စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ အသက်ရှုတိုင်းငွေဝင်ပါစေ..


Aung Thurein

*"နှစ်သစ်မဂ်လာဆုတောင်းမေတ္တာစာ"*
၁၃၈၈ ခုနှစ် နှစ်သစ်မှစ၍ -
* **အေးချမ်းကြပါစေ:** မြန်မာပြည်သူ ပြည်သားအားလုံး ဘေးရန်ခပင်း ဝေးကွာကင်းလျက် ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ ...
* **အောင်မြင်ကြပါစေ:** ဆောင်ရွက်သမျှ စီးပွားရေး၊ လူမှုရေးလုပ်ငန်းအဝဝတို့တွင် အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုအပေါင်းနှင့် ပြည့်စုံကြပါစေ။
* **သာသနာပြုနိုင်ကြပါစေ:** အမျိုးဘာသာ သာသနာတော်အတွက် ကောင်းမြတ်သော ကုသိုလ်အလုပ်များကို ယခုထက်မက ပိုမိုတိုးတက် ဆောင်ရွက်နိုင်ကြပါစေ။

**"နှစ်ဟောင်းက အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ပြီး၊ နှစ်သစ်မှာ မင်္ဂလာအသစ်များဖြင့် စတင်နိုင်ကြပါစေ။"**

နှစ်သစ်ကစ တောင့်တမှုမှန်သမျှကြောင့်ကြမှုမရှိဘဲ ရရှိနိုင်ကြပါစေ။ လုပ်ကိုင်စီးပွါး ဒီရေအလား တိုးပွါးကြပါစေ။ အခက်အခဲများကင်းရှင်း အောင်မြင်ခြင်းများစွာ ရရှိနိုင်ကြပါစေ။ အနာရောဂါကင်းစင် ကျန်းမာပျော်ရွှင်ကြပါစေ။

သုနက္ခတ္တံ ၊ သုမင်္ဂလံ ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ၊ သုခဏော သုမုဟုတ္တောစ ၊ သုယိဋ္ဌံဗြဟ္မစာရိသု ။

ကောင်းမြတ်သော နက္ခတ်ကြုံပါစေ။

ကောင်းမြတ်သော မင်္ဂလာရှိပါစေ။

ကောင်းမြတ်သော မိုးသောက်ခြင်းဖြင့် အလင်းရောက်ပါစေ။

ကောင်းမြတ်သောစီးပွါးတို့သည်လည်း အချိန်မဆိုင်း ခဏတိုင်းရရှိပါစေ။

ကောင်းမြတ်သော အကျင့်မြတ်ကို ကျင့်ကြံနေသော သူတော်ကောင်းကို ကောင်းစွာ ပူဇော်နိုင်ပါစေကြောင်း

နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် ....
**အားလုံး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေခင်ဗျာ။**

#

3 months ago | [YT] | 2

Aung Thurein

မနေ့က..
စျေးအိမ်သာမှာ..

အိမ်သာ တက်ချင်လို့...သွားတာ..

အိမ်သာက..
နှစ်ခန်းပဲ..ရှိတာကို..
တစ်ခန်းက..သော့ခတ်ထားသေးတယ်...

ဗိုက်က..ရစ်နေပါတယ်..ဆို..

လွတ်နေတဲ့ အခန်းကြတော့..
လူက..ရှိနေတဲ့ အပြင်..
အပြင်မှာလည်း..
တစ်ယောက်က..စောင့်နေသေး
အဲ့တော့လည်း..
မြန်မာပြည်သားတို့..ထုံစံအတိုင်း..
တန်းစီ စောင့်ရတာပေါ့လေ..

အဲ..
အဲ့မှာ..ဘာဖြစ်လဲ..ဆိုတော့...
​ရှေ့မှာ..စောင့်နေတဲ့သူက..
သူ့ဝမ်းကို...မလွယ်ထားနိုင်လို့..
ထင်ပါရဲ့..
အထဲက..တစ်ယောက်ကို..
လှမ်းပြောလိုက်တာ...

"အထဲက..မိတ်ဆွေ..။မြန်မြန် လုပ်ပါဗျ။..ဒီမှာ..ကျုပ်...မွေးချင်လှပြီ....''. .တဲ့..😁

အဲ့တော့..
အထဲက လူက..ပြန်ပြောတယ်..

". .ခဏတော့..အောင့်ထားပါအုံး..အစ်ကိုရေ...အီးးးး။ကျုပ်က....ဒီမှာ..ရေမွှာ ပေါက်နေတာတောင်...ကလေးက..မဆင်းလို့...ပါဝါ သုံးနေရတာ......ယားးးး''

ငဲ့...😁

အဲ့မှာ..
အပြင်က လူက ထပ်ပြောတယ်..

" ပါဝါ သုံးရင်လည်း..မြန်မြန်သုံးဗျို့..။ကျုပ်ကလေးကတော့...ခေါင်း ပြူနေပြီဗျ......''တဲ့...😁

အဲ့တော့..
အထဲက..လူကလည်း..

" ဟုတ်ကဲ့ပါဗျာ...ခဏလေး ခဏလေး..။ကျုပ်ကလေးလည်း..အပြင်တော့...ချောင်းကြည့်နေပါပြီဗျ......''တဲ့လေ..😁

ဪ...ဒုက်ခ..😁
အိမ်သာနဲ့
မွေးလူနာဆောင်များ..မှားနေလား...မသိ...😁

ဒါကို
အပြင်ကလူကလည်း..
စိတ်မရှည်တော့ဘူး..

" အဝ..ရောက်နေရင်လည်း..နောက်ကနေ..စောင့်ကန်ချလေဗျာ..ခင်ဗျားကလဲ..'

ဟဲ့...😁

ကျုပ်မှာ..
အီးပါချင်လို့ပါဆို...
သူတို့..ပြောနေတာ ကြည့်ပြီး..
အင်္ဂုလိမာလသုတ်တောင်...
ပြေးရွတ်ပေးရတော့..မလိုလို...😁

အဲ့အချိန်မှာပဲ..
အထဲက..လူက..

". .ဝိုးးး....မွေးပြီ အစ်ကိုရေ...မွေးပြီ...ဟားဟားဟား...''

အဲ့ဒါကို
အပြင်က လူက..
သူ့မိန်းမ ကလေးမွေးတဲ့အတိုင်း..
ဝမ်းသာအားရ.

"ယေးးး....''. ..ဆိုပြီး..ထ ခုန်လိုက်တာ

"ဗြစ်....''

"ဟာ.....''

အပြင်က..လူပါ....မွေးရော....😁

😁😁😁😁😁

အဲ့ဒါကို..
အားရပါးရ...ခွီးး..လိုက်တဲ့
ကျုပ်ခမျာမှာလည်း...

"ဘွတ်....''

"ဟာ....''

😁😁😁😁

တတ်နိုင်ဘူး...😁😁

#လူချွန်တော်

8 months ago | [YT] | 13

Aung Thurein

“လူတွေက သေဆုံးသွားတဲ့အခါ အကူငွေတွေ နစ်နေအောင် ထည့်ကြပါတယ်”

ငါ့အဖေရဲ့ နောက်ဆုံးခရီး၊ ငါ့အမေရဲ့ နောက်ဆုံးခရီး၊ ငါ့သွေးချင်း မောင်နှမရဲ့ နောက်ဆုံးခရီး၊ ငါ့သူငယ်ချင်းရဲ့ နောက်ဆုံးခရီး၊ ငါ့မိတ်ဆွေရဲ့ နောက်ဆုံးခရိး၊ ငါ့အဖွား/ငါ့အဖိုးရဲ့ နောက်ဆုံးခရီး စသည်ဖြင့် ပြောကြပြီး သူတို့ရဲ့ နောက်ဆုံးခရီးမှာ လွမ်းပြ ၊ငိုပြ၊ ဆွေးပြနဲ့ ပြောမဆုံး စားမြုံပြန်ကြပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ မျက်လုံးနှစ်လုံး မှိတ်ပြီး အသက်မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ နောက်ဆုံးခရီးမှာ ဘယ်သူ ဘယ်ဝါက ခံစားရပါတယ်၊ ဘယ်သူ ဘယ်ဝါက ကူညီပေးပါတယ်ဆိုတာ မသိရှိနိုင်တော့ပါဘူး။

အသက်ရှင်နေတဲ့အခါ ကိုယ်ချစ်ခင်တန်ဖိုးထားသူတွေကို
စာနာနားလည်တဲ့ နှလုံးသားနဲ့ သူတို့ခက်ခဲနေချိန်၊ သူတို့ဆာလောင်နေချိန် သူတို့ငိုကြွေးနေချိန်မှာ

ငါနင့်အနားမှာရှိတယ်နော် အားမငယ်နဲ့ 🫂
ငါ့မှာ ဒါလေးတော့ရှိတယ် နင်လိုရင်ယူ ✌️

ဒါလေးတော့ အတူတူစားရအောင်နော် ဆိုတဲ့ ကူညီဖေးမမူလေးလောက်တောင် ကျွန်တော်တို့ ချစ်ခင်သူတွေ ရှင်သန်နေတုန်းမှာ မမေ့မလျော လုပ်ခဲ့မယ်ဆိုရင်

သူတို့သေဆုံးတဲ့အခါ ကျွန်တော်တို့ မရောက်လာနိုင်
ရင်လည်း စောင့်မျှော်နေမှာ မဟုတ်တော့ပါဘူး။

အရေးကြီးတာက ရှင်သန်နေတဲ့အခါမှာ ချစ်ခြင်းမေတ္တာနဲ့ စာနာနာလည်ပေးနိုင်တဲ့ နှလုံးသားနဲ့ အချင်းချင်းဖေးမ နေထိုင်သွားနိုင်ဖို့သာ အရေးကြီးဆုံးပါ။

Credit

1 year ago | [YT] | 4