက် ပိုပူတယ် "

အားလုံး သတ္တဝါတွေ မီးဝိုင်းခံနေရတယ်။ မီးဆယ့်တစ်ပါး ဝိုင်းဝိုင်းလည်နေတယ်။ သတိထားနေရင် မီးလွတ်နေတယ်၊ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဘဝသစ်ဖြစ်ရတဲ့ ဇာတိမီး၊ ရင့်အိုရတဲ့ ဇရာမီး၊ စက္ကန့်တိုင်း အမြဲလောင်နေတယ်။ မရဏမီးကလည်း ရုပ်ရော နာမ်ရော၊ သိစရာရော၊ သိတာရော အမြဲမပြတ် လောင်နေတယ်။
သောကမီး၊ သောကတွေကတော့ မျိုးစုံပဲ။ ပရိဒေဝမီး၊ ငိုကြွေးရလို့ မျက်ရည်ပင်လယ်ဝေအောင် ကျခဲ့ရပေါင်းများပြီ၊ တန်ခူး၊ ကဆုန်နေပူတာ ပြင်းထန်တယ်ဆိုပေမယ့် မျက်ရည် ကျလောက်အောင်တော့ မပူဘူး။
သောက၊ ပရိဒေဝမီးကြောင့် မျက်ရည်ပေါက်တွေ တောက်တောက်ကျရတယ်။ ဘယ်လောက် ပူသလဲကြည့်၊ အပူငြိမ်းတဲ့ တရားကတော့ သတိပဲ။
ရှုရင်း ရှုရင်းနဲ့ ကိုယ့် မီးဝိုင်းတာကို မီးဝိုင်းမှန်း သိသွားရင် သိပ်တန်ဖိုးရှိတယ်။ တချို့ ယောဂီတွေ အဲလိုမသိဘူး။ မီးဆိုတာ တခြားကလာတာ မဟုတ်ဘူး၊ ကိုယ့်စိတ်ထဲက ထွက်လာတာပါ။

" သတိပဋ္ဌာန် တရား "

လုံးစုံဘုရား၊ တပည့်သားတို့
ကြွသွားနိဗ္ဗာန်၊ လမ်းဟုတ်မှန်
သတိပဋ္ဌာန် အကျင့်မြတ်။

ကိုယ်လေးကို အေးအေးသက်သာထားပြီး ထင်ရှားတာ အပေါ် သတိထားတာကို သတိပဋ္ဌာန်ပွား တယ်ခေါ်တယ်။
သတိကြောင့် အပူသောကခပ်သိမ်း ငြိမ်းအေးပြီး ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ ကင်းပျောက်လို့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ကြရတယ်။

သက်သာသလိုနေ၊ ထင်ရှားတာကိုမှတ်၊
သတိပဋ္ဌာန် တရားမြတ်။

သက်သာသလိုနေပြီး ပေါ်ရာ၊ ထင်ရှားရာကို သတိထားနေရုံ ပါပဲ။ ဒီကြားထဲ ရံခါ စိတ်ကလေးကို နည်းနည်းကြည့်ပေး၊ မကြည့်ရင် စိတ်က ရှုနေတဲ့ကြားက ဘယ်လိုလွင့်နေလည်း၊ ဘယ်လို တွေးနေလည်း မသိဘူး၊ သတိထားပြီး ပြန်စစ်ရင် သိလာတယ်။

တွေးရင် တွေးမှန်းသိဖို့။
လွင့်ရင် လွင့်မှန်းသိဖို့။
စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့ အရေးကြီးပါတယ်။

" သမထနဲ့ ဝိပဿနာ "

တည်ငြိမ်ရုံမျှ၊ ရှုနေက၊ သမထ ဘာဝနာ။
လက္ခဏာသုံးရပ်၊ သိပြီးမှတ်၊ ဝိပဿနာဘာဝနာ။
ရုပ်တရား၊ နာမ်တရားတွေ ဖြစ်ပေါ်လာပုံ၊ ပျောက်သွားပုံ၊ အဲဒီ သဘောလက္ခဏာလေးကို သိနေတဲ့အတွက် မခိုင်မြဲတာကို သိလာမယ်။
ဖြစ်ခြင်း၊ ပျက်ခြင်းဖြင့် နှိပ်စက်နေလို့ မကောင်းတာပဲလို့ သိလာ၊ တပ်မက် သာယာစရာ မဟုတ်ဘူးလို့ သိလာတယ်။ အဲဒီ အသိဉာဏ်ဟာ အမှန်သိမှု ဉာဏ်ကုသိုလ်ပဲ။

( ရွှေဥမင်ဆရာတော်ဘုရားကြီး )

ဝိပဿနာကျင့်ချင်ရင် သတိရှိအောင်တော့ အရင်လုပ်ရမှာပေါ့။

1 year ago | [YT] | 61

BUDDHA VISION

လောကလူတွေက ကိုယ့်အကြောင်း ကိုယ်သိတယ်လို့ ထင်ကြတယ်။သို့သော်မသိတဲ့သူကများတယ်။

ကိုယ့်အကြောင်း ကိုယ်သိအောင် ဘာရှိမှ ကိုယ့်သိနိုင်သလဲလို့ဆိုရင် “သတိ”နဲ့“သမ္ပဇည” ရှိမှ သိနိုင်တာ။

ကိုယ့်ကိုယ်ကိုပြန်ပြီး စစ်ဆေးကြည့်။

တို့စိတ်ကဘာတွေ အတွေးများသလဲ၊တို့ရဲ့ စိတ်တွေထဲမှာဘာတွေ အဖြစ်များသလဲ။

တစ်နေ့မှာ(၂၄)နာရီရှိတဲ့အထဲ အိပ်ချိန်ကိုဖယ် ထား၊ တခြားအချိန်တွေမှာကိုယ့်ကိုယ်ကို မည်သည့်စရိုက်ရှိသလဲဆိုတာ ကိုယ့်ကိုယ်ကို လေ့လာ အကဲခတ်ဖို့ပဲ။

ကိုယ့်အကြောင်းမှ ကိုယ်မသိဘူးဆိုရင်“ကိုယ်ညံ့ရာ ရောက်မှာပေါ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ “သတိ”နဲ့ “သမ္ပဇည”လေ့ကျင့်နည်းစနစ်တွေကို ဖော်ပြထားတယ်။

ဘုရားဟောထားတဲ့ လေ့ကျင့်နည်းစနစ်တွေဟာ
ကိုယ်အမူအရာ အားလုံးပေါ်မှာ “သတိ”ထားတတ်ဖို့၊အသိဉာဏ်ရှိဖို့ဖြစ်တယ်။

အသိဉာဏ်ဆိုတာ “သတိ"မပါဘဲ ဘယ်တော့မှ မ ဖြစ် ဘူး။

သတိရှိမှ အသိဉာဏ်ဆိုတာ ဖြစ်တယ်။ဒါကို စာပေကျမ်းဂန်မှာ ဆိုတယ်။

“န ဟိ သတိဝိရဟိတာ ပညာ နာမ အတ်ထိ” တဲ့။

သတိကင်းတဲ့ ပညာဆိုတာ မရှိဘူး။သတိဟာ အရေး ကြီးတယ်။

“သတိ"ထားမှ အသိပညာဆိုတာပေါ်လာ တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက“သတိ”နဲ့“သမ္ပဇင်ည” ကို တွဲဖက်ပြီးတော့ဟောတာ။

"သတိ"မပါဘဲနဲ့"သမ္ပဇည"ဆိုတဲ့ အခြေအနေကို သိ နိုင်တဲ့ပညာ မဖြစ်ဘူးတဲ့။

ဒါကြောင့်မို့ “သတိ"“သမ္ပဇည”နဲ့ကိုယ့်ကိုယ်ကို မည်သည့်စိတ် အခြေအနေတွေရှိတယ်၊ ကိုယ့်ရဲ့ စိတ် အခြေအနေတွေထဲမှာမည်သည့်တရားတွေ အဖြစ်များတယ်ဆိုတာ လေ့လာဖို့၊အကဲခတ်ဖို့ လိုအပ်တယ်။

မဟာသတိပဌာနသုတ်မှာ မြတ်စွာဘုရားက ခန္ဓာ ကိုယ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လာလို့ရှိရင်သတိ ထားရမယ်၊ဆင်ခြင်တုံ အသိဉာဏ်ထားရမယ်။

မျက်စိနှစ်လုံး အသုံးပြုပြီး ကြည့်တဲ့အခါမှာလည်း "သတိ"သမ္ပဇည"ဆိုတာ ရှိရမယ်။

ကိုယ်ဝတ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်တဲ့အခါမှာလည်း"သတိ""သမ္ပဇည" ရှိရမယ်။

နောက်ဆုံးမှာ ကိုယ့်ရဲ့ လက်ကလေး ကွေးတာဆန့် တာ၊ ခြေထောက်ကလေး ကွေးတာ ဆန့်တာကစပြီး သတိရှိဖို့၊ဆင်ခြင်တုံတရားရှိဖို့ ဟောတာ။

အေး၊စားတဲ့သောက်တဲ့အခါမှာလည်း ထို့အတူပဲ။

ကိုယ့်ကိုယ်ကိုမှာ ခန္ဓာကိုယ်မှာ သတိကပ်နေဖို့လို
တယ်။

လောကလူတွေက ထမင်းစားနေပေမယ့် တွေးချင် ရာ တွေးနေတာကိုး။

ထိုင်နေပေမယ့်လည်း တွေးချင်ရာ တွေးနေတာ။

လူနဲ့အသိစိတ်ဟာကပ်နေတာအင်မတန်မှရှားတယ်။

တရားပွဲထဲရောက်လို့ တရားနာနေတဲ့အချိန်တောင် လူက တရားပွဲထဲ ငုတ်တုတ်ထိုင်နေပေမယ့်လို့ စိတ်က အိမ်ရောက်ချင်ရောက်သွားတာ။

စိတ်နဲ့လူနဲ့ကပ်နေဖို့ဆိုတာ ဒီ သတိရှိမှဖြစ်တယ်။

အရာရာမှာ မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ဟောသလဲဆိုရင် စားတာပဲဖြစ်ဖြစ်၊ သောက်တာပဲဖြစ်ဖြစ်၊နောက်ဆုံးမှာ အိပ်နေတဲ့အခါပဲဖြစ် ဖြစ်၊နိုးတဲ့အခါပဲဖြစ်ဖြစ်၊ Toiletထဲ ဝင်တာပဲဖြစ် ဖြစ် သတိရှိဖို့မြတ်စွာဘုရား ဟောကြားတယ်။

ဒါက ဘာလုပ်တာတုန်းဆိုရင် သတိနဲ့ 'သမ္ပဇညကို လေ့ကျင့်မွေးမြူပေးတာ။

အဲဒီ သတိနဲ့ သမ္ပဇညကို လေ့ကျင့်မွေးမြူပေးမှ
ကိုယ့်ရဲ့ စိတ်နေသဘောထားတွေကိုလည်း အကဲ ခတ် နိုင်မှာ၊သိရှိနိုင်မှာဖြစ်တယ်။

အဲ၊ နို့မဟုတ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် တစ်
ယောက်ယောက်က လာမေးကြည့်ရင် မင်းရဲ့ စိတ် သဘောထား၊စိတ်အခြေအနေ၊စိတ်ထဲမှာ ဘာတွေ၊အဖြစ်များသလဲလို့မေးရင် ရုတ်တရက် ဖြေနိုင်ဖို့ခက်ခဲတယ်နော်​။

“လောဘ”တွေ အဖြစ်များသလား၊ “ဒေါသတွေ
အဖြစ်များသလား၊“မောဟ”တွေ အဖြစ်များသလား ၊“သဒ္ဓါတွေ အဖြစ်များသလား၊“စဉ်းစားဉာဏ်အဖြစ်များသလား၊“အတွေး” တွေ အဖြစ်များသလားဆိုတာ သိရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်​
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု #credit

1 year ago | [YT] | 75

BUDDHA VISION

လူဆိုတာ တစ်ခါတစ်လေကျတော့ အထင်ကြီး၊လေးစား ရိုသေမှု ခံရတဲ့ အချိန်ပိုင်းရှိသလို..ကိုယ့်ကို အဖက်မလုပ်ခံရတဲ့ အချိန်မျိုးလည်း ရှိတတ်တယ်။

ကိုယ့်ကို ရိုသေလေးစားမှု အလေးထားမှု မရှိဘူး အဖက်မလုပ်ကြတော့ဘူး။

ဘယ်ဟာပဲ ဖြစ်ဖြစ် လူရိုသေ ရှင်ရိုသေ ခံရတဲ့ အခါမှာလည်း အထင်မကြီးနဲ့..။

လူတကာက အဖက်မလုပ်ဘူးဆိုလည်း စိတ်ဝမ်းမနည်းနဲ့။ဒါတွေဟာ အဓိက မဟုတ်ဘူး။

ကိုယ့်မှာ အဓိက ကတော့ ကိုယ်ကျင့်သီလပြည့်စုံမှု က အဓိက။
ကုသိုလ်ကောင်းမှု ရနေဖို့က အဓိက၊စိတ်ကောင်းနှလုံးကောင်းထားလို့ အသိပညာတွေ တတ်ဖို့ရာ အဓိက..လို့။

ပညာနဲ့ အသက်မွေးဖို့ ဆင်ခြင်သုံးသပ်နေဖို့က အဓိက ..

အဲ့ဒီကျလို့ ရှိရင်..လူမသိ သူမသိ ကိုယ့်ကို မလေးစားဘူးဆို ဘာမှ မလုပ်နဲ့..။

ဥပုသ်စောင့်လိုက်မယ်..နော်..တရားနာနေမယ်။ပညာ သင်နေမယ်။ကိုယ့်ဟာကိုယ် တတ်အောင် ကုသိုလ်ရအောင်နေလိုက်မယ်။
အဲဒါ အဓိက..

လူမသိတော့လည်း ပိုကောင်းတာပေါ့..။

စကားပြောခွင့်မရှိတော့ ပိုပြီးတော့ ကုသိုလ်ရတာပေါ့..တရားအားထုတ်ဖို့ အချိနိတွေ ပိုရလာတယ်။

နေလိုက်..အဲဒီလို။

ကောင်းတယ်..ပိုပြီးတော့ အခွင့်အရေးရတယ်..

အရင်တုန်းကမှ ငါ့ကို အဖက်လုပ်မယ့်လူ တွေရှိတယ်။အခုဘယ်သူကမှ အဖက်မလုပ်ဘူး။ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ကိုယ့်ထမင်းကိုယ်စားပြီး တရားအားထုတ်နေမယ်ဆိုတဲ့..စိတ် ဓာတ်မွေးလိုက်။

အဲဒီလို..လောကဓံ ဘယ်လောကဓံမျိုးနဲ့ ကြုံ ကြုံ ဘဝ ကို အနိုင်ယူ နိုင်ရမယ်လို့..ဒီလိုဆိုလိုတာ..။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit
#ပါချုပ်ဆရာတော် #တရားမှတ်စု

1 year ago | [YT] | 82

BUDDHA VISION

ဟိရီ ဆိုတာဟာ မကောင်းမှုပြုလုပ်ခြင်းကို ရွံရှာ တာ

၊မကောင်းမှု လုပ်ရမှာကိုရှက်တာဟာ ဟိရီ။

အဲဒီလို မကောင်းမှုလုပ်ရမှာ ရှက်တာက ကိုယ့်ကိုယ်ကို လေးစားလို့ ဖြစ်တယ်။

ဩတ်တပ်ပ . . . .

နောက်တစ်ခုက ဩတ္တပ္ပ။

ဩတ္တပ္ပဆိုတာ မကောင်းမှုလုပ်ရမှာကို ကြောက် တာ ဖြစ် တယ်။

ကြောက်တာဟာ ပတ်ဝန်းကျင်ကို လေးစားတာ သာဖြစ်တယ်။

အဲဒီ ဟိရီဩတ္တပ္ပ ၂-ခုဟာ အကုသိုလ်ကို ရှောင် ကြဉ် ဖို့ရာအတွက် အကောင်းဆုံး လက်နက်၊
အကောင်းဆုံး သဘာဝတရား ၂မျိုး ဖြစ်တယ်။

အရှက်နဲ့အကြောက် ဒီတရား ၂ခု မရှိတော့ဘူး
ဆိုရင်တော့

မိမိရဲ့ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်
တော့တာမျိုး ဖြစ်သွားမယ်။

I don't care ဆိုတာမျိုး မလုပ်ရဘူး။ ကိုယ့် မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို care လုပ်ရ မယ်။

ဟိရီ ဩတ္တပ္ပ တရား ၂ခုလုံးရှိမှသာ လူ့လောက ကြီးကို လူနဲ့တူအောင် ထားနိုင်မယ်။

အဲဒါကြောင့် ဟိရီ ဩတ္တပ္ပ ကို လောကပါလ တရား လို့သတ်မှတ်ထားတယ်။

မကောင်းမှုကို ရှက်တာကဟိရီ၊ပတ်ဝန်းကျင်ကို လေးစားတာက ဩတ္တပ္ပတရား။

အဲဒီ ၂-ခုဟာ လူတော်လူကောင်း ဖြစ်ဖို့ရာအတွက် မြတ်သောဥစ္စာတစ်မျိုး ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
Credit
#ပါချုပ်ဆရာတော် #တရားမှတ်စု

1 year ago | [YT] | 58

BUDDHA VISION

ဗုဒ္ဓရဲ့အဆုံးအမ အရ မြင့်မြတ်သူဆိုသည်မှာ စိတ်ထားမြင့်မြတ်ရမယ်။

ကိုယ်လုပ်တဲ့လုပ်ငန်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ရမယ်။

အဲ့ဒီ မြင့်မြတ်တဲ့ အလုပ်ထဲမှာ ကိုယ့်ရဲ့ Society၊ကိုယ့်ရဲ့ အသိုင်းအဝိုင်းထဲမှာ ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လိုအလုပ်ဟာ မြင့်မြတ်သလဲ ဆိုရင်

မေတ္တာကို အခြေခံတဲ့ အလုပ်ဟာမြင့်မြတ်တယ်။

ကရုဏာ အခြေခံပြီးလုပ်တဲ့ အလုပ်ဟာ မြင့်မြတ်တယ်။

Jealousy ကင်းပြီးတော့ အားလုံးအပေါ်မှာ ကျေနပ်နိုင်တယ်။

အဲ့လို ဝမ်းသာနိုင်မှု ရှိတယ် ဆိုလို့ရှိရင် ဒါဟာ စိတ်ဓာတ်အနေနဲ့ မြင့်မြတ်သွားပြီ။

ဒါကြောင့်မို့ ပါဠိလိုဆိုရင် ဗြဟ္မဝိဟာရ လို့ခေါ်တယ်။

ချီးမွမ်းဖွယ်ရာ သဘောထားတစ်ခုဖြစ်လို့ မြင့်မြတ်ခြင်းအဓိပ္ပာယ်အရ ဗြဟ္မလို့ခေါ်တယ်။

နောက်အဓိပ္ပာယ်တစ်ခုက အမုန်းကင်းစင်တဲ့ သဘောတရား ဖြစ်သည့်အတွက်ကြောင့် ဗြဟ္မလို့ ခေါ်တယ်။

လောကမှာ-ကနေ့ခေတ်ပဲကြည့်

Hate speech ဆိုတာ လူတွေကို ဒုက္ခအပေးဆုံးအရာ တစ်ခုဖြစ်တယ်။

Hate speech ထွက်သွားတာဟာ ရင်ထဲက Hatered ကြောင့်မို့ဖြစ်တာလေ။

နှုတ်ကထွက်လာတယ်ဆိုတာ ရင်ထဲက မအောင့်နိုင်လို့ အန်ထွက်လာတာ ဖြစ်တယ်။

ရင်ထဲမှာ အလုံးနဲ့ အခဲနဲ့ ရှိနေတဲ့ Hatred ဆိုတဲ့ အမုန်းစိတ်၊ဒေါသ ဖယ်ရှားနိုင်မှ မြင့်မြတ်သူ ဖြစ်နိုင်တယ်။

အားလုံးအပေါ်မှာ ကျေနပ်ခြင်း၊သည်းခံခြင်း၊ခွင့်လွှတ်ခြင်းနဲ့ လူလူချင်း တန်းတူ ညီညာ ဆက်ဆံ ပေါင်းသင်းပြီး အကျိုးစီးပွါးကို လိုလားတဲ့ စိတ်ကောင်းနှလုံးကောင်းတွေ မွေးမြူကြရမှာ ဖြစ်တယ်။

အဲ့ဒီလို မွေးမြူပြီး မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်နိုင်ပြီ ဆိုတော့မှ တကယ်မြင့်မြတ်သူ။

အလွန်ကျေနပ်စရာကောင်းတဲ့ Definition ပဲ။

ကိုယ် ကိုယ်တိုင် မြင့်မြတ်တဲ့ သူ ဖြစ်ချင်ရင် မြင့်မြတ်တဲ့ စိတ်ဓာတ်ကို မွေးပါ။

မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ အဲဒီမြင့်မြတ်တဲ့ စိတ်နေသဘောထားတွေကို အခြေခံပြီးတော့

မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်ပါ။

မြင့်မြတ်တဲ့အလုပ်တွေကို လုပ်ရင် ကိုယ်ဟာ ပိုက်ဆံမရှိဘူး။မချမ်းသာဘူး ဆိုနေပါစေ။
ရာထူးမကြီးဘူးဆိုလည်း နေပါစေ။

ကိုယ်ဟာ အောက်တန်းကျတဲ့ စိတ်နေသဘောထား ရှိတဲ့သူ မဖြစ်လို့ ရှိရင်

ကိုယ်ဟာ မြင့်မြတ်သူ ပဲ ဖြစ်ပါတယ် ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာယူပြီး

ကြာပန်းမှာ ကြာပင် တစ်ပင်လုံးမှာ ကြည့်လိုက်ရင် ကြာပန်းဟာ အပြစ်ကင်းစင်တဲ့ သန့်စင်မွန်မြတ်တဲ့ အရာဖြစ်သလို

လူတွေမှာလည်းပဲ အမွန်မြတ်ဆုံးက မြင့်မြတ်တဲ့ စိတ်နေသဘောထားသာလျှင် ဖြစ်တယ်လို့

မြင့်မြတ်တဲ့ စိတ်နေသဘောထား ရခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ကြာပန်းသဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် မြင့်မြတ်သူ ဖြစ်အောင် သတိဆောင်ပြီးတော့ ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit
#ပါချုပ်ဆရာတော် #တရားမှတ်စု

1 year ago | [YT] | 55

BUDDHA VISION

ထိုင်ရင်းရှုပုံ …
☸️☸️☸️☸️☸️
စင်္ကြံကို အနည်းဆုံး တစ်နာရီလောက် လျှောက်ပြီး အမြွက်မျှ ရင် ထိုင်ပြီးရှုမှတ်ပါ။ သို့သော်လဲ ထိုင်မည့်နေရာ

ကို သွားတဲ့အခါ ရှုမှတ်မှုလွှတ်ပြီး မသွားပါနှင့်။ ရှုမှတ်လျက် သွားပါ။ အနည်းဆုံး “ကြွတယ်၊ လှမ်းတယ်၊ ချတယ်”လို့ ရှုမှတ်သွားပါ။ စင်္ကြံမှာ နောက်ဆုံးမှတ်တဲ့ မှတ်ချက်အတိုင်း ရှုမှတ်သွားရင် ပိုကောင်းပါတယ်။ စင်္ကြံ ရှုမှတ်မှုနဲ့ အထိုင် ရှုမှတ်မှုကြားမှာ မရှုမှတ်ဘဲ လစ်လပ်မသွားပါစေနှင့်၊ စင်္ကြံအမှတ် နှင့် အထိုင်အမှတ် ဆက်စပ်မိသွားဖို့ အရေးကြီး “ ပါတယ်။ ဒါကြောင့် စင်္ကြံ ကနေ ထိုင်မည့်နေရာကို သွားတဲ့အခါ ရှုမှတ်သွားဖို့ အရေးကြီးပါတယ်။
ထိုင်မည့်နေရာကို ရောက်တဲ့အခါ ဖြုတ်ခနဲ တန်းထိုင် မချလိုက်သေးဘဲ ပထမ ရပ်တာကစရူပါ။ “ရပ်တယ်၊ ရပ်တယ်” လို့. ဆယ်ကြိမ်လောက် ရှုပါ။ ပြီးမှ ဖြည်းဖြည်းကလေ ထိုင်ချရင်း တရွေ့ ရွေ့ ထိုင်ကျသွားတဲ့ အမူအရာကို “ထိုင်တယ် ထိုင်တယ်”လို့ အောက်ကို ထိမိသည်အထိ အဆက်မပြတ် ရှုပါ။ အောက်က အခင်းကိုထိတော့ “ထိတယ်၊ ထိတယ်”လို့ ရှုပါ။ လက်ကို ကြမ်းမှာ ထောက်ချင်တော့ “ထောက်ချင်တယ်၊ ထောက်ချင်တယ်” လက်ထောက်တော့ “ထောက်တယ်၊ ထောက်တယ်”လို့ ရှုပါ။ တင်ပျဉ်ခွေဖို့ရာ ခြေထောက်ကွေးတော့ “ကွေးတယ်၊ ကွေးတယ်”လက်ကိုမြှောက်တော့ “မြှောက်တယ်၊ မြှောက်တယ်” လက်ကို ရင်ခွင်ဆီယူတော့ “ယူတယ်၊ ယူတယ်” ကွေးတော့ “ကွေးတယ်၊ ကွေးတယ်” လက်ချင်းထပ်တော့ “ထပ်တယ်၊ ထပ်တယ်” စသည်ဖြင့် ထိုင်ဖို့ပြင်တဲ့ အမူအရာ အားလုံး တဖြည်းဖြည်းလုပ်ရင်း စေ့စေ့စပ်စပ် ရှုမှတ်ပါ၊

ကိုယ်ကိုမတ်မတ် ထိုင်ပါ
၊☸️⚜️⚜️⚜️⚜️⚜️⚜️☸️

ထိုင်တဲ့အခါ ကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ် ထားပြီး ထိုင်ပါ။ ကွေးညွတ် မနေစေပါနှင့်။ ခေါင်းကိုလဲ ကိုယ်နဲ့ တစ်ဖြောင့်တည်း နေအောင် မတ်မတ်ထားပါ။ မျက်စိမှိတ် စိတ်ကို ချက်တဝိုက် ဝမ်းဗိုက်မှာ စိုက်ထားပါ။ ဝမ်းဗိုက်က ဖောင်းကြွလာရင် “ဖောင်းတယ်”လို့ ရှုပါ။ ပိန်ကျသွားရင် “ပိန်တယ်”လို့ ရှုပါ
အသက်ကို ပြုပြင် မရှူပါနှင့်၊ ပြင်းပြင်းလဲ မရှူပါနှင့်၊ မြန်မြန်လဲ မရှူပါနှင့်၊ ပုံမှန် ရှူနေကျအတိုင်း ရှူပါ။

အစမှာ ဖောင်းတာပိန်တာ အလွန်ကြီး ထင်ရှားချင်မှ ထင်ရှားပါမယ်။ သို့သော် ရှုနိုင်လောက်အောင်တော့ ဖောင်းမှ ပိန်မှုကို တွေ့ ့ရပါလိမ့်မယ်။ ဖောင်းမှုပိန်မှုကို သိသလောက် ကလေးပဲ “ဖောင်းတယ်၊ ပိန်တယ်”လို့ စူးစိုက်ပြီး ရှုပါ။ ရှုပါများလာတော့ တဖြည်းဖြည်း ပိုပို ထင်ထင်ရှားရှား သိလာ ပါလိမ့်မယ်။ ရှုနိုင်လောက်ရုံပင် ဖောင်းမှုပိန်မှု မထင်ရှားရင်တော့ ဝမ်းဗိုက်ပေါ် လက်နှစ်ဖက် တင်ပြီး လက်ရဲ့ ကြွတက်မှု ကျမှုကို အမှတ်ပြုပြီး “ဖောင်းတယ်၊ ပိန်တယ်”လို့ ရှုပါ။ နောက် အလေ့အကျင့် ရလာလို့ ရှုမှတ်မှု မှန်လာတော့ လက်မတင်ဘဲ ရှုလို့ ရလာပါလိမ့်မယ်။

ဖောင်းမှုပိန်မှု့၌ ရှုမရရင်
⚜️☸️☸️☸️☸️☸️⚜️
အသက်ရှူ သိမ်မွေ့ တဲ့ တချို့ ပုဂ္ဂိုလ်များမှာ ဖောင်းမှု ပိန်မှုကို ဘယ်လိုမှ ရှုလို့ မရတာလဲ

ရှိတတ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များကျတော့ ဝမ်းဗိုက်ကို ရှုဖို့ မလိုပါဘူး။ ထိုင်နေတဲ့ ထောင်ထောင်မတ်မတ် အမူအရာနဲ့ ထိသဘောကို ရှုသင့်ပါတယ်။ ထိတာကို တစ်နေရာ တည်း မရှုဘဲ အနည်းဆုံး နှစ်နေရာလောက် ရှုသင့်ပါတယ်။ ထိုင်နေတဲ့အခါမှာ ရှုစရာ ထိနေတာတွေ အများကြီး ရှိပါတယ်။

တင်ပါးနှစ်ဖက်က ထိတာ၊ ဒူးနှစ်ဖက်က ထိတာ၊ ခြေမျက်စိ နှစ်ဖက်က ထိတာ၊ ခြေဖျားနှစ်ဖက်က ထိတာ၊ လက်ချင်း ထပ်ထားတဲ့ နေရာက ထိတာ၊ လက်နဲ့ပေါင်နဲ့ ထိတာ ထိတာ၊ အဝတ်နဲ့အသား ထိတာ စသည်ဖြင့် ရှုစရာအထိတွေ အများကြီး ပါပဲ။ အဲဒီ အများကြီးထဲက အထင်ရှားဆုံး အထိ နှစ်နေရာကို ရှုရပါမယ်။

ထိုင်တာကို အရင် ရှုရပါမယ်။ ပြီးမှ ထိတာကို ရှုရပါမယ်။ ဒါကြောင့် ရှုမှတ်မှုအစဉ်က “ထိုင်တယ်၊ ထိတယ်၊ ထိတယ်" “ထိုင်တယ်၊ ထိတယ်၊ ထိတယ်”လို့ ဖြစ်ပါတယ်။ ရှုမှတ်လို့ စိတ် အတော်ကလေး ငြိမ်ပြီး သမာဓိ အတော်အသင့် ဖြစ်လာတဲ့ အခါမှာ ထိတာကို နေရာပုံမှန်ထားပြီး မရှုဘဲ အထိ ထင်ရှားတဲ့ နေရာတွေကို ရွှေ့ ရွှေ့ပြီး ရှုရပါမယ်။ နေရာ ပုံမှန်ထားပြီး ရှုရင် ရှုရတာ လွယ်ကူလာတာနှင့်အမျှ ရှုအား စူးစိုက်အား လျော့လျော့ လာပြီး စိတ်လွင့် စိတ်ထွက်တွေရင်လဲ များနေတတ်ပါတယ်။ ဒါမှမဟုတ်လဲ ထိနမိဒ္ဓဝင်လာပြီး အိပ်ငိုက်ရင်လဲ အိပ်ငိုက်တတ် ပါတယ်။ ဒါကြောင့် အထူး ဂရုစိုက်ပြီး စူးစူးစိုက်စိုက် ရှုရပါတယ်။

1 year ago | [YT] | 20

BUDDHA VISION

ဝိပဿနာရှုပုံ အမြွက်မျှပြောချင်ပါတယ်
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️🙏

အခု သစ္စာပန်းခင်း တို့ ပြောနေတဲ့ အပိုင်းဟာ လက်တွေ့ ကျင့်ကြံ ပွားများတဲ့ အပိုင်းဖြစ်လို့ လက်တွေ့ ကျင့်ကြံရာမှာ သတိပြုရမည့် အချက်ကလေးတွေကို ရှေ့စာစဉ်နံပါတ်အတိုင်း
ပြောပြီးခဲ့ပါပြီ။ အခု လက်တွေ့ကျင့်ပုံ ရှုမှတ်ပုံကို အကျဉ်းမျှ ပြောပြပါမယ်။ ဒီလို ပြောပြရာမှာ
မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်မှာ
လာတဲ့ နည်းကို အရပ်စကားနှင့် ပြောပြမှာ
ဖြစ်ပါတယ်။

သတိပဋ္ဌာန် ဝိပဿနာကို အားထုတ်သူဟာ
၁-""စင်္ကြံ လျှောက် အားထုတ်ခြင်း၊
၂"""ထိုင်အားထုတ်ခြင်း၊
၃""""အသေးစိတ် ပြုမူ လှုပ်ရှားမှ တွေကို
ရှုမှတ် အားထုတ်ခြင်းလို့
သုံးပိုင်း အားထုတ်ရပါတယ်။
အဲဒီ သုံးမျိုးထဲက စင်္ကြံ လျှောက် အားထုတ်မှုဟာ အရှုခံအာရုံ အလွန် ထင်ရှားတဲ့အတွက် အားထုတ်စ ပုဂ္ဂိုလ်နှင့် အလွန် သင့်လျော်ပါတယ်။ ဒါကြောင့် စင်္ကြံ လျှောက် ရှုမှတ်ပြီးမှ ထိုင်ရှုမှတ်တာက ပိုကောင်းပါတယ်။ ထိုင်မည်ကြံတိုင်း မထိုင်မီ စင်္ကြံ လျှောက်သင့်ပါတယ်။

စင်္ကြံ အလျင်လျှောက်
⚜️☸️☸️☸️☸️☸️☸️⚜️
စင်္ကြံ စရှုမှတ်ရာမှာ သတိပြုစရာလေးတွေကို ရှေ့နား ( #စာစဉ်_၁၀)မှာ ပြောခဲ့ ပါတယ်။
အဲဒီ ပြောခဲ့တဲ့အတိုင်း ခြေထောက် ရွေ့လျှားမှုကို သတိကပ်ပြီး မလွတ်ရအောင် စူးစိုက်ရှုပါ
“ဘယ်လှမ်းတယ် ညာလှမ်းတယ်”
“ကြွတယ် ချတယ်” “ကြွတယ် လှမ်းတယ် ချတယ်” စသည်ဖြင့် ရှုမှတ်ပါ။ ရှုမှတ်ခိုက်မှာ စိတ်လွင့်သွားရင် လွင့်စိတ်ကို ရှုလိုက်ပါ။ ပြီးမှ ခြေလှမ်းကို ပြန်ရှုပါ။ တကယ်လို့ စိတ်ထွက်တာ စဉ်းစားတာက ကြာနေရင်တော့ စင်္ကြံ ကို ရပ်လိုက်ပြီးမှ စိတ်ကို စူးစူးစိုက်စိုက် ထိထိမိမိ ရှုပါ။ လွင့်စိတ်ထွက်စိတ် စဉ်းစားစိတ် ပျောက်သွားမှပဲ စင်္ကြံကို ရှုမြဲပြန်ရှုပါ။

စင်္ကြံ လျှောက် ရှုတဲ့အခါမှာ အဝေးလဲ မကြည့်ပါနှင့်၊ ဘေးလဲ မကြည့်ပါနှင့်။ မကြည့်ဘူးလို့လဲ စိတ်ကို ဆုံးဖြတ်ထားပါ။ ကြည့်ချင်စိတ် ဖြစ်ပေါ်ရင်လဲ ကြည့်ချင်စိတ်ကို ပျောက်သည်အထိ ရှုပါ၊ ကြည့်ချင်စိတ် ပျောက်သွားရင် မကြည့်ဖြစ်တော့ပါဘူး။

မျက်စိမှိတ် မလျှောက်ပါနှင့်
⚜️☸️☸️☸️☸️☸️☸️☸️⚜️

တချို့က မျက်စိဖွင့်ပြီး စင်္ကြံ လျှောက်ရင် အာရုံပြားလို့ သမာဓိ မဖြစ်ဘူးလို့ ထင်ကြတဲ့

အတွက် မျက်စိမှိတ်ပြီး စကြံ လျှောက်တတ် ကြပါတယ်။ မျက်စိမှိတ်ပြီး လျှောက်ရင် ဘာမှမမြင်ရလို့ သမာဓိ ရတယ်လို့ ထင်ကြပါတယ်။ အဲဒီအထင်ဟာ မမှန်ပါဘူး။ မျက်စိမှိတ်ထားလို့ မျက်စိနောက်ကို စိတ်က မပါရပေတဲ့ “လျှောက်တဲ့လမ်းမှ မှန်ရဲ့လား၊ ဘေးများ ရောက်နေပြီလား၊ ဘာကိုများ တိုးမိမလဲ၊ စင်္ကြံလမ်းများ ဆုံးနေပြီလား၊ မဆုံးသေးဘူးလား၊” စသည်ဖြင့် မျက်စိမှိတ်ရင်း စိတ်ကစားပြီး စဉ်းစားနေတတ်ပါတယ်။ ဒီတော့ သမာဓိ မဖြစ်ပါဘူး။ စိတ်မငြိမ်ပါဘူး။

ဒါကြောင့် မျက်စိဖွင့် မျက်လွှာချပြီး စင်္ကြံ လျှောက်ပါ။ သို့သော်လဲ ခြေထောက်ကို မကြည့်ပါနှင့်။ ခြေထောက်နှင့် နီးနီးကိုလဲ မကြည့်ပါနှင့်၊ အဝေးကြီးလဲ လှမ်းမကြည့်ပါနှင့်။ ခြေထောက်ရှေ့ လေးတောင်လောက်ကို လှမ်းကြည့်ထားပါ။ စိတ်ရဲ့ အားကိုတော့ မျက်စိ ကြည့်ရာဆီ မပါပါစေနှင့် အရှုခံ ခြေထောက် လှုပ်ရှားမှုဆီကိုသာ စိတ်ရဲ့ အင်အား အားလုံးကို စူးစိုက် ပို့ထားပါ။ ခြေထောက် ကြွတာတစ်ပိုင်း၊ လှမ်းတာတစ်ပိုင်း၊ ချတာတစ်ပိုင်း၊ ထိတာတစ်ပိုင်း ပိုင်းပိုင်းခြားခြား သိအောင်ရှုပါ။

ဒီနေရာမှာ ချတာနှင့် ထိတာကို ခွဲခြားနားလည်ဖို့ လိုပါ တယ်။ နားမလည်ရင် ထိတာကိုပဲ ချတယ်လို့ ရှုမိနေတတ်ပါတယ်။ ချတယ်ဆိုတာဟာ ခြေထောက် လှမ်းရာကနေပြီး အောက်ဘက် ကြမ်းဆီ၊ မြေကြီးဆီကို ခြေထောက် တဖြည်းဖြည်း လွှတ်လိုက် တာကို ခေါ်ပါတယ်။ အောက်မထိမီ အချိန်ပိုင်းကလေးကို ဆိုလိုပါတယ်။ အောက်ထိသွားတော့ “ထိတယ်”လို့ ရှုရပါတယ်။


လမ်းလျှောက်စဉ် ချာကနဲ မလှည့်ပါနှင့်
⚜️☸️☸️☸️☸️☸️☸️☸️☸️☸️⚜️

အခု ပြောခဲ့တဲ့အတိုင်း “ကြွတယ်၊ လှမ်းတယ်၊ … ချတယ်”လို့ ခြေထောက် ရွေ့လျားမှုနှင့် ရှုတဲ့စိတ် တည့်အောင် ဖြည်းဖြည်း စူးစူးစိုက်စိုက် ရှုလျက် လျှောက်ပါ။ စိတ်လွင့်ရင် စဉ်းစားရင် ရပ်ပြီးတော့ လွင့်စိတ် စဉ်းစားစိတ်ကို ရှုပါ။ လွင့်စိတ် စဉ်းစားစိတ် ပျောက်သွားမှ စင်္ကြံ ဆက်လျှောက်ပြီး “ကြွတယ်၊ လှမ်းတယ်၊ ချတယ်” စသည်ဖြင့် ရှုမှတ်မြဲ ရှုမှတ်သွားပါ။ စင်္ကြံ အဆုံး ရောက်သွားရင် ချာကနဲ မြန်မြန် မလှည့်လိုက်ပါနှင့်။ ပထမ ရပ်လိုက်ပါ ရပ်တာကို “ရပ်တယ် ရပ်တယ်”လို့ ရှုလိုက်ပါ။ ရပ်နေတဲ့ ထောင်ထောင်မတ်မတ် အမူအရာကို အာရုံပြုပြီးတော့ ဆယ်ကြိမ် ထက်မနည်း ရှုပါ။ ပြီးမှ လှည့်ချင်တဲ့ စိတ်ကို “လှည့်ချင်တယ်၊ လှည့်ချင်တယ်”လို့ သေသေချာချာ သိအောင် ရှုပါ။ ပြီးမှ ကိုယ်ကို ဖြည်းဖြည်း ရွေ့ ရွေ့ ကလေး လှည့်ပါ။ လှည့်ရင်း တရွေ့ ရွေ့ လည်နေတဲ့ ကိုယ်အမူအရာကို သိအောင် “လှည့်တယ်၊ လှည့်တယ်”လို့ အကြိမ်ကြိမ် ရှုပါ။ လာလမ်းဘက်ကို မျက်နှာ ပြန်မူမိသည်အထိ ရှုပါ။ လှည့်ပြီးရင် ဆက်မလျှောက် လိုက်ပါနှင့်ဦး၊ ရပ်လိုက်ပါဦးရပ်တာကို ဆယ်ကြိမ်ထက်မနည် ရူပါဦး။ ပြီးမှ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်”လို့ ရှုမြဲ ရှုသွားပါနောက် ဟိုဘက် စင်္ကြံဆုံး ရောက်ပြန်တော့လဲ အခု ပြောခဲ့တဲ့နည်းအတိုင်း ရှုသွားပါ။

“ကြွတယ်၊ လှမ်းတယ်၊ ချတယ်”လို့ သုံးပိုင်း ရှုမှတ်ရာမှာ ရှုစိတ်နဲ့ ခြေထောက်လှုပ်ရှားမှုတည့်အောင် နိုင်နိုင်နင်းနင်း ရှုမှတ်နိုင်လာတဲ့ အခါမယ် “ကြွတယ်၊ မတယ်၊ လှမ်းတယ်၊ ချတယ်”လို့ လေးပိုင်းရှုပါ။ ခြေဖနောင့် ကြွတဲ့အခါ “ကြွတယ်” လို့ ရှုပါ။
ခြေဖျားပါလွတ်အောင် မ,လိုက်တဲ့အခါ “မတယ်”လို့
ရှုပါ။ အဲဒါ နိုင်နင်းလာပြန်တဲ့အခါမှာ ကြွခါနီး (မကြွမီလေးမှာ) ဖြစ်ပေါ်နေတဲ့ ကြွချင်စိတ်ကလေးကို သိအောင် “ကြွချင်တယ်”လို့ ရူပါ။ ပြီးမှ ကြွတာ မတာ လှမ်းတာ ချတာကို ရှုပါ၊ ဒါက ခြေတစ်လှမ်းကို ငါးပိုင်း ရှုတာပါ။ “ကြွချင်တယ်၊ ကြွတယ်၊ မတယ်၊ လှမ်းတယ်၊ ချတယ်”လို့ အစဉ်အတိုင်း တိတိကျကျ ရှုနိုင်အောင် ပိုပြီး ဖြည်းဖြည်းလျှောက်ပါ။

မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာနှင့် ဋီကာမှာ
(မ-ဋ္ဌ၊၁ ၂၆၅။ မ-ဋီ ၁၊ ၃၅၈) ဖွင့်ပြတဲ့အတိုင်း
“ကြွတယ်၊ ဆောင်တယ်၊ တွန်းတယ်၊ လွှတ်တယ်၊ ချတယ်၊ ဖိတယ်”လို့လဲ ရှုနိုင်ပါတယ်။

တဇ္ဇာပညတ်ခေါ်တဲ့ စိတ်အဆို ဝေါဟာရ စကားလုံးမျှပဲ ကွာခြား တာပါ။ ရှုသိရပုံကတော့ အတူတူပါပဲ။ လိုရင်းကတော့ သွားနေဆဲ မှာ ဖြစ်ပေါ်နေတဲ့ ရွေ့လျှားမှု ဝါယောရုပ်တွေကို ရှုသိနိုင်ဖို့သာ လိုရင်းပါပဲ။

သတိထားဖွယ်
☸️☸️☸️☸️☸️
သမာဓိ ပိုကောင်းလာလို့ တိုးတက်ပြီး ရှုနိုင်ရင် “ကြွချင် တယ်၊ ကြွတယ်၊ မချင်တယ်၊ မတယ်၊ လှမ်းချင်တယ်၊ လှမ်းတယ်၊ ချချင်တယ်၊ ချတယ်၊ ထိတယ်၊
ဖိချင်တယ်ဖိတယ်" စသည်ဖြင့် မိမိနိုင်သလောက် တိုးတိုးပြီး ရှုမှတ်နိုင် ပါတယ်။
နိုင်သလောက်ထက်တော့ ပိုပြီး မရှုမှတ်သင့်ပါဘူး၊
ဥပမာ မိမိရဲ့ သမာဓိ အခြေအနေက သုံးပိုင်းသာ ရှုမှတ်နိုင်သေးရင် တရားလောဘကြီးပြီး လေးပိုင်းငါးပိုင်း မရှုမှတ်ရပါဘူး၊ ရှုမှတ်ရင် မကြာမီ ခေါင်းမူးလာနိုင်ပါတယ်။ ဇက်ကြော နောက်ကြော တက်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်သလောက်ကလေး ပိုင်းပိုင်း သက်သက်သာသာနဲ့ စူးစူးစိုက်စိုက်ကလေး ရှုမှတ်သင့်ပါတယ်။

လမ်းလျောက်ရာ၌
ဖြည်းဖြည်းလျှောက် စိပ်စိပ်မှတ်ပါ
☸️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️☸️

စင်္ကြံကို လျှောက်နိုင်ရင် အနည်းဆုံး
တစ်နာရီလောက် လျှောက်ပါ။ တစ်နာရီခွဲ လောက် လျှောက်နိုင်ရင် ပိုကောင်းပါ တယ်။ လျှောက်လို့ကောင်းရင်၊ သတိသမာဓိဉာဏ် ကောင်းကောင်း ဖြစ်နေတယ်လို့ ထင်ရင် တစ်ခါတစ်ရံ နှစ်နာရီလောက်လျှောက်လဲ ကောင်းတာပါပဲ။ သို့သော် ခြေထောက် ရွေ့လျားမှုနဲ့ ရှုမှတ်စိတ် တည့်အောင် ရှုဖို့၊ တရားစကားနဲ့ပြောရရင် ပစ္စုပ္ပန်တည့်တည့် ရှုဖို့တော့ အလွန် အရေးကြီးပါတယ်

အဲဒီလို ရှုစိတ်နဲ့ အရှုခံအာရုံ တည့်အောင်က ခြေလှမ်းကို ဖြည်းဖြည်းလေး လှမ်းရပါတယ်။ မြန်မြန်လှမ်းရင် အားထုတ်စမှာ ရှစိတ်က မီအောင် လိုက်ပြီး မရှုနိုင်သေးလို့ ရှုစိတ်နဲ့ အရှုခံအာရုံ မတည့်နိုင်သေးပါဘူး၊ ပြီးတော့ ခြေလှမ်းကျဲကျဲ မလှမ်းရပါဘူး။ ခြေတစ်ဖဝါးစာ၊ တစ်ဖဝါးစာ သာသာလေး လျှောက်ရပါတယ်။ ဒါမှ ရှုလို့ အဆင်ပြေပါတယ်။

မြန်နေရင်တော့ ရှေ့ ခြေချပြီးလို့ နောက်ခြေကြွကာကို ရှုတဲ့အခါမှာ နောက်ခြေဖနောင့် စကြွတာကို မရှုနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ “ကြွတယ်”လို့ ရှုတဲ့အချိန်မှာ ခြေဖဝါးက
တစ်ဝက်လောက် ကြွပြီးဖြစ်နေပြီး ဖနောင့်က အထက်ထောင်နေ ပြီ။ ဒီတော့ ခြေဖျား မ,လိုက်တာကိုသာ “ကြွတယ်” လို့ ရှုမှတ်လိုက်နိုင်တော့တယ်။ ဒါကြောင့် ဖနောင့် ကြွတာကစပြီး ရှုသိနိုင်အောင် ခြေလှမ်း ဖြည်းဖြည်း စိပ်စိပ် လှမ်းဖို့လိုပါတယ်။

ပြီးတော့ ခြေဖဝါးချလိုက်တဲ့အခါမှာလဲ ဖနောင့်က စချပြီးမှ ခြေဖဝါးနဲ့ ခြေဖျားကို ချတာထက် ခြေဖဝါးတစ်ပြင်လုံး တစ်ပြိုင်နက်တည်း တညီတည်း ချတာက ရှုလို့ ပိုကောင်းပါတယ်။ အဲဒီလို တညီတည်း ချဖို့ကလဲ ခြေလှမ်း ကျဲနေရင် မဖြစ်နိုင်ပါဘူး၊ ခြေလှမ်းစိပ်မှပဲ ဖြစ်နိုင်ပါတယ်။

Credit

သစ္စာ ပန်းခင်း

1 year ago | [YT] | 27

BUDDHA VISION

သတိပဋ္ဌာန်ဝိပဿနာမှတ်ရှု့သူများအတွက်
အသေးစိတ်သတိပြုစရာများ
☸️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️☸️
သမ္ပဇညပိုင်းရှု့ပုံ

သတိပဋ္ဌာန် ဝိပဿနာရဲ့ အခြေခံ သဘောက ရုပ်နှင့်နာမ်မှာ ခဏမစဲ ဖြစ်ပေါ်နေတဲ့ သဘော တွေကို စက္ကန့်မလပ် မိနစ်မလပ် တရစပ် စောင့်ကြည့် ရှုသိနေရပါတယ်။ မရှုမိဘဲ လပ်သွားတဲ့ မိနစ်ပိုင်း စက္ကန့်ပိုင်းကလေးမှာပဲ မရှုမိလိုက်တဲ့ ရုပ်နာမ်နှင့် ပတ်သက်လို့ ကိလေသာက ဝင်လိုက်တော့တာပါပဲ။

ဒါကြောင့် စင်္ကြံ လျှောက်တဲ့အခါနဲ့ ထိုင်တဲ့အခါလေးမှာသာ ရှုရုံမျှနဲ့ မလုံလောက်ပါဘူး။ နိုးနေသမျှ တစ်ချိန်လုံး လှုပ်ရှားမှု၊ ပြုမူမှု၊ ကိုယ်အမူအရာ မှန်သမျှကိုရော စဉ်းစား၊ ကြံတွေး၊ လိုချင်တပ်မက်၊ စိတ်ပျက်၊ စိတ်ဆိုးစတဲ့ စိတ်သဘောမှန်သမျှကိုပါ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း အမြဲတစေ ရှုသိနေရပါတယ်။

ရှုပုံနည်းပြ လှုပ်ရှားပြုမူမှု အသေးစိတ် အမူအရာမှန်သမျှ ရှုမှတ်ပုံကို မဟာသတိပဋ္ဌာနသုတ်၊
သမ္ပဇညပိုင်း မှာ နည်းပြအနေနှင့် မြတ်စွာဘုရား
ညွှန်ကြားတော်မူခဲ့ပါတယ်။
ရှေ့ကိုသွားတိုင်း၊ နောက်ကိုဆုတ်တိုင်း၊ ကွေးတိုင်း၊ ဆန့်တိုင်း၊ ထိုင်တိုင်း၊ ထတိုင်း၊
သင်္ကန်းကိုင်တိုင်း၊ သပိတ်ကိုင်တိုင်း၊
အဝတ်ဝတ်တိုင်း၊ စားသောက်တိုင်း၊ ရေချိုးတိုင်း၊
တပိုတပါ သွားတိုင်း စသည်မှာ ပါဝင်ဖြစ်ပျက်နေတဲ့ လှုပ်ရှားမှု ပြုမူမှုတွေကို “ကွေးတယ်” “ဆန့်တယ်” “ထိုင်တယ်” “ထတယ်” စသည်ဖြင့် ဖြစ်နေ ရှိနေတဲ့အတိုင်း အမြဲမပြတ် သတိကပ်ပြီး ရှုသိနေရပါတယ်။

များပြားသလောက် ရှုမှတ်မှ
☸️⚜️⚜️⚜️⚜️⚜️⚜️☸️

… ဒီသမ္ပဇညပိုင်းမှာ မြတ်စွာဘုရားညွှန်ကြား
တော်မူခဲ့တဲ့ အထွေထွေ အမူအရာ၊ အသေးစိတ် အမူအရာတွေကို စိပ်စိပ် ရှုမှတ်ဖို့ဟာ အလွန် အရေးကြီးပါတယ်။ ဒီ လှုပ်ရှားမှု ပြုမူမှ အသေးစိတ် အမူအရာတွေဟာ .ထိုင် ရှုမှတ်နေတဲ့အခါ၊ စင်္ကြံ လျှောက် ရှုမှတ်နေတဲ့ အခါမှာတောင်မှ ရှုမှတ်ဖို့ရာ ထင်ထင်ရှားရှား ရှိနေပါတယ်။ အဲဒီ နှစ်ချိန်မှတစ်ပါး တစ်ခြား အချိန်တွေမှာတော့ အဲဒီ လှုပ်ရှားပြုမူမှ အမူအရာတွေကို ရှုမှတ်ရတာဟာ တစ်ခုပြီးတစ်ခု မပြီးနိုင် မဆုံးနိုင် မကုန်နိုင်အောင် ကို များပြားလှပါတယ်။ များပြားသလောက် ရှုမှတ်နိုင်မှလဲ ကိလေသာ ကြားမဝင်နိုင်ဘဲ တဖြည်းဖြည်း သမာဓိ အားကောင်း လာပြီး ဒီအမူအရာတွေကို ပြုခိုက်မှာ ဖြစ်ပျက်နေတဲ့ ရုပ်သဘော နာမ်သဘောတွေကို သိသိလာပါတယ်။

ဒါကြောင့် ထိုင်တဲ့ ထတဲ့အခါ၊ ကွေးတဲ့ ဆန့်တဲ့အခါ၊ မြှောက်တဲ့ ချတဲ့အခါ၊ စားသောက်တဲ့အခါ၊ မျက်နှာသစ်တဲ့အခါ၊ ရေချိုးတဲ့အခါ အဝတ်လျှော်တဲ့အခါ၊ အဝတ်ချွတ်တဲ့အခါ၊ အဝတ်
ဝတ်တဲ့အခါ၊ တပိုတပါးသွားတဲ့အခါ စသည်မှာ ဖြစ်ပေါ်နေတဲ့ လှုပ်ရှားပြုမူမှုတွေကို တစ်ခုမျှ မလွတ်ရအောင် စေ့စေ့စပ်စပ် ရှုမှတ်ဖို့ လိုပါတယ်။ ရှုမှတ်ပုံက မခက်ပါဘူး။ ပြုလုပ်နေတဲ့အတိုင်း ဖြစ်နေတဲ့အတိုင်း အရှိအတိုင်း ရှုမှတ်ရုံပါပဲ။ ဥပမာ “ထိုင်တယ် ထိုင်တယ်၊ ထတယ် ထတယ်၊ ကွေးတယ် ကွေးတယ်၊ ဆန့်တယ် ဆန့်တယ်” စသည်ဖြင့် ရှုမှတ်သွားရုံပါပဲ။

အလေ့အကျင့်ရလာတော့ မလွတ်တော့ပါဘူး
☸️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️☸️

အားထုတ်စမှာတော့ ဒီ အထွေထွေ
လှုပ်ရှားမှု အသေးစိတ် အမူအရာတွေ ကို ရှုမှတ်မိတာက နည်းပြီးတော့ မရှုမှတ်မိဘဲ မေ့မေ့သွားတာ များပါတယ်။ သို့သော်လဲ အမူအရာတွေဟာ တစ်ခုမကျန် ရှုမှတ်ရမည့် ဝါယောရုပ်တွေ ချည်းပဲလို့ စိတ်ထဲမှာ အမြဲသတိထား ကြိုးစား ရှုမှတ်သွားရင် တဖြည်းဖြည်း ရှုမှတ်နိုင်တာတွေ များလာပြီး နောက်ဆုံးမှာ မရှုမှတ်မိလိုက်တာ တစ်ခုမျှ မရှိတော့ပါဘူး။ အလေ့အကျင့် များလာတဲ့ အခါကျတော့ နဲနဲလေး လှုပ်ရှားလိုက်တာနှင့် စိတ်က အလိုလို ရှုမှတ်ပြီးသား ဖြစ်သွားတတ်ပါတယ်။

သို့သော်လဲ တစ်ခု သတိထားဖို့က အသေးစိတ် အမူအရာတွေကို နေ့စဉ် ပြုလုပ်နေကျ လှုပ်ရှားမှုနှုန်းအတိုင်းဆိုရင် မြန်နေလို့ ရှုမှတ်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အဖြစ်နိုင်ဆုံး ဖြည်းဖြည်း လှုပ်ရှား ပြုမူရပါမယ်။ ဒါမှ ရှုလို့ရပါတယ်။

တစ်ကွေးတစ်ဆန့်မှ
အလွတ်မခံသူဖြစ်ဖို့လိုပါတယ်
⚜️⚜️☸️☸️☸️☸️☸️☸️☸️⚜️
ဒီအသေးစိတ် လှုပ်ရှား ပြုမူမှုတွေကို
ရှုမှတ်နိုင်အောင် ဖြည်းနိုင်သမျှ ဖြည့် ဖြည်း ပြုလုပ်ဖို့ လိုအပ်ကြောင်း ဖြစ်ရပ် တစ်ခုကို မူလပဏ္ဏာသအဋ္ဌကထာ၊ မဟာသတိပဋ္ဌာနသုတ် အဖွင့် (စာ ၂၆၉)မှာ ဒီလို ဖော်ပြထားပါတယ်။ သီဟိုဠ်ကျွန်းမှာ ရှေးက မထေရ်တစ်ပါးဟာ သူ့တပည့်တွေနှင့်အတူ စကား ပြောနေရင်းက လက်ကို မြန်မြန် ကွေးလိုက်မိတယ်။ ပြီးမှ ချက်ချင်းပဲ လက်ကို မူလနေရာမှာ ပြန်ထားလိုက်ပြီး ဖြည်းဖြည်း လေး ပြန်ကွေးလိုက်ပြန်ပါတယ်။

ဆရာမထေရ်ရဲ့ ဒီအပြုအမူကို နားမလည်နိုင်ကြတဲ့ တပည့်တွေက “ဆရာတော်ဘုရား၊ ဘာကြောင့် လက်ကို " မြန်မြန် ကွေးလိုက်ပြီးမှ မူလနေရာ ပြန်ထားပြီး ဖြည်းဖြည်းလေး ပြန်ကွေးပါသလဲဘုရား”လို့ မေးလျှောက်ကြတယ်။ ဒီတော့ ဆရာတော်က “မောင်ပဉ္စင်းတို့၊ ငါဟာ စတင်အားထုတ်တဲ့ ' တရား အချိန်ကစပြီး ရှုမှတ်မှု လွတ်လျက် လက်ကို မကွေးခဲ့ဖူးပါ၊ ယခု သင်တို့နှင့် စကားပြောနေတဲ့အတွက် ရှုမှတ်မှုလွတ်လျက် လက်ကို ကွေးလိုက်မိသည်၊ နောက်မှ သတိရလို့ မူလနေရာ ပြန်ထားပြီး ရှုမှတ်လျက် ပြန်ကွေးခြင်းဖြစ်သည်"လို့ မိန့်တော် မူပါတယ်။ ဒီ ဆရာတော်ရဲ့ အပြုအမူကို ထောက်ခြင်းအားဖြင့်လဲ လှုပ်ရှားမှု အမူအရာမှန်သမျှ ဖြည်းဖြည်း ပြုလုပ်ပြီး မလွတ်တမ်း ရှုမှတ်ဖို့လိုကြောင်း နားလည်ဖို့
လိုပါတယ်မိတ်ဆွေတို့
Credit
သစ္စာ ပန်းခင်း

1 year ago | [YT] | 41