International World News



International World News

မြန်မာနာမည်ကျော် ဖိုက်တာ အောင်လအန်ဆန်အတွက် တစ်ချိန်က One Championship မှာ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖိုးသော် (Bushido)က ဂုဏ်ပြုစကားကို ပေးပို့ခဲ့ပါတယ်။ တစ်ချိန်က One Championship မှာ အောင်လအန်ဆန် ရဲ့ နောက် ဒုတိယ ပရိသတ်အားပေးမှုအများဆုံးဖြစ်တဲ့ ဖိုက်တာ ဖိုးသော်က အခုချိန်မှာတော့ ထောင်ထဲကနေ ကိုအောင်လအတွက် ဂုဏ်ယူနေပါတယ်ဆိုတဲ့ အကြောင်းတွေ ထည့်ရေးထားတဲ့ စာတစ်စောင်နဲ့ သတင်းစကားပါးလိုက်ပါတယ်။

ကစားသမားဘ၀ နောက်ဆုံးပွဲအဖြစ် ဆွစ်ဇာလန်နိုင်ငံသား ကာဒစ်စတန်ကို အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်အတွက် ဂုဏ်ယူကြောင်း အပါအ၀င် "သူလွှတ်လာတဲ့ အချိန်မှာ အားကစားလောကထဲ ပြန်လည်၀င်ရောက်သွားပါဖို့နဲ့ စိန်ခေါ်မှုတွေကို လက်ခံဖို့အဆင့်သင့်ပါ။ မင်းနဲ့ မကြာခင်ပြန်လည် ဆုံတွေ့မယ် မျှော်လင့်နေပါတယ်"လို့ ရေးသားထားပါတယ်။ ဒီစာလေးတစ်စောင်က ကိုအောင်လနဲ့သူ့ကြား ညီအကိုသံယောဇဥ်ဘယ်လောက်ကြီးမားသလဲဆိုတာ သက်သေပြရာရောက်သလို သူကျန်းကျန်းမာမာရှိနေကြောင်း၊ ကိုအောင်လဟာ သူနဲ့အတူ မြန်မာပရိတ်သတ်တွေအတွက် ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ဖိုက်တာကြီးတစ်ယောက် ဖြစ်သလဲဆိုတာကိုလည်း ဖော်ညွှန်းရာရောက်နေကြောင်း သိရှိရပါတယ်။ အောင်လအန်ဆန်မှလည်း စာကိုလက်ခံရရှိပြီးနောက် ဖိုးသော်ကိုအမြဲသတိရနေကြောင်းနဲ့ ပြန်တွေ့တဲ့အခါ သရက်သီးအတူစားချင်ပါကြောင်း ပြန်လည် ရေးသားခဲ့ပါတယ်။

8 months ago | [YT] | 6

International World News

#ဖိလစ်ပိုင် ၁၂/၁၀/၂၀၂၅
🐦 ယနေ့ ထူးထူးခြားခြားဖြစ်ရပ်...

ဖိလစ်ပိုင်နိုင်ငံ Dinagat ကျွန်းစုရှိ ဆက်သယ်ရေးမျှော်စင်တစ်ခုပေါ်တွင် ငှက်များစုပုံနေ။ 🦅

မင်ဒါနာအိုပြည်နယ်၊ Dinagat ကျွန်းစုရှိ ဆက်သွယ်ရေး မျှော်စင်ပေါ်တွင် ငှက်အုပ်တစ်အုပ် ခုလို စုဝေးနေခဲ့ကြသည်။

———————-

#Philippines 12/10/2025
🐦 Today’s remarkable event…

A flock of birds gathered on a communication tower in the Dinagat Islands, Philippines. 🦅

In the province of Mindanao, on the Dinagat Islands, a group of birds was seen gathering like this on a communication tower.

8 months ago | [YT] | 2