ဧရာဝတီတိုင်းဒေသထဲမှနေ ရခိုင်ကို စစ်ကြောင်းထိုးနေတဲ့ ရဲဝင်းဦးစစ်ကြောင်းတွေ စစ်ကြောင်းလိုက်ပြုတ်နေတယ်ဆိုတဲ့ ရှေ့တန်းရင်မြစ်သတင်းများမှ သိရပါတယ်။ ရဲဝင်းဦး စစ်ရေးပလန် C လည်း ဦးကျိုးပြန်ပါပြီပဲ။ Sar K
The military junta has now refused ASEAN's request to meet my mother, Nobel Peace Prize Laureate Daw Aung San Suu Kyi.
As her son, I have a basic human right to know whether my mother is alive and to have contact with her. International human rights standards recognize that prisoners should be allowed regular contact with their families. Yet, for more than five years, I have been denied even a single phone call or visit with my mother.
My mother remains a hostage, cut off from her family and the outside world. If even ASEAN has been denied access, and her own son has been denied all contact for more than five years, how can anyone accept the junta's claims without credible, independently verified proof of life?
If she is alive, show credible, independently verified proof of life.
saw kalaya oo
မနေ့ညက ကိုနောင် Myo Yan Naung Thein နဲ့ ညီငယ်သရဲကြီးတို့ရဲ့ live discussion ကို တခုတ်တရ နားထောင်ဖြစ်လိုက်ပါတယ် ။
ဒီနေရာမှာ တခုပြောစရာရှိတာက ကိုနောင့်ဖက်ကသာ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး Enthusiasm ဖြစ်နေပေမဲ့ သရဲကြီးဖက်ကတော့ စိတ်ဝင်စားမှူ့ လျော့ရဲနေတာကို ဖြတ်ကနဲ မြင်လိုက်ရပါတယ် ။
ဒါကလည်း ကိုနောင့်ဖက်က ဆွေးနွေးဖို့ ဖိတ်ခေါ်မှု့ကို လက်သင့်ခံလိုက်ပေမဲ့ သရဲကြီးထံမှာ တော်လှန်ရေးဝမ်းစာ မပြည့်တဲ့အတွက်လည်း ဖြစ်ကောင်း ဖြစ်မှာပါ ။
ထားပါလေ ။
ကိုနောင်ဆွေးနွေးသွားတဲ့ အကြောင်းအရာက တော်လှန်ရေးမှာ COC တခုတည်းရှိဖို့ ဇောင်းပေးပြောဆိုနေသော်ငြားလည်း သရဲကြီးဖက်က COC အောက် မဝင်တဲ့ LPDF တွေကို အမှိုက်လို့ပြောထားတဲ့ ကိုနောင်ရဲ့ စကားစုကို လက်သင့်မခံတဲ့ issue ကို မရအရ ပွဲတည်နေတာပါ ။
ကျွန်တော့အမြင်ပြောရရင် LPDF တွေက ပျောက်ကြားနည်းစနစ်နဲ့ တိုက်နေပေမဲ့ စခတပ်ကြီးတခုလုံးကို ဖြိုချဖို့ငှာ မစွမ်းဆောင်နိူင်သေးဘူးဆိုတဲ့ issue ကို လက်မခံချင်လည်း လက်ခံရပါမယ် ။ ဒါက အရှိတရားပဲ ဖြစ်ပါတယ် ။
နောက် အမှိုက်ဆိုတဲ့ စကား ။
တကယ်တော့ အမှိုက်ဆိုတာ အိမ်တိုင်းမှာ ရှိပါတယ် ။ ပစ်ချင်ရင်လည်း ရပါတယ် ။ မပစ်ရင်လည်း အိမ်ရှုပ်တာကလွဲလို့ ဘာမှ အရာမရောက်ပါဘူး ။
ဒါကလည်း ကိုနောင့်ဖက်က နာမ်စားတခုလို သုံးနူန်းသွားတဲ့ သဘောမျှပဲ ရှိတာပါ ။ LPDF တွေကို အသုံးမကျဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး ။
ဆိုလိုတာက သူ့နေရာနဲ့သူ အံ့ဝင်ခွင်ကျ မဖြစ်တဲ့ LPDF တွေရဲ့တော်လှန်ရေးအံ့ချော်နေတာတွေကို ထောက်ပြပြောဆိုတဲ့ အနေအထားပဲ ဖြစ်ပါတယ် ။
ခက်တာက
လက်ရှိအနေအထားမှာ ကျွန်တော်တို့တွေအနေနဲ့ ပစ်ပြေးနဲ့ ပျောက်ကြားနည်းဗျူဟာလောက်နဲ့ တင်းတိမ်နေလို့ မရတော့ပါဘူး ။ စခတပ်ဖက်က အာဏာတည်ဆောက်မှု့ဟာ အချိန်နဲ့အမျှ အမြစ်စတွယ်လာပြီး သံတမန်ရေားရာ ၊ နိူင်ငံတကာရေးရာတွေအထိ လွမ်းမိုးလာတာကို မမြင်ချင်ပေမဲ့လည်း မြင်နေရပါတယ် ။
ဒါကို စဉ်းစားဖို့လိုပါတယ် ။
စကမ နဲ့ တော်လှန်ရေးအဖွဲ့တွေကြားမှာ ဘယ်အုပ်စုက ပိုပြီးစည်းလုံးသလည်း? ပိုပြီး ညီညွတ်သလည်းဆိုတာကို ကမ္ဘာတဝှမ်းလုံးက ကြည့်နေကြပါတယ် ။
ဒီလိုကာလမျိုးမှာ NUG နဲ့ မပူးပေါင်းလည်း ဘုံရည်ရွယ်ချက် တူနေတာပဲ ၊ LPDF တွေက သူ့နည်းသူ့ဟန်နဲ့ တိုက်နေတာပဲလေ၊ ထားလိုက်ပါ လို့ ပျော့စိစိ တွေးလို့ မရတော့ပါဘူး ။
အဖွဲ့ကွဲတွေ အများကြီးနဲ့တိုက်နေတာထက် စာရင် အင်အားကြီးကြီးနဲ့ အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်ရင် ဘယ်အရာဝတ္ထုမှ မခံနိူင်ပါဘူး ။ စကစ ဖက်ကလည်း တော်လှန်ရေးအုပ်စုတွေ စုစည်းညီညွတ်သွားမှာကို သိပ်ကြောက်ပါတယ် ။
ချောက်ထဲကျနေတဲ့ကားကို ကြိုးသေးသေးလေးတွေ အများကြီးနဲ့ ဘက်ပေါင်းစုံက ဆွဲတင်နေမဲ့အစား ဒီကြိုးလေးတွေကို စုစည်းပြီး ကြိုးကြီးကြီးကျစ်ကာ လားရာအရပ်တခုတည်းကို ဆွဲတင်တာက ပို ထိရောက်မယ်လို့ ထင်ပါတယ် ။
တရသအချင်းချင်းတွေတောင် ညီညွတ်သွားမှာ စိုးရွံ့တဲ့အတွက် တဖွဲ့ချင်း သီးခြားစီ တွေ့မယ်လို့ပဲ သတင်းစကား ပါးထားတာကို ကြည့်ရင် တရသတွေ ညီညွတ်သွားမှာကို သေမလောက် ကြောက်နေတာပါ ။
ဒါကိုလည်း သရဲကြီးတို့ နားလည်မယ် မထင်ပါဘူး ။
သူတို့အနေအထားက ပုံမှန်လေး ထောက်ပို့လုပ်သွားမယ် ၊ ဒီကြားထဲ နာမည်ရလာရင် အလှူငွေ fund များများရမယ် ၊ လူသိမယ် ၊ များများထောက်ပို့နိူင်မယ် ၊ ဒီအဆင့်တင် ရပ်နေကြတယ်လို့ ကျွန်တော်တော့ ယူဆတာပဲ ။
နောက်တချက် ။
ကိုနောင်က အကယ်၍ "ကိုသရဲကြီးသာ NUG ဆိုရင် ဘယ်လိုကိုင်တွယ်မလည်း" လို့ မေးတဲ့အချိန်မှာ သရဲကြီးက အဖွဲ့အစည်းနဲ့ ဆိုင်တာဖြစ်လို့ ကျွန်တော် မပြောနိူင်ပါဘူး ဆိုပြီး ရှောင်ထွက်သွားတာ တွေ့လိုက်ရပါတယ် ။
ဒီမေးခွန်းက " If " နဲ့ ခံထားတဲ့ မေးခွန်းပါ ။
ဖြစ်ရမယ်လို့ တထစ်ချ ပြောတာမဟုတ်ပါဘူး ။ ဖြစ်ခဲ့လျှင် လို့ မေးတာကို မဖြေပဲ ရှောင်ထွက်သွားတယ်ဆိုတာကို ကျွန်တော့အမြင်က ၂ချက်ရှိပါတယ် ။
၁။ အချက်က သရဲကြီးအနေနဲ့ အဲ့လောက်ထိ သူ မတွေးထားတဲ့အတွက် မဖြေနိူင်တာလည်း ဖြစ်နိူင်သလို
၂။ အချက်က အကယ်၍ NUG ကို အကြံပေးမိလို့ အဖြေမတတ်ရင် ကွဲသွားနိူင်မယ်ဆိုတာ ရိပ်စားမိတဲ့အတွက် ရှောင်ထွက်သွားတာလည်း ဖြစ်ကောင်း ဖြစ်နိူင်ပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ စွန့်လွှတ် အနစ်နာခံမှု့ကို လေးစားပေမဲ့ တော်လှန်ရေးမှာ တဆင့်တက်ပြီး မစဉ်းစားပေးနိူင်တာကိုတော့ စိတ်မကောင်း ဖြစ်ရပါတယ် ။
ကိုနောင်ဖက်ကတော့ အမျိုးမျိုး ရှင်းပြပြောဆိုနေပေမဲ့ သရဲကြီးရဲ့ တော်လှန်ရေး absorbing power က ဒီလောက်ပဲ ရှိနေလို့ အထွေအထူး ဝေဖန်မနေတော့ပါဘူး ။
ဒီထဲမှာ သရဲကြီးဖက်က ထောက်ပို့ဘော်ဒါဘော်ကျွတ်တွေရဲ့ absorbing power ကိုလည်း တလက်စတည်း ခန့်မှန်းလို့ ရသွားပါပြီ ဆိုပါတော့ ။
နောက်ဆုံးကတော့ အဖြေမထွက်ပဲ ပြီးဆုံးသွားရတဲ့ သရေပွဲလို့ပဲ ဆိုပါရစေ ။
View ချင်းမတူတာ အရေးမကြီးပါဘူး ။ သို့ပေမဲ့ reality ကို မမြင်နိူင်ရင်တော့ အဲ့ဒီလူဟာ လူညံ့ပါပဲလို့ ဆိုချင်ပါတယ် ခင်ဗျား ။
ချစ်ခြင်းအားဖြင့်💜
#Mizutanisan
19 hours ago | [YT] | 146
View 10 replies
saw kalaya oo
တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၁၉၈၀ ရှိပြီ။
1 - February - 2021 to 4 - July - 2026
We demand PROOF OF LIFE!
PROOF OF LIFE
Freedom, justice, and human dignity cannot wait.
Free Daw Aung San Suu Kyi and all political prisoners.
Release them now.
#ProofOfLife #FreeDASSK #HumanRights
#proofoflife
#freeDawAungSanSuKyi
#FreeAllPoliticalPrisoners
#freedomforall
#freeaungsansuukyiandallpoliticalprisoners
#RejectMilitaryCoup
#HearTheVoiceOfMyanmar
#WhatsHappeningInMyanmar
21 hours ago | [YT] | 3,489
View 40 replies
saw kalaya oo
ICC က NUG ကို မုဒိမ်းမှုကိစ္စ ဘာတွေ ထောက်ပြလိုက်လဲ?
ICC ဟာ ကုလအောက်က အဖွဲ့ကြီးပါ။ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်သူတွေကို တရားစွဲ ထောင်ချရာမှာ နာမည်ကြီးပါတယ်။ မအလကို ဖမ်းဝရမ်း မထုတ်သေးပေမယ့် အမှုတည်ဆောက်နေပါတယ်။ ပြောလိုတာက ICC ဟာ ဥပဒေကြောင်းအရ အင်မတန်မှ မြင့်မားတဲ့ အဖွဲ့ကြီးပါ။ သူ့ကို မြန်မာပြည်ထဲက NGO တွေ၊ CSO တွေက လေးစားသလို သမဂ္ဂတွေကလည်း လေးစားပါတယ်။ တတိယအင်အားစုကြီးကလည်း လေးစားပါတယ်။ NGO တွေက ဦးဆောင်တဲ့ ကရင်နီ အုပ်ချုပ်ရေးအဖွဲ့က ဆို ကုလကို ဒုက္ခသည်စခန်းကအစ အုပ်ချုပ်ရေးအဆုံး စံအဖြစ် သတ်မှတ်ထားပါတယ်။ မနေ့က မြန်မာပြည်မှာ လူတစ်ယောက်ကို တစ်ဖွဲ့အနေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေက NUG က မုဒိမ်းမှု စစ်ဆေးတာ ခြောက်လ ကြာနေလို့ စာထုတ်ပြီး ဘီဘီစီကလည်း သတင်းအနေနဲ့ တင်ဆက်သွားပါတယ်။
ဒီနေရာမှာ NUG ကိုင်တွယ်ခဲ့ရတာက မကြည်ပြာကိစ္စနဲ့ ယခု မုဒိမ်းမှုပါ။
ဒါပေမယ့် အဆိုပါ NGO အဖွဲ့တွေက နဂါးမုဒိမ်း ကျင့်တာ၊ SRA အဖွဲ့က မုဒိမ်း ကျင့်တာကို စာထုတ်တာ သင်တို့ ကြားဖူးပါသလား?
ယခု ရေးပြလိုတာက NUG နဲ့ ICC က မုဒိမ်းမှုတို့၊ လိင်အကြမ်းဖက်မှုတို့ကို ကိုင်တွယ်ရာမှာ ဘယ်သူက ပိုမြန်လဲ၊ ပွင့်လင်းမြင်သာလဲ ဆိုတာ ပြည်သူများ သိရှိပြီး ဆုံးဖြတ်နိုင်အောင်ပါ။
ICC ရဲ့ ရှေ့နေချုပ်က Karim Ahmad Khan (အာမတ်ခန်း) ပါ။ သူက အင်္ဂလိပ်နိုင်ငံသား၊ ပါကစ္စတန်နွယ်ဖွား မူစလင်လူမျိုးပါ။ သူက သူ့ရဲ့ လက်ထောက်ရှေ့နေမလေးကို အလိုမတူဘဲ ၂၀၂၃-၂၄ မှာ သူ့ရုံးခန်းမှာ၊ သူ့အိမ်မှာ၊ ခရီးထွက်ချိန်မှာ အလိုမတူဘဲ အကြိမ်ကြိမ် ဟိုကိုင် ဒီကိုင် လုပ်ခဲ့ပြီး ကာမဆက်ဆံခဲ့ပါတယ်။ သူက ဟို NGO တွေနဲ့ သိသော အမျိုးသမီးက မကြည်ပြာ အမျိုးသားကို “Like or Love” မေးတဲ့ အဆင့်လောက် မဟုတ်ပါ။ ဒီရှေ့နေ အာမတ်ခန်းက “Like or Love” ကို မှားဖြေတာ မဟုတ်ဘဲ အကြိမ်ကြိမ် ကိုင်တာ၊ လိင်ဆက်ဆံတာ လုပ်တာပါ။ ဒီကိစ္စကို ကောင်မလေးက မေလ ၂၀၂၄ မှာ ကုလရဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကို တိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကုလက အရေးမယူခဲ့ဘဲ မေလ ၂၀၂၅ (တစ်နှစ်အကြာ) မှာ ဒီပြစ်မှု ကျူးလွန်တယ်လို့ သံသယတရားခံ ရှေ့နေချူပ်ကို ခွင့်နဲ့ လစာအပြည့်ပေးပြီး ခဏ အနားပေးထားခဲ့ပါတယ်။ သုံးဦးထိုင် ကုလတရားရုံးက ပြစ်မှု ကျူးလွန်တာဟာ အလုံးစုံ သက်သေမပြနိုင်လို့ (beyond reasonable doubt) သံသယအကျိုးခံစားစေ ဆိုပြီး အရေးမယူဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဇွန် ၂၀၂၆ မှာ ၂၁ နိုင်ငံအဖွဲ့က ပြင်းထန်သော မသင့်လျော်သော ပြစ်မှု (serious misconduct) သတ်မှတ်ပြီး တာဝန်မှ ရပ်စဲခဲ့ပါတယ်။ NGO/CSO တွေ လေးစားတဲ့ ကုလက နှစ်နှစ်ကြာမှသာ တာဝန်မှ ရပ်စဲတာ ကြေညာနိုင်တာပါ။ NUG က မကြည်ပြာကိစ္စ စစ်ဆေးတာ၊ သူ့ယောင်္ကျားကို တာဝန်မှ အပြစ်မရှိဘဲ ဒေါ်စူဇနာရဲ့ မှတ်ချက်နဲ့ ရပ်စဲတာ၊ အမှုစစ်ဆေးတာက ပစ္စည်း အစုံ ရှိတဲ့ ကုလထက် ပိုမြန်တာ တွေ့ရပါတယ်။ ဒီရှေ့နေအမှုက မပြီးသေးဘဲ နိုင်ငံစုံ မဲခွဲဖို့အထိ ယခုအထိ ဆက်စစ်ဆေးနေဆဲပါ။
ဒီနေရာမှာ NUG က ဆရာကြီး ဇော်ဝေစိုးက အချိန်တိုအတွင်း လူ ပစ္စည်း မပြည့်စုံတဲ့ ကြားက တောထဲကနေ မကြည်ပြာကိစ္စ၊ သူ့ယောင်္ကျားကို မဟုတ်ဘဲ အကွက်ဆင် တိုင်တာကို ကုလထက်၊ ICC ထက် အချိန်တိုအတွင်းမှာ စစ်ဆေးနိုင်တာ တွေ့ရပါတယ်။ ဒီစီရင်ချက်ကို မှန်တယ်မထင်ပါ။ ဒါပေမယ့် NUG ကို မဝေဖန်ခဲ့ပါ။ ထိုကိစ္စကို ဖွတဲ့ သတင်းထောက် မြောက်ကျော်သူ ဆိုရင် ဟို မိန်းကလေးက အနောက်နိုင်ငံကို ရောက်လို့ ဥရောပမှာ တရားစွဲရင် သူ မြန်မာပြည်မှာ ကျူးလွန်ခဲ့တဲ့ လိင်အမှုက ထောင်ကျမှာပါ။
ဒါဆိုရင် အခြားနိုင်ငံတွေက မုဒိမ်းမှု စစ်ဆေးရင် ဘယ်လောက် ကြာလဲ? အမေရိကန်က ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို မုဒိမ်းမှု စွပ်စွဲရာက ဖမ်းတာ၊ ပြစ်မှု ကျူးလွန်ကြောင်း အမိန့်ချတာ ၂ နှစ်နဲ့ ငါးလ ကြာခဲ့ပါတယ်။
ဘီဘီစီဌာနချုပ်ရှိတဲ့ ယူကေမှာ အနုပညာရှင် Rolf Harris ကို မုဒိမ်းမှု စစ်ဆေးတာ လနှစ်ဆယ် ကြာခဲ့ပါတယ်။
ဒါကြောင့် NUG ဟာ တောထဲမှာ မပြည့်မစုံနဲ့ အမှုစစ်ဆေးပေမယ့် ကုလထက်၊ အမေရိကန်ထက်၊ ယူကေထက်တော့ မြန်နေသေးတယ်ဆိုတာပါ။ ဒါထက် ပိုပြီး ထူးခြားတာက မိမိအောက်က လူတွေကို NUG က လူသတ်မှု၊ အခြား လိင်အမှု လိမ်နဲ့ တိုင်တိုင် အရေးယူပေမယ့် PLA, SRA အောက်က အဖွဲ့တွေ၊ ထို NGO/CSO ရဲ့ ယောင်္ကျားတွေ ဖွဲ့ထားတဲ့ လက်နက်ကိုင်တပ်တွေထက်တော့ သာတယ်ဆိုတာပါ။
ဒီနေရာမှာ NUG အနေနဲ့လည်း သတိထားစရာတွေ ရှိပါတယ်။ အဆိုပါ NGO/CSO နဲ့ စရဖတို့က အဆိုပါ အမျိုးသမီးကိစ္စကို အသုံးချပြီး NUG ထဲက အရေးပါသူ ဝန်ကြီးတွေ၊ သူတို့ရဲ့ အမျိုးသားတွေကို ဖြုတ်ချဖို့ ကြိုးစားလာနိုင်တယ်ဆိုတာပါ။ ဒီစာကို မမေ့ပါနဲ့။ ယခု ကုလက ICC ရှေ့နေချုပ် ပြစ်မှု ကျူးလွန်တာကို ကုလရဲ့ သုံးပါးထိုင်ခုံ၊ ပြီးရင် ၂၁ နိုင်ငံ၊ ပြီးရင် နိုင်ငံစုံနဲ့ စစ်ဆေးတယ်ဆိုတာပါ။ အမျိုးသမီးဝန်ကြီးတစ်ယောက်ရဲ့ မှတ်ချက်နဲ့ မဖြုတ်သင့်ဘူး၊ NGO/CSO အော်တာနဲ့ မဖြုတ်သင့်ဘူးဆိုတာပါ။ ဆရာမ ဒေါ်ဇူဇနာ လှလှစိုးလည်း ဒီဆောင်းပါးကို ဖတ်ပြီး ကုလရဲ့ စံကို လေ့လာနိုင်မယ်လို့ ထင်ပါတယ်။
အကျဉ်းချုပ်ရရင် NUG ဟာ လိုအပ်ချက်တွေ ရှိနိုင်ပေမယ့် အချို့ကိစ္စတွေမှာ စုံစမ်း စစ်ဆေးတာတွေက အခက်အခဲတွေ ကြားထဲက ကုလထက်၊ အမေရိကန်၊ ယူကေထက် မြန်တယ်၊ ပြတ်သားနေတယ်ဆိုတာ တွေ့နေရပါတယ်။ အခြားလက်နက်ကိုင်တွေ PLA, SRA ထက်လည်း မိမိလူကို အရေးယူတာကို တွေ့ရပါတယ်။ ယခု NGO/CSO တွေက NUG မုဒိမ်းမှု စစ်ဆေးတာ ခြောက်လ ကြာလို့ စာထုတ်တာဟာ တမင် အပြစ်ရှာ လုပ်နေတယ်ဆိုတာ ပြည်သူများက မြင်အောင် ကြည့်နိုင်ကြပါစေ။ သူတို့က အမေစု လက်ထက်မှာ စစ်တပ်ထက် အမေစုကို ပိုဝေဖန်သလို ယခုလည်း NUG ကိုသာ တိုက်နေတာပါ။ ပြည်သူများ အမှန်ကို မြင်နိုင်ပါစေ။
1 day ago | [YT] | 305
View 26 replies
saw kalaya oo
PROOF OF LIFE
Freedom, justice, and human dignity cannot wait.
Free Daw Aung San Suu Kyi and all political prisoners.
Release them now.
#ProofOfLife #FreeDASSK #HumanRights
#proofoflife
#freeDawAungSanSuKyi
#FreeAllPoliticalPrisoners
#freedomforall
#freeaungsansuukyiandallpoliticalprisoners
#RejectMilitaryCoup
#HearTheVoiceOfMyanmar
#WhatsHappeningInMyanmar
2 days ago | [YT] | 4,665
View 37 replies
saw kalaya oo
နေပြည်တော်၊ မကွေး၊ ချင်းနှင့် စစ်ကိုင်းအထက်ပိုင်း ကချင်ဒေသအစပ်တိုက်ပွဲများအတွင်း သေဆုံးစစ်ကောင်စီတပ်သား၊ ဇူလိုင်လ (၂) ရက် ယနေ့တရက်အတွင်း (၃၀၀) ကျော်ရှိကြောင်း မြေပြင်းသတင်းအချက်အလက်များမှသိရ။
Sar K
2 days ago | [YT] | 2,044
View 55 replies
saw kalaya oo
တော်လှန်ရေး "အောင်မယ်၊ မအောင်ဘူး" စိတ်ထင်သလို လျှောက်ရေးနေတဲ့ လူတွေကို
စာအရှည် မရေးချင်လို့ ပုံနဲ့ အတိုဆုံး တကွက်လောက် ထောက်ပြမယ်။
မြန်မာနိုင်ငံ (အထက်) မြောက်ပိုင်း၊အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ EROs တွေနဲ့ PDF တွေရဲ့တော်လှန်ရေး အားကောင်းလာတဲ့ အနေအထားကို မပြောသေးဘဲ ဖယ်ထားကြမယ်။
အခု မြန်မာနိုင်ငံတောင်ပိုင်းမှာ အပြင်းအထန် ပြိုင်နေတဲ့ အနေအထားကို မပြောသေးဘဲ ဖယ်ထားမယ်။
စစ်ခွေးထိန်းချုပ် အဓိက မြို့ကြီးတွေ ဖြစ်တဲ့ မန္တလေး၊နေပြည်တော်၊ရန်ကုန်တို့ထဲမှာ ရန်ကုန်နဲ့ အနီးဝန်းကျင်အောက်ပိုင်းကိုတောင် စစ်ခွေးလိုချင်သလို တည်ငြိမ် နေသလား၊ မဟာဗျူဟာ လမ်းပိုင်းတွေကို စစ်ခွေးက အပြည့်အဝ ထိန်းချုပ်နိုင်သလား တချက် ပြန်ကြည့်ရင်...
ကျနော် ဆွဲပြထားတဲ့ တြိဂံမှာ
ပထမ တခုက ဧရာဝတီတိုင်း ရဲ့ ရေကြည်၊
နောက်တခုက ပဲခူးတိုင်းရဲ့ မင်းလှ၊
တတိယ တခုက ရန်ကုန် ဆိုပြီး တွေ့ရမယ်။
ရေကြည်ကနေ ရန်ကုန်ကို အနှောင့်အယှက် မရှိဘဲ ကားကောင်းကောင်း မောင်းပြီး လာနိုင်ရင် ၃ နာရီခွဲ ကျော်ကျော်ပဲ ခရီး ကြာမယ်။
အဲဒီ
ရေကြည်မှာ တလရဘက်က အနေအထား လှနေတာကို ရှာဖတ်ကြည့်ရင် သိလိမ့်မယ်။
မင်းလှကနေ ရန်ကုန်ကို အနှောင့်အယှက် မရှိ ကားမောင်းလာရင်လည်း ၃ နာရီခွဲ ဝန်းကျင်ပဲ ကြာမယ်။
အဲဒီ
မင်းလှအထိကို မနေ့တနေ့က တော်လှန်ရေးတပ်တွေ လက်စွမ်းပြ တက်ကြိတ်လာခဲ့တာလည်း ရှာဖတ်ကြည့်ရင် သိနိုင်တယ်။
ဒါဟာ ဗျူဟာကျတဲ့ လမ်းမကြီးတွေနဲ့ အချက်အခြာ မြို့ကြီးတွေကို တော်လှန်ရေးတပ်တွေ ချဉ်းကပ်စိုးမိုးပြီး စစ်ကစားလာနိုင်နေတာကို ပြတာ ဖြစ်ပါတယ်။
တော်လှန်ရေး လောကဓံအရ အပြုသဘော မဆောင်တဲ့ ဖြစ်ရပ်တွေ ခုရက်ပိုင်း ကြုံတွေ့ ရတာ ရှိပေငြားလည်း
အကောင်းဘက်က ပြန်ကြည့်ရင် လက်တွေ့ မြေပြင်မှာ တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားနယ်မြေ ကျယ်ပြောလာတာကိုလည်း သေချာ တွေ့ရပါလိမ့်မယ်။
ဒီလောက်အထိ တရု-တ်ရဲ့ အနိုင်ကျင့်၊ ပိတ်ဆို့မှုကို ခံနေရတဲ့ကြားကတောင်
တော်လှန်ရေးတပ်တွေနဲ့ EROs တွေရဲ့ စစ်ဆင်လှုပ်ရှား အချိတ်အဆက်မိမိ စစ်ကစားနေတဲ့ နယ်မြေဟာ စစ်ခွေး အပိုင်ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့ပြနဲ့ ၃ နာရီခွဲ ဝန်းကျင် အထိကို ရောက်နေပြီဆိုတာ မနေ့တနေ့ အထောက်အထားနဲ့တောင် အလွယ်သိနိုင်နေပါတယ်။
တလရဘက်မှာ တကယ်သာ အရင်းအမြစ် လုံလောက်ပြီး ကြားထဲက အဟန့်တွေကိုသာ တလွှာချင်း လွှာချနိုင်ခဲ့ရင် ခင်ဗျားတို့ အေးချမ်းပါတယ်ဆိုတဲ့ ရန်ကုန်မြို့ပြကိုလည်း ၃ နာရီခွဲလောက် ကားမောင်းလာရင် တော်လှန်ရေးတပ်တွေ ရောက်ပါတယ်။
ကိုယ် ဖြစ်ချင်တဲ့အတိုင်း အတိအကျ မဖြစ်တဲ့ အခြေအနေမှာ
မိတ်ဆွေက ဘာကို အာရုံစိုက်ချင်ပါသလဲ။ အဖြစ်ကိုလား၊ အပျက်ကိုလား။
စေတီဘုရားကို ဖူးတဲ့ စောင်းတန်းခရီးမှာ လှေကားဘေး အောက်ခြေက ခွေးတွေကိုပဲ ငုံ့ကြည့်ရင်တော့
အဲခွေးတွေ ပါထားတဲ့ ခွေးချီးပုံတွေပဲ မြင်ရမှာ ဖြစ်သလို
စောင်းတန်းဘေး တဘက်တချက် မျက်နှာကျက်ကို မော့ငေးလိုက်ရင်တော့ လက်ရာမြောက်တဲ့ ဗိသုကာ ပန်းချီကားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
#phyonyeinko
#ဘာကိုကြည့်ချင်လဲ
2/7/26
(4:28 PM)
2 days ago | [YT] | 953
View 37 replies
saw kalaya oo
အမေရိကန် ပေါ်လစီ ပြောင်းသွားပြီဆိုသည့် ကောလာဟလများနှင့် မြေပြင်အမှန်တရား
အမေရိကန်အစိုးရ၏ ပြည်တွင်းဘတ်ဂျက် အကျပ်အတည်းနှင့် ဗျူရိုကရေစီ ယန္တရား အပြောင်းအလဲများကို အခွင့်ကောင်းယူပြီး "အမေရိကန်က စစ်ကောင်စီဘက် ပြောင်းလဲထောက်ခံတော့မည်" ဆိုသည့် သတင်းမှား၊ ဝါဒဖြန့်ချက်များဖြင့် လူထုကို စိတ်ဓာတ်ချောက်ချားအောင် လုပ်နေကြသည်ကို တွေ့ရပါတယ်။ စစ်ကောင်စီ၏ ဝါဒဖြန့်ယန္တရားများ (Propagandists) သည် မျက်စိမှိတ် လော်ဘီလုပ်ကာ အမေရိကန်လွှတ်တော် ကြားနာပွဲများမှ စကားလုံးများကို လိုရာဆွဲပြီး အကောင်းဆုံး အသုံးချ (making the best of it) နေကြခြင်းသာ ဖြစ်ပါသည်။
တကယ်တော့ အမေရိကန်၏ မူဝါဒဟာ စစ်ကောင်စီဘက်သို့ "ဘက်ပြောင်း" သွားခြင်း လုံးဝ မဟုတ်ပါ။ ပေါ်လစီတစ်ခု ပြောင်းလဲရန်ဆိုသည်မှာ အစိုးရနှင့် လွှတ်တော်ကြားတွင် အဆင့်ဆင့် ဖြတ်သန်းရပြီး မျက်စိမှိတ် လော်ဘီလုပ်ကာ ကိုယ်လိုရာဆွဲပြောရုံဖြင့် အမေရိကန် ပေါ်လစီကို ပြောင်းလဲ၍ မရကြောင်း အချက်အလက်များဖြင့် အတိအကျ ရှင်းပြပါရစေ။
၁။ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ၏ တရားဝင် အတည်ပြုချက်
မကြာသေးမီက ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော အထက်လွှတ်တော် Appropriations Committee ကြားနာပွဲ၌ အထက်လွှတ်တော်အမတ် Mitch McConnell က မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို တိုက်ရိုက်မေးခွန်းထုတ်ခဲ့ပါသည် ။ ဝန်ကြီး Rubio က အမေရိကန်အစိုးရသည် တရုတ်က ကျောထောက်နောက်ခံပေးထားသော စစ်တပ်အုပ်ချုပ်ရေးထက် ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရအုပ်ချုပ်မှုကိုသာ ဆက်လက်ထောက်ခံကြောင်း ပြတ်ပြတ်သားသား အတည်ပြုပြောကြားခဲ့ပါသည် ။ ထို့ကြောင့် အမေရိကန်က စစ်ကောင်စီကို ထောက်ခံမည်ဆိုသည်မှာ ယုတ္တိမတန်သော လုပ်ကြံဖန်တီးမှုသာ ဖြစ်ပါသည်။
၂။ DeSombre ၏ လွှတ်တော်ကြားနာပွဲမှ စကားလုံးများကို အသုံးချခြင်း
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်က ပြုလုပ်ခဲ့သော အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre က အမေရိကန်၏ ပေါ်လစီကို ရှင်းလင်းရာ၌ တိကျရေရာမှုမရှိသော (ambiguous) အဖြေအချို့ကို ပေးခဲ့ပါသည် ။ ထိုကဲ့သို့ တိကျပြတ်သားမှုမရှိဘဲ ရှောင်လွှဲဖြေကြားခဲ့သည့် စကားလုံးများ (hedging) ကို စစ်ကောင်စီ၏ ဝါဒဖြန့်သူများက အခွင့်ကောင်းယူပြီး "အမေရိကန် ပေါ်လစီပြောင်းပြီ" ဟု လိုရာဆွဲကာ ပုံကြီးချဲ့ ဝါဒဖြန့်နေကြခြင်း ဖြစ်ပါသည်။
၃။ ရန်ပုံငွေ နှောင့်နှေးခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲဖြစ်သည် (Structural Freeze)
Burma Act အရ ချမှတ်ထားသည့် ရန်ပုံငွေများ လတ်တလော မစီးဆင်းသေးခြင်းမှာ မြန်မာကို မကူညီချင်၍ မဟုတ်ပါ။ လက်ရှိ ထရမ့်အစိုးရက USAID ကို သီးခြားအဖွဲ့အဖြစ်မှ ဖျက်သိမ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအောက်သို့ သွတ်သွင်းဖွဲ့စည်းနေသည့်အတွက် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပေးမည့် နိုင်ငံတကာအကူအညီ ရန်ပုံငွေ ဒေါ်လာ ၁၉ ဘီလီယံစလုံးကို ယာယီဆိုင်းငံ့ (Freeze) ထားခြင်း ဖြစ်ပါတယ်။ ဤကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်တွင် အထက်လွှတ်တော်အမတ်များဖြစ်သော Brian Schatz နှင့် Jeanne Shaheen တို့ ဦးဆောင်သည့် အမတ် ၁၇ ဦးက နိုင်ငံခြားရေးဝန်ကြီး Rubio နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တရားဝင်စာပေးပို့ကာ၊ ဥပဒေနှင့်အညီ အဆိုပါရန်ပုံငွေများကို အမြန်ဆုံး ပြန်လည်အသုံးပြုခွင့်ပေးရန် ပြင်းပြင်းထန်ထန် ဖိအားပေး တောင်းဆိုထားပါသည် ။
၄။ တရုတ်လွှမ်းမိုးမှုကို တန်ပြန်ရေးမှာ အမေရိကန်၏ ထိပ်တန်းမူဝါဒ (Countering CCP)
အမေရိကန်၏ ရန်သူ နံပါတ် (၁) မှာ တရုတ် (CCP) ဖြစ်ပြီး၊ စစ်ကောင်စီသည် တရုတ်နှင့် ရုရှားအောက် ခိုလှုံကာ တိုင်းပြည်ကို ရောင်းစားနေသည်မှာ အားလုံးအသိပင် ဖြစ်တယ်။ မေလ ၂၀၂၅ ခုနှစ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် ဥက္ကဋ္ဌ Senator James Risch ၏ မေးခွန်းကို လက်ထောက်အတွင်းဝန် Michael DeSombre က ပြန်လည်ဖြေကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ လွှမ်းမိုးမှုကို မြန်မာပြည်သူများက ခံနိုင်ရည်ရှိစေရန် ကူညီသွားမည်ဖြစ်ကြောင်း အတိအလင်း ထွက်ဆိုခဲ့ပါသည် ။
၅။ စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်မှုများကို ပြတ်သားစွာ ဆန့်ကျင်သည်
အမေရိကန်အစိုးရဟာ "ပဋိပက္ခလျှော့ချရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကောင်စီကို ဘယ်တော့မှ အလိုတူအလိုပါ လုပ်မှာ မဟုတ်ပါ။ လေကြောင်းကနေ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်များကို ချက်ချင်းရပ်ရန် အမေရိကန်က ပြတ်ပြတ်သားသား တောင်းဆိုထားပြီးသား ဖြစ်ပြီး၊ မြန်မာပြည်သူများသည် စစ်အာဏာရှင်အောက်တွင် လုံးဝမနေချင်တော့ကြောင်းကိုလည်း အတိအလင်း အသိအမှတ်ပြုထားပါတယ်။
၆။ Scam Center များနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် တွေ့ဆုံမှု၏ သဘောသဘာဝ
မကြာသေးမီက တိုကျိုမြို့တွင် အမေရိကန်အရာရှိများနှင့် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များ တွေ့ဆုံကာ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centers) နှိမ်နင်းရေးကို ဆွေးနွေးခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်း (CSOs) ၂၅ ဖွဲ့က ဤလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါသည် ။ U.S. Campaign for Burma မှ Myra Dahgaypaw က "စစ်ကောင်စီနှင့် ငွေလိမ်ဂိုဏ်းများသည် အချင်းချင်း မှီခိုအသက်ရှင်နေကြခြင်းဖြစ်ရာ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းသည် မီးရှို့သူကို မီးငြှိမ်းသတ်ရန် အကူအညီတောင်းသကဲ့သို့ ဖြစ်နေမည်" ဟု ထောက်ပြထားပါသည် ။ အမှန်တကယ်တွင် ဤတွေ့ဆုံမှုသည် အမေရိကန်က စစ်ကောင်စီနှင့် "ပူးပေါင်း" ရန်မဟုတ်ဘဲ၊ စစ်ကောင်စီကိုယ်တိုင်က ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့်အတွက် ၎င်းတို့ကို "ဖိအားပေးရန်" (Pressure) သွားရောက်တွေ့ဆုံခြင်းသာ ဖြစ်နိုင်ခြေများပါသည်။
၇။ စစ်ကောင်စီ၏ ရာဇဝတ်မှုများကို အမေရိကန်လွှတ်တော်က ဥပဒေဖြင့် လည်ပင်းညှစ်ရန် ပြင်ဆင်နေခြင်း
အမေရိကန်လွှတ်တော်သည် စစ်ကောင်စီ၏ အသက်ရှူပေါက်ဖြစ်သော ငွေလိမ်ဂိုဏ်းများကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ဥပဒေဖြင့် အရေးယူရန် ပြင်ဆင်နေပါသည်-
SCAM Act ပြဋ္ဌာန်းခြင်း: အမေရိကန်လွှတ်တော်အမတ်များဖြစ်သည့် John Cornyn နှင့် Jeanne Shaheen တို့က “Scam Compound Accountability and Mobilization Act” (SCAM Act) ကို ပူးတွဲ တင်သွင်းခဲ့ပြီး ဖြစ်ပါသည် ။ ဤဥပဒေသည် အဆိုပါရာဇဝတ်မှုများကို ခွင့်ပြုပေးထားသော နိုင်ငံများ (Enabler countries) ကို ဖော်ထုတ်အရေးယူရန် ပြဋ္ဌာန်းထားပါသည် ။
စစ်ကောင်စီ၏ ပတ်သက်မှုကို စုံစမ်းခြင်း: မြန်မာစစ်ကောင်စီသည် ဤငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးထားသည့် (Enabler) အဓိကတရားခံအဖြစ် သတ်မှတ်ခံရမည့် အခြေအနေရှိနေပြီး၊ ၎င်းတို့ကို ကာကွယ်ပေးနေသော စစ်ကောင်စီ၏ လော်ဘီအချို့က ယင်းသတ်မှတ်ချက်ကို နှောင့်နှေးစေရန် သို့မဟုတ် ပြောင်းလဲရန် လျှို့ဝှက်ကြိုးပမ်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရပါသည်။
၈။ မှားယွင်းသော မျှော်လင့်ချက်များနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို ကျော်လွှားခြင်း
ပြည်သူလူထုအနေဖြင့် အမေရိကန်က လာရောက်ကယ်တင်မည်ဟူသော မှားယွင်းသည့် မျှော်လင့်ချက် (False expectations) မျိုးကို အလွန်အကျွံ မထားရှိသင့်သကဲ့သို့၊ စစ်ကောင်စီ၏ အပျက်သဘောဆောင်သော ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေးများကြောင့်လည်း လွန်ကဲစွာ စိတ်ပျက်အားငယ်မှု မဖြစ်သင့်ပါ။
အရေးကြီးဆုံး မှတ်သားထားရမည့် အချက်မှာ- စစ်ကောင်စီသည် ဤစစ်ပွဲကို အနိုင်ရရန်အတွက် တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းရှိကြောင်း (Good governance) မဖြစ်မနေ သက်သေပြရမည် ဖြစ်ပါသည်။ သို့သော် ပြည်သူလူထု၏ ထောက်ခံမှု လုံးဝမရှိဘဲ လက်နက်အားကိုးဖြင့်သာ ရပ်တည်နေရသောကြောင့် သူတို့အတွက် လုံးဝမဖြစ်နိုင်တော့ပါ။ တော်လှန်ရေးအင်အားစုများဘက်တွင်မူ အနိုင်ရရန်အတွက် မိမိတို့ ဆက်လက် ရပ်တည်ရှင်သန်ပြီး (Survive) တော်လှန်ရေးကို မဆုတ်မနစ် ဆက်လက်ဆင်နွှဲသွားရန်သာ (Continue) လိုအပ်ပါသည်။
အနှစ်ချုပ် -
အမေရိကန်ပြည်ထောင်စုမှာ အစိုးရတစ်ရပ် ပြောင်းလဲချိန်၌ Policy နှင့် Mechanism ပိုင်း နှောင့်နှေးကြန့်ကြာမှုများ ရှိတတ်သည်မှာ သဘာဝပါပဲ။ အပြောင်းအလဲများကို လိုရာဆွဲပြီး "စစ်ကောင်စီဘက် ပါသွားပြီ" ဆိုသည့် လော်ဘီများ၏ ဝါဒဖြန့်ချက်များသည် စိတ်ဓာတ်စစ်ဆင်ရေး (Psy-op) သက်သက်သာ ဖြစ်ပါသည်။ မိမိတို့ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများကသာလျှင် အန္တိမအောင်ပွဲကို ရရှိစေမည် ဖြစ်ပါသည်။
2 days ago | [YT] | 280
View 23 replies
saw kalaya oo
2026 May & June လချုပ်
***********************
2026 May & June နှစ်လလုံးရဲ့ Activists များပါဝင်မှုကို စုစည်းတင်ပြလိုက်ပါတယ်။ တိုင်းပြည်အတွက်အရေးကြီးတဲ့ အခုလိုမျိုးတော်လှန်ရေးကာလမှာ စိတ်တူသဘောတူ Activists များနဲ့လက်တွဲရှေ့ဆက်ခွင့်ရခြင်းဟာ Activists Burma အတွက်တော့ အင်မတန်ကြီးမားတဲ့ဆုလာဘ်ပါဘဲ။
အရင်ကပြောခဲ့သလိုဘဲ တော်လှန်ရေးဟာ ရပ်မသွားပါဘူး။ အာရက္ခနိုင်ငံတော်ပေါ်ထွန်းတော့မယ်၊ ကချင်၊ စစ်ကိုင်း၊ မကွေး နဲ့ မြစ်ဝကျွန်းပေါ်တွေမှာလည်း စစ်သူပုန်တပ်ဟာ အလောင်းချင်းထပ်ပြီး အလှူကြီးတွေအကြိမ်ကြိမ်ပေးနေရတယ် ဆိုတာတွေဟာ ငြင်းမရတဲ့ပကတိအရှိတရားတွေပါ။ ကွန်မြူနစ်ပေါက်ဖော်ကို အဆစ်တို-ထာဝရမဧဠိုးတကောင်ဟာ ဘယ်လိုဘဲဖင်ကုန်းပေးပြီးအသက်ဆက်ဖို့ကြိုးပမ်းနေကြိုးပမ်းနေ တော်လှန်ရေးရဲ့ End Game မလာသေးလို့သာ အသံထွက်ခွင့်ရနေခြင်းပါ။
ဗမာပြည်နွေဦးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တာကြောင့်တော်လှန်ရေးကိုများများပံ့ပိုးနိုင်လေလေ ဖက်ဆစ်သူပုန်တပ်ရဲ့နိဂုံးနီးကပ်လေလေပါဘဲ။ ဒါကြောင့် တော်လှန်ရေးနဲ့ PDF တွေကိုအစွမ်းကုန်ပံ့ပိုးခြင်း၊ ပြည်တွင်းပြည်ပက စစ်ဘောမ အောက်တန်းစား အချောင်သမား စောက်ပေါများကို အရောတဝင်မနေဘဲကြဉ်ပစ်ခြင်းတို့အားဖြင့် ဗမာပြည်ရဲ့လှပတဲ့နိုင်ငံ့အနာဂတ်ကိုထုဆစ်ကြဖို့ တိုက်တွန်းလိုက်ရပါကြာင်း ….. ။ ။
လေးစားလျက်
ကိုထင် (ခ) လင်းမြတ်
Activists Burma
3 days ago | [YT] | 714
View 13 replies
saw kalaya oo
ဧရာဝတီတိုင်းဒေသထဲမှနေ ရခိုင်ကို စစ်ကြောင်းထိုးနေတဲ့ ရဲဝင်းဦးစစ်ကြောင်းတွေ စစ်ကြောင်းလိုက်ပြုတ်နေတယ်ဆိုတဲ့ ရှေ့တန်းရင်မြစ်သတင်းများမှ သိရပါတယ်။ ရဲဝင်းဦး စစ်ရေးပလန် C လည်း ဦးကျိုးပြန်ပါပြီပဲ။
Sar K
3 days ago | [YT] | 1,361
View 59 replies
saw kalaya oo
The military junta has now refused ASEAN's request to meet my mother, Nobel Peace Prize Laureate Daw Aung San Suu Kyi.
As her son, I have a basic human right to know whether my mother is alive and to have contact with her. International human rights standards recognize that prisoners should be allowed regular contact with their families. Yet, for more than five years, I have been denied even a single phone call or visit with my mother.
My mother remains a hostage, cut off from her family and the outside world.
If even ASEAN has been denied access, and her own son has been denied all contact for more than five years, how can anyone accept the junta's claims without credible, independently verified proof of life?
If she is alive, show credible, independently verified proof of life.
#ProofOfLife #FreeSuuKyi #HumanRights #StandWithBurma #ASEAN
စစ်အုပ်စုသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အာဆီယံ၏ တောင်းဆိုချက်ကိုလည်း ငြင်းပယ်လိုက်ပြီ ဖြစ်သည်။
သားတစ်ယောက်အနေဖြင့် မေမေ အသက်ရှင်နေသေးသလားဆိုတာ သိခွင့်ရှိသလို၊ အမေနှင့် အဆက်အသွယ်ရခွင့်လည်း ရှိပါသည်။ ကျွန်တော်အမေကို မတရားဖမ်းဆီးထားပြီး အကျဉ်းသားဟုသတ်မှတ်သည်ဆိုလျှင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအရ အကျဉ်းသားများသည် မိသားစုနဲ့ ပုံမှန်အဆက်အသွယ် ရရှိခွင့်ရှိပါသည်။
သို့သော်ငါးနှစ်ကျော်ကြာသည်အထိ ကျွန်တော် အမေနဲ့ ဖုန်းဖြင့်ပင် စကား ပြောခွင့်မရသလို၊ လူချင်းတွေ့ခွင့်လည်း တစ်ကြိမ်တစ်ခါမှ မရခဲ့ပါ။ ကျွန်တော့်အမေအား စစ်အုပ်စုမှ ယင်းတို့၏ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းထားပြီး၊ မိသားစုနဲ့ရော ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ် ဖြတ်တောက်ထားဆဲ ဖြစ်ပါသည်။ အာဆီယံမှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် တွေ့ခွင့်မပေးပါ။
မေမေ့သားဖြစ်သည့် ကျွန်တော့်ကိုလည်း ငါးနှစ်ကျော်ကြာ လုံးဝအဆက်အသွယ်မပေးပါ။ ယခုလိုအခြေအနေမှာ ယုံကြည်စိတ်ချရပြီး သီးခြားလွတ်လပ်စွာ အတည်ပြုထားတဲ့ အသက်ရှင်နေကြောင်း သက်သေမရှိဘဲ စစ်အုပ်စုရဲ့ ပြောဆိုချက်ကို ယုံကြည်ရန်မရှိပါ။
မေမေ အသက်ရှင်နေသည်၊ ကျန်းမာရေးကောင်းမွန်နေသည်ဆိုပါက ယုံကြည်စိတ်ချရပြီး သီးခြားလွတ်လပ်စွာ အတည်ပြုထားတဲ့ အသက်ရှင်နေကြောင်း သက်သေကို ပြသပါ။
#ProofOfLife #FreeSuuKyi #HumanRights #StandWithBurma #ASEAN
3 days ago | [YT] | 94
View 2 replies
Load more