Hlaing Hlaing Pyae Phyo

Hello! I'm Hlaing Hlaing Pyae Phyo — a lifelong learner with a background in HR, Marketing, and Customer Service.
Along my journey, I realized that many people spend years learning about careers, business, and success, yet never truly learn to understand themselves.
That realization inspired me to create HMC — a platform dedicated to helping people understand themselves, discover their strengths, and unlock their potential through self-coaching.
Here, I share insights on self-coaching, personal growth, HR, marketing psychology, learning, and lifestyle design.
My mission is simple:
To help people know themselves, coach themselves, and become the best version of themselves.
✨ Know Yourself. Coach Yourself. Become Your Best Self.
🇲🇲 In Burmese. For Myanmar minds ready to grow independently.
🌿 Subscribe and begin the journey.


Hlaing Hlaing Pyae Phyo

Fall In Love With Your Customer’s Pain Points. [Not with your solutions]

ဒီနေ့ည Sapwar Marketing သင်တန်း ဉာဏ်ပွင့်ချက် တော်တော်လေး သဘောကျမိတယ်။

Learning time က အပျော်ဆုံးပဲ ဟီးဟီး ✨

→ စျေးရောင်းချင်မှ Marketing မလုပ်ပါနဲ့။
→ Marketing ဆိုတာ နေ့စဉ်လုပ်ရတာ။

#hlainghlaingpyaephyo

2 days ago | [YT] | 7

Hlaing Hlaing Pyae Phyo

စေတနာနဲ့ လုပ်ပေးတာဆိုပြီး မပြောရဘဲ ကိုယ့်ပေါ် စေတနာရှိတယ်လို့ ခံစားရစေတာ စေတနာပါ။

#hlainghlaingpyaephyo

4 days ago | [YT] | 9

Hlaing Hlaing Pyae Phyo

တိုးတက်ဖို့မကြိုးစားခင် ကိုယ့်ကိုယ်ကို အရင်နားလည်ပါ။

#hmc

4 days ago | [YT] | 8

Hlaing Hlaing Pyae Phyo

တချို့သူတွေ လက်ခံချင်မှ လက်ခံလိမ့်မယ်။

အပြောင်းလဲလုပ်ရတဲ့ အခက်ခဲဆုံးအရာက မိသားစု၊ ငယ်ဘဝပတ်ဝန်းကျင်က လာတဲ့ အတွေးခေါ် ပဲ။

အသက်ရွယ်တစ်ခုရောက်ပြီး ရည်မှန်းချက်ကြီး ဖြစ်ချင်စိတ် များတဲ့သူတွေမှာ ဒီအခက်ခဲ ရင်ဆိုင်ရတယ်။

အရှေ့ဘက်လောက်ပဲ ပြေးချင်ချင် ကိုယ့်ကိုနောက်ပြန်ဆွဲနိုင်တာ ငယ်ဘဝ မိသားစု၊ ပတ်ဝန်းကျင်ကလာတဲ့ Shadow တွေရှိတယ်။

ဒီ Shadow တွေကို သတိထားလေ့လာဖို့လိုတယ်။ The untethered soul မှာ ပြောထားသလို ကိုယ်စဉ်းစားမိနေတဲ့အရာတိုင်းက ကိုယ်မဟုတ်ဘူး။

ပြဿနာ မဖြေရှင်းနိုင်တဲ့ ပတ်ဝန်းကျင်က လာရင် ပြဿနာဖြေရှင်းဖို့ မစဉ်းစားတတ်ဘူး။ တချို့ကျလည်း မလုပ်နိုင်ဘူး။ ခက်ခဲလိုက်တာ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ငါတို့တွက် မဟုတ်ဘူး။ ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး စတဲ့ တလမ်းသွား စဉ်းစားနည်းတွေ၊ အသုံးမဝင်တော့တဲ့ အတွေးမြင်ကျဉ်းတာတွေကို ဖယ်ယူနိုင်ရတယ်။

တိုးတက်ခြင်းကလည်း မြွေအရေခွံလဲသလိုပဲ။

Evolution လုပ်တိုင်းမှာ အသုံးမဝင်တဲ့အတွေးခေါ်၊ မှားယွင်းတဲ့စဉ်းစားနည်း၊ မကောင်းတဲ့အမူကျင့်တွေကို အရင်စွန့်ရတယ်။

အဟောင်းတွေစွန့်ပြီး အသစ်တွေရလာရင် မတူညီတဲ့ခံစားချက်နဲ့ အမြင်တဆင့် ပိုပွင့်လာတယ်။

#hlainghlaingpyaephyo

5 days ago | [YT] | 19

Hlaing Hlaing Pyae Phyo

Introvert တစ်ယောက်အနေနဲ့ Networking Event ကို သွားခဲ့တဲ့ အတွေ့အကြုံ 🚀

Introvert ဖြစ်လို့ လူသစ်တွေနဲ့ တွေ့ရတာကို မကြိုက်ဘူးလား?

ကျွန်မလည်း အရင်က Networking Event တွေကို သွားရမှာ စိတ်ပင်ပန်းမယ်၊ Energy ကုန်မယ်လို့ ထင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က Bangkok မှာ Next Level Networking Event ကို တက်ရောက်ပြီးနောက် ကျွန်မ နားလည်လိုက်တာတစ်ခု ရှိပါတယ်။

Introvert ဖြစ်တာက လူသစ်တွေကို မတွေ့ချင်တာ မဟုတ်ပါဘူး။

ရင်ဘတ်ချင်းနီးတဲ့ လူတွေ၊ ကိုယ့်ရဲ့ Values နဲ့ Vision ကို နားလည်ပေးတဲ့ လူတွေနဲ့ တွေ့ရတဲ့အခါ Energy က ကုန်သွားတာ မဟုတ်ဘဲ ပိုရလာပါတယ်။

ဒီ Video မှာတော့ ကျွန်မရဲ့ အတွေ့အကြုံကို အပိုင်း (၃) ပိုင်းနဲ့ မျှဝေပေးထားပါတယ်။

🎯 ဘာကြောင့် ဒီ Networking Event ကို သွားခဲ့တာလဲ?
ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ အခွင့်အလမ်းတွေကို ဘယ်လိုရှာဖွေလဲဆိုတာ။

💡 Lesson Learned
Networking Event တစ်ခုကနေ တိုက်ရိုက်ရခဲ့တဲ့ သင်ခန်းစာတွေအပြင် သွယ်ဝိုက်ပြီး ရခဲ့တဲ့ အတွေးအမြင်အသစ်တွေ။

🌱 New Perspective
Networking ဆိုတာ Business Card လဲတာ မဟုတ်ဘူး။
ကိုယ့်ကို တိုးတက်စေမယ့် လူတွေ၊ အတွေးအမြင်တွေ၊ အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်တာ ဖြစ်ပါတယ်။

သင်က နိုင်ငံခြားမှာ နေပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားနေသူ၊ အခွင့်အလမ်းအသစ်တွေ ရှာဖွေနေသူ၊ ဒါမှမဟုတ် Introvert ဖြစ်လို့ Networking ကို ကြောက်နေသူဆိုရင် ဒီ Video က သင့်အတွက် ဖြစ်ပါတယ်။

တစ်ခါတစ်လေ…

ဘဝကို ပြောင်းလဲပေးတာ Event တစ်ခု မဟုတ်ဘူး။

အဲဒီ Event မှာ တွေ့လိုက်ရတဲ့ လူတစ်ယောက်၊ အတွေးတစ်ခု၊ ဒါမှမဟုတ် Perspective အသစ်တစ်ခု ဖြစ်နိုင်ပါတယ်။

💬 သင်က Introvert လား? Networking Event ကို တက်ဖူးလား? သင့်အတွေ့အကြုံကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

🔗 Full video in the comments

#hlainghlaingpyaephyo
#Networking #ProfessionalNetworking #CareerGrowth #Introvert #PersonalGrowth #Bangkok #CareerDevelopment #myanmar

6 days ago | [YT] | 4

Hlaing Hlaing Pyae Phyo

နေ့တနေ့ရဲ့ စိတ်ကျေနပ်စရာ အကောင်းဆုံးအချိန်က Learning Time ပဲ။

Sapwar Marketing Batch-1 က Join လာတာ အခုဆို Batch-7 ရောက်လာပြီ။ ကြားထဲမှာ Guerrilla Marketing အကြောင်းလည်း လေ့လာခဲ့တော့ ၂နှစ်ကျော် ရှိလာပြီ။

မကြာသေးခင်ကမှ Marketing Insights တစ်ခုရသွားတာလေးကို YouTube Video လေး နဲ့မျှဝေထားသေးတယ်။

ဘဝရဲ့ ယုံကြည်ချက်အသစ်တစ်ခုက Marketing တတ်ရင် ငွေရှာရလွယ်လာမယ်။ လူတွေရဲ့အထင်မြင်ကြောင့် စိတ်ညစ်မှုဝေးမယ်။

အနာဂတ်မှာ လုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ Marketing က မဖြစ်မနေလိုလာမယ်လို့ မြင်တယ်။

ပစ္စည်းရောင်းရရင် Marketing မလိုဘူးဆိုတဲ့ခေတ်က မကြာခင်ကုန်ဆုံးတော့မယ်လို့ မြင်မိတယ်။

ကိုယ်ကရော Marketing ပေါ် ဘယ်လိုမြင်လဲ?

#hlainghlaingpyaephyo

1 week ago | [YT] | 11

Hlaing Hlaing Pyae Phyo

မနေ့က event သွားတော့ Dr. Sebastien က ကိုယ့်ကို မေးခွန်းလှမ်းမေးတယ်။

ဘာကြောင့် ဒီ event join တာလဲတဲ့။
I want to see you လို့ ဖြေလိုက်တယ်။

ပြန်ခါနီး မေးခွန်း မေးလို့ရတယ်။ မေးပါ ပြောတော့ သူပြောပြခဲ့တဲ့ Storytelling ထဲ Root cause ၃ခုကို ပြန်ကောက်ပြီး လက်ရှိမှာ ငါလည်း Coach လုပ်နေပြီး Coach တစ်ယောက်အတွက် အရေးကြီးတဲ့ Root cause ၃ခုက ဘာဖြစ်မလဲ လို့မေးလိုက်တယ်။

1. Results oriented
2. Techniques (NLP and ICF Program ၂ခု)
3. Understand how to get paid clients

ဆိုပြီး ဖြေပေးခဲ့တယ်။ Coach ဖြစ်ချင်တဲ့သူလေးတွေ ဒီစာဖတ်ခဲ့ရင် အကျိုးရှိအောင် မနေ့က လှိုင်လှိုင်ရခဲ့တဲ့ message လေးကို ပြန်မျှဝေပေးတာပါ။

သူပြောခဲ့တဲ့ Storytelling ထဲက NLP TM ဖြစ်တဲ့ The 5 Human Clouds အကြောင်းကို နောက်ရက်ကျ မျှဝေပေးပါဦးမယ်နော်။

#hlainghlaingpyaephyo

1 week ago | [YT] | 17

Hlaing Hlaing Pyae Phyo

၁၀တန်း စာမေးပွဲဆိုတာ ဘဝရဲ့ပထမဆုံး စာမေးပွဲပေါ့။

လူကြီးတွေ ပြောလေ့ရှိတာ ၁၀တန်းပြီးရင် ပြီးပြီ။ လွတ်လပ်ပြီ။ ကြိုက်တာ လုပ်ရပြီဆိုတဲ့ စကား ကြားဖူးမလားတော့ မသိ။

လှိုင်လှိုင်အနေနဲ့တော့ နိုင်းနိုင်းစနေရဲ့ သတ္တိရှိသော ပထမခြေလှမ်းစာအုပ်နဲ့ ပြန်စတင်ခဲ့တဲ့ ဘဝတွက်ပထမဆုံးစာမေးပွဲပဲ။ ကျလို့တော့ မဟုတ်ဘူး။ မျှော်လင့်တဲ့တိုင်း ဖြစ်မလားလို့။

တစ်ယောက်နဲ့တစ်ယောက် ခေါင်းထဲထည့်ထားတဲ့အဓိပ္ပာယ်ဖွင့်မှု၊ ခံယူချက်၊ တန်ဖိုးထားမှု မတူရင် ဂုဏ်ထူးမှန်းထားသလောက် မရတဲ့သူ၊ အောင်ပဲအောင်လာသူ၊ မထင်မှတ်ဘဲ အမှတ်တွေကောင်း၊ ဂုဏ်ထူးရလာသူတွေ ယှဉ်စရာမလိုဘူးလို့တော့ မြင်မိတယ်။

လူငယ်တွေဆိုတော့ မျှော်လင့်ချက်များမယ်။ အိမ်မက်တွေကြီးမယ်။ အညွှန့်တလူလူနဲ့ လောကကြီးကြောင်း သေချာမသိသေးတဲ့ လူသားလေးတွေပေါ့။

ဘယ်လိုပဲရလဒ်ရရ အရေးကြီးတာ ကိုယ့်အညွှန့်ကို ကိုယ်တိုင်မချိုးမိဖို့လိုတယ်လို့ မြင်တယ်။ အခြားသူနဲ့ယှဉ်ရင် ကိုယ့်ကိုယ်ကို မလေးစားရာရောက်တယ်။ ကိုယ်က သူသတ်မှတ်ထားတဲ့စံနှုန်းပဲ ရှိတာလား။

ကိုယ့်စံနှုန်းကို ကိုယ်တိုင်သတ်မှတ်ပါ။ အခြားသူစံနှုန်းအတိုင်း အောင်မြင်တာ ကိုယ်အောင်မြင်တာ မဟုတ် သူအောင်မြင်တာပါ။

၁၀တန်းဆိုတာ ဘဝရဲ့ပထမဆုံး စာမေးပွဲလို့ပဲတွေးကြည့် နောက်မှဖြေရမယ့် စာမေးပွဲတွေ ကျန်သေးတယ်။

ကိုယ့်ဘဝတွက် အောင်မြင်မှုစံနှုန်းကို ကိုယ်တိုင်တည်ဆောက်ပါ။ အခြားသူစံနှုန်းတိုင်း အောင်မြင်ဖို့မလိုပါဘူး။

#hlainghlaingpyaephyo

1 week ago | [YT] | 15

Hlaing Hlaing Pyae Phyo

ကိုယ်က Introvert မလို့ လူသစ်တွေအများကြီးနဲ့ မတွေ့ချင်တာမျိုး ရှိဖူးလား?

လှိုင်လှိုင်လည်း Introvert မလို့ တော်ရုံလူသစ်တွေနဲ့တွေ့ဖို့ စိတ်အားထက်သန်တဲ့ထဲ မပါဘူး။

တခါတလေကျတော့ စဉ်းစားမိတယ်။ အနာဂတ်မှာ ကိုယ်သွားချင်တဲ့နေရာရောက်ပြီး ကိုယ်လိုချင်တာရဖို့ ပတ်ဝန်းကျင်ကောင်းရဲ့အထောက်ပံ့တွေလိုတာ မြင်လာမိတယ်။

ပတ်ဝန်းကျင်ကောင်းဆိုတာ ကိုယ့်ဆီအလိုလိုရောက်မလာဘူး။ ကိုယ်က ရှာရတယ်။ ရောက်အောင် သွားရတာမျိုးလည်းရှိတယ်။

ဒီနေ့လည်း ဘန်ကောက်မှာ လုပ်တဲ့ Next Level Networking event ကို သွားဖြစ်ခဲ့တယ်။

သွားတဲ့ရည်ရွယ်ချက်ကတော့ ရှင်းတယ်။ Bangkok ရဲ့ NLP Top Coach က Dr. Sebastien Leblond နဲ့တွေ့ချင်တယ်။ သိချင်တဲ့မေးခွန်း မေးချင်တယ်။ အသစ်တွေ လေ့လာချင်တယ်။ ဒီလောက်ပဲ။

ကျန်တာက Experience ကို ဝယ်တာလို့ တွေးထားတယ်။ လူတွေမတူရင် energy မတူဘူး။ ပြောတဲ့စကားတွေ မတူရင် ရတဲ့ vibe တွေ မတူဘူး။ စဉ်းစားပုံ မတူ၊ အမြင်မတူရင် ရလဒ်မတူဘူး။

ကိုယ့်အတွက်တော့ လေ့လာစရာတွေ ပြည့်နှက်နေပြီး အမြင်သစ် လူသစ်တွေနဲ့ ပတ်ဝန်းကျင်သစ်တစ်ခုကို ခဏအလည်သွားခဲ့ရတယ်လို့ ခံစားမိတယ်။

စိတ်အားထက်သန်တဲ့ လူငယ်တွေနဲ့ တွေ့တော့ အသက် ၂၀ အရွယ် CV Form အထပ်လိုက် Print ထုတ်ပြီး မြန်မာ့ထိပ်တန်းကုမ္ပဏီရုံးခန်းဆီ မျှော်လင့်ချက်အပြည့်နဲ့ အလုပ်သွားလျှောက်ခဲ့တဲ့ လှိုင်လှိုင်ပြည့်ဖြိုးကို ပြန်မြင်ယောင်မိသွားတာတော့ အမှန်ပဲ။

#hlainghlaingpyaephyo

1 week ago | [YT] | 37

Hlaing Hlaing Pyae Phyo

အလုပ်လုပ်ရင်း ဝင်ငွေတိုးလာဖို့ အလုပ်ပဲလုပ်နေလို့မရဘူး။

အချိန်နဲ့ ငွေ ရင်းနှီးမြှုပ်နှံပြီး အသစ်တစ်ခုခု သင်ယူနေဖို့အရေးကြီးတယ်။ တိုးတက်မှုတိုင်းက နေနေကျနေရာ၊ တွေ့နေကျသူတွေမှာ ရဖို့ ရာခိုင်နှုန်း နည်းပါတယ်။

ဝင်ငွေတိုးချင်တာ၊ အခွင့်လမ်းသစ်တွေ ရဖို့ လူသစ်၊ နေရာသစ်တွေဆီမှာ သင်ယူမှုအသစ်တွေ လိုပါမယ်။

အသစ်တွေ သင်ယူပြီး တိုးတက်ဖို့ Ready ဖြစ်တဲ့ချိန် နေနေကျ နေရာဟောင်းမှာ အခွင့်လမ်းမရှိရင် နေရာသစ် အခွင့်လမ်းဆီ ပြောင်းရပါမယ်။

ဝင်ငွေတိုးဖို့ အလုပ်ပဲလုပ်နေတာမဟုတ်ဘဲ သင်ယူမှုအသစ်တွေနဲ့ အမြဲထိတွေ့မှ အတွေးမြင်သစ်၊ အခွင့်လမ်းသစ်တွေ ဖန်တီးနိုင်မယ်။

#hlainghlaingpyaephyo

2 weeks ago | [YT] | 12