🕊 ပါချုပ်ဆရာတော်ဘုရားကြီး - Buddha - တရားတော်များ
တရားနာကြားခြင်းသည် စိတ်အေးအေးချမ်းချမ်းဖြစ်စေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
ဤချန်နယ်သည် ဗုဒ္ဓတရားတော်များ၊ သင်ခန်းစာများနှင့် နာယကအနုဗ္ဗုဒ္ဓများ၏ ဓမ္မဗဟုသုတများကို ပရိတ်သတ်များအတွက် မျှဝေရာမှာ ရည်ရွယ်ပါသည်။
အာရုံဖြန့်စရာမလိုဘဲ စိတ်အေးအေးနဲ့ နားထောင်နိုင်သော တရားတော်အသံများဖြင့်
မေတ္တာ၊ ဗဟုသုတနှင့် စိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်ပါစေ။
တရားတော်များ
ဗုဒ္ဓတရားအချက်အလက်များ
စိတ်ချမ်းသာအောင် လုပ်နည်းများ
နေ့စဉ်ဘဝတွင် သုံးနိုင်သော ဗုဒ္ဓပညာများ
🙏 မျှဝေခြင်းသည် တရားပြန့်ပွားမှုဖြစ်ပါသည်။
တရားနာကြားသူတိုင်း စိတ်ငြိမ်းချမ်းပါစေ။
ပါချုပ်ဆရာတော်၏ တရားတော်များ
ယနေ့ တပေါင်းလပြည့်နေ့ အခါသမယသည် ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရား သက်တော် (၈၆) နှစ်ပြည့်တော်မူသည့် နေ့ရက်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီးမှ “ဘုန်းဘုန်း ဒီနေ့ အသက် (၈၆) နှစ်ပြည့်ပြီ၊ (၈၇) နှစ်ထဲကိုတောင် ရောက် ပြီ အသက် ရှင်သန်နေသရွေ့ ဆက် ပြီး အလုပ်တွေလုပ်နေရ ဦးမှာပဲ ဝိဇာတ မွေး နေ့ မတိုင်မှီ ညနေခင်းက ဟု မိန့်တော်မူခဲ့ သည်။
ဓမ္မသဘင်အဖွဲ့
3 months ago | [YT] | 33
View 2 replies
ပါချုပ်ဆရာတော်၏ တရားတော်များ
ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖေဖော်ဝါရီလ ၂၀ မှ ၂၄ ရက်အတွင်း မည်သူမဆို လာရောက်တွေ့ဆုံဖူးမျှော်နိုင်🙏
ပါမောက္ခချုပ်ဆရာတော်ကြီး အနေနဲ့ ယခုအခါ ပြန်လည်ကျန်းမာလာပြီဖြစ်လို့ ဆရာတော်ကြီးကို တွေ့ဆုံဂါရဝပြုဖူးမျှော်လိုပါတဲ့ ဒကာဒကာမ မည်သူမဆို ပညာဘူမိတက္ကသိုလ် မှာ လာရောက်တွေ့ဆုံခွင့် ရရှိနိုင်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၄ရက်အထိ ရန်ကုန်မြို့ အင်းလျားရိပ်သာကျောင်း ပညာဘူမိတက္ကသိုလ် အနုဂ္ဂဟအသင်းရုံးချုပ် မှာ အဆိုပါရက်များအတွင်း မနက် ၇နာရီတွင် တကြိမ် နေ့လယ် ၁၁နာရီ ၄၅ မိနစ်တွင် တကြိမ် လာရောက်ဖူးမျှော်နိုင်ပြီး မ.က်.စ် တပ်လာပေးပါလို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ကားတွေရပ်တဲ့အခါမှာလည်း ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေအနှော.က်အယှ.က်မဖြစ်ရလေအောင် သ.တိ.ထားပြီး စနစ်တကျ ရပ်နားပေးဖို့လည်း မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။
#ပါချုပ်ဆရာတော်ကြီး
#ဒေါက်တာနန္ဒမာလာဘိဝံသ
4 months ago | [YT] | 16
View 4 replies
ပါချုပ်ဆရာတော်၏ တရားတော်များ
ပါမောက္ခချုပ်ဆရာတော်ဘုရား ချီးမြှင့်ပေးသည့် “စွမ်းအားကို အသုံးပြုပါ” ဩဝါဒ
စွမ်းအားကို အသုံးပြုပါ
———————————-
(၁) ကိုယ်ကျင့်သီလမြဲအောင်
သဒ္ဓါစွမ်းအားကို အသုံးပြုပါ။
(၂) စိတ်ဖြူစင်အောင် ဝီရိယ
စွမ်းအားကို အသုံးပြုပါ။
(၃) အဖြစ်မှန်ကို သိအောင်
သတိစွမ်းအားကို အသုံးပြုပါ။
(၄) စိတ်တည်ငြိမ်အောင် သမာဓိ
စွမ်းအားကို အသုံးပြုပါ။
(၅) သစ္စာတရားကို သိအောင်
ပညာစွမ်းအားကို အသုံးပြုပါ။
ပါမောက္ခချုပ်ဆရာတော်
(၆၊၁၁၊၂၅)
7 months ago | [YT] | 0
View 0 replies