AI တွေအတွက် အရေးကြီးဆုံးအချက်ကတော့ Data ဖြစ်ပါတယ်။ Data အချက်အလက်တွေ ပြည့်စုံစွာ ရရှိနို င် စေဖို့အတွက် Text, Image, Video, Sensor Data စသဖြင့် အမျိုးမျိုးသော နေရာပေါင်းစုံကနေ Data များကို Collection လုပ်ဆောင်ခြင်းဖြင့် စတင်ဆောင်ရွက်ပါတယ်။
ဒီလို နည်းစနစ်များဖြင့် Data စုဆောင်ခြင်း၊ Training ပေးခြင်း၊ Test လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် Update ဖြစ်နေစေရေးကို ထပ်ကာထပ်ကာဆောင်ရွက်နေစေပြီး လက်ရှိကျွန်တော်တို့ အသုံးပြုနေတဲ့ AI များကို ရရှိစေပါတယ်…
ဒီ Post လေးမှာတော့ AI တွေကို ဘယ်လိုစတင်မွေးထုတ်ရသလဲဆိုတာကို ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ပြီး မျှဝေပေးခြင်း ဖြစ်ပါတယ်…
AI အပါအဝင် ယနေ့ခေတ်စားပြီး ဝင်ငွေကောင်းနေတဲ့ Digital Marketing ကို Google ကနေ အခမဲ့လေ့လာနိုင်တဲ့ Website လေးတစ်ခု ဖြစ်ပါတယ်။ Digital နဲ့ဆိုင်တဲ့ Up to date သင်ခန်းစာတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီလေ့လာနိုင်ပြီး Certificate တွေလည်း အခမဲ့ထုတ်လို့ရလို့ လေ့လာသင့်တဲ့ Website တစ်ခုဖြစ်ပါတယ်…
AI နဲ့ပက်သက်ပြီးဖုန်းဖြင့် လေ့လာလို့ရမယ့် Application (၃)ခုအကြောင်း
AI တွေကအရမ်းကို အသုံးတည့်ပြီး လူတွေရဲ့ အချိန်တွေ၊ လုပ်အားတွေကို များစွာလျော့ချပေးနိုင်ရုံသာမက လိုချင်တဲ့ Idea တွေကိုလည်း အချိန်တိုလေးအတွင်းမှာ ထုတ်ပေးနိုင်လို့ အရမ်းကို အဆင်ပြေပါတယ်နော်…
ဒီ Post လေးမှာတော့ AI နဲ့ပက်သက်ပြီး အသုံးပြုလို့ကောင်းမယ့် Application လေး (၃)ခုကို မျှဝေပေးသွားပါ့မယ်…ဖုန်းနဲ့အလွယ်တစ်ကူ လေ့လာလို့ အဆင်ပြေအောင် Link လေးတွေကိုလည်း ထည့်သွင်းထားပေးပါ့မယ်
Digitalnet
♦️𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 ဆိုတာ ဘယ်လို အရေးပါသလဲ?
ယနေ့ခေတ်လုပ်ငန်းအားလုံး 𝑫𝒊𝒈𝒊𝒕𝒂𝒍 𝑷𝒍𝒂𝒕𝒇𝒐𝒓𝒎𝒔 မျိုးစုံမှာနေရာတစ်ခု ရရှိလာနိုင်စေရန် ဆောင်ရွက်နေကြလို့ 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 အကြောင်လေးကို 𝑫𝒊𝒈𝒊𝒕𝒂𝒍 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 လေးနဲ့ တွဲပြီး မျှဝေပေးသွားပါ့မယ်...
𝑫𝒊𝒈𝒊𝒕𝒂𝒍 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 ဆိုတာ 𝑻𝒓𝒂𝒅𝒊𝒕𝒊𝒐𝒏𝒂𝒍 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 ကို ပြန်လည်ဆန်းသစ်ထားတာမလို့ 𝑻𝒓𝒂𝒅𝒊𝒕𝒊𝒐𝒏𝒂𝒍 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 ကိုမေ့လို့မရလို့ ပူးတွဲပြီဖော်ပြမှ ပြည့်စုံပါလိမ့်မယ်။ 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 ဆိုတာ ကိုယ်ရောင်းချနေတဲ့ 𝑷𝒓𝒐𝒅𝒖𝒄𝒕𝒔 (𝒐𝒓) 𝑺𝒆𝒓𝒗𝒊𝒄𝒆𝒔 ကို လူတွေရဲ့ အမြင်မှာ ဘယ်လိုမြင်စေချင်သလဲ၊ ကိုယ်မြင်စေချင်တဲ့အတိုင်း၊ ကိုယ်ထင်စေချင်တဲ့အတိုင်း မြင်သွာအောင်၊ ထင်မြင်သွာအောင်၊ မှတ်မိသွာအောင် ကြိုတင်အကွက်ချ ပြင်ဆင်ထားခြင်းကို 𝑩𝒓𝒂𝒏𝒅𝒊𝒏𝒈 လုပ်တယ်လို့ မှတ်ယူလို့ရပါတယ်။
ဥပမာ-
✅ဒီလုပ်ငန်းက ဘယ် 𝑷𝒓𝒐𝒅𝒖𝒄𝒕𝒔 ကိုအဓိကထားပြီရောင်းတယ်/ ပစ္စည်းမှန်တယ်/ ဈေးလည်း စိတ်ချရတယ်
✅ဒီ 𝑺𝒆𝒓𝒗𝒊𝒄𝒆𝒔 က 𝑹𝒆𝒑𝒍𝒚 မြန်တယ်/ 𝑹𝒆𝒔𝒖𝒍𝒕𝒔 လည်းကောင်းတယ်/ဈေးနှုန်းလည်း သက်သာပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်
စသည်ဖြင့် လူတွေရဲ့စိတ်ထဲမှာ စွဲသွာအောင် မှတ်မိသွာအောင် လုပ်ငန်းဘက်ကနေ 𝑩𝒓𝒂𝒏𝒅 ဖော်ဆောင်ရတာ ဖြစ်ပါတယ်။
ယခင်ကတော့ 𝑩𝒓𝒂𝒏𝒅 တစ်ခုဖော်ဆောင်ဖို့ရန်အတွက် 𝑻𝒓𝒂𝒅𝒊𝒕𝒊𝒐𝒏𝒂𝒍 𝑩𝒓𝒂𝒏𝒅 တစ်ခုပဲရှိပြီး ကုန်ကျစရိတ်လည်း များစွာရှိပါတယ်။ ယနေ့ခေတ်မှာတော့ 𝑫𝒊𝒈𝒊𝒕𝒂𝒍 𝑩𝒓𝒂𝒏𝒅 ကိုပါဖော်ဆောင်လာကြပြီဖြစ်လို့ ကုန်ကျစရိတ် နည်းနည်းဖြင့် အချိန်တိုအတွင်း လူသိများလာအောင် ယုံကြည်လာအောင် မှတ်မိလာအောင် လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုမိုများပြားပါတယ်။
ဒါကြောင့် လုပ်ငန်းတိုင်းအတွက် 𝑩𝒓𝒂𝒏𝒅 တစ်ခုရှိဖို့အတွက် အရေးကြီးပြီး ကိုယ့်လုပ်ငန်းကို လူများများသိဖို့၊ သိပြီးရင်လည်း ဝယ်ယူသူဖြစ်စေဖို့နှင့် အကြိမ်ကြိမ်ပြန်လာဝယ်စေဖို့အတွက် ဝယ်ယူသူတွေရဲ့အမြင်မှာ မိမိတို့လုပ်ငန်းကို ဘယ်လိုမြင်နေစေချင်သလဲဆိုတဲ့ အချက်ပါဝင်အောင် 𝑩𝒓𝒂𝒏𝒅 တစ်ခုကို တည်ဆောက်ထားသင့်ပါကြောင်း အကြံပြုမျှဝေလိုက်ရပါတယ်
နောက် 𝑷𝒐𝒔𝒕 လေးမှာတော့ ကိုယ့် 𝑷𝒓𝒐𝒅𝒖𝒄𝒕𝒔 (𝒐𝒓)𝑺𝒆𝒓𝒗𝒊𝒄𝒆𝒔 နဲ့တူတဲ့ ကုန်ပစ္စည်းကို ဝယ်ယူမည်ဆိုပါက ကိုယ့်လုပ်ငန်းကိုပဲ လာဝယ်စေဖို့နှင့် ဝယ်ယူသူအချင်းချင်း ညွှန်းဆိုပေးစေဖို့အတွက် အရေးကြီးတဲ့ 𝑩𝒓𝒂𝒏𝒅 𝑫𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕 အကြောင်းလေးကို မျှဝေပေးသွားမှာမလို့ စိတ်ဝင်စားတယ်ဆိုရင် 𝑷𝒂𝒈𝒆 လေးကို 👍𝑳𝒊𝒌𝒆 & 𝑭𝒐𝒍𝒍𝒐𝒘 လေးလုပ်ထားခဲ့ဖို့ မမေ့နဲ့ဦးနော်
#𝒃𝒓𝒂𝒏𝒅
#𝒅𝒊𝒈𝒊𝒕𝒂𝒍𝒎𝒂𝒓𝒌𝒆𝒕𝒊𝒏𝒈
#𝒅𝒊𝒈𝒊𝒕𝒂𝒍𝒏𝒆𝒕
#𝒚𝒂𝒏𝒏𝒚𝒆𝒊𝒏𝒂𝒖𝒏𝒈
1 year ago | [YT] | 0
View 0 replies
Digitalnet
AI တွေဘယ်လို အလုပ်လုပ်တာလဲ?
AI (Artificial Intelligence) တွေအလုပ်လုပ်ဆောင်နိုင်စေဖို့အတွက် အချက်(၆)ချက်အပေါ်မူတည်ပြီး ဆောင်ရွက်ရပါတယ်။
#Data Collection
AI တွေအတွက် အရေးကြီးဆုံးအချက်ကတော့ Data ဖြစ်ပါတယ်။ Data အချက်အလက်တွေ ပြည့်စုံစွာ ရရှိနို င် စေဖို့အတွက် Text, Image, Video, Sensor Data စသဖြင့် အမျိုးမျိုးသော နေရာပေါင်းစုံကနေ Data များကို Collection လုပ်ဆောင်ခြင်းဖြင့် စတင်ဆောင်ရွက်ပါတယ်။
#Data Processing
စုဆောင်းရရှိထားသော Data များကို အဆင့်မြှင့်တင်ပြီး ပြန်လည် အသုံးပြုနိုင်စေရန်အတွက် Data Cleaning, Normalization, Feature Extraction စတဲ့ အချက်များကို ထည့်သွင်းခြင်း၊ ပြုပြင်ခြင်းများ အကြိမ်ကြိမ်ထပ်ဆင့် ဆောင်ရွက်ပါတယ်။
#Model Training
ဒေတာတွေကို အသုံးပြုပြီး AI မော်ဒယ်ကို လေ့ကျင့်ပါထပ်မံ လေ့ကျင့်ရပါတယ်။ ဒီနေရာမှာ Machine Learning (ML) နည်းလမ်းတွေကို အသုံးပြုပြီး Supervised Learning, Unsupervised Learning, Reinforcement Learning စသည့် နည်းလမ်းများဖြင့် လေ့ကျင့်ပါတယ်။
#Model Evaluation
လေ့ကျင့်ပြီးတဲ့အခါမှာတော့ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ကို Test Data တွေသုံးပြီး အကဲထပ်ဖြတ်ရပါတယ်။ အကဲဖြတ်ခြင်းအဆင့်မှာ Accuracy, Precision, Recall, F1 Score စသည့် မီတာတွေ သုံးပြီး အကဲဖြတ်ပါတယ်။
#Deployment
အကဲဖြတ်ပြီးတဲ့ မော်ဒယ်ကို Production Environment မှာ အသုံးပြုနိုင်အောင် Deployment အဆင့်ကိုလုပ်ဆောင်ပေးရပါတယ်။ ဒီနေရာမှာ API သုံးခြင်း, Cloud Services တွေကို အသုံးပြုခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ပါတယ်။
#Monitoring and Maintenance
မော်ဒယ်ကို Production Environment မှာ အလုပ်လုပ်နေစဉ်မှာ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီး Updates နှင့် Improvements များပြုလုပ်ရပါတယ်။
ဒီလို နည်းစနစ်များဖြင့် Data စုဆောင်ခြင်း၊ Training ပေးခြင်း၊ Test လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် Update ဖြစ်နေစေရေးကို ထပ်ကာထပ်ကာဆောင်ရွက်နေစေပြီး လက်ရှိကျွန်တော်တို့ အသုံးပြုနေတဲ့ AI များကို ရရှိစေပါတယ်…
ဒီ Post လေးမှာတော့ AI တွေကို ဘယ်လိုစတင်မွေးထုတ်ရသလဲဆိုတာကို ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ပြီး မျှဝေပေးခြင်း ဖြစ်ပါတယ်…
#chatgpt
#digitalnet
#digitalmarketing
#internet
#AI
1 year ago | [YT] | 0
View 0 replies
Digitalnet
နည်းပညာကိုလေ့လာချင်တဲ့ လူငယ်များအတွက် အခမဲ့လေ့လာလို့ရမယ့် Website (၃)ခု
Online ကနေ Learning တွေလုပ်ချင်တယ်။ အခမဲ့လည်း လေ့လာလို့ရမယ့်အပြင် Certificate တွေပါ ထုတ်ယူလို့ရမယ့် Website (၃)ခုအကြောင်းကို ဒီနေ့မျှဝေပေးသွားပါ့မယ်။ ဒီသင်တန်းတွေမှာပါဝင်တဲ့ သင်ခန်းစာတွေကို လေ့လာပြီး သွားရင်တော့ သင်ကိုယ်တိုင်လည်း Online ကနေဝင်ငွေကောင်းကောင်းတစ်ခု ရရှိစေမှာပဲ ဖြစ်ပါတယ်။
1.Google Digital Garage
AI အပါအဝင် ယနေ့ခေတ်စားပြီး ဝင်ငွေကောင်းနေတဲ့ Digital Marketing ကို Google ကနေ အခမဲ့လေ့လာနိုင်တဲ့ Website လေးတစ်ခု ဖြစ်ပါတယ်။ Digital နဲ့ဆိုင်တဲ့ Up to date သင်ခန်းစာတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီလေ့လာနိုင်ပြီး Certificate တွေလည်း အခမဲ့ထုတ်လို့ရလို့ လေ့လာသင့်တဲ့ Website တစ်ခုဖြစ်ပါတယ်…
Link: grow.google/intl/uk/courses-and-tools/
2.Education - Google AI
AI နဲ့ပက်သက်တဲ့ Code တွေထတ်ယူပုံ၊ အသုံးချပုံတွေကို Gemma အကြောင်း Develop with Gemini AI Assistance အကြောင်း Gemini API အကြောင်းတွေကို စုံလင်စွာ လေ့လာလို့ ကောင်းတဲ့ Website တစ်ခုဖြစ်ပါတယ်…
Link: ai.google/build
3.Google Analytics Academy
Analytics နဲ့ပက်သက်ပြီး beginner ကနေစတင်လေ့လာလို့ ကောင်းမယ့် Website လေးဖြစ်ပါတယ်။ Analytics Mini-Courses on YouTube သင်ခန်းစားပေါင်းများစွာလည်း ပါဝင်လို့ လေ့လာသင့်တဲ့ Website ထဲမှာ ပါဝင်ပါတယ်…
Link: analytics.google.com/analytics/academy/
Digital Marketing ကိုလေ့လာပြီး Online ကနေဝင်ငွေရှာချင်သူများ၊ Self-Study ဖြင့် Digital Marketing ကို လေ့လာလိုသူများအတွက် လေ့လာသင့်တဲ့ Website လေး (၃)ခု ဖြစ်ပါတယ်။
#DigitalNet မှချစ်ကာကာကြီးများမှလည်း ဒီ Website လေးတွေလေ့လာပြီး Online ကနေဝင်ငွေတိုးကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်
#study
#learning
#digitalmarketing
#onlinecourses
#internet
#wifi
1 year ago | [YT] | 0
View 0 replies
Digitalnet
AI နဲ့ပက်သက်ပြီးဖုန်းဖြင့် လေ့လာလို့ရမယ့် Application (၃)ခုအကြောင်း
AI တွေကအရမ်းကို အသုံးတည့်ပြီး လူတွေရဲ့ အချိန်တွေ၊ လုပ်အားတွေကို များစွာလျော့ချပေးနိုင်ရုံသာမက လိုချင်တဲ့ Idea တွေကိုလည်း အချိန်တိုလေးအတွင်းမှာ ထုတ်ပေးနိုင်လို့ အရမ်းကို အဆင်ပြေပါတယ်နော်…
ဒီ Post လေးမှာတော့ AI နဲ့ပက်သက်ပြီး အသုံးပြုလို့ကောင်းမယ့် Application လေး (၃)ခုကို မျှဝေပေးသွားပါ့မယ်…ဖုန်းနဲ့အလွယ်တစ်ကူ လေ့လာလို့ အဆင်ပြေအောင် Link လေးတွေကိုလည်း ထည့်သွင်းထားပေးပါ့မယ်
#Bing
ဒီ Website လေးမှာတော့ Prompts တွေကိုထည့်လိုက်တာနဲ့ အလန်းစား Images တွေကို ထုတ်ပေးမယ့်အပြင် Quality ကလည်းအရမ်းကိုမိုက်ပါတယ်။ Account လေး Create လုပ်လိုက်တာနဲ့ Points (150) ရနိုင်ပြီး အခမဲ့ထုတ်ယူလို့ရပါတယ်
Link: play.google.com/store/apps/details...
#ChatGPT
AI တွေရဲ့ဆရာကြီးကိုတော့ တော်တော်များများ သိရှိပြီး ဖြစ်ပါတယ်။ AI မှာ ChatGPT ထက်ဦးစွာပေါ်ထားတဲ့ Application ပေါင်းများစွာ ရှိပေမယ့် ဒီဆရာကြီးပေါ်လာမှ AI ကိုလူတော်တော်များများ သတိထားမိသွားတာဖြစ်ပါတယ်။
ဒီ Application လေးကတော့ မိမိသိရှိလိုသော အကြောင်းအရာများကို အလွယ်တစ်ကူမေးလို့ ရနိုင်တဲ့အပြင်ရှုပ်ထွေးတဲ့ HTML, Java Script တွေအပြင် Excel Formula တွေကိုပါ အလွယ်လေးပြန်ရေးပေးနိုင်ပါတယ်။ ဒါအပြင် Video Scripts တွေကိုလည်း ရေးခိုင်းလို့ရတဲ့အပြင် Content Writer တွေအတွက်လည်း Knowledge Post များ Copy Writing များကိုပါ ထုတ်ပေးနိုင်လို့ အရမ်းကို မိုက်တဲ့ Application လေးတစ်ခုပဲဖြစ်ပါတယ်
Link: play.google.com/store/apps/details...
#canva
Design အတွက်ခေါင်းခဲနေရင်တော့ Canva ကသင့်အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်စေမှာပါ။ အသင့်သုံး Template ပေါင်းများစွာရှိပြီး မိမိတို့လိုချင်တဲ့ပုံကို မိနစ်ပိုင်းအတွင်း အလွယ်တစ်ကူထုတ်ယူနိုင်တဲ့အပြင် AI Features တွေနဲ့ အခြားသော Application ကိုပါ ချိတ်ဆက်အသုံးပြုနိုင်လို့ Canva သာဆောင်ထားရင် Design အတွက်ခေါင်းမခဲရဘူးလို့ အာမခံပါတယ်။ အခမဲ့လည်း အသုံးပြုနိင်လို့ စမ်းကြည့်ဖို့တော့ မမေ့လိုက်နဲ့ဦးနော်
Link: play.google.com/store/apps/details...
ဒီ Application လေး(၃)ခုကိုတော့ သင့်ဖုန်းထဲမှာဆောင်ထားလိုက်ရင် အရမ်းကို အချိန်ကုန်သက်သာပြီး ဝင်ငွေတွေပါ တိုးလာနိုင်စေမှာဖြစ်ပါတယ်…
ဒီ Post လေးကသင့်အတွက်အကျိုးရှိမယ်လို့ထင်ရင် Comment မှာ “Yes” လို့ရေးပေးသွားပြီး Share လည်းလုပ်ပေးခဲ့နိုင်ပါတယ်...
#application
#digitalmarketing
#digitalnet
#yannyeinaung
1 year ago | [YT] | 1
View 0 replies
Digitalnet
"သိသူဖော်စား မသိသူ ငိုသွားရမယ့် Digital Marketing Budget Plan Tips!"
လစဉ် Page လေးတိုးတက်အောင် Media Buying တွေတော့ လုပ်နေကြပေမယ့် သိသိသာသာ ရောင်းအားတွေ တက်မလာဘူး၊ media buying မလုပ်ရင် လာမေးသူတောင် မရှိသလောက် ဖြစ်နေတယ် ဆိုရင် ဒီ Post လေးက သင့်ကို အထောက်အကူများစွာ ရရှိနိုင်ပါလိမ့်မယ်...
ဒီ Post လေးမှာ ဆရာရေ ငါးဒေါ်လာလောက် သုံးရမလား (သို့) ဆရာ အဆင်ပြေသလို တစ်ဆယ်လောက် သုံးချင်သုံးလိုက်လေလို့ မေးတတ်တဲ့ သူတွေအတွက် အဓိက Solution တွေ ရနိုင်မှာမလို့ ကိုယ်က လုပ်ငန်းတစ်ခုကို Digital Marketing နဲ့ ရောင်းချနေရင်တော့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ
👇👇👇
tinyurl.com/ywne5hhy
#digitalnet
#BudgetPlan
#digitalmarketing
1 year ago | [YT] | 0
View 0 replies
Digitalnet
Page မှာရောင်းအားကောင်းစေရန် ဆောင်ရွက်ရမည့် အချက် (၃)ချက်
Online Shop ရောင်းချသူတွေအနေနဲ့ ရောင်းအားတက်ချင်တာ မှန်ပေမယ့် လက်တွေ့မှာ ရောင်းအားက ထင်သလောက်မကောင်းဘူးဆိုရင် ဒီအချက်လေးတွေပြင်ပေးဖို့ လိုနေလို့ ဖြစ်ပါတယ်။ တော်တော်များများ ပစ္စည်းတွေရောက်တယ်၊ ပုံရိုက်မယ်၊ content ကိုအဆင်ပြေသလိုလေးရေးပြီး boost ထိုးမယ်၊ တစ်ချို့ service အပ်ကြတယ်...လက်တွေမှာ ထင်သလို ဖြစ်မလာပဲ စိတ်ညစ်နေကြရပါတယ်။
ဒီလိုဖြစ်နေတယ်ဆိုရင်-
✍🏼Content ကိုဒီအချက် ( ၃ )ချက်နဲ့ အရင်ပြင်ရေးပေးဖို့ လိုပါတယ်...
🎯ကိုယ်ရောင်းချင်တဲ့ အဝတ်အစားက ဘယ်လိုလူတွေကို Target ထားတာလဲ အရင်သတ်မှတ်ပါ (လူငယ်တွေကို Target ထားရင် လူငယ်တွေနဲ့သက်ဆိုင်ပြီး popular ဖြစ်စေမယ့် အသုံးအနှုန်းလေးတွေနဲ့ ညှပ်ရေးပေးသင့်ပါတယ် - "အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါးလေးနဲ့ ပေါ်လွင်နေချင်ရင်တော့"၊ "လူတွေကြားထဲ ထင်းကနဲ ပေါ်လွင်ပြီး လှပကျော့ရှင်းနေချင်တယ်ဆိုရင်" စသည်ဖြင့် အသုံးပြုသင့်)
🎯Location သတ်မှတ်ပါ - ကိုယ်ရောင်းတဲ့ products ကအရမ်းခေတ်ဆန်ပြီး လူငယ်တိုင်းကြိုက်တယ်ဆိုပေမယ့် ရန်ကုန်၊ မန္တလေးမြို့လောက်ပဲ ဝတ်လို့အဆင်ပြေတာ ရှိပါတယ်။ ကိုယ်ကမြန်မာတစ်နိုင်ငံလုံးအနှံပို့ပေးတယ်ဆိုပေမယ့် ကိုယ်ရောင်းတဲ့ products ကနယ်မြို့တွေနဲ့ သင့်တော်လား? အဆင်ပြေနိုင်လား? နယ်ကလူတွေအနေနဲ့ ဝတ်လေ့ဝတ်ထရှိရဲ့လား? စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ (ကိုယ်ရောင်းတဲ့ products ပေါ်မူတည်ပြီး ဝယ်နိုင်ချေရှိတဲ့ Location တွေကိုပဲ ဖိပြီး ကြော်ငြာတာက ရောင်းရနိုင်ချေပိုများပါတယ်)
🎯Boost လုပ်မယ့်ကြော်ငြာ Post ကရိုးရိုးရှင်းရှင်းနဲ့ အချက်အလက်ပြည့်စုံပါစေ။ ရိုးရှင်းတဲ့ content လေးတွေကို လူတွေကကြိုက်ကြပါတယ် ဒါပေမယ့်...
✅ယိုးဒယားမိတ်
✅ဈေးနှုန်းဘယ်လောက်
အာ့လိုရိုးရှင်းပေမယ့် လူတွေမဝယ်ကြသေးပါဘူး ဒီတော့
✅အသား Quality လေးကောင်းတယ်
✅ရေလျော်ခံပြီး အသီးလည်းမထတဲ့အပြင် ပုံထဲအတိုင်းလေး ချွတ်ဆွတ်ပါနော် (အပြင်ပုံလေးလည်း ထည့်ပေးထားပါတယ်)
ဒီလိုလေးထပ်ထည့်ရင် သူတို့စိတ်ထဲက သံသယကိုပါ မိမိကမြင်ပြီး ကြိုရေးရှင်းပြပေးထားလို့ ရောင်းရနိုင်ချေ ပိုတိုးလာပါလိမ့်မယ်။ ဒီလိုလေးရေးပေးခြင်းက ဝယ်ယူမယ့်သူများအတွက် ယုံကြည်မှုတိုးလာစေနိုင်တဲ့အပြင် သက်တောင့်သက်သာ ရှိစေပါတယ်။
ဒီလိုအချက်လေးတွေထည့်ပြီးရင်တော့ ဆိုင်ရှိရင်ဆိုင်မှာလာကြည့်လို့ရကြောင့် Online Shop ဆိုရင်လည်း Deli နဲ့အိမ်အရောက် ငွေချေဆောင်ရွက်ပေးကြောင်း နယ်ဆိုလည်း ဘယ်လိုပို့ပေးကြောင်း ရှင်းလင်းစွာပြောပေးဖို့လိုအပ်ပါတယ်။
နောက်ဆုံးအပိတ်လေးကိုလည်း CTA (Call to Action) လို့ခေါ်တဲ့ Customers တွေကို တိုက်တွန်းတဲ့ ပုံစံမျိုး " ရောက်ကုန်လေးတွေမို့ မြန်မြန်မှာထားမှ စိတ်ချရမယ်နော် " " လက်ကျန်ရှင်းတာမလို့ ဒီဈေးနဲ့ရတာနော် " " ဒီတစ်ခေါက်ပဲ ဒီဈေးနဲ့ရမှာနော် " စသည်ဖြင့် တိုက်တွန်းတဲ့ပုံစံမျိုးလေးနဲ့ ဝယ်သူရဲ့စိတ်ကို ဝယ်ချင်အောင်နှိုးဆွပေးဖို့လည်း လိုအပ်ပါတယ်...
♦️ဒီ post လေးက သင့်အတွက် တစ်ခုခုအကျိုးရှိတယ်ဆိုရင် comment မှာ "Yes" လို့ရေးပေးခဲ့ပြီး အခြားသူများလည်း သိရှိအောင် "Share" လေးလုပ်ပေးဖို့တောင်းဆိုပါရစေနော်...
♦️♦️♦️ဒီလို content မျိုးလေးတွေနဲ့ ပုံတွေ(အခမဲ့) services အပ်ချင်ရင်တော့ DigitalNet Myanmar မှာ $5 ကနေ Boost Service အပ်လို့ရနိုင်ပြီး Monthly Package များလည်း ရယူနိုင်စေရန် Cb ကနေ " Hi " လုပ်လိုက်ပါတော့...
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
#digitalnet
#contentmarketing
1 year ago (edited) | [YT] | 0
View 0 replies