တိတ်ဆိတ်နေရသူများရဲ့ အသံ


MNO NEWS

မြစ်ကြီးနားမြို့ကို လာတဲ့စစ်ကား အစီး ၂၀၀ ခန့်ပါတဲ့ ယာဥ်တန်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့

1 JUNE 2026

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ကိုရောက်လာတဲ့
စစ်ကား အစီး ၂၀၀ ခန့်ပါတဲ့ ယာဥ်တန်းကို
KIA က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့
သိရပါတယ်။
အဲ့ဒီ စစ်တပ်ယာဥ်တန်းက မေလ ၃၁ ရက်နေ့
မှာ မန္တလေးမြို့ဘက်ကနေ မြစ်ကြီးနားမြို့ကို
ရောက်လာတာပါ။
စစ်ယာဥ်တန်းကို မော်လူးနဲ့ မိုးညှင်းမြို့ကြားမှာ
KIA ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်
အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲ့ဒီ စစ်ကားတွေထဲမှာ လက်နက်ခဲယမ်း၊ရိက္ခာတွေ
နဲ့ လေယာဉ်ဆီတွေသယ်ဆောင်လာတာဖြစ်တယ်
လို့ သိရပါတယ်။

45 minutes ago | [YT] | 31

MNO NEWS

လားရှိုးမှာ နေအိမ် ၁၀ လုံးကျော်ကို တပ်ပိုင်​မြေနဲ့ ​ကျောင်း​​မြေ​ပေါ်​ဆောက်ထားတယ်ဆိုပြီး စစ်တပ်နဲ့ စည်ပင်က ပူးပေါင်းဖြိုချ

1 JUNE 2026

ရှမ်းပြည်မြောက်ပိုင်း၊လားရှိုးမြို့မှာ နေအိမ် ၁၀ လုံး
ကျော်ကို တပ်ပိုင်မြေနဲ့ အ.မ.က ၁၀ ကျောင်းမြေပေါ်
ဆောက်ထားတယ်ဆိုပြီး စစ်တပ်နဲ့ စည်ပင်တို့ပူး
ပေါင်းကာ ဖြိုချဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။မေလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ အိမ်တွေဖျက်ဆီး
ခံလိုက်ရတာဖြစ်ပြီး အိမ်ပိုင်ရှင်တွေကအဲ့ဒီမြေနေရာ
တွေကို ပွဲစားတွေ ဆီကနေ တဆင့် လက်ဆင့်ကမ်း
ဝယ်ယူခဲ့ကြတာလို့ သိရပါတယ်။
မေလ ၂၆ ရက်နေ့ကလည်း ခေးနင်းလမ်းသွယ် (၈)
မှာရှိတဲ့ အိမ်တွေကို စစ်တပ်က တပ်ပိုင်မြေပေါ်
ဆောက်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ဖျက်ဆီးခဲ့ပါတယ်။
နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင်တွေကို
စစ်တပ်နဲ့ စည်ပင်ဘက်က လျော်ကြေးပေးတာမျိူး
မရှိဘူးလို့ သိရပါတယ်။

3 hours ago | [YT] | 49

MNO NEWS

တောင်မော်ဦး ရေတပ်အနီး တိုက်ပွဲမှာ စစ်သား ၃၀ ​​ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကို AAက သိမ်းဆည်း ရမိခဲ့

1 JUNE 2026

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး ရေတပ်အနီး တိုက်ပွဲမှာ စစ်သား ၃၀ ​​ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကို AAက သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

​မေလ ၂၉ ရက်နဲ့ ၃၀ ရက်မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဘက်ကလည်းကျဆုံးမှုရှိ​တယ်ဆို ဆိုပါတယ်။

တိုက်ပွဲဖြစ်​နေချိန် စစ်တပ်ဘက်က ​လေ​ကြောင်းက​နေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ​ရေတပ်စခန်းအနီးရှိ ​နေအိမ်များ ပျက်စီးမှုရှိခဲ့ပါတယ်။

စစ်တပ်ဘက်က အထိနာသွားတဲ့အတွက် ​တောင်​မော်ဦး စခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ​ရေတပ်စခန်းအနီးက စနဲမြို့ကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်​နေတဲ့အတွက် ​နေအိမ်​တွေ ပျက်စီးခဲ့ပြီး ​ဒေသခံ​တွေထွက်​​ပြေးတိမ်း​ရှောင်​နေကြရပါတယ်။

3 hours ago | [YT] | 101

MNO NEWS

ဒွဲ့လိုးမြို့နယ်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့်
KNLA ရဲဘော် ၃ ဦးကျဆုံးခဲ့

1 JUNE 2026

ကရင်ပြည်နယ်၊KNU တပ်မဟာ ၅ နယ်မြေ၊ ဒွဲ့လိုး
မြို့နယ်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့်
KNLA ရဲဘော် ၃ ဦးကျဆုံးခဲ့ပါတယ်။
မေလ ၂၈ ရက်နေ့မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး
လက်နက်၅ လက် ၊ ကျည်ဘောက်နဲ့ ခဲယမ်းများ
ကိုပါ စစ်တပ်က သိမ်းဆည်းသွားခဲ့တယ်လို့ သိရ
ပါတယ်။
ဒါ့အပြင် KNLA ရဲဘော် ၄ ဦးလည်းဒဏ်ရာ
ရသွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်ကလည်း ၂
ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
ဒွဲ့လိုးမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတဲ့
အတွက် ဒေသခံတွေ လေကြောင်းရန် သတိထား
ကြဖို့ KNU က သတိပေး ထုတ်ပြန်ပါတယ်။

7 hours ago | [YT] | 372

MNO NEWS

ဗန်းမော်၊ရွှေကူ၊ဖားကန့်မြို့နယ်တို့မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ကူအင်အားထပ်မံဖြည့်တင်းနေ

1 JUNE 2026

ကချင်ပြည်နယ်ရှိ ဗန်းမော်၊ရွှေကူ၊ဖားကန့်မြို့နယ်
တို့မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး
စစ်တပ်က စစ်ကူအင်အားထပ်မံဖြည့်တင်းနေတယ်
လို့ KIA က ထုတ်ပြန်ထားပါတယ်။
မေလ ၂၈ ရက်နေ့မှာ ရွှေကူမြို့နယ်၊တောပုန်းရွာ
လမ်းမှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်
လို့ ဆိုပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့မှာလည်း တိုက်ပွဲ ဖြစ်ပွားခဲ့
ပြီးနောက် စစ်တပ်ဘက်က လေကြောင်းကနေ
ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြိုန့ယ်ထဲမှာလည်း စစ်တပ်ကို
KIA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

8 hours ago | [YT] | 274

MNO NEWS

နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ရွာ မှာ မိုင်းသို​လှောင်ရုံ ပေါက်ကွဲမှု​ကြောင့် ​ဒေသခံ ၅၀ ​ကျော်​သေဆုံး

1 JUNE 2026

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ မှာ မိုင်းသို​လှောင်ရုံ ပေါက်ကွဲမှု​ကြောင့် ​ဒေသခံ ၅၀ ​ကျော်​သေဆုံးပြီး အများအပြား ထိခိုက်မှု ရှိခဲ့တယ်လို့ ​သိရပါတယ်။

မေလ ၃၁ရက် နေ့လည် ၁၂နာရီမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

TNLA ဘက်က​တော့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​သတင်းထုတ်ပြန်ထားပါတယ်။

ဒါ​ပေမယ့် ထိခိုက်​သေဆုံးမှုအ​ရေအတွက်ကို​တော့ အတိအကျ ​ဖော်ပြထားခြင်းမရှိ​သေးပါဘူး။


ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာရှိ ​ဒေသခံ​တွေထိခိုက်​သေဆုံးမှုများပြားပြီး ​နေအိမ်များစွာ ပျက်စီးသွားခဲ့တာပါ။

​ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ် လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရသူ​တွေကို ကုသ​ပေး​နေပြီး ​နောက်ဆက်တွဲကယ်ဆယ်​ရေးလုပ်ငန်း​တွေ ဆက်လက်​​ဆောင်ရွက်​နေတယ်လို့ ​ဖော်ပြထားပါတယ်။

လက်ရှိမှာ​တော့ ထိခိုက်ဒဏ်ရာသူ​တွေထဲမှာ အ​ခြေအ​နေစိုးရိမ်ရသူ​တွေလည်းပါဝင်​နေတဲ့အတွက် ​​သေဆုံးသူဦး​ရေ ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။

TNLA က ၁၀၂၇ စစ်ဆင်​​ရေးမှာ PDF ​တွေနဲ့ ပူး​ပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ​တိုက်ခိုက်ခဲ့တာပါ။
ဒါ​ပေမယ့် မြို့​တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့​ပေမယ့် ၂၀၂၅ ခုနှစ်မှာ​တော့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲ​ရေး​သ​ဘောတူပြီး သိမ်းပိုက်ထားတဲ့ မိုးကုတ်၊မိုးမိတ် စတဲ့မြို့​တွေကို စစ်တပ်လက်ထဲ ပြန်လွှဲ​ပေးခဲ့ပါတယ်။

9 hours ago | [YT] | 34

MNO NEWS

1 June 2026
စစ်ကိုင်းတိုင်း ယင်းမာပင်မှာ စစ်တပ်ကသတ်ဖြတ်
စွန့်ပစ်ခဲ့တဲ့ ပြည်သူ ခြောက်ဦးရဲ့ အလောင်းတွေ
ထပ်တွေ့ရပြီး အခုဆို သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အ
လောင်း ဒါဇင်နဲ့ချီ ရှိလာနေပြီလို့ သိရပါတယ်။
အာဏါသိမ်းစစ်တပ်က သီးကုန်း၊ လက္ကပြားနဲ့
ရင်ပေါင်တိုင်ရွာတွေက ပြည်သူတွေကို ဖမ်းဆီး
သတ်ဖြတ်ခဲ့ပြီး မေလ ၂၆၊ ၂၈နဲ့ ၃၀ရက်တွေက
စွန့်ပစ်ခဲ့တဲ့ အလောင်းတွေကို ထပ်တွေ့ရတာပါ။
အာဏာသိမ်း စစ်တပ်ဟာ သင်္ကြန်မတိုင်ခင်ကထဲက
ယင်းမာပင်နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲ
နယ်အစပ် ကျေးရွာတွေကို အင်အား ၅၀၀ လောက်
နဲ့ ရွာစဉ်ပတ် လူသတ်မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်တပ်က ယင်းမာပင်တနယ်လုံးကို နယ်မြေစိုးမိုး
ထိန်းချုပ်နိုင်ရေးအတွက် အခုလို အင်အားသုံး
စစ်ကြောင်းထိုးနေတာလို့ ဒေသခံ တော်လှန်ရေး
အင်အားစုတွေက သုံးသပ်ကြပါတယ်။

11 hours ago | [YT] | 85

MNO NEWS

ယောဒေသ ပုံတောင်နတ်ထိပ်အနီးသို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၈၀ ​ကျော်​သေဆုံးခဲ့တယ်လို့ ​ယောတပ်​တော်ကထုတ်ပြန်

31 MAY 2026

မကွေးတိုင်း၊ ယောဒေသ ပုံတောင်နတ်ထိပ်အနီးသို့
စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို အကြိမ်ပေါင်းများ
စွာတိုက်ခိုက်ခဲ့ရာ စစ်သား ၈၀ ကျော်သေဆုံးခဲ့တယ်
လို့ ယောတပ်တော် (YA) က ထုတ်ပြန်ပါတယ်။
မေလ ၁၃ ရက်နေ့ကစပြီး ၃၀ ရက်အထိ တိုက်ပွဲ
အကြိမ်ရေ ၁၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့
ဖော်ပြထားတာပါ။
အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်းများကိုလည်း
ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ဒဏ်ရာရသူ
၁၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း
ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲကာလအတွင်း စစ်တပ်က ဒေသခံတွေကို
ဖမ်းဆီးသတ်ဖြတ်တာတွေ၊နေအိမ်တွေကိုမီးရှို့တာ
တွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်
တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

14 hours ago | [YT] | 369

MNO NEWS

31 May 2026
ထိုင်းနိုင်ငံမှ ဖမ်းဆီး ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား
တွေထဲက အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်
အကြား လူငယ်များကို စစ်မှုထမ်းခိုင်းဖို့ စစ်တပ်
က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
တရားမဝင် ခိုးဝင်မှုအပါအဝင် ပြစ်မှုများနဲ့ ဖမ်းဆီး
ခံခဲ့ရတဲ့ မြန်မာ၁၁၁ ဦးကို မေလ ၂၉ ရက်နေ့ ထိုင်း
က ပြန်ပို့အပြီး စစ်တပ်က သူတို့ကို ကော့သောင်း
ခမရ၂၆၂ တပ်ရင်းထဲ ခေါ်ဆောင်သွားတာပါ။
ပြန်ပို့လိုက်သော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံ
တွင် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့လွတ်မြောက်လာသူ
များဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြိုမှတဆင့် မြန်မာ
ဘက်အခြမ်းသို့ ပြန်လည် လွှဲပြောင်းခံရတာပါ။
ထိုင်းနိုင်ငံက ၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသား
၆၅၇ ဦးကို ဖမ်းဆီးပြီး အာဏါသိမ်းစစ်တပ်ထံ ပြန်
ပို့ဆောင်မှခဲ့ပြီးပါပြီ။

21 hours ago | [YT] | 135

MNO NEWS

31 May 2026
ဒီကနေ ထိုင်းနိုင်ငံရဲ့ LGBTQ+ ပွဲတော်လမ်းလျှောက်ပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
Bangkok Pride ပွဲတော်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ lesbian၊ gay၊ bisexual၊ transgender၊ queer (LGBTQ+)တို့ရဲ့ ဘဝကို ဂုဏ်ပြုတဲ့ နှစ်စဥ်ကျင်းပတဲ့ ပွဲတော်တခုပါ။ ပွဲတော်ကို Silom လမ်းမပေါ်တွင် ကျင်းပသော pride စီတန်းလှည့်လည်ပွဲနဲ့ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲကို Naruemit Pride၊ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးနှင့် ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ လက်ခံကျင်းပတာပါ။

23 hours ago | [YT] | 137