In addition to informative content and exciting programs, MI Radio is here to bring you all the best international music and entertainment to your fingertips.

Catch our programs on 96,1 MHz YGN, 96.5 MHz MDY, and 96.7 MHz NPW, all Free To Air for easy listening.


MI Radio

MIRadio ရဲ့ Radio Drama အတွက် ဇာတ်လမ်းတွေပို့ပြီး ကလောင်စွမ်းပြလိုက်ရအောင်!
စာပေချစ်သူတို့ရေ... MIRadio ကနေ "Radio Drama" အစီအစဉ်အတွက် ဇာတ်လမ်း ဇာတ်ညွှန်းကောင်းတွေ ထပ်မံဖိတ်ခေါ်နေပါပြီ။ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေနဲ့ပဲဖြစ်ဖြစ်၊ မူပိုင်ခွင့်ရထားတဲ့ ဝတ္ထုတွေ၊ ဇာတ်တော်တွေ၊ သမိုင်းကြောင်းတွေကနေ မှီငြမ်းပြီးဖြစ်ဖြစ် မြန်မာဘာသာနဲ့ရေးပြီး ပို့နိုင်ပါတယ်။
ဇာတ်ညွှန်း စာမူဖိတ်ခေါ်ခြင်းအစီအစဉ် နှင့် ကန့်သတ်ချက်များ

ပါဝင်နိုင်ပုံ
 ကိုယ်ပိုင်ဇာတ်လမ်း (သို့) မူပိုင်ခွင့်ဆိုင်ရာ ခွင့်ပြုချက်ရရှိထားသည့် မှီငြမ်း ဝတ္ထု၊ ဝတ္ထုတို၊ ဇာတ်တော်များ၊ သမိုင်း၊ ဂန္ထဝင်၊ စသည့်ပုံစံအမျိုးမျိုးဖြင့် ဇာတ်ညွှန်းရေးသားကာ မြန်မာ ဘာသာစကားဖြင့် ရေးသားပေးပို့နိုင်ပါသည်။
 မည်သူမဆို အသက်အကန့်အသတ်မရှိ လွတ်လပ်စွာပါဝင်နိုင်ပါသည်။


ဇာတ်လမ်းပေးပို့ရန် သတ်မှတ်ချက်များ
 (၁) ဇာတ်လမ်း၊ဇာတ်ညွှန်းနဲ့ ပေးပို့သူဆိုင်ရာ အချက်အလက်များကို MI Radio မှပြုစုထားသည့် Form ထဲသို့ဖြည့်သွင်းပြီး Email: studio@miradio.com.mm (သို့မဟုတ်) MI Radio Facebook page သို့ Word File ဖြင့်ရေးသားပေးပို့နိုင်ပါသည်။ ကိုယ်ရေးအချက်အလက် Form ကို ဒီမှာ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်: (tinyurl.com/4dmkzmxa)
 (၂) ဇာတ်လမ်းဇာတ်ညွှန်း တစ်ပုဒ်လျှင် (၁၅) မျက်နှာ အနည်းဆုံးရေးသားရမည်။ ဇာတ်လမ်း အရေအတွက် ကန့်သတ်မထားပါ။ Pyidaungsu font ဖြင့်ရေးသားပြီး font size – 12 ထက် မကြီးရပါ။ (စာလုံးFont၊ စာလုံးဆိုဒ် နှင့် သတ်မှတ်ထားသော စာမျက်နှာပြည့်မှသာလျှင် စိစစ် ရွေးချယ်ရေးအဖွဲ့သို့ တင်ပြပေးသွားပါမည်။)
 (၃) မိမိပေးပို့မည့် ဇာတ်လမ်းအမျိုးအစားများသည် သုတ၊ ရသ၊ ဒဏ္ဍာရီ၊ သမိုင်း၊ ယဉ်ကျေးမှု၊ အချစ်၊ စုံထောက်၊ သိုင်း၊ သည်းထိတ်ရင်ဖို၊ ဟာသ စသည့် အမျိုးအစားအလိုက်ပေးပို့နိုင်ပါသည်။
 (၄) ပေးပို့လာသော ဇာတ်လမ်းဇာတ်ညွှန်း စာမူများသည် အခြားသော လူမှုကွန်ယက်စာမျက်နှာများ၊ Podcast စာမျက်နှာများ၊ အခြားဖျော်ဖြေရေးပလက်ဖောင်းများ နှင့် အင်တာနက်စာမျက်နှာများတွင် တင်ဆက်ထားဖူးခြင်း မရှိကြောင်း ဝန်ခံကတိပြုစာ ပါဝင်ရပါမည်။
 (၅) ပေးပို့လာသော စာမူများသည် မြန်မာနိုင်ငံ၏ လက်ရှိသက်ဆိုင်ရာ တရားဥပဒေများနှင့် မဆန့်ကျင် စေရပါ။

ရွေးချယ်မှုနှင့်မူပိုင်
 (၁) ပေးပို့လာသည့် ဇာတ်လမ်းဇာတ်ညွှန်း စာမူများအား ကိုယ်ပိုင်ဇာတ်လမ်းနှင့် မှီငြမ်းဇာတ်လမ်းပေါ်မူတည်ပြီး MIRadio နှင့် Z Lann တို့မှ မှမူပိုင်အဖြစ် ရွေးချယ်လိုက်သည့် ဇာတ်လမ်းဇာတ်ညွှန်း တစ်ခုစီအတွက် ဉာဏ်ပူဇော်ခ အနေဖြင့် မြန်မာ ကျပ်ငွေ ၄၀၀၀၀ – ၆၀၀၀၀ ပေးအပ်မည်ဖြစ်ပါသည်။ Wave Pay / K Pay တို့မှဆက်သွယ်၍လည်း ထုတ်ယူနိုင်ပါသည်။
(မှတ်ချက်။ စာမူပေးပို့သူကြောင့် ဖြစ်ပေါ်လာသည့် မူပိုင်ခွင့်ပြဿနာများကို MI Radio ဘက်မှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။)
 (၂) အသုံးပြုရန်အတွက်ရွေးချယ်ခြင်းခံရသည့် ဇာတ်လမ်းဇာတ်ညွှန်းများအား ထုတ်လွှင့်မှုဆိုင်ရာ မူဝါဒအရ MI Radio နှင့် Z Lann တို့က အလျဉ်းသင့်သလို ပြန်လည်တည်းဖြတ်ခွင့်၊ ပြင်ဆင်၊ ဖြန့်ဝေ၊ ပူးပေါင်းတင်ဆက် ပြသခွင့်ရှိပါသည်။

ဇာတ်လမ်းဇာတ်ညွှန်းတွေကို ဇွန်လ ၂၀ ရက်နေ့ မှ ဇူလိုင်လ ၇ ရက်နေ့ အထိ ပေးပို့နိုင်ပါတယ်။ ကဲ... စာပေချစ်သူတို့ရဲ့ ကလောင်စွမ်းတွေကို MIRadio ရဲ့ "Radio Drama" နဲ့အတူ ပုံဖော်လိုက်ရအောင်!
#စာပေ #စာအုပ်စာပေ #ZLann #Drama

1 year ago | [YT] | 6

MI Radio

Mystery Miners is your one-stop destination for all things mystery, conspiracy, supernatural, true crime and everything in between. Stay tuned for MIRadio's Mystery Miners's bi-weekly program that airs every Saturday at 8:30 pm on the 𝐌𝐈𝐑𝐚𝐝𝐢𝐨 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐩𝐚𝐠𝐞 and 𝐌𝐈𝐑 𝐎𝐧𝐥𝐢𝐧𝐞 𝐓𝐕 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐜𝐡𝐚𝐧𝐧𝐞𝐥….🙋🙏

MI Radio Facebook Page : www.facebook.com/miradiomm
MI Radio Online TV YouTube Channel: youtube.com/c/MIRadioOnlineTV

#MIRadio #MyanmarInternationalRadio #mystery #mystery_miners #unsolvedmystery

4 years ago | [YT] | 1

MI Radio

MIRadio presents Music of the Week, a video show where we discuss about all the most popular songs, singers, artists and even a little about the history of music.

You can watch our weekly episodes every Thursday at 8 PM sharp on our MIRadio Facebook page and Youtube channel! 👇

MI Radio Facebook Page : www.facebook.com/miradiomm
MI Radio Online TV YouTube Channel: youtube.com/c/MIRadioOnlineTV

4 years ago | [YT] | 1