*"သေးငယ်သောစိတ်ကူးတွေက ကြီးမားတဲ့ဆန်းသစ်မှုတွေဖြစ်လာစေဖို့! (Where Small Ideas Become Big Innovations!)"*

🔧 DIY Aduino Projects • Robotics • 3D Printing
🎥 Creative Tutorials in Myanmar

👇 Subscribe for weekly tech magic!

youtube.com/@sib-creative

#SIBCreative


SIB Creative

"toy" နဲ့ "hobby" က မြန်မာလို "ကစားစရာ" နဲ့ "ဝါသနာ" ဆိုပြီး ကွာခြားပါတယ်။
.

ဥပမာခွဲခြားခြင်း:

၁။ Toy-Grade RC Car (ကစားစရာအဆင့် RC ကား)

ကစားစရာ​ရောင်းတဲ့ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရနိုင်ပါတယ်

အပိုပစ္စည်းတွေ ဝယ်လို့မရ၊ ပြင်လို့မရပါ (ကျိုးသွားရင် ပစ်ရုံပဲရှိ)။
ပြုပြင်ထိန်းသိမ်းမှု သိပ်မရှိသလို ဒီ RC toy အပေါ်မှာ ကိုယ့်ရဲ့လုံးလ အားစိုက်ထုတ်မှု တစ်စုံတစ်ရာ မပါဝင်ပါဘူး

ထိန်းချုပ်ရတာ ရိုးရှင်း၊ မြန်နှုန်း/သွက်လက်မှု နည်းသည်။

ရည်ရွယ်ချက်က ကလေးငယ်များ (သို့မဟုတ်) လူကြီးများ အပန်း​ဖြေကစားရန် အတွက်သာ ဖြစ်ပြီး စျေးပေါပါတယ်

၂။ Hobby-Grade RC Car (ဝါသနာအဆင့် RC ကား)

အလွယ်တကူ ဝယ်လို့မရဘဲ Hobby Shop လိုမျိုး တွေမှာသာ ရောင်းတဲ့ RC ကား တွေပါ။ အစိတ်အပိုင်းတစ်ခုချင်းစီးဝယ်ပြီး ကိုယ်တိုင် ပြုလုပ်တာမျိုးတွေလည်းရှိပါတယ်။

ဝါသနာ ဆိုတဲ့ အတိုင်း ဝါသနာ မပါရင် မရပါဘူး
ပြုပြင်ထိန်းသိမ်းရတယ် တယုတယလေး ထားပြီး မြတ်နိုးတန်ဖိုးထားမှုတွေပါဝင်ပါတယ်။ အလှထိုင်ကြည့်နေရတာကို ကိုယ့်တွက် စိတ်ကျေနပ်မှု ရရှိစေတာမျိုးပါ

Li-Po, Li-Ion စတဲ့ အားပြန်သွင်းလို့ရတဲ့ ဘက်ထရီတွေသုံးတယ်။ များသော အားဖြင့် Brushless motor တွေသုံးပြုကြပါတယ် (brush motor တွေလည်း သုံးကြပါတယ်)

အစိတ်အပိုင်းတိုင်းကို ခွဲခြမ်းစိတ်ဖြာပြင်ဆင်လို့ရတယ်။ (မော်တာ၊ body၊ ဘီး၊ စပရိန်း စသည်)

မြန်နှုန်းအမျိုးမျိုး၊ ထိန်းချုပ်မှုအဆင့်အမျိုးမျိုး နဲ့ ကိုယ်တိုင် upgrade လုပ်လို့ရပါတယ်။

ပြိုင်ပွဲဝင်ရန်၊ ကျွမ်းကျင်စွာ မောင်းနှင်ရန် ရည်ရွယ်တယ်။ price ကလည်း များပါတယ်။

RC Club, Online group တွေမှာ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။
.

သုံးသပ်ချက်:
RC ကားတစ်စီးကို Toy လား Hobby လား ဆုံးဖြတ်ချက်က လူတစ်ဦးချင်းစီရဲ့ ချဉ်းကပ်မှုပေါ် မူတည်ပါတယ်။
တစ်စုံတစ်ယောက်က Hobby-Grade RC ကားကို ဝယ်ယူပြီး အိမ်ရှေ့ဥယျာဉ်လေးမှာ အပန်းဖြေမောင်းနှင်ရုံသက်သက်အတွက်သာ အသုံးပြုရင် အဲဒါက သူ့အတွက် Toy တစ်ခုပါပဲ။
အခြားတစ်ယောက်က Toy-Grade RC ကားလေးကနေ စတင်မိတ်ဆက်ပြီး နက်ရှိုင်းစွာ စိတ်ဝင်စားလာကာ ပြင်ဆင်မှုတွေ စလုပ်လာရင်၊ အသိုင်းအဝိုင်းထဲ ဝင်လာရင် အဲဒါက သူ့အတွက် Hobby ဖြစ်သွားပါပြီ။
.

အမှားပါရင် ခွင့်လွှတ်ကြပါ

#sibcreative #arduinoprojects #DIY #robot

8 months ago | [YT] | 2

SIB Creative

WALL-E Robot လေး ဖြစ်လာဖို့
အတော်ကြိုးစားခဲ့ရတယ်
အတားအစီးတွေ သူ့အလိုလို
ရှောင်ကွင်းပြီးသွားတတ်ဖို့
Arduino, Ultrasonic sensor တွေအသုံးပြုထားပါတယ်
.
#arduino_car​​, #arduino_robot​​, #obstacle_avoiding_robot​​,

📌 အသုံးပြုထားသော Materials:
1) Arduino pro mini
2) Ultrasonic Sensor
3) DC Motors x 2
4) Motor Driver Module (L298N )
5) Servo Motor (MG90)
6) Battery Pack (2x 18650 Li Ion)
7) Jumper Wires (for connecting the components)
8) FTDI FT232L (for Arduino pro mini program)

............. Small Is Beautiful ...............

👍 Like, 💬 Comment, 🔔 Subscribe လုပ်ပြီးအားပေးကြပါဦး!

10 months ago (edited) | [YT] | 2