“This channel will feature weekly content every Friday at exactly 12 midnight, focusing on supernatural phenomena, real-life paranormal experiences, and topics discussed in creepy podcasts. We are dedicated to delivering intriguing and informative content on these mysterious subjects.”
FN Radio Myanmar
ပထမတင်ထားတဲ့ post နဲ့ပက်သတ်ပြီး ကျွန်တော့ audience တွေနားလည်မှုလွဲကုန်လို့ပါ မကြိုက်တာကိုမကြိုက်ဘူးပြောလို့ ကျွန်တော်အဲ့လိုရေးတာမဟုတ်ပါဘူးခင်ဗျာ။ audience တချို့ပြောနေတာကို haters တချို့က ရောယောင်ပြီးဝင်ရိုက်နေလို့ တင်တာပါ။ အားပေးနေတဲ့သူတွေအမြဲနားထောင်နေတဲ့သူတွေကို မဆိုလိုပါဘူး။ ဟုတ်ပါတယ် ပုံမှန်တင်နေကျနဲ့ကွဲထွက်နေလို့မကြိုက်တာကိုအပြည့်အဝလက်ခံပါတယ်။ ဒါပေမယ့် ဘာမှလည်းမကြည့် အားလည်းမပေးပဲနဲ့ အကွက်တွေ့လို့ဝင်ပြောနေတာတွေကိုပြောချင်တာပါ။ မကြိုက်ကြတဲ့ Audience တွေရဲ့ ပြောတာတွေကိုလည်း လေးလေးစားစား လက်ခံပါတယ်ခင်ဗျာ။ စာရေးရာမှာအနည်းငယ်လိုအပ်ချက်ရှိသွားလို့ နားလည်မှုတွေလွဲကုန်လို့ပြန်ရှင်ပြတာပါ။
2 weeks ago | [YT] | 934
View 91 replies
FN Radio Myanmar
Collaboration vd နဲ့ပက်သတ်ပြီးတော့ အနည်းငယ်ရှင်းပြချင်ပါတယ်ခင်ဗျာ။ (စာရှည်မှာပါ) ကျွန်ပြောချင်တဲ့သဘောနဲ့ တချို့စာတွေက ဖတ်သူအမြင်လွဲသွားတာမို့လို့ပြန် edit ထားပါတယ်* (မကြိုက်လို့မကြိုက်ဘူးပြောတဲ့ အမာခံ audience တွေကိုပြောခြင်းမဟုတ်ပါ မသိပဲနဲ့ တမင်အကွက်တွေ့လို့ဝင်ရိုက်နေတဲ့သူများကိုသာပြောခြင်းဖြစ်ပါတယ်)
အဲ့vd က ပုံမှန် တင်နေကျလိုမျိုး Talking Head vd မဟုတ်ပါဘူး။ Talking Head နဲ့ Documentary ပုံစံသွားထားတဲ့ Short Documentary Film ပါ။ ပုံမှန်တင်နေကျနဲ့ကွဲထွက်နေလို့ တချို့သောသူတွေအကြိုက်မတွေ့တာကိုလည်း လက်ခံပါတယ်ခင်ဗျာ။ ပြီးတော့ ဒါမျိုးက taste မတူတဲ့ Channel နှစ်ခု ပေါင်းထားတဲ့ Vd လည်းဖြစ်တာမို့လို့ ကျွန်တော့ Channel မှာတင်တယ်ဆိုပေမယ့် တစ်ဖက် Channel က Creator က FN Radio ပုံစံမျိုးလိုက်လုပ်ပေးဖို့အဆင်မပြေပါဘူးခင်ဗျာ။ ဒါဟာပုံမှန်ပါပဲ Vd အဆုံးထိကြည့်စေချင်ပါတယ်။ ကိုယ့်ပုံစံနဲ့ကိုယ်ပဲတင်ဆက်ပေးထားတာပါ။
တခြားသော Documentary တွေကိုလည်း လိုက်ကြည့်စေချင်ပါတယ်။ YT vd တွေနဲ့ကွာပါတယ်။ ကျွန်တော်တို့ ပုံစံအသစ်တစ်ခုကို တခြားသော Creators တွေ Artist တွေနဲ့ ပူးပေါင်းပြီးဖန်တီးတိုင်းမှာ Audience တွေကအသစ်ကိုလက်ခံနိုင်စွမ်းမရှိဘူးဆိုရင် ကျွန်တော်တို့ဘာမှဆက်လုပ်လို့ ၊အသစ်အသစ်တွေ ပုံစံအသစ်တွေကိုဖန်တီးလို့ရတော့မှာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် ပုံမှန် Mic လေးထောင်လာပို့တာလေးတွေဖတ်ပြရုံလောက်နဲ့ပဲတန့်နေတော့မှာပါ။ ကျွန်တော်တို့နဲ့ တွဲလုပ်တိုင်းမှာ ကျွန်တော့ audience တွေကတခြားပေါင်းလုပ်တဲ့သူတိုင်းကို ကျွန်တော်မှလွဲပီးနားမထောင်ချင်ဘူး။ ကျွန်တော်ပြောတာပဲနားထောင်ချင်တယ်ဆိုပြီး ပြောတာမျိုးဆိုရင် ကျွန်တော့ဘက်ကလည်း တခြား Creator ဘက်ကို တော်တော်လေးကိုမှမျက်နှာပူရပါတယ်ခင်ဗျာ။ ကျွန်တော်နဲ့ဘယ်သူမှလက်တွဲချင်တော့မှာမဟုတ်တော့ပါဘူး။ အခုလိုပြောရတာကိုလည်း တကယ်အားနာပါတယ်။
vd တစ်ခုရဲ့ကောင်းသည် ဆိုးသည်ကို ဝေဖန်ထောက်ပြတာမျိုးကို အကုန်လက်ခံပေမယ့် အခုက vd အဆုံးထိတောင်မကြည့်ပဲနဲ့ အရင်ဟာကိုပဲကြိုက်ပါတယ်ဆိုပြီးတော့ လက်ရှိ vd ကိုကောင်းသည်ဆိုးသည်မပြောပဲနဲ့ အရင်ကဟာကိုကြိုက်လို့ အခုဟာကိုအဆိုးပြောတာကတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်ခင်ဗျာ။ ဒါမျိုးကလည်း အမြဲတင်နေမှာမဟုတ်ပါဘူး ဒါက special ep တစ်ခုအနေနဲ့ Collab vd ပါ။ ဒါမျိုးလုပ်ဖို့အချိန်တွေအများကြီးပေးရပါတယ်။
ဒါကလည်းပထမဆုံးမဟုတ်ပါဘူး အရင် Creepy Podcast, Creepy Ringing တွေနားလိုက်ရတာလည်း အခုကျွန်တော်ပြောနေတာရဲ့သက်သေတွေပါ။ ကျွန်တော်တို့ FN က အခုလိုမျိုးထက်ပိုတဲ့ ဟာတွေကိုဆက်ပြီးတော့လုပ်သွားမှာပါ။
Creepy Podcast, Creepy Ringing, Documentary Film, Short Film အကုန်လုံးကိုပြန်ပြီး လုပ်သွားမှာပါ။ တခြား Creators တွေ Artist တွေနဲ့လည်း Collaboration တွေအများကြီးကိုဆက်လုပ်သွားမှာပါ။
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ ကျန်းမာရွှင်လန်းပါစေ….။
2 weeks ago (edited) | [YT] | 1,099
View 159 replies
FN Radio Myanmar
📻 ဒီည (19.6.2026) @midnightcrime-k6m နဲ့ ကျွန်တော်တို့ @fridaynightradio12 တို့ကပူးပေါင်းတင်ဆက်တဲ့ Collaboration Documentary Short Film လေးကို တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ အချိန်ကတော့ နောက်ကျနိုင်လို့ အတိအကျမပြောတော့ပါဘူးခင်ဗျာ။
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေ Midnight Crime နဲ့ FN Radio ပါခင်ဗျာ📻
2 weeks ago | [YT] | 1,362
View 99 replies
FN Radio Myanmar
ဒီည vd ၁၂ နာရီဝန်းကျင်လောက်တက်လာပါလိမ့်မယ်ဗျ။ ဒီညvdရဲ့ Ending ကတချို့သော Audience တွေအတွက်ရန်ခုန်စရာဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ အားလုံးပဲ ၁၂ နာရီမှာတွေ့ကြမယ်ဗျာ။
ကျန်းမာရွှင်လန်းပါစေ…..
1 month ago | [YT] | 1,081
View 68 replies
FN Radio Myanmar
ခုတင်ထားတဲ့ vd မှာ Audio ထုတ်ရာမှာ Error လေးဖြစ်သွားလို့ အသံက ဘယ်ဘက်ကပိုကြားနေရသလိုဖြစ်သွားပါတယ်။ ကျွန်တော့် Audio Interface ကကြောင်နေတယ်ထင်နေတာ အခုမှ ment တစ်ခုတွေ့တော့မှတကယ်ဖြစ်နေမှန်းသိတယ်။ အကောင်းဆုံးလုပ်ထားပေမယ့် Left Right pan ချိုးထားတဲ့ line မှာထားပြီးမှားထုတ်မိသွားလို့ နားထောင်ရအဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ။ ပြန်ဖျက်ပြီး ပြန်တင်ပေးရမလားဆိုတာ တချက်လောက်ပြောပေးကြပါဉီး ခင်ဗျာ။
1 month ago (edited) | [YT] | 30
View 3 replies
FN Radio Myanmar
ဒီည vd လာပါမယ်ခင်ဗျာ။ မီးတွေခနခနပြတ်နေလို့ နောက်ကျနိုင်ပါတယ်ခင်ဗျာ။ စောင့်ရင်းနဲ့အိပ်ရေးပျက်ကြမှာစိုးလို့ပါ🫶🏻
ကျန်းမာရွှင်လန်းပါစေ…
FN Radio ပါခင်ဗျာ 📻
1 month ago | [YT] | 1,393
View 46 replies
FN Radio Myanmar
ခနနေ Vd အသစ်လာပါမယ်ခင်ဗျာ။ နောက်ကျနေလို့ မတင်ဖြစ်တော့ဘူးလို့ ထင်နေကြမှာစိုးလို့ပါ။ ခဏနေတက်လာပါလိမ့်မယ်ဗျ။ 📻
အားလုံးပဲကျန်းမာရွှင်လန်းပါစေ….။
FN Radio ပါခင်ဗျာ📻🫶🏻
2 months ago | [YT] | 1,187
View 60 replies
FN Radio Myanmar
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေ…
လာမယ့် သောကြာနေ့ (1.5.2026) vd အသစ်လာပါမယ်ခင်ဗျာ။📻
ကျန်မာရေးလည်းပြန်ကောင်းလာနေပါပြီခင်ဗျာ။
စိတ်ပူပြီးမျှော်နေကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။
သောကြာနေ့တွေ့ကြမယ်ဗျာ🫶🏻
2 months ago | [YT] | 2,857
View 249 replies
FN Radio Myanmar
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေ..။ စာရှည်သွားလို့ sorry ပါခင်ဗျာ။ ကျွန်တော့ Audience တွေအချိန်ရရင်တော့ သေချာလေးဖတ်ပေးပါဗျ။❤️
အမှန်တကယ်က vd လေးဒီတစ်ပတ်အတွက်လုပ်ပီးတော့ အဲ့ထဲမှာပဲထည့်ပြောတော့မယ်လုပ်ထားပေမယ့်။ ဘယ်လိုမှ vd လုပ်ဖို့အဆင်မပြေတဲ့အနေအထားမို့လို့ post လေးပဲတင်လိုက်ပါတယ်
ခင်ဗျာ။
ကျွန်တော် 2025 NOV လောက်တုန်းက အသက်ရှူကြပ်လို့ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့တုန်းက အဆုတ်လေပြွန်ယောင်လို့ဆိုပြီး ဆေးလိပ်ပါဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ဒီချိန်ထိ မသက်သာပဲ ခနခနကြပ်နေပြီးတော့ ကြပ်လာတဲ့အခါဆိုရင်လည်း အရမ်းကိုပြင်းထန်ပါတယ်။ ကြားထဲမှာလည်း ဆေးရုံကိုခနခနရောက်ပြီးတော့ ဆေးစစ်တိုင်းလည်း ဘာရောဂါမှမရှိဖြစ်နေခဲ့တာပါ။
နောက်တော့ fb မှာ ကျွန်တော်နဲ့ ဖြစ်ပုံချင်းတူနေတဲ့ bro တစ်ယောက် တင်ထားတဲ့ post တစ်ခုတွေ့ပြီးတော့ သူပြတဲ့ ဆေးခန်းလိုက်ပြကြည့်တော့မှ ကျွန်တော့် ခန္ဓာကိုယ်ကမကျန်းမာတာမဟုတ်ပဲနဲ့ စိတ်ကမကျန်းမာဖြစ်နေတာကိုသိရပါတယ်။ အခု ဆေးတွေသောက် Counselling ယူပြီးတော့ ကုသမှုခံယူနေပါတယ်။ ရက်ပိုင်းပဲရှိသေးတာဆိုတော့ ထူးထူးခြားခြားကြီးကောင်းလာတာတော့မရှိသေးပေမယ့် အရင်ဘာမှန်းမသိတုန်းကထက်တော့အဆင်ပြေပါတယ်။
ကျွန်တော်ဖြစ်တဲ့ပုံစံကိုမျှဝေရရင် ရုတ်တရက် အသက်ရှူထကြပ်လာတယ်။ “ငါတော့သွားပြီထင်တယ်”ဆိုတာမျိုးအတွေးတွေဝင်လာတယ်။ ပြီးရင် နာရီပိုင်းလောက်ကြာရင် ပြန်ကောင်းသွားတတ်တယ်။ လက်တွေပါထုံလာပြီးတော့ ပိုးကောင်လေးတွေတွားနေသလိုခံစားရတယ်။ သွေးပေါင်ချိန်လိုက်ရင် သွေးပေါင်လည်းတက်နေတတ်တယ်။ ညဘက်ဆိုအိပ်လို့မရပဲ အတွေးပေါင်းစုံဝင်လာတယ်။ နေ့ခင်းဘက်ဆို ဘာမှလုပ်ချင်စိတ်မရှိဘူး အိပ်ချင်တယ်။ တစ်ခါတစ်လေ ငိုချင်တယ်။ ဒေါသကိုမထိန်းနိုင်တာမျိုးဖြစ်လာတယ်။ အဲ့တာတွေကတော့ကျွန်တော်လက်ရှိဖြစ်နေတာတွေပါ။
ဆရာဝန်ကတော့ အချိန်ယူပြီး ကုသမှုခံယူရင်ကောင်းသွားလိမ့်မယ်။ အချိန်တော့ပေးရမယ်လို့ပြောပါတယ်။
🙏🏼🙏🏼အဲ့တော့ ကျွန်တော်အနားယူဖို့တကယ်ကိုလိုအပ်နေလို့ vd တင်တာလေးကို အချိန်တစ်ခုလောက်အထိရပ်ထားချင်ပါတယ်။ ကုသမှုခံယူ ခရီးလေးတွေထွက်ပြီးတော့ ကျွန်တော်ပြန်ကောင်းပြီဆိုတာနဲ့ ချက်ချင်းကို vd ရိုက်ပြီးတင်ပါ့မယ်။ ကျွန်တော့်vd ကိုစောင့်ပြီး အိပ်ရေးပျက်ခံပြီး အားပေးကြတာ ကျွန်တော်သိပါတယ်။ အဲ့အတွက်လည်းအခုလိုခနနားရတာစိတ်မကောင်းပါဘူး။ ကျွန်တော်ပြန်လာတဲ့အခါကျရင်တော့ ကျွန်တော့ကိုမေ့မသွားကြဖို့မျှော်လင့်ပါတယ်။ ရှေ့ကတင်ထားတဲ့ post မှာလည်း ment ထဲမှာ အားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းရဲ့စာတွေကိုဖတ်ပြီးတော့ စိတ်ခွန်းအားရပါတယ်။ တကယ်ကိုကျွန်တော့ Audience တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
မကြာခင်ပြန်တွေ့ကြမယ်နော်..။❤️
2 months ago | [YT] | 2,342
View 387 replies
FN Radio Myanmar
မနေ့က vd မတင်ဖြစ်တာအားလုံးကိုတောင်းပန်ချင်ပါတယ်။ မီးပြတ်နေတာကြောင့်ရော ကျွန်တော့ စိတ်ကျန်းမာရေး တော်တော်အဆင်မပြေတာရောကြောင့် ဒီတစ်ပတ်တော့နားလိုက်တာပါ။ Fb မှာ fri ဖြစ်နေတဲ့သူတချို့သိကြမယ်ထင်ပါတယ်။ ဒီ channel မှာ drama တွေသိပ်မလုပ်ချင်တာကြောင့် ဘာမှမပြောပဲနေလိုက်တာပါ။ အဲ့တာကို post လေးတောင်မတင်ဘူး ပေါက်လွတ်ပဲစားတို့ မျိုးစုံပြောဆိုကြတာတွေ့ရတာစိတ်မကောင်းပေမယ့် စောင့်နေရလို့ စိတ်ဆိုးကြတယ်ဆိုတာကိုနားလည်ပါတယ်ခင်ဗျာ။ တင်ဖို့အဆင်မပြေလို့ ဒီတစ်ပတ်နားလိုက်းတာပါ။ နောက်တစ်ပတ်ပြန်လာခဲ့ပါ့မယ်။ အားလုံးကိုတောင်းပန်ပါတယ်။ ကျန်းမာရွှင်လန်းပါစေ….။
3 months ago | [YT] | 1,641
View 171 replies
Load more