Panellist Business Services

We specialize in HR solutions & Training services for companies who aims to build a strong & efficient work force for achieving company goals & vision.

Our custom made HR & Organizational development solutions are designed based on the company requirement may it be a fortune 500 company or a startup.

With the use of modern and efficient technique our qualified HR professionals & certified trainers deliver the solutions which has great impact in the organizational working environment.

So if you have a vision to establish or transform your company workforce or environment to an efficient work place, we assure you we can provide effective, efficient & affordable solutions to all your HR needs & requirements.

Contact Us +95-9-797023133, +95-9-765685899, +95-9-777001183


Panellist Business Services

အလုပ်ခန့်ခါစမှာတော့ လူတော်တစ်ယောက် ရလိုက်ပြီဆိုပြီး ဝမ်းသာစရာဖြစ်နိုင်ပေမဲ့... အဲ့ဒီဝန်ထမ်းသစ်ရဲ့ လစာက သူနဲ့ ရာထူးတူ၊ အတွေ့အကြုံတူတဲ့ "ဝန်ထမ်းဟောင်းတွေထက် အများကြီး ပိုများနေတာ" မျိုး ဖြစ်လေ့ရှိပါတယ်။
ဒါဟာ လစာသတ်မှတ်တဲ့နေရာမှာ Market Data (ပြင်ပပေါက်စျေး) ကိုလည်းမကြည့်၊ ကုမ္ပဏီရဲ့ Internal Equity (အတွင်းပိုင်းမျှတမှု) ကိုလည်း မဆန်းစစ်ဘဲ မှန်းဆပြီး ပေးမိလိုက်လို့ပါပဲ။
💡 လစာပေးခြင်းဟာ 'မှန်းဆချက်' မဟုတ်ဘဲ 'တွက်ချက်မှု' ဖြစ်ရပါမယ်။
Professional ကျပြီး ရေရှည်ခိုင်မာတဲ့ လစာစနစ်တစ်ခု (Compensation Structure) တည်ဆောက်ဖို့အတွက် အဓိက အချက် (၃) ချက်ကို မဖြစ်မနေ ကြည့်ရပါမယ်-
1. Market Benchmark: အလားတူ လုပ်ငန်းနယ်ပယ်မှာ ဒီရာထူး၊ ဒီအရည်အချင်းအတွက် ပြင်ပပေါက်စျေးက တကယ်ကော ဘယ်လောက်ရှိလဲ?
2. Internal Parity: ကုမ္ပဏီထဲက တာဝန်တူ၊ အရည်အချင်းတူ တခြားဝန်ထမ်းဟောင်းတွေရဲ့ လစာနဲ့ကော မျှမျှတတ ရှိရဲ့လား?
3. Pay for Performance: တကယ်တော်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့သူကို ပိုပေးနိုင်မယ့် Salary Grade နဲ့ Range (လစာအဆင့်အတန်းသတ်မှတ်ချက်) တွေ သေချာရှိနေပြီလား?
ဒီအချက်တွေကို မဆန်းစစ်ဘဲ မှန်းဆချက်နဲ့တင် လစာပေးလိုက်တာဟာ ကုမ္ပဏီရဲ့ စည်းလုံးမှုနဲ့ ရေရှည်တည်ငြိမ်မှုကို ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။

🛠️ ကုမ္ပဏီအတွက် မှန်ကန်တဲ့ လစာစနစ်ကို စနစ်တကျ ဘယ်လိုချမှတ်မလဲ?
မိမိကုမ္ပဏီမှာ ဒီလိုပြဿနာမျိုးတွေ မကြုံရအောင်နဲ့ လက်ရှိပြဿနာကို Professional ကျကျ ဖြေရှင်းနိုင်အောင် 'How to do Salary Analysis' Training မှာ လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းမှာ ဘာတွေလေ့လာရမလဲ?
• Market Salary Survey တွေကို စနစ်တကျ ဘယ်လိုလေ့လာ ဆန်းစစ်မလဲ။
• မိမိကုမ္ပဏီရဲ့ Budget (ဘတ်ဂျက်) နဲ့ ကိုက်ညီမယ့် Salary Structure ကို ဘယ်လို တည်ဆောက်မလဲ။
• ဝန်ထမ်းဟောင်းတွေ စိတ်မပျက်စေဘဲ မျှတပြီး လုပ်ငန်းခွင်အဆင်ပြေစေမယ့် လစာတိုးမြှင့်ခြင်း (Increment Policy) ကို ဘယ်လို ဖော်ဆောင်မလဲ။
(ဒါတွေကို Real-world Case Studies တွေနဲ့တကွ အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။)

မှန်ကန်ပြီး မျှတတဲ့ လစာစနစ်ကသာ လူတော်တွေကို ရေရှည်ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ကုမ္ပဏီရဲ့ အသုံးစရိတ်ကိုလည်း အကျိုးရှိရှိ အသုံးချနိုင်စေမှာပါ။
📩 သင်တန်းအသေးစိတ်ကို သိရှိလိုပါက Messenger မှာ 'Salary Analysis' လို့ အခုပဲ စာပို့ပြီး စာရင်းသွင်း စုံစမ်းနိုင်ပါပြီ။

#SalarySystem#CompensationStructure#EmployeeRetention#HRMyanmar#SalaryAnalysisTraining

1 hour ago | [YT] | 0

Panellist Business Services

"ဒီဝန်ထမ်းကို လစာ ဘယ်လောက် Offer လုပ်သင့်လဲ?"
လုပ်ငန်းရှင်က HR ကို ဒီမေးခွန်း မေးလိုက်တဲ့အခါ...
"မှန်းခြေ ဒီလောက်ပေးရင် ရမယ်ထင်ပါတယ်" ဆိုတဲ့ အဖြေထက်
"Market Data နဲ့ Internal Salary Structure အရ ဒီ Salary Range အတွင်း Offer လုပ်သင့်ပါတယ်"
လို့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်ဖို့က ပိုအရေးကြီးပါတယ်။
ဘာကြောင့်လဲ?
Salary Decision ဆိုတာ ဝန်ထမ်းတစ်ယောက်အတွက်ပဲ မဟုတ်ပါဘူး။
✔ Company Budget ကို ထိခိုက်စေပါတယ်။
✔ Employee Motivation ကို သက်ရောက်စေပါတယ်။
✔ Internal Equity ကို အဆုံးအဖြတ်ပေးပါတယ်။
✔ Retention နဲ့ Turnover Rate ကိုလည်း တိုက်ရိုက်သက်ရောက်စေပါတယ်။
Data မရှိဘဲ ဆုံးဖြတ်တဲ့ Salary System တစ်ခုဟာ နောင်တစ်ချိန်မှာ...
❌ Pay Gap ပြဿနာ
❌ Salary Compression ပြဿနာ
❌ Internal Conflict ပြဿနာ
❌ Employee Dissatisfaction ပြဿနာ
တွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဒါကြောင့် PBS မှ ဖွင့်လှစ်မယ့် Salary Analysis Training မှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် စနစ်ကျတဲ့ Salary Structure တစ်ခုကို ကိုယ်တိုင် တည်ဆောက်နိုင်ဖို့ လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒီသင်တန်းကတော့ ကိုယ့်ရဲ့ Professional Skill ကို နောက်တစ်ဆင့် မြှင့်တင်ချင်တဲ့ HR တွေ၊ လုပ်ငန်းကို စနစ်တကျ လစာပေးချင်တဲ့ လုပ်ငန်းရှင်တွေ နှင့် မန်နေဂျာတွေ အထူးတက်ရောက်သင့်ပါတယ်။သင်တန်းရက်နဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိလိုပါက Messenger မှာ 'Salary Analysis' လို့ အခုပဲ စာပို့ပြီး စာရင်းသွင်း စုံစမ်းနိုင်ပါပြီ။

#SalaryAnalysis
#HRManagement
#SalaryStructure
#HumanResourceDevelopment
#WorkplaceStrategy

1 day ago | [YT] | 1

Panellist Business Services

လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက် (Salary Analysis Training)

"ရာထူးတူတူပဲ... ဘာလို့ လစာမတူရတာလဲ?" "အသစ်ဝင်လာတဲ့ ဝန်ထမ်းက ငါ့ထက် လစာပိုများနေတာ ဘာကြောင့်လဲ?"
Company တွေမှာ ဒီလိုမေးခွန်းတွေ၊ Complain တွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။တကယ်တော့ ဒီပြဿနာတွေရဲ့ အဓိကအကြောင်းရင်းက Salary Structure မရှိတာ၊ Salary Analysis ကို စနစ်တကျ မလုပ်ထားတာကြောင့် ဖြစ်ပါတယ်။
လစာသတ်မှတ်တဲ့အခါ Data နဲ့ Analysis ကို အခြေခံမထားဘဲ Case by Case ညှိနှိုင်းနေရသရွေ့...
• Internal Equity ပြဿနာတွေ
• Salary Compression ပြဿနာတွေ
• Employee Dissatisfaction တွေ
• Unnecessary Turnover တွေ
ကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် PBS ရဲ့ Salary Analysis Training မှာ...
✔ Market Rate ကို အခြေခံပြီး လစာဘယ်လို သတ်မှတ်မလဲ?
✔ Internal Equity ကို ဘယ်လို ထိန်းသိမ်းမလဲ?
✔ Salary Compression ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ?
✔ Data-based Decision နဲ့ Compensation System တစ်ခုကို ဘယ်လို တည်ဆောက်မလဲ?
ဆိုတာတွေကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒီသင်တန်းရဲ့ ထူးခြားချက်ကတော့ Theory သက်သက် မဟုတ်ဘဲ...
📌 Real Company Case Studies
📌 Step-by-Step Calculation Methods
📌 Ready-to-Use Templates
📌 Practical Exercises
တွေ ပါဝင်တာကြောင့် သင်တန်းပြီးတာနဲ့ ကိုယ်တိုင် လက်တွေ့ အသုံးချနိုင်တဲ့ Skill ကို တကယ် ရရှိမှာ ဖြစ်ပါတယ်။
ဒီသင်တန်းတက်ပြီး company မှာ Salary system တစ်ခု တည်ဆောက်ပြီးတာနဲ့ .. 'ဒီဝန်ထမ်းကို လစာ ဘယ်လောက်ပေးရမလဲ' လို့ ခေါင်းမခဲရတော့ပါဘူး။ System နဲ့ တိတိကျကျ ဆုံးဖြတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ သင်တန်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ Messenger မှာ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။ လူဦးရေ ကန့်သတ်ထားတာမို့လို့ အမြန်ဆုံး ဆက်သွယ်လိုက်ဖို့ကို အကြံပြုချင်ပါတယ်။

#SalaryAnalysis #HRMyanmar #CompensationAndBenefits #SalaryStructure #PBSMyanmar

2 days ago | [YT] | 3

Panellist Business Services

Earned Leave ဆိုတာ employee တစ်ယောက်ရဲ့ continuous working period အပေါ်အခြေခံပြီး ရရှိလာတဲ့ leave type တစ်ခုဖြစ်ပါတယ်။

#EarnedLeave
#LeaveManagement
#MyanmarLaborLaw
#HRKnowledge
#EmployeeBenefits

3 days ago | [YT] | 7

Panellist Business Services

Casual Leave (CL) ဆိုသည်မှာ ဝန်ထမ်းများအနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် အရေးပေါ်ကိစ္စများအတွက် ကာလတို ခွင့်ယူနိုင်ရန် သတ်မှတ်ပေးထားသော Leave Type တစ်မျိုးဘဲဖြစ်ပါတယ်။Myanmarနိုင်ငံရဲ့ Labour Law အရ ဝန်ထမ်းတစ်ဦးသည် တစ်နှစ်လျှင် Casual Leave (6) ရက် ခံစားခွင့်ရှိပြီး နှစ်လလျှင် (1) ရက်နှုန်းဖြင့် ရရှိမှာဖြစ်ပါတယ်။ workplace မှာ conflict အများစုက leave days ကြောင့်မဟုတ်ဘဲ process မရှင်းလင်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတိုင်းမှာ ရှင်းလင်းတိကျသော Leave Policy နှင့် Leave Procedure များ ရှိထားရန် အရေးကြီးပါသည်။

#HRManagement #CasualLeave #LeavePolicy #HRBestPractice #EmployeeRelations #LabourLaw #PeopleManagement #HRProfessional

4 days ago | [YT] | 5

Panellist Business Services

*Unclear Org Chart က ဖြစ်စေတဲ့ လုပ်ငန်းခွင် Confusion*

"ဘယ်သူ့ကို Report တင်ရမလဲ?" "ဘယ်သူက ဆုံးဖြတ်ချက်ချမှာလဲ?"
ဒီမေးခွန်းတွေဟာ Clear Structure မရှိတဲ့ Workplace တွေမှာ ခဏခဏ ကြားရတတ်တဲ့ အသံတွေပါ။ Org Chart ဆိုတာ မြင်သာရုံ သက်သက်မဟုတ်ဘဲ လုပ်ငန်းလည်ပတ်မှု (Communication Flow) ရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။
ဒါဆို Structure က တိတိကျကျ မရှိဘဲ မရှင်းလင်းနေရင် ဘာဖြစ်မလဲ?
• Communication Problems: သတင်းအချက်အလက်တွေက လိုအပ်တဲ့သူဆီ မရောက်ဘဲ လမ်းမှာတင် ပျောက်ဆုံးကုန်တတ်ပါတယ်။
• Delayed Decisions: ဘယ်သူက အတည်ပြုပေးရမလဲ မသိတဲ့အတွက် အလုပ်တွေ ကြန့်ကြာကုန်ပါတယ်။
• Conflict & Overlap: တာဝန်ဝတ္တရားတွေ ထပ်နေတာ (သို့မဟုတ်) လစ်ဟင်းနေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
HR Tip: ရှင်းလင်းတဲ့ Structure ရှိခြင်းက ဝန်ထမ်းတွေကို မိမိရဲ့ Role နဲ့ တာဝန်ကို ပိုမိုနားလည်စေပြီး အလုပ်ပိုတွင်ကျယ်စေပါတယ်။
#OrganizationalStructure
#WorkplaceCommunication
#HRManagement
#EmployeeProductivity
#BusinessOperations

6 days ago | [YT] | 4

Panellist Business Services

*လုပ်ငန်းခွင် ‘Team Culture’ ကို ဖျက်ဆီးမည့် အကြီးမားဆုံးအမှား*

Team culture တစ်ခု ပျက်စီးစေတဲ့ အကြီးမားဆုံး အမှားကတော့ Toxic Employee တစ်ယောက်ကို Tolerate (သည်းခံ) ပေးနေတာပါပဲ။

အထူးသဖြင့် အဲ့ဒီဝန်ထမ်းက အလုပ်အရမ်းတော်တဲ့ High Performer ဖြစ်နေတဲ့အခါ HR နဲ့ Manager တွေက မျက်ကွယ်ပြုတတ်ကြပါတယ်။ ဒါပေမဲ့ -

• Rule မလိုက်နာတာ
• Negative Attitude (အဆိုးမြင်စိတ်) ပြန့်နှံ့စေတာ
• တခြားသူတွေကို လေးစားမှုမရှိတာ

ဒီလိုအချက်တွေကို ignore လုပ်နေမယ်ဆိုရင် အရည်အချင်းရှိတဲ့ တခြားဝန်ထမ်းတွေရဲ့ Motivation (စိတ်အားထက်သန်မှု) တွေ တဖြည်းဖြည်း ကျဆင်းလာပြီး နောက်ဆုံးမှာတော့ အဲ့ဒီဝန်ထမ်းကောင်းတွေပါ ကုမ္ပဏီကနေ ထွက်ခွာသွားပါလိမ့်မယ်။ ဒါကြောင့် HR & Leaders တွေက အောက်ဖော်ပြပါ အချက်ကလေးတွေကို သတိပြုသင့်ပါတယ်။

• No One is Above the Rules: ဘယ်လောက်ပဲ အလုပ်တော်တော်၊ ကုမ္ပဏီရဲ့ Policy နဲ့ Culture ကိုတော့ အားလုံးတန်းတူ လိုက်နာရပါမယ်။
• Lead by Example: Leadership ဆိုတာ စံပြဖြစ်ဖို့ပါ။ Toxic ဖြစ်မှုကို ခွင့်ပြုထားခြင်းက "ဒီလိုလုပ်လည်း ရတာပဲ" ဆိုတဲ့ Message အမှားကို Team ထဲ ပေးလိုက်တာနဲ့ တူတူပါပဲ။
• Accountability: အမှားလုပ်ရင် တာဝန်ယူရမယ်ဆိုတဲ့ အလေ့အထ (Accountability) ကို ခိုင်ခိုင်မာမာ တည်ဆောက်ပါ။

*Workplace Culture ဆိုတာ နံရံမှာကပ်ထားတဲ့ Policy တွေနဲ့ တည်ဆောက်တာ မဟုတ်ပါဘူး။ Leadership နဲ့ ဘယ်လောက်ထိ တာဝန်ယူမှု (Accountability) ရှိသလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။*

#WorkplaceCulture
#LeadershipDevelopment
#HRManagement
#EmployeeAccountability
#TeamPerformance

1 week ago | [YT] | 4

Panellist Business Services

KPI ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာလဲ?

KPI ဆိုတာ ဝန်ထမ်းတွေကို ဖိအားပေးဖို့အတွက် သတ်မှတ်ထားတဲ့ Target မဟုတ်ပါဘူး။တကယ်တော့ KPI ရဲ့ အဓိက ရည်ရွယ်ချက်က အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကို တစ်လမ်းတည်း လျှောက်နိုင်ဖို့ လမ်းညွှန်ပေးတဲ့ Tool တစ်ခုဖြစ်ပါတယ်။

• Clear Direction

ဘယ်ရည်မှန်းချက်ကို ဦးတည်ပြီး လုပ်ဆောင်ရမလဲဆိုတာ ရှင်းလင်းစွာ လမ်းပြပေးနိုင်ပါတယ်။

• Performance Measurement

လုပ်ဆောင်ချက်နဲ့ ရလဒ်တွေကို တရားမျှတစွာ တိုင်းတာနိုင်စေပြီး Improvement လိုအပ်တဲ့ အချက်တွေကိုလည်း သိမြင်နိုင်စေပါတယ်။

• Goal Alignment

ကုမ္ပဏီရဲ့ Business Goals နဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကြိုးစားမှုကို ချိတ်ဆက်ပေးပြီး တူညီတဲ့ ရည်မှန်းချက်ဆီကို အတူတကွ ရွေ့လျားနိုင်စေပါတယ်။ HR Tip:

KPI သတ်မှတ်တဲ့အခါ SMART Goals (Specific, Measurable, Achievable, Relevant, Time-bound) အတိုင်း လက်တွေ့ကျကျ သတ်မှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ Target တွေနဲ့ ဖိအားပေးမယ့်အစား ဖြစ်နိုင်ခြေရှိတဲ့ လမ်းပြမြေပုံကို ချပြခြင်းကသာ Motivation ကို မြှင့်တင်ပေးနိုင်မှာပါ။

#KPI
#PerformanceManagement
#HRStrategy
#SMARTGoals
#EmployeePerformance

1 week ago | [YT] | 4

Panellist Business Services

လုပ်ငန်းခွင်တစ်ခုမှာ Policy တွေ ရှင်းလင်းမှုမရှိတာဟာ Conflict တွေ ဖြစ်လာဖို့ ဖိတ်ခေါ်နေတာနဲ့ တူတူပါပဲ။ မူဝါဒတွေ မသဲကွဲတဲ့အခါ ပြဿနာ စလာတတ်ပါတယ်။

-ဘယ်နှစ်ရက်ခွင့်ယူခွင့်ရှိလဲ…
-ဘယ်နှစ်ကြိမ် Late ဖြစ်ရင် Action ယူမလဲ…
-Approval ကို ဘယ်သူ့ဆီတင်ရမလဲ…

ဒီလိုအချက်တွေ မသေချာတဲ့အခါ ဝန်ထမ်းတွေကြားမှာ “Favoritism ရှိနေတယ်” ဆိုတဲ့ ခံစားချက်တွေ ဝင်လာပြီး ယုံကြည်မှု ပျက်ပြားလာနိုင်ပါတယ်။တကယ်တော့ Policy ဆိုတာ ဝန်ထမ်းတွေကို Control လုပ်ဖို့သက်သက် မဟုတ်ပါဘူး။

ပွင့်လင်းမြင်သာတဲ့ Policy ရှိခြင်းက —
✔ Consistency ရှိစေတယ်။
✔ Fairness ကို ခံစားရစေတယ်။
✔ Workplace Efficiency ကို တိုးစေတယ်။

ဒါကြောင့် HR အနေနဲ့ —
• Policy တွေကို Written Handbook အဖြစ်ထားရှိခြင်း
• လူတိုင်းနားလည်လွယ်တဲ့ Language အသုံးပြုခြင်း
• Policy တွေကို Regular Review & Update လုပ်ပေးခြင်း တွေကို မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။
Clear Policy ရှိတဲ့ workplace တွေမှာ Misunderstanding လျော့နည်းသလို ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှု (Job Satisfaction) လည်း ပိုမြင့်မားတတ်ပါတယ်။

#HR
#WorkplacePolicy
#EmployeeRelations
#HRManagement
#PeopleManagement
For Linkedin Version-

1 week ago | [YT] | 11

Panellist Business Services

လုပ်ငန်းအတွက် အသုံးချလွယ်သော SOP ရေးနည်း

SOP တစ်ခုကို အခြေခံကနေ စတင်ပြီး အရိုးရှင်းဆုံးဖြစ်အောင် ဘယ်လိုရေးသားရမလဲဆိုတဲ့ ၅ ဆင့် (5-Step Guide) ကို မျှဝေပေးလိုက်ပါတယ်။

"SOP ကောင်းတစ်ခုရဲ့ လျှို့ဝှက်ချက်ကတော့ 'ရိုးရှင်းခြင်း' (Simplicity) ပါပဲ။"

#SOP #BusinessOperations #WorkflowManagement #ProcessImprovement #BusinessGrowth

1 week ago | [YT] | 6