မင်္ဂလာပါ... ဆရာဖူးကျော်ဇင်ရဲ့ You Tube Channel လေးကနေ ကြိုဆိုလိုက်ပါတယ်...။

တိုးတက်အောင်မြင်မှုကို လိုလားကြသူတိုင်းနဲ့ ဘဝမှာအကောင်းဆုံးပြောင်းလဲမှုတွေကို ဖန်တီးကြလိုသူတိုင်းအတွက် အောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Video ကောင်းများကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်...။

Subscribe လုပ်ထားပြီး အောင်မြင်တိုးတက်မှု ပန်းတိုင်ကို အတူတူလျှောက်လှမ်းကြရအောင်ပါ...။

I am Phoo Kyaw Zin, Best Selling Author, Corporate Trainer, Motivational Speaker, Life & Success Coach and Entrepreneur in Myanmar. Founder of FUTURE WAVE Success and Motivation Training (Since 2012)

This is my Facebook Page : Phoo Kyaw Zin

Thank you all,
Phoo Kyaw Zin - Future Wave


Phoo Kyaw Zin

🚨 REMINDER 🚨
Leadership Talk Event ကို join ဖို့ အချိန်နီးလာပါပြီ ✨
Industry leaders တွေရဲ့
💡 Leadership Experiences
💡 Success Stories
💡 Practical Insights
တွေကို တိုက်ရိုက်နားဆင်ပြီး
ကိုယ့်ရဲ့ career journey အတွက် inspiration အသစ်တွေ ရယူနိုင်မယ့် အခွင့်အရေးကို မလွတ်စေနဲ့နော် 🔥

Free တက်ရောက်နိုင်ရန် စာရင်းသွင်းပါ
forms.cloud.microsoft/r/KJSRGq3G09

📅 31st May 2026
⏰ 1:00 PM – 4:00 PM
📍 Timecity Office Tower 2, Kamayut, Yangon
Seats Limited ⚡
See you at the Leadership Talk!

1 day ago | [YT] | 82

Phoo Kyaw Zin

ငွေရှာတော်ရုံနဲ့ စိတ်ချရပြီလား?

အမှန်တရားတစ်ခုကတော့... ဝင်ငွေများရုံနဲ့ သင် ဘယ်တော့မှ သူဌေးဖြစ်လာမှာ မဟုတ်ပါဘူး။

လောကမှာ တစ်လ သိန်းရာချီရပြီး အကြွေးပတ်ချာလည်နေတဲ့ အဆင့်မြင့်အရာရှိတွေ၊ ရာထူးကြီးသူတွေ၊ ပညာတတ်တွေ အများကြီး ရှိပါတယ်။

ဘာလို့လဲဆိုတော့ သူတို့မှာ ဝင်ငွေသာများတာ... "Money Manage (ငွေစီမံခန့်ခွဲမှု)" ကျ လုံးဝမရှိလို့ပါ။

ဝင်ငွေ ဘယ်လောက်ရလဲဆိုတာထက် ရလာတဲ့ငွေထဲက "ဘယ်လောက်ကို ကိုယ့်လက်ထဲမှာ ကျန်အောင် ထိန်းထားနိုင်မလဲ" ဆိုတဲ့ Manage စွမ်းရည်နဲ့ အဲဒီကျန်တဲ့ငွေကို အိပ်နေရင်းနဲ့တောင် ပွားများလာအောင် ဘယ်လို "Grow (ရင်းနှီးမြှုပ်နှံ)" မလဲဆိုတဲ့ စွမ်းရည်ကသာ သင့်ကို တကယ် ချမ်းသာစေမှာ ဖြစ်ပါတယ်။

ဒီစွမ်းရည်နှစ်ခုကို သင် ဘယ်လို လေ့ကျင့်မလဲ?

ဒါကြောင့်မို့လို့ပဲ Robert Kiyosaki က သင့်ကို ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပိုင်ဆိုင်မှု (Asset) တည်ဆောက်ပုံတွေကို လက်တွေ့ သင်ယူနိုင်ဖို့ CASHFLOW Game ကို ဖန်တီးခဲ့တာပါ။

ဒါဟာ သင့်ရဲ့ ငွေကြေးဗီဇကို ပြောင်းလဲပေးမယ့် ကစားကွင်းဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့...

• ဝင်ငွေဘယ်လောက်ပဲရရ စနစ်တကျ ခွဲခြမ်းစီမံပြီး ငွေပိုထွက်လာအောင် လုပ်ချင်ရင်၊

• ထွက်လာတဲ့ ငွေပိုတွေကို အသုံးချပြီး အိပ်နေရင်း ဝင်ငွေရမယ့် Asset တွေအဖြစ် ပြောင်းလဲပွားများချင်ရင်၊

ဆရာ Phoo Kyaw Zin - Future Wave ရဲ့ CASHFLOW 101 သင်တန်း ကို အမြန်ဆုံး တက်ရောက်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီသင်တန်းမှာ CASHFLOW Game ကို လက်တွေ့ကစားရင်း သင့်ရဲ့ 'Manage and Grow' စွမ်းရည်တွေကို အောက်ခြေကနေ စနစ်တကျ အရောင်တင်ပေးသွားမှာ ဖြစ်ပါတယ်။

"ငွေရှာရုံပဲ သိတဲ့ လခစားအမြင်ကနေ ငွေကို စီမံပွားများတတ်တဲ့ သူဌေးအမြင်ကို ကူးပြောင်းဖို့ အချိန်တန်ပါပြီ။"

👇 သင့်ရဲ့ Ability to Manage & Grow မြှင့်တင်ရန် အခုပဲ စာရင်းသွင်းလိုက်ပါ 👇

www.facebook.com/share/p/1HrvM1UatB/

Ref: Robert T.Kiyosaki

Future Wave Training
Cashflow 101 - Financial Education

#cashflow101 #Richdad #CashflowGame #financialfreedom #financialintelligence #financialliteracy

5 days ago | [YT] | 1,149

Phoo Kyaw Zin

အားလုံးစောင့်မျှော်နေကြတဲ့ နာမည်ကျော် CASHFLOW 101 သင်တန်း ထပ်မံ စတင်ပါတော့မယ်…။

ဒီသင်တန်းဟာ
ငွေကြေးအသိပညာနဲ့ အခြေခံရင်းနှီးမြှုပ်နှံမှုပညာတွေကို
RichDad PoorDad စာအုပ်ရေးသူ ငွေပညာရှင် Robert T. Kiyosaki ရဲ့ CashFlow 101 ကစားနည်းနဲ့အတူ

✔️ “အထိရောက်ဆုံး”
✔️ “အလျှင်မြန်ဆုံး” နဲ့
✔️ “ရိုးရှင်းလွယ်ကူဆုံး”
- လေ့လာနိုင်မယ့် တစ်ခုတည်းသော Program ပါပဲ။

ကျွန်တော်တို့ အားလုံးလိုချင်တဲ့ Financial Freedom ဆိုတဲ့
ငွေကြေးလွတ်မြောက်မှုဖြစ်စဉ်ကို ကစားနည်းနဲ့ပုံဖော်ထားပြီး ရင်းနှီးမြှုပ်နှံမှုပညာ (Investment) နဲ့ MBA = Money, Business, Accounting ပညာတို့ကို အချိန်တိုအတွင်း လေ့လာသင်ယူနိုင်တဲ့ သင်တန်းတစ်ခုပါ။

----
CASHFLOW 101 Game ဆိုတာ …⁉️

ငွေနဲ့ရင်းနှီးမြှုပ်နှံမှုအကြောင်းသင်ပေးတဲ့ အသိပညာပေးကစားနည်းပါ။

တချို့တွေ ကြားဖူးကြလိမ့်မယ်။ Rich Dad Poor Dad စာအုပ်တွေထဲမှာ ဖတ်ဖူးကြလိမ့်မယ်။

ဒါပေမယ့် မလေ့လာဖူးသေးလို့, မကစားဖူးသေးလို့ - ဒီဂိမ်းကို လက်တွေ့ကျကျ သင်ယူလေ့လာချင်တဲ့ သူတွေ၊ ကျွမ်းကျင်စွာ ကစားချင်တဲ့သူတွေ အများကြီးရှိတဲ့အတွက် ဒီသင်တန်းကို စီစဉ်ဖြစ်တာပါ။

နိုင်ငံတကာမှာတော့ RichDad Education ရဲ့
Cashflow Club တွေနဲ့အတူ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊
ကစားပွဲတွေယနေ့ထက်တိုင်ပြုလုပ်ကျင်းပလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ CashFlow 101 ရဲ့ အနှစ်သာရတွေကို မြန်မာလိုပဲ ရှင်းရှင်းလင်းလင်း သင်ယူလေ့လာချင်တယ်ဆိုရင်တော့ ဒီသင်တန်းတစ်ခုပဲ ရှိပါတယ်။

Future Wave Training အနေနဲ့ အပြင်သင်တန်းပေါင်းများစွာကို ဖွင့်လှစ်ပေးခဲ့ပြီး Online ကနေတဆင့် လေ့လာလို့ ရအောင် ဖွင့်လှစ်ပေးထားတာကတော့ အခုဆိုရင် Batch-12 ကို ရောက်လာခဲ့ပါပြီ။

----
ဘာတွေသင်ယူရရှိမှာလဲ ⁉️

ဒီသင်တန်းမှာ
Financial IQ ၊ Investment သင်ခန်းစာတွေအပြင်
Cashflow 101 Game ကိုပါ လေ့လာသင်ယူရတာမို့
💲 ငွေကြေးအသိပညာတွေ၊
💲 ငွေလည်ပတ်စီးဆင်းပုံတွေ၊
💲 ငွေရှာဖွေရေးနည်းလမ်းတွေ၊
💲 ငွေကြေးဆိုင်ရာအတွေးအခေါ်တွေ၊
💲 ရင်းနှီးမြှုပ်နှံမှုသဘောတရား​တွေ၊
💲 ကိုယ်ပိုင်ဘဏ္ဍာရေးရှင်းတမ်းတွေ၊
💲 Passive Income တည်ဆောက်နည်းတွေ၊
💲 ကြွယ်ဝမှုကို စနစ်တကျတည်ဆောက်ခြင်းတွေ၊
💲 စီးပွါးရေးနဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်းတွေ၊
💲 ကြွက်ပြေးလမ်းနဲ့အမြန်လမ်းသဘောတရားတွေ၊
💲 စုငွေ၊ ဘတ်ဂျက်၊ အကြွေး၊ အငြိမ်းစားစီမံကိန်းတွေ၊
💲 လုပ်ငန်း၊ စတော့စျေးကွက်၊ အိမ်ခြံမြေ ရင်းနှီးမှုတွေ၊
စတဲ့ စတဲ့ တန်ဖိုးရှိသင်ခန်းစာတွေကို နားလည်လာစေပါတယ်။

ZOOM Meeting - Online Class ဖြစ်ပြီး
Cashflow E-Game အပြင်
Website ကတဆင့် Cashflow Classic - Board Game version များကိုပါ လေ့လာသင်ယူရမှာဖြစ်လို့ …
တကယ်ကို စိတ်ဝင်စား ပျော်ရွှင်ဖို့ကောင်းသလို
ငွေကြေးပညာတွေလည်း အများကြီးရရှိစေမှာ အသေချာပါပဲ။

----
တကယ်လို့ ဒီစာဖတ်နေသူဟာ -👇

🚨 ငွေရဖို့ အလုပ်လုပ်ရင်း လုံးချာလိုက်နေတဲ့ ကြွက်ပြေးလမ်း (Rat Race) က လွတ်မြောက်ဖို့ ပြင်ဆင်ထားပြီလား?

🚨 ရှာလိုက်၊​ သုံးလိုက်၊ ကုန်လိုက်နဲ့ ဘယ်တော့မှ မလောက်ငှတဲ့ ခံစားချက်မျိုး ခံစားနေရပြီလား?

🚨 ငွေအတွက် တစ်သက်လုံး အလုပ်လုပ်နေရမယ့် ဘဝကို ရပ်တန့်ပစ်ဖို့ စဉ်းစားထားပြီလား?

🚨 အပိုဝင်ငွေရှာချင်တယ်၊ အကြွေးနွံထဲက ရုန်းထွက်ချင်တယ်၊ ဝင်ငွေလမ်းကြောင်းအသစ်တွေ ဖန်တီးချင်တယ်၊ ဒါပေမယ့် ... ငွေကြေးစီမံခန့်ခွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာမှန်း အခြေခံလေးတောင် သေချာမသိသေးဘူးလား?

ဒါဆိုရင် RichDad PoorDad စာအုပ်ရေးသူ ကမ္ဘာကျော် ငွေပညာရှင် Robert T. Kiyosaki ရဲ့ အယူအဆတွေကို လက်တွေ့အသုံးချပြီး သင့်ရဲ့ အနာဂတ် ဘဏ္ဍာရေးအခြေအနေကို ပြောင်းလဲပစ်ဖို့ အချိန်ရောက်ပါပြီ။

✔️ ငွေကြေးအသိဉာဏ်တွေ မြှင့်တင်လိုရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုတွေလုပ်ချင်ရင်
✔️ ဝင်ငွေတွေတိုးပွါးများစွာရှာဖွေလိုရင်
✔️ ငွေကြေး စုဆောင်းမှုနဲ့ ဘတ်ဂျက်တွေချချင်ရင်
✔️ ပေးစရာအကြွေးနွံထဲက ရုန်းထွက်ချင်နေရင်
✔️ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာမှန်းသေချာမသိသေးရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံကိန်းတွေ ချမှတ်ထားချင်ရင်
✔️ ငွေကြေးပြဿနာတွေ ဖြေရှင်းနိုင်လိုရင်
✔️ ငွေကြေးလွတ်မြောက်ဖို့ကို စတင်လိုရင်
✔️ ငွေအတွက် တသက်လုံး အလုပ်မလုပ်ချင်ရင်

✅ အခုလာမယ့် မတ်လ ၁ ရက်နေ့မှာ စတင်မယ့်
ငွေကြေးအသိပညာသင်တန်း Cashflow-101 (Batch-11) ကို တက်ရောက်လေ့လာလိုက်ပါလို့ အကြံလေးပြုပါရစေ…

----
ဘယ်လိုသင်ယူရမလဲ ⁉️

ဒီသင်တန်းကို Zoom Meeting နဲ့ Face to face တိုက်ရိုက် အနီးကပ် ဆွေးနွေးသင်ကြားပေးမှာပါ။

တိုက်ရိုက် Zoom မတက်နိုင်ရင်လည်း မပူပါနဲ့။
Zoom Recorded Video တွေကို သင်တန်း ရဲ့ သီးသန့် Fb Group နဲ့ Telegram ထဲမှာ ပြန်တင်ပေးထားမှာ ဖြစ်လို့ အချိန်မရွေး ပြန်ကြည့်လေ့လာနိုင်ပါတယ်။

Telegram Group Chat လည်း လုပ်ပေးထားတာမို့လို့
သင်တန်းသားတွေနဲ့ခင်မင်ရင်းနီးစွာမိတ်ဆက်နိုင်သလို
သင်ခန်းစာများကိုလည်းဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါသေးတယ်။

ဒါ့အပြင် …
အရင် တန်းခွဲ Batch တွေတုန်းက သင်ကြားခဲ့တဲ့ Zoom Video တွေကိုပါ လေ့လာချင် လေ့လာနိုင်ပါသေးတယ်။

သင်တန်းတစ်ခါအပ်ထားပြီးတာနဲ့
နောက်အသစ်ဖွင့်မယ့် တန်းခွဲတွေမှာလည်း
ထပ်မံတက်ရောက် လေ့လာနိုင်ပါသေးတယ်။

သတင်းကောင်းတစ်ခုကတော့ -
Cashflow Club မှာ ပါဝင်ခွင့်ရပြီး အခါအားလျော်စွာပြုလုပ်တဲ့ Cashflow Game Night - meeting တွေမှာလည်း တက်ရောက်နိုင်မှာပါ။

ကဲ …
ဒါဆိုရင် ဒီသင်တန်းဟာ သင့်အတွက် တကယ့်ကို တန်တဲ့၊
တန်ဖိုးရှိတဲ့ ရေရှည်သင်တန်းတစ်ခုဖြစ်နေပါပြီ...။

----
သင်တန်းအချိန်ကာလ ⁉️

▪️ သင်တန်းစရက် - June 1, 2026
▪️ သင်တန်းကာလ - (၇) ရက်တာ
▪️ သင်တန်းအချိန် - ညစဉ် 7pm မှ 9pm++ အထိ
▪️ သင်ကြားရေးပုံစံ - Zoom Meeting

(သင်တန်းအပ်ပြီးပါက သင်တန်း Private Group နဲ့ Telegram Group ထဲ Join ရမှာဖြစ်ပြီး Zoom ID - Link များ တင်ပေးသွားမှာဖြစ်ပါတယ်။)

----
သင်တန်းနည်းပြကဘယ်သူလဲ ⁉️

သင်တန်းနည်းပြ Trainer ကတော့ -
Phoo Kyaw Zin - Future Wave
MBA, B.A (Eng),
Founder of Future Wave Training
Founder of Future Wave စာပေ ဖြစ်ပါတယ်။

ဆရာက သင်ကြားရေးအတွေ့အကြုံ (၁၄) နှစ် ကျော်ရှိတဲ့ Professional Trainer and Public Speaker ဖြစ်ပြီး

"Master Your Money Game" အပါအဝင် စာအုပ် (၅) အုပ် ရေးသားထုတ်ဝေခဲ့တဲ့ Best-selling စာရေးဆရာဖြစ်ပြီး, Future Wave စာပေ စာပေဖြန့်ချီရေးလုပ်ငန်းကို တည်ထောင်ထားသူဖြစ်ပါတယ်။

Future Wave Training Company ရဲ့ Founder & MD ဖြစ်ပြီး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ (၁၂၀) ကျော်ကို Corporate Training သင်တန်းများ ဝန်ဆောင်မှုပေး သင်ကြားပေးနေသူ Corporate Trainer တစ်ဦးဖြစ်ပါတယ်။

Cashflow 101 Game ကို နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့ပြီး ပထမဆုံးစာအုပ်အဖြစ် “ငွေကြေးကစားပွဲ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ Cashflow Workshop များစွာကို အဖွဲ့အစည်းများအတွက်ပြုလုပ်ပေးခဲ့ပြီး နိုင်ငံအနှံ့သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

----
သင်တန်းကြေး ဘယ်လောက်လဲ⁉️

RichDad’s CashFlow 101 ဟာ
နိုင်ငံတကာမှာတော့ နာရီပိုင်းလောက် Workshop တစ်ခုကို
မြန်မာငွေ သိန်း ဆယ်ချီ/ ရာချီ ကုန်ကျနိုင်ပါတယ်။

အခုသင်တန်း ကတော့ သင်တန်းကြေး မြန်မာငွေ (၂ သိန်းခွဲကျပ်) တည်းနဲ့ တန်ဖိုးရှိတဲ့ပညာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

“ပထမဆုံးအပ်နှံသူ ၃၀ ဦး” အတွက် Early birds အထူးနှုန်းထားဖြင့် 20% Discount လျော့ပေးမှာဖြစ်လို့ -

အခုအပ်မယ်ဆိုရင် …
▪️သင်တန်းကြေး - ၁၉၉၀၀၀ ကျပ်သာ ဖြစ်ပါတယ်။ ✨

( Early birds ၃၀ ဦး ကျော်ပါက ပုံမှန်အတိုင်း (၂ သိန်းခွဲကျပ်) ဖြင့်သာ လက်ခံပေးသွားမှာဖြစ်လို့ နောက်မကျဘဲ ကြိုတင်အပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ)

ရင်းနှီးမြှုပ်နှံမှုတွေထဲ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့
ဦးနှောက်မှာရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်ပါတယ်။
ဒါဟာ လုံးဝ အရှုံးမရှိတဲ့ရင်းနှီးမြှုပ်နှံမှုပါပဲ။

ဒါ့ကြောင့်💰 ဒီသင်တန်းအတွက် သုံးလိုက်တဲ့ သင်တန်းကြေးက သင့်အတွက် အကောင်းဆုံး ရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ ‼️

----
BONUS အနေနဲ့ … 🎉

✅ စဉ်ဆက်မပြတ်သင်ယူနိုင်ဖို့ Cashflow Club အဖွဲ့ဝင်ဖြစ်ခွင့်၊
✅ ငွေကြေးကစားပွဲ E-book စာအုပ် Download ရယူခွင့်၊
✅ Cashflow Game Night ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်၊
✅ တစ်ကြိမ်အပ်ပြီးတာနဲ့ နောက်တန်းခွဲတွေမှာ အခမဲ့ ဝင်တက်နိုင်ခွင့် … တို့ ရရှိပါမယ်။

တက်ရောက်လေ့လာချင်တယ်ဆိုရင်တော့ သတ်မှတ်လူဦးရေ မပြည့်ခင်လေး အမြန်ဆုံး စာရင်းပေးအပ်နှံပြီး နေရာဦးထားဖို့ တိုက်တွန်းပါရစေ။
👇

သင်တန်းအပ်ဖို့အတွက် Future Wave Facebook Page Messenger မှာ
CF101 လို့ ရေးပြီး လာပြောပေးပါခင်ဗျာ။

Comment မှာလည်း CF101 လို့ စာချန်ထားခဲ့နိုင်ပါတယ်။
Admin က ဆက်သွယ်ပြီး သင်တန်းအပ်ဖို့ အသေးစိတ် ရှင်းပြပါလိမ့်မယ်။

🔰 Cashflow 101 သင်တန်းကို တက်ပြီး
“Financial Freedom ဖြစ်တဲ့ ဘဝကို အမြန်ဆုံး တည်ဆောက်လိုက်ပါ” ‼️

CASHFLOW 101 – Batch 12
Financial Education & Investment Strategy
Online Training Program 2026

#FutureWaveTraining #CashFlow101
#PhooKyawZin #FinancialFreedom

6 days ago | [YT] | 193

Phoo Kyaw Zin

လူသိများဖို့၊ လူမြင်ခံရဖို့၊ ပေါ်ပြူလာဖြစ်ဖို့ အတွက် ဘာတွေလုပ်ရမလဲဆိုပြီး နေ့စဉ် ပျာယာခတ်မနေပါနဲ့။

လူတွေ မြင်မှ အောင်မြင်မှု မဟုတ်ပါဘူး။​

ကြီးမာခိုင်မာတဲ့ အရာမှန်သမျှဟာ အရင်ဆုံး လူမမြင်တဲ့၊​ လူတွေမသိတဲ့ နေရာမှာ တိတ်တဆိတ် ကြီးထွားခဲ့ကြတာပါ။

ခိုင်မာတဲ့ အပင်ကြီးတွေရဲ့ ရေသောက်မြစ်တွေလိုပေါ့။
မြေပြင်ပေါ်မတက်ခင် ... မြေအောက်မှာ ကြီးထွားရပါတယ်။
အလင်းမပေါ်ခင်... အမှောင်ထဲမှာ အရင်ရှင်သန်ရပါတယ်။

အပေါ်ယံမှာတော့ ဝေဆာဖြစ်ထွန်းနေတဲ့ သစ်ပင်ကြီးတစ်ပင်ကိုပဲ အားလုံးက မြင်ကြရတာပါ။

ဒါပေမဲ့ အဲ့ဒီသစ်ပင်ကြီးရဲ့ အောက်ခြေ မြေကြီးထဲမှာတော့ လူမမြင်နိုင်တဲ့ အမြစ်တွေ က နက်နက်ရှိုင်းရှိုင်း ကြီးထွားရှင်သန်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ကို သဘာဝတရားက ပေးတဲ့ အမှန်တရားတစ်ခုပါပဲ။

လူတွေဟာ အောင်မြင်မှုတွေ၊ ဖြစ်ထွန်းမှုတွေ၊ ရလဒ်တွေကိုပဲ တွေ့မြင်ပြီးအားကျတတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအရာတွေ ဖြစ်တည်လာအောင် ပံ့ပိုးပေးခဲ့တဲ့ "မြေအောက်က အမြစ်တွေ" ကိုတော့ သတိပြုမိသူ ရှားပါတယ်။

အဲ့ဒီ "အမြစ်တွေ" ဆိုတာ ဘာလဲ?

✦ လူမမြင်ကွယ်ရာမှာ တိတ်တဆိတ် လေ့ကျင့်ခဲ့ရတဲ့ စည်းကမ်းတွေ

✦ ဆိတ်ငြိမ်ရာမှာ မွေးမြူခဲ့ရတဲ့ ကျွမ်းကျင်မှုတွေ

✦ ဘယ်သူမှ မသိလိုက်တဲ့ ကျရှုံးမှုတွေနဲ့ မျက်ရည်တွေ

✦ မိမိကိုယ်ကို ပြန်လည်ကုစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ

✦ မအောင်မြင်သေးတဲ့ ကာလတွေမှာ အောင့်အည်းသည်းခံခဲ့ရတဲ့ စိတ်ရှည်မှုတွေ

✦ လူအများရဲ့ အသိအမှတ်ပြုမှုကို မမျှော်လင့်ဘဲ စွဲစွဲမြဲမြဲ လုပ်ခဲ့တဲ့ အလေ့အကျင့်တွေ

✦ ညဉ့်နက်သန်းခေါင်အထိ ကြိုးစားမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ သင်ယူပြင်ဆင်မှုတွေ...

ဒါတွေအကုန်လုံးဟာ ကိုယ့်ဘဝရဲ့ "အမြစ်တွေ" ပါပဲ။
ခိုင်မာတဲ့ အုတ်မြစ်မှန်သမျှဟာ တိတ်ဆိတ်ခြင်းထဲမှာပဲ တည်ဆောက်ရတာပါ။

ဒီနေ့ attention ခေတ်ရဲ့ တကယ့်ပြဿနာက "လူသိများဖို့" ဖိအားပေးနေတာပါပဲ။ ချက်ချင်းအောင်မြင်ချင်တယ်၊ ချက်ချင်း အသိအမှတ်ပြုခံချင်တယ်၊ လူတွေရဲ့ အာရုံစိုက်မှုကို ချက်ချင်းရချင်ကြတယ်။

ဒါနဲ့ပဲ လူသိများရင်ပြီးရောဆိုပြီး - မဟုတ်က ဟုတ်ကတွေနဲ့ လူကြားထဲ အတင်းဝင်တိုးကြတာပဲမလား?

ဒါပေမဲ့ သတိထားဖို့က... ခိုင်မာတဲ့ အမြစ်မရှိဘဲ ချက်ချင်း ကြီးထွားလာတဲ့အရာမှန်သမျှဟာ ခဏတာပါပဲ။ လောကဓံရဲ့ မုန်တိုင်းဒဏ်အောက်မှာ အလွယ်တကူ ပြိုလဲပျက်စီးသွားတတ်ပါတယ်။

သစ်ပင်တစ်ပင်ဟာ သစ်ကိုင်း သစ်ရွက်တွေ ဝေဆာနေရုံနဲ့ မုန်တိုင်းကို မခံနိုင်ပါဘူး။ မြေအောက်က အမြစ်တွေ ကြံ့ခိုင်နေလို့သာ ခံနိုင်ရည်ရှိတာပါ။

ဘဝကလည်း ဒီအတိုင်းပါပဲ။ လူမြင်ကွင်းက အောင်မြင်မှုဟာတိတ်တဆိတ် တည်ဆောက်ထားတဲ့ အတွင်းစိတ်ရဲ့ ကြံ့ခိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။

✦ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ လူရှေ့မထွက်ခင် တိတ်တဆိတ် အရင် တည်ဆောက်ရတာပါ။

✦ ဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ အသိအမှတ်မပြုခင်ကတည်းက ကျွမ်းကျင်အောင် အရင်လုပ်ရတာပါ။

✦ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ဘယ်သူမှမမြင်တဲ့ ခက်ခဲတဲ့အချိန်တွေမှာ တည်ဆောက်ထားရတာပါ။

လူတော်တော်များများဟာ အမြစ်တွယ်နေရတဲ့ အချိန် (လူမသိ၊ သူမသိ ကြိုးစားနေရတဲ့အချိန်) မှာ ဘာမှဖြစ်မလာဘူးအထင်နဲ့ လက်လျှော့သွားတတ်ကြပါတယ်။

ပြီးတော့ အောင်မြင်နေတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် လိုက်နှိုင်းယှဉ်ပြီး အားငယ်တတ်ကြတာပေါ့။

ဒါပေမဲ့ မြေအောက်မှာ ကြီးထွားနေတာဟာလည်း "တိုးတက်နေတာ" ပါပဲ။ သစ်ကိုင်းတွေ မဝေဆာခင် အမြစ်တွေက အရင်ဖြန့်ကျက်ရတာ သဘာဝပါ။

စစ်မှန်တဲ့ ခေါင်းဆောင်တွေ၊ အစွမ်းထက်တဲ့သူတွေဟာ အောင်မြင်မှုတွေ လူမြင်မလာခင်... လူမသိသူမသိတဲ့ နေရာမှာ နှစ်ပေါင်းများစွာ စာဖတ်ခြင်း၊ လေ့ကျင့်ခြင်း၊ ကျရှုံးခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းတွေနဲ့ အချိန်ပေးခဲ့ကြရတာပါ။

တစ်နေ့မှာ ရလဒ်တွေ ထွက်လာတဲ့အခါ လူတွေက "ကံကောင်းလို့ ချက်ချင်းအောင်မြင်သွားတာ" လို့ ပြောကြပေမဲ့ တကယ်တော့ သူတို့ရဲ့ အမြစ်တွေဟာ နှစ်ပေါင်းများစွာကတည်းက တိတ်တဆိတ် ရှင်သန်ကြီးထွားနေခဲ့တာ ဖြစ်ပါတယ်။

တိုးတက်မှုကို လူတွေမြင်ရတဲ့ အပိုင်းတစ်ခုတည်းနဲ့ မတိုင်းတာပါနဲ့။ ဘဝရဲ့ အရေးအကြီးဆုံး တိုးတက်မှုအချို့ဟာ မျက်စိနဲ့ မမြင်နိုင်ပါဘူး။

✦ စိတ်ခံစားချက် ရင့်ကျက်လာတာ

✦ မိမိကိုယ်ကို ထိန်းချုပ်နိုင်လာတာ

✦ အသိဉာဏ်ပညာ တိုးတက်လာတာ

✦ စိတ်ဓာတ်ကြံ့ခိုင်ပြီး ဘယ်လိုအခက်အခဲမျိုးမဆို ရင်ဆိုင်နိုင်လာတာ

✦ အတွေးအမြင်တွေ ရှင်းလင်းလာပြီး စိတ်တွေ ငြိမ်းချမ်းလာတာ...

ဒီအရာတွေဟာ တခြားအရာအားလုံးကို ထောက်ပံ့ပေးမယ့် ဘဝရဲ့ "အမြစ်တွေ" ပါပဲ။ ဒါဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ မိသားစုနဲ့ Leadership အားလုံးမှာ အတူတူပါပဲ။

ဒါကြောင့်... သင့်ရဲ့ ကြိုးစားမှုတွေကို ဘယ်သူမှ မမြင်သေးတဲ့ ကာလတွေမှာ အားမလျှော့ပါနဲ့။

ခိုင်မာတဲ့ အုတ်မြစ်တွေကို တိတ်ဆိတ်ခြင်းထဲမှာပဲ တည်ဆောက်ရတာပါ။ အမြစ်ကို နက်နက်ရှိုင်းရှိုင်း တွယ်နိုင်ခဲ့တဲ့သူဟာ... တစ်နေ့မှာ အမြင့်ဆုံးအထိ မားမားမတ်မတ် ရပ်တည်နိုင်မယ့်သူ ဖြစ်လာမှာ သေချာပါတယ်။

မိတ်ဆွေတို့ရော...
အခုအချိန်မှာ လူမမြင်ကွယ်ရာကနေ ကိုယ့်ဘဝရဲ့ "အမြစ်တွေ" ကို ခိုင်မာအောင် ဘယ်လို တိတ်တဆိတ် ပျိုးထောင်နေကြပြီလဲ?
မျှဝေပေးခဲ့ပါဦး။

25.5.2026

Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ

#တွေးမိတက်ရေး #PhooKyawZin

6 days ago | [YT] | 744

Phoo Kyaw Zin

ငွေကြေးအသိပညာ Financial Literacy လို့ဆိုလိုက်ရင် စာရင်းကိုင်ပညာတွေ၊ ဘောဂဗေဒဘာသာရပ်တွေလိုမျိုး ကျောင်းမှာပဲ သင်ရတဲ့ ပညာရပ်တစ်ခုလို့ ထင်တတ်ကြပါတယ်။

တကယ်တော့ ငွေကြေးအသိပညာ ဆိုတာ စာအုပ်ကြီးထဲက ပညာရေးမဟုတ်ပါဘူး။ ဘွဲ့လက်မှတ်တစ်ခုလည်း မဟုတ်ပါဘူး။

ငွေကြေးပညာလို့သာ ပြောတာ - တကယ်တော့ ဘ၀နေထိုင်မှုပညာပါပဲ။
ဒီပညာထဲမှာ ငွေနဲ့ပတ်သက်ပြီး လူတွေရဲ့ ဘ၀နေထိုင်မှု၊ ချစ်ခြင်းမေတ္တာ နဲ့ ကြီးပွားတိုးတက်မှုတွေပါဝင်နေတယ်။​

ဘယ်လိုပါဝင်နေတာလဲ?

လောကမှာ စိတ်မကောင်းစရာ အမှန်တရားတစ်ခုက မိသားစုအိမ်တွင်းရေး၊ အိမ်ထောင်ရေး ပဋိပက္ခတော်တော်များများဟာ ငွေကြေးအဆင်မပြေမှုကနေ စတင်တတ်တာပါပဲ။

ငွေကြေးအသိပညာရှိခြင်းက ကိုယ်ချစ်ရတဲ့သူတွေကို စိတ်ဆင်းရဲမှုကင်းအောင် ကာကွယ်ပေးနိုင်ပြီး ပိုမိုခိုင်မာတဲ့ ချစ်ခြင်းမေတ္တာကို တည်ဆောက်နိုင်စေပါတယ်။

ငွေကြေးအသိရှိတဲ့သူတစ်ယောက်ဟာ ငွေကို စနစ်တကျ စီမံခန့်ခွဲတတ်တဲ့အတွက် အကြွေးပူတွေ၊ စိတ်ဖိစီးမှုတွေကနေ ကင်းဝေးပြီး ပေါ့ပါးအေးချမ်းတဲ့ လူနေမှုဘဝကို ဖြတ်သန်းနိုင်ပါတယ်။

နောက်ပြီး ငွေကို ရှာရုံပဲရှာပြီး ပြန်ဖြုန်းနေမယ့်အစား၊ ငွေကို ကိုယ့်အတွက် ပြန်အလုပ်လုပ်ခိုင်းတတ်တဲ့ (Investment) အသိဉာဏ်ရှိလာတဲ့အခါ ဘဝဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြီးပွားတိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်
ငွေကြေးအသိပညာဆိုတာ အိတ်ဖောင်းဖို့တင်မကဘဲ ကိုယ့်ဘဝကို စိတ်အေးချမ်းသာစွာနဲ့ စိတ်ကြိုက်ပုံဖော်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ "ဘဝရှင်သန်ရေး သော့ချက်" ပါပဲ။

ဒီအသိပညာကို မွေးမြူခြင်းက ကျွန်တော်တို့ရဲ့ အနာဂတ်ကို စိတ်အချရဆုံး ပြင်ဆင်လိုက်တာနဲ့ တူတူပါပဲ။

မိတ်ဆွေတို့အနေနဲ့ ဒီငွေကြေးအသိပညာ (Financial Literacy) ကို စာအုပ်ကြီးအတိုင်း ပျင်းစရာကောင်းအောင် သင်ယူမယ့်အစား၊ ဂိမ်းကစားရင်းနဲ့ လက်တွေ့ဘဝထဲအထိ အသုံးချနိုင်မယ့် လျှို့ဝှက်ချက်တွေကို သိချင်တယ်ဆိုရင်တော့ CashFlow 101 သင်တန်းလေး ရှိပါတယ်။

ဒီသင်တန်းမှာ ငွေကြေးဆိုင်ရာ Mindset အမှန်တွေနဲ့အတူ ဘဝကို စိတ်ကြိုက်ဒီဇိုင်းဆွဲနိုင်မယ့် အလေ့အကျင့်ကောင်းတွေကို ပျော်ပျော်ရွှင်ရွှင် လက်တွေ့ကျကျ မျှဝေပေးသွားမှာပါ။

ဒီနေ့ကစပြီး ကိုယ့်ရဲ့ ငွေကြေးအတွေးအခေါ်ကို ပြောင်းလဲပြီး ပိုမိုလှပတဲ့ Lifestyle တစ်ခုကို ဖန်တီးကြည့်လိုက်ပါ။

Phoo Kyaw Zin - Future Wave
Future Wave Training

#PhooKyawZin #FinancialLiteracy #CashFlow101 #FinancialFreedom #Lifestyle #တွေးမိတက်ရေး

1 week ago | [YT] | 366

Phoo Kyaw Zin

⏳ မနက်ဖြန်မှာ သင်တန်းစတင်ပါပြီ!
Level Up Your Leadership (Batch - 9)

သင့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ အချိန်ဆွဲနေတုန်းပဲလား?

အခုဆိုရင် စောင့်မျှော်ခဲ့ရတဲ့ Level Up Your Leadership (Batch-9) သင်တန်းစတင်ဖို့ တစ်ရက်သာ လိုပါတော့တယ်။

မနက်ဖြန် May 2 ရက်နေ့မှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှုခရီးစဉ်ကို အတူတူ စတင်ကြတော့မှာ ဖြစ်ပါတယ်။

________

🎯 ဒီသင်တန်းကနေ ဘာတွေရရှိမလဲ?

🚩 Growth Mindset for Leaders
ခေါင်းဆောင်ကောင်းတိုင်းတွင် ရှိရမည့် တိုးတက်မှုကို ရှေးရှုသော စိတ်နေစိတ်ထား။

🚩 Problem Solving & Decision Making
ရှုပ်ထွေးသော ပြဿနာများကို စနစ်တကျ ဖြေရှင်းပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှု။

🚩 Team Building & Motivation
အဖွဲ့သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး စည်းလုံးသော Team တစ်ခု တည်ဆောက်နည်း။

🚩 Self-Awareness & Self-Leadership
မိမိကိုယ်ကို သိမြင်နားလည်ပြီး ဖိအားများကို ကြံ့ကြံ့ခံနိုင်သော ခေါင်းဆောင်မှုစွမ်းရည်။

🚩 The 5 Levels of Leadership
ခေါင်းဆောင်မှု၏ အဆင့်များကို နားလည်စေပြီး တစ်ဆင့်စီ တက်လှမ်းနည်း။

- စတာတွေအပြင်… အခြားသော မရှိမဖြစ် ခေါင်းဆောင်မှု အရည်အချင်းတွေကို စနစ်တကျ လေ့လာရပါမယ်။

________

💻 သင်တန်းအသေးစိတ်

🗓️ သင်တန်းစတင်မည့်ရက် - May 2, 2026 (စနေနေ့)
⏰ သင်တန်းအချိန် - ည 7:00 pm to 9:00 pm
⏳ သင်တန်းကာလ - (၅) ပတ် (စနေ၊ တနင်္ဂနွေ - တစ်ပတ် ၂ ရက်)
💻 သင်ကြားမည့်ပုံစံ - ZOOM MEETING Online Class

(Zoom Record Video တွေကို သင်တန်း Group ထဲမှာ
ပြန်တင်ပေးထားမှာဖြစ်လို့ အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်)

(သင်တန်းကို ပြီးဆုံးသည်အထိတက်ရောက်ရမည်ဖြစ်ပြီး
သင်တန်းဆင်းလက်မှတ် E- Certificate ကိုရရှိမှာဖြစ်ပါတယ်)

________

💡 ဘယ်သူတွေ တက်ရောက်သင့်သလဲ?

🔺 အဖွဲ့အစည်းအတွင်း ရာထူးတိုးမြှင့်ခံရပြီး ခေါင်းဆောင်မှုစွမ်းရည် လိုအပ်နေသူများ။

🔺 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စနစ်တကျ ဦးဆောင်လိုသော လုပ်ငန်းရှင်များ။

🔺 အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခုကတည်းက ပြင်ဆင်လိုသူ လူငယ်များ။

________

ဒီသင်တန်းအတွက် သင်တန်းကြေးကတော့ -

💵 ပုံမှန် သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ် ဖြစ်ပြီး
🥇 (ပထမဆုံးအပ်နှံသူ ၃၀ ဦးအတွက် Early Birds Promotion 20% Discount သက်သာခွင့်ရမှာဖြစ်လို့ ...)

💸 Early Birds သင်တန်းကြေး - ၁၉၉,၀၀၀ ကျပ်သာ ဖြစ်ပါတယ်။

(ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ မိမိဝန်ထမ်းများအား အဖွဲ့လိုက်တက်ရောက်စေလိုပါက - အထူးနှုန်း သင်တန်းကြေးသက်သာခွင့် အစီအစဉ်များ ထပ်မံစီစဉ်ပေးထားပါတယ်။)

________

📩 သင်တန်းအသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်
📋 အသေးစိတ်သိရှိလိုပါက -
📲 09 4538 91188 သို့ ဆက်သွယ်မေးမြန်းနိုင်သလို
📧 Messenger ကတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

💻 Batch-9 မှာ အတူတူ Level Up လုပ်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ လူဦးရေ ကန့်သတ်ထားတာမို့ မြန်မြန်လေးတော့ လိုမယ်နော်!

💢 Join Now ‼️
Level Up Your Leadership ‼️

🚩 ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုက်ပါ

©️ LEVEL UP YOUR LEADERSHIP (BATCH-9)
FUTURE WAVE TRAINING CO., LTD

#PhooKyawZin
#FutureWaveTraining
#LevelUpYourLeadership
#ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုက်ပါ

4 weeks ago | [YT] | 275

Phoo Kyaw Zin

"ကျွန်တော် စီးပွားရေးလုပ်ချင်တယ်၊
ဒါပေမဲ့ အရင်းအနှီးမရှိဘူး၊ ပညာမစုံသေးဘူး၊
အဆက်သွယ်မရှိဘူး၊ ဘာမှမတတ်နိုင်သေးလို့
အခုထိ စ မလုပ်ဖြစ်သေးဘူး။
အဲ့ဒါဘယ်လို စ ရမလဲဆရာ" တဲ့...

လူငယ်တော်တော်များများ
ကျွန်တော့်ကို လာမေးလေ့ရှိကြတယ်...

ကျွန်တော်တို့ဟာ တစ်ခုခုကို စတင်တော့မယ်ဆိုရင်
ကိုယ် "မစွမ်းနိုင်တာ" (မတတ်နိုင်တာ) တွေကိုပဲ
အရင်တွေးပြီး အားလျော့တတ်ကြပါတယ်။

"စွမ်းနိုင်ရာက စ ရင်...
အစွမ်းအစ ထွက်လာမယ်"

တကယ်တော့ "အစွမ်းအစ" ဆိုတာ
"စွမ်းနိုင်ရာကနေ စ" လိုက်လို့ ထွက်လာတာပါ။

တစ်ခုခုလုပ်တော့မယ်ဆိုရင်
ကိုယ်မစွမ်းနိုင်တာတွေချည်းပဲ
ထိုင်တွေးနေသရွေ့တော့
ဘယ်တော့မှ စဖြစ်မှာမဟုတ်ပါဘူး။

ကိုယ်ဘာမတတ်နိုင်ဘူးလဲလို့ တွေးနေမယ့်အစား
"ငါ ဒီကိစ္စအတွက် ဘာကိုတော့ စွမ်းနိုင်မလဲ" လို့
ပြောင်းတွေးကြည့်ပါ။

"ငါ ဘာလို့ မတတ်နိုင်တာလဲ?" ဆိုတဲ့ မေးခွန်းက
သင့်ကို လမ်းပိတ်စေပါတယ်။

"ငါ ဘာကိုတော့ စွမ်းနိုင်မလဲ?" ဆိုတဲ့ မေးခွန်းကတော့
သင့်ကို လမ်းပွင့်စေပါတယ်။

ကိုယ်စွမ်းနိုင်တဲ့ အသေးအမွှားလေးကနေ
စလိုက်တဲ့အခါ အရှိန်ရလာပြီး၊
အဲ့ဒီအရှိန်ကနေတစ်ဆင့်
သင်မထင်မှတ်ထားတဲ့ "အစွမ်းအစ" တွေ
တဖွဲဖွဲ ထွက်လာပါလိမ့်မယ်။

အဲ့ဒီအခါမှာ သင်ဖြစ်ချင်တဲ့ ပန်းတိုင်ကို
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်တဲ့
အစွမ်းအစ - စွမ်းအားတွေ ရလာမှာပါ။

ဒါ့ကြောင့် ကိုယ်မစွမ်းနိုင်တာက စမယ့်အစား၊
ကိုယ်တတ်နိုင်တာလေးကနေ စတင်လိုက်တဲ့အခါ
အလုပ်တစ်ခုဟာ ဖြစ်မြောက်သွားတတ်ပါတယ်။

လူငယ်တွေကို မှာချင်တာက
ကိုယ့်မှာ ဘာတွေမရှိဘူးလဲဆိုတာကို
စာရင်းလုပ်မနေပါနဲ့။

ကိုယ့်မှာ ရှိနေတဲ့ အရာလေးတွေနဲ့
ဘာစလုပ်လို့ရမလဲဆိုတာကိုပဲ အာရုံစိုက်ပါ။

ကိုယ်စွမ်းနိုင်တာလေးကနေ အခုပဲ စတင်လိုက်ပါ။
အစွမ်းအစဆိုတာ ထိုင်စောင့်နေရမှာမဟုတ်ဘဲ
လက်တွေ့လုပ်ဆောင်ရင်းနဲ့ ထွက်ပေါ်လာရမယ့်အရာပါ။

ဒါ့ကြောင့် ခုပဲ စဉ်းစားကြည့်ပါ။
ကိုယ်မစွမ်းနိုင်တာတွေကိုပဲ တွေးပြီး
လမ်းခုလတ်မှာ ရပ်တန့်နေမိတာမျိုး ရှိလား?

အခုရော...
ကိုယ်စွမ်းနိုင်တာလေးကနေ စတင်ဖို့
အဆင်သင့်ဖြစ်ပြီလား?

Comment မှာ မျှဝေပေးခဲ့ပါဦး။

26.4.2026
Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ

1 month ago | [YT] | 957

Phoo Kyaw Zin

ဒီနေ့ - ကျင်းလုံမြန်မာ (Machinery Trading Co.,) ကြီးအတွက် * တတိယအကြိမ် (Batch-3)* အဖြစ် နောက်ထပ် ဝန်ထမ်းပေါင်း ၆၀ ဦး အား ….

Positive Attitude, Growth Mindset & Personal Development Program (၁) ရက်တာ Corporate Training သင်တန်းကို ပြုလုပ်ပို့ချပေးခဲ့ပါတယ်။

တတိယအကြိမ် သင်တန်းမှာလည်း ကျင်းလုံမြန်မာ ဝန်ထမ်းတွေရဲ့ တက်ကြွမှု၊ အချင်းချင်း ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးမှုတွေနဲ့ မေးမြန်းမှုတွေက အားရစရာကောင်းလှပါတယ်။

အခုဆိုရင် သင်တန်း ၃ ကြိမ် - ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းပေါင်း (၁၈၀) အထိ ကို သင်တန်းပို့ချပေးပြီးဖြစ်ပါတယ်။

နောက်ထပ် ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းငယ်များအားလုံးအတွက် Mindset ပြောင်းလဲခြင်း ခရီးစဉ်အတွက် နောက်ထပ်သင်တန်းအစီအစဉ်တွေလည်း ဆက်တိုက်ဆိုသလို ရှိနေပါသေးတယ်။

ဒီအစီအစဉ်ဖြစ်မြောက်အောင် ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ ကျင်းလုံမြန်မာ မှ BOD လူကြီးမင်းများနှင့် HOD များအားလုံးကို Future Wave Training က အထူးပင် ကျေးဇူးတင်ရှိပါတယ်။

BOD , HOD လူကြီးများအတွက်ကတော့ Zoom Meeting မှ တဆင့် ၃ လ ကြာ Executive Coaching Program ကို လည်း ပြုလုပ်ပေးနေပါတယ်။

ရှေ့ဆက်ပြီး ကျင်းလုံမြန်မာ ကုမ္ပဏီ (ရန်ကုန်) ရဲ့ ခေါင်းဆောင်ကြီးများ နဲ့ ဝန်ထမ်းများအားလုံး အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ အောင်မြင်မှုအသစ်တွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

23.4.2026
ချစ်ခင်လေးစားစွာဖြင့်...

Future Wave Training
Phoo Kyaw Zin - Future Wave
Corporate Training Service 2026

#ကျင်းလုံမြန်မာ #Mindset #CorporateTraining
#PhooKyawZin #FutureWaveTraining

1 month ago | [YT] | 369

Phoo Kyaw Zin

"အကြံဉာဏ်သစ်တွေ သွားမယ့်လမ်းမှာ
အကြံဉာဏ်ဟောင်းတွေ ဝင်ရှုပ်နေတတ်တယ်"

ဘဝကို တိုးတက်အောင် တည်ဆောက်တဲ့အခါ
အတားအဆီးအကြီးဆုံးက ပြင်ပကလာတာမဟုတ်ဘဲ
ကိုယ့်ဦးနှောက်ထဲမှာ စွဲကပ်နေတဲ့ "အကြံဉာဏ်ဟောင်း" တွေ ဖြစ်နေတတ်ပါတယ်။

ခေတ်က ပြောင်းသွားပြီ... အတွေးအခေါ်ကရော?
ပြောင်းနေပြီလား .. ဟောင်းနေပြီလား...?

ခေတ်အသစ်မှာ အကြံဟောင်း ဉာဏ်ဟောင်းတွေကိုပဲ
လက်မလွှတ်တမ်း စွဲကိုင်ထားတဲ့သူတွေဟာ
ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုဒဏ်ကို မလွဲမသွေ ခံကြရမှာပါပဲ။

အခုဆိုရင် AI နည်းပညာတွေနဲ့
အရာရာ မြန်ဆန်နေတဲ့ ခေတ်ကို ရောက်နေပါပြီ။
ခေတ်ကြီးက ဒုန်းစိုင်းပြေးနေချိန်မှာ
ကိုယ်က အတွေးအခေါ်ဟောင်းကြီးနဲ့ပဲ ကျန်ခဲ့မယ်ဆိုရင်
လူတောမတိုးသလို၊ "ခေတ်တောမတိုးတဲ့"
ခေတ်နောက်ကျသူအဖြစ် ပြတ်ကျန်ရစ်ခဲ့မှာ သေချာပါတယ်။

မိုးရွာတုန်းမှာ သူများတွေက ခွက်နဲ့မဟုတ်ဘဲ
စည်ပိုင်းတွေနဲ့ ရေခံနေကြပြီ။

မိတ်ဆွေရော... ဘာလို့ မိုးရွာတုန်း ရေမခံဘဲ ထိုင်ကြည့်နေမှာလဲ? ခေတ်သစ်မှာ အကြံဉာဏ်သစ်တွေနဲ့ ရှင်သန်နေနိုင်ဖို့ ကြိုးစားပါ။

အရင်က တတ်ထားတဲ့၊ သိထားတဲ့ အရာတွေဟာ
ဒီနေ့ခေတ်မှာ အလုပ်မဖြစ်တော့ဘူးဆိုရင်
အဲ့ဒါတွေကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်ပါ။

အဟောင်းကို မစွန့်နိုင်ရင် အသစ်ကို လက်ခံဖို့
နေရာလွတ် ရှိမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် Unlearn ဖြစ်ဖို့ ကြိုးစားပါ။

နည်းပညာနဲ့ မရင်းနှီးသေးဘူးဆိုရင်
အခုကပြီး ရင်းနှီးအောင် မိတ်ဆွေဖွဲ့ပါ။

AI ဆိုတာ ကိုယ့်ကို အစားထိုးဖို့ ပေါ်လာတာမဟုတ်ဘဲ
ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ ပေါ်လာတာပါ။
AI ကို အသုံးချတတ်အောင် လေ့လာခြင်းဟာ
အကြံဉာဏ်သစ်တွေ ရဖို့ အတိုဆုံးလမ်းကြောင်းပါပဲ။

"ငါသိပြီးသားပဲ" ဆိုတဲ့ မာန်မာနက
အကြံဉာဏ်သစ်တွေကို ပိတ်ဆို့ထားတဲ့ တံတိုင်းပါပဲ။
ကလေးတစ်ယောက်လို စူးစမ်းလိုစိတ်နဲ့
အသစ်သစ်တွေကို နေ့စဉ် သင်ယူပါ။
အမြဲတမ်း သင်ယူနေသူဖြစ်ဖို့လိုပါတယ်။​

ပြောင်းလဲမှုဆိုတာ နာကျင်ရပေမဲ့၊
မပြောင်းလဲဘဲ နေခြင်းက ပိုပြီး ကြောက်စရာကောင်းပါတယ်။

ခေတ်နဲ့အညီ အသိဉာဏ်သစ်တွေ ဖြည့်တင်းပြီး
အောင်မြင်တဲ့ ဘဝခရီးကို လျှောက်လှမ်းစေချင်ပါတယ်။

အကြံဉာဏ်ဟောင်းတွေကို ဘေးဖယ်ပြီး
အကြံဉာဏ်သစ်တွေနဲ့ ခေတ်ဦးမှာ နေရာယူနိုင်ကြပါစေ။

မိတ်ဆွေတို့ရော...
ကိုယ့်ရဲ့ အကြံဉာဏ်ဟောင်းတွေကို စွန့်လွှတ်ပြီး
ခေတ်သစ်ကို ရင်ဆိုင်ဖို့ဘယ်လို ပြင်ဆင်နေကြပြီလဲဆိုတာ
မျှဝေပေးခဲ့ပါဦး။

22.4.2026
Phoo Kyaw Zin - Future Wave
#PhooKyawZin #AI #တွေးမိတက်ရေး

1 month ago | [YT] | 601

Phoo Kyaw Zin

“ကျွဲပါးစောင်းတီး” တယ်ဆိုတာ
တကယ် အကျိုးမရှိတဲ့အလုပ်ပဲ…။

ဘယ်လောက်ပဲ တီးခတ်မှု သံစဉ် ကောင်းကောင်း …
ကျွဲကတော့ ဘာမှ ခံစားနားလည် သိမြင်မှာမဟုတ်ဘူး။

နားမလည်တဲ့ ကျွဲကို သွားအပြစ်တင်မနေနဲ့ …။
ဘာလို့ဆို သူက ကျွဲဖြစ်နေလို့ပဲ…။
အဲ့ ကျွဲ ကို သွားမဖျော်ဖြေမိဖို့ပဲ အရေးကြီးတယ်။

လူဆိုရင်တော့ လူလို နားလည်မှာပေါ့…။
ဒီတော့ ကျွဲ လိုသူတွေကို လွှတ်ထားလိုက်ပါ…။

သူတို့ နားမလည်တာတွေအတွက်
အပင်ပန်းခံ ရှင်းပြမနေပါနဲ့…။

ပြောဆို ဆုံးမ ရှင်းပြလို့ ဘယ်လိုမှ
လက်မခံနိုင်၊ နားမလည်နိုင် ၊
သဘောမပေါက်နိုင်၊ အသိတရား မဝင်နိုင်ရင်တော့ …
အာပေါက်မတတ် အမောခံ ရှင်းပြမနေနဲ့တော့…။

“အော်… သူက ကျွဲ ပဲလေ…
ငါက ဘာလို့ လက်ညောင်းခံပြီး
စောင်းဆက်တီးပြနေရမှာလဲ” ဆိုပြီး
သူ့အနားက ထွက်ခွါ လာခဲ့လိုက်ပါ…။

သူတို့ဘာသာ အေးအေးဆေးဆေး …
“ရွှံ့လူးနေပါစေ” …။
သွား မနှောက်ယှက်နဲ့ …။
သူတို့ ရွှံ့လူးပျက်တယ် …။

ကိုယ့်ရဲ့ စောင်းလက်သံ သာယာ ငြိမ့်ညောင်းမှုကို
သူတို့ လူးနေတဲ့ ရွှံ့လောက်တောင် တန်ဖိုးထားမခံရတာ…
ကိုယ်က ဘာကိစ္စ သူ့နားမှာနေပြီး
စောင်းတီးပြနေတော့မလဲ။

ကိုယ့်စောင်းသံကို လက်ခံ နှစ်သက်
တန်ဖိုးထား နားလည် သိမြင်တဲ့
သူတွေမှ အများကြီး ….
သူတို့ အတွက်ပဲ အချိန်ပေးတော့မှာပေါ့။

ဘယ်တော့မှ ကျွဲတစ်ကောင်အတွက်နဲ့
ကိုယ့်ရဲ့ အဖိုးတန် အချိန်တွေ၊
အဖိုးတန် စကားလုံးတွေ၊
အဖိုးတန်ပညာတွေကို
အလဟဿ မကုန်ဆုံးပါစေနဲ့။
အချိန်ဖြုန်းရာကျတယ် ။ ။

(16.4.2023 ကရေးခဲ့သည်)
ဖူးကျော်ဇင် (Future Wave)

Phoo Kyaw Zin - Author
Future Wave Training
Future Wave စာပေ

#PhooKyawZin
#တွေးမိတက်ရေး
#ကျွဲပါးစောင်းတီး

1 month ago | [YT] | 808