အမေရေယဉ်မယ်တော်ကြီး (အနောက်မယ်တော်ကြီး) (ဇီးတောအမေကြီး)
(ရှင်ထူး)(စောနန်းမွန်)အား သားတော် ရှိခိုးဦးချကန်တော့ပါသည်။
ပုဂံခေတ်က မိန်းမပျို
ဘုရားတရားလည်း သူကြည်ညို။
တစ်မြေပြင်မှာ ပြိုင်စံရှား
အံ့ဩလောက်စရာ စွမ်းပကား။
အင်းတိုက် စုန်းတိုက် အကုန်ကင်းစင်
အမေလာလျှင် အဝေးသို့နှင်။
ရေယဉ်ကတော်ဟု ခေါ်တွင်ရ
ဇီးတောသွား၍ ဖူးမြော်ကြ။
ဤ YouTube channelသည် ဂေါတမမြတ်စွာဘုရားရှင်နှင့်
နှမတော် ရှင်ထူး စောင့်ရှောက်နေသော channel ဖြစ်သောကြောင့်
၀င်ရောက်၍ ဖတ်ရှုလေ့လာသူအပေါင်း ဘေးရန်ကင်းကြပါစေ။
Alert: : I have only one YouTube channel, only one Pinterest account, only one Facebook account and only one Instagram account.
No current usage of Facebook, Messenger, Instagram, Twitter and Telegram.
Dr. ခွက်ဆွဲ Nyein Chan Ko Ko
ယခုလသည် လောကီစီးပွားရှာမှု၏ နောက်ဆုံးလ ဖြစ်တော့သည်။
♥️♥️♥️♥️
8 hours ago | [YT] | 1
View 0 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
"သူတော်စင်"အတွက်ကတော့ ဟိုဘက်က ပိုလွယ်မှာခင်ဗျ။
နေ့စဉ်လုပ်ငန်းတာ၀န်ချင်း ယှဉ်ကြည့်ပါ။
ဟိုဘက်အခြမ်းနှင့် ဒီဘက် လူသားဘက်အခြမ်း။
ဒီဘက်က တော်တော်ခက်မည်။
ခက်မည်တော့ မဟုတ်ပေါ့။
လောကီစီးပွား လုပ်နေရမည်ပေါ့။
ဒီဘက်ကတော့ ကြိုက်တာ ၀ယ်စား၍ ရနိုင်သည်ပေါ့။
ကိုယ်က ထမင်းဖြူသာ စားနိုင်သည်ဆိုလျှင် ဟိုဘက်က
ဒီဘက်လူသားထက် အလုပ်တာ၀န် ပေါ့ပါးမည်။
နောက်တစ်ချက်က ဟိုဘက်အခြမ်းကို ရောက်သွားပြီဆိုလျှင် နိဗ္ဗာန်နှင့် အတော်နီးကပ်သွားပါပြီ။
ဟိုဘက်ကတော့ သက်ဆိုင်ရာ သီလတွေကို စောင့်ထိန်းလိုက်လျှင်
လောကီစီးပွား ရှာစရာ မလိုတော့ပါ။
ထမင်းဖြူသီးသန့်ဆိုလျှင် Auto အလှူခံ၍ ရနိုင်သည်။
1 day ago | [YT] | 1
View 2 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
ထမင်းဖြူသာ စားကြပါခင်ဗျာ။
ကိုယ့်မိန်းမနှင့် ကိုယ်လည်း အတူမနေကြပါနှင့်။
တစ်ကိုယ်တည်းလည်း မပျော်ကြပါနှင့်။
ထိုအချက်သည် အန္တရာယ် အလွန်ရှိသည်။
သံသရာလည်မည့် အန္တရာယ် ဖြစ်သည်။
ယခုအချိန်တွင် သားသမီး ရနေပြီဆိုလည်း စွန့်ပစ်ကြပါ။
မစွန့်လွှတ်လျှင်လည်း သံသရာလည်မည့် အန္တရာယ် ရှိသည်။
နောက်ဘ၀တွင်လည်း နံနက်မိုးလင်းတိုင်း မျက်နှာသစ်နေရမှာ၊
သွားတိုက်နေရမှာ၊ အိမ်သာတက်နေရမည်ကို မကြောက်ကြဘူးလား။
3 days ago | [YT] | 1
View 0 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
YKKO ကြေးအိုးဆီချက်နှင့် ကိုကာကိုလာ။
ကိုကာကိုလာလို ပျိုကညာ အပိုရှာမည့်သူ မဟုတ်ရပါ ချစ်သူ။
တစ်ခါတည်းဖြင့် ဘုန်းကြီး အပြီး၀တ်မည့်သူပါ။
4 days ago | [YT] | 1
View 0 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
ကိလေသာတစ်ခု အကြောင်းပြုသည့် ကုသိုလ်ကံတွေသည်
အတော်ဆိုးသည်။
သံသရာမှ လွတ်ရာလွတ်လမ်းသွားရာတွင် ဘေးကြပ်နံကြပ်၊
ကျဉ်းထဲကြပ်ထဲ ရောက်စေသည်။
ကိလေသာကို အကြောင်းပြု၍ ကောင်းမှုကုသိုလ် မပြုကြပါနှင့်။
ဆုတောင်းပြည့်ပြီး သင်တို့အခေါ် သုခပေါ့၊ သုခ ခံစားရပြီး ဒုက္ခထဲက
မထွက်နိုင် ဖြစ်တတ်သည်။
ရဟန်းပြုဖို့က ဤမျှ သေချာနေသည်ကိုပင်လျှင် အဖေက ရဟန်းပြုဖို့ စဉ်းစားဦးဆိုတော့ ကျွန်တော်က ဘာဆက်ပြောရမည်နည်း။
လောကီအလုပ်ဖြင့် ပိုက်ဆံရှာပြီး သံသရာလည်ကို လည်မည့်လမ်းက ကောင်းပါသလား။
သံသရာလည်နေသည်မှာ ကြောက်ဖို့ ကောင်းသည်။
အသက်ရှူနေရသည်မှာ၊ အသက်ရှင်နေရသည်မှာ ကြောက်ဖို့ ကောင်းသည်။
သေပြီး နောက်ဝိညာဏ်အသစ် ဖြစ်မည်မှာ၊ ပဋိသန္ဓေစိတ် ဖြစ်မည်မှာ
အလွန့်အလွန် ကြောက်ဖို့ ကောင်းသည်။
ကြောက်စရာကို ကြောက်စရာဟု ဘာကြောင့် မသိကြပါသနည်း။
4 days ago | [YT] | 1
View 0 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
"ဒူးရင်း"ဆိုတော့ ဒန်းလှ ရှင်ထူးနေ့နံပါပဲ။
စားတဲ့အချိန်ကလည်း စနေနေ့ည။
အတူတွဲဖက်စားသုံးသူကလည်း နီနီရှိန်ဆိုတော့ ဒန်းလှ ရှင်ထူးနေ့နံပါပဲ။
"ဒူးရင်းသီးစား"သည့် အစ်ကိုတော်ကို နှမတော်ရှင်ထူးက
"အထူး သတင်း ကြီးထွား"အောင် စောင့်ရှောက်ပေးတော်မူပါခင်ဗျာ။
♥️♥️♥️♥️
5 days ago | [YT] | 1
View 0 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
ဘာသာ၊ သာသနာ အကြည်ညိုပျက်တွေ၊ မပျက်တွေတော့ မသိ။
စိတ်မ၀င်စားပါ။ လွတ်လွတ်လပ်လပ် တွေးမည်။ ရေးမည်။
လွတ်လွတ်လပ်လပ် တွေးပါရစေ။ မေးပါရစေ။ ရေးပါရစေခင်ဗျာ။
ဤကဲ့သို့ပါ။
ရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ်၏ ကြေးပြာသာဒ်က ကျွန်တော်တွေ့တာတော့ ရိုးရိုးရှင်းရှင်းလေးပါ။
သမုဒ္ဒရာ အလယ်မှာပါ။
သူကလည်း သပိတ်လေးတစ်လုံးနှင့်သာ တရားထိုင်နေတာပါ။
တစ်ခုက အိမ်သာတွေ၊ ရေချိုးခန်းတွေ မတွေ့မိတာပါ။
ရေချိုးတာကတော့ ရှင်းသည်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်နှစ်၊
နှစ်နှစ်ကိုတစ်ကြိမ် ရေချိုးတော့ ဒါတွေ အရေးမကြီးတာ သိသည်။
သင်ကန်းဆိုသည်မှာလည်း အနံ့၊ ဂန္ဓာရုံကိုသာ အရေးမလုပ်လျှင်၊
ဂရုမပြုလျှင် သင်ကန်းတစ်စုံ၊ နှစ်စုံဆိုလျှင် လုံလောက်သည်။
ကျောင်းကလည်း ကြေးပြာသာဒ်ဆိုတော့ မိုးလုံ၊ လေလုံသည်။
ဆွမ်းကိုလည်း သူက တန်ခိုးရှိတော့ ကောင်းကင်ပေါ် ဈာန်နှင့်ကြွပြီး ဆွမ်းခံထွက်မည်ဟု ထင်သည်။
ပြဿနာက ကျင်ကြီးကျင်ငယ် စွန့်တာပါ။
သမုဒ္ဒရာထဲပဲ တိုက်ရိုက် စွန့်လိုက်တာလား။
🤣🤣🤣🤣
ကြေးပြာသာဒ်ထဲလည်း ကျွန်တော်တို့၊ သင်တို့အမြင် ရှင်းနေသည်ပဲ။
သပိတ်တစ်လုံးနှင့် တရားထိုင်နေတာ။
မည်သည့် အခန်းပိုမှ မရှိပါ။
ကျွန်တော်ကိုယ်တိုင်ကလည်း ရဟန်းပြုဖြစ်လျှင် တောထွက်မည်ဆိုတော့ ထိုအချက်ကို အထူး စိတ်၀င်စားပါသည်။
ကျင်ကြီးကျင်ငယ် စွန့်သည့် အချက်ပါ။
5 days ago | [YT] | 1
View 0 replies
Dr. ခွက်ဆွဲ Nyein Chan Ko Ko
တရားတွေကို အတော် သိနေပြီဆိုတော့ ပုံတောင်ပုံညာတောင်တန်းကြီး၏ တောင်ခြေနားတွင် နှီး၊ ဓနိဖြင့် ကျောင်းဆောက်ပြီး တစ်ပါးတည်း သီတင်းသုံးရမည်။
တောင်ခြေတွင် ယောနယ်၊ ဆောနယ်မှ ဖွင့်ထားသော ထမင်းဆိုင်တွေ
ရှိသည်။
ချင်းတောင်ကို သွားဖူးတော့ ကလေးမြို့သို့ ကားစီးဖူးသည်။
ထို့ကြောင့် ပုံတောင်ပုံညာတောင်တန်း၏ တောင်ခြေတွင် ယောနယ်၊
ဆောနယ်သားတွေ ဖွင့်သော ထမင်း၊ဟင်းဆိုင် ရှိတာ သိသည်။
ကလေးမြို့မှ ခရီးသွားကားကြီးအများစုက ထိုထမင်းဆိုင်များတွင် ထမင်းစားနားကြသည်။
တောင်တက်လမ်း ကားမောင်းရမည်ဆိုတော့ ကားကြံ့ခိုင်မှုလည်း
စစ်ဆေးရင်းပေါ့။
အန်ကယ်ကြီး ဆွမ်းခံ၍ ရပါပြီ။
ဆွမ်းအဖြူထည်၊ ထမင်းဖြူသာ အလှူခံပါမည်။
အသီးအရွက်ဟင်း၊ အသားဟင်း၊ ဆီ၊ ဆား၊ ဟင်းအနှစ်၊ ဟင်းအဆီ
လုံး၀ လှူရန် မလိုပါ။
သစ်ဥသစ်ဖု လုံး၀ လှူရန် မလိုပါ။
အန်ကယ်ကြီးက တစ်ပါးတည်း သီတင်းသုံးဖို့ပင်လျှင် ဆွမ်းခံရမည့် ထမင်းဆိုင်တော့ စဉ်းစားတတ်သည်။
လူလည်ကြီး။
🤣🤣🤣🤣
5 days ago | [YT] | 1
View 1 reply
Dr. ခွက်ဆွဲ Nyein Chan Ko Ko
ရသာရုံအပေါ် စွဲလန်းစိတ်က ဘယ်လောက်အထိ ဆိုးသလဲဆိုတော့
သင်ဂဇာဆရာတော်၏ "ချဉ်ပေါင်ကို ကာပြန်၍ ၀က်သားကို
ခြေကန်ရုန်းတယ် သွားတော့ ကတုံး"ဆိုပြီး စကားပုံ ပေါ်ပေါက်သည်အထိ ဖြစ်ခဲ့ရသည်။
ရွာတစ်ရွာမှာ ဆွမ်းကျွေးနှစ်ခုက အချိန်တိုက်ဆိုင်နေပါသည်တဲ့။
ဆင်းရဲသားအိမ်နှင့် သူဌေးအိမ်။
ဒါနှင့် ဘုန်းကြီးက သူတို့ကို လွန်ဆွဲခိုင်းလိုက်သည်။
ဘုန်းကြီးကို အလယ်က ထားပြီး နှစ်ယောက်သား အားဖြင့် ဆွဲကြပါ။
နိုင်သောဘက်ကို ဘုန်းကြီးက ဆွမ်းကျွေး၊ အိမ်ပင့် ကြွမည်။
ဆွဲကြတော့ ဆင်းရဲသားက အားသာတာပေါ့။ အလုပ်ကြမ်းလုပ်တာကိုး။
သို့သော် ဘုန်းကြီးက သိသည်။
ဆင်းရဲသား နိုင်၍ကတော့ ချဉ်ပေါင်ဟင်းနှင့် ဆွမ်းစားရမည်။
သူဌေးဘက် ပါမှ ၀က်သားဟင်းနှင့် ဘုဉ်းပေးရမည်။
အလယ်က ဘုန်းကြီး၏ အားက သူဌေးဘက် ပြန်ပါအောင်
ရုန်းပေးနေတော့သည်။
ထိုအချိန်တွင် ဆင်းရဲသားလည်း "ချဉ်ပေါင်ကို ကာပြန်၍ ၀က်သားကို
ခြေကန်ရုန်းတယ် သွားတော့ ကတုံး"ဟု ရေရွတ်၍ အားကုန်လွှတ်ချလိုက်ရာ ဘုန်းကြီးလည်း သူဌေးဘက် ပါသွားပြီး သူ့ဘက်အခြမ်းတွင် အရှိန်ဖြင့် လဲကျသွားတော့သည်။
🤣🤣🤣🤣
"ချဉ်ပေါင်ကို ကာပြန်၍ ၀က်သားကို ခြေကန်ရုန်းတယ် သွားတော့ ကတုံး"။
🤣🤣🤣🤣
5 days ago | [YT] | 1
View 1 reply
Dr. ခွက်ဆွဲ Nyein Chan Ko Ko
ဒူးရင်းသီးကြီးပဲ။
လောကီအခေါ်။
ထိုအကြီးကြီးတစ်တုံးကို လေးသောင်းကျော်လား ပေးရသည်တဲ့။
ဟုတ်၊ မဟုတ်တော့ ကျွန်တော်လည်း ဈေးနှုန်း မသိပါ။
နီနီဦးရှိန် အိမ်ပြန်ရောက်ပြီပေါ့။
Baby လေး အိမ်မှ အိမ်ပြန်ရောက်လျှင် ကျွန်တော်နှင့် နှစ်ယောက်သား စားကြမည်တဲ့။
ပြောပြပါမည်။
ကိလေသာက ထိုကဲ့သို့ ၀င်သည်။
အဆင်းရူပါရုံ၊ အလင်းကို ဒူးရင်းသီးတဲ့။
လျှာပေါ်တင်၍ ရပြီဟု ဦးနှောက်က ဆက်တွေးသည်။
လျှာပေါ်တင်ပြီ။
အရသာ၊ ရသာရုံအပေါ် တဏှာငြိပြီ။
လောဘ၊ ဒေါသ၊ မောဟတွေ၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တွေသည် ထိုသို့ ဆင့်ကဲ ဖြစ်ပေါ်သည်။
ထမင်းဖြူ စားတော့ရော Glucose မရဘူးလား။
ဇိဝှာအကြည်ဓါတ်ပေါ် လာတိုက်သော ရသာရုံအပေါ် တဏှာ၊ ဥပါဒါန် တွယ်ငြိကြသည်။
တရားဟောရင်းဖြင့် ဒူးရင်းသီးတော့ စားလိုက်ပါဦးမည်။
သူကျွေး၍ ကိုယ်စားတာ၊ သူဆွမ်းကပ်၍ ကိုယ်စားတာပဲ။
ကျွန်တော် ဒူးရင်းသီး တောင်းစားတာမှ မဟုတ်တာပါ။
🤣🤣🤣🤣
5 days ago | [YT] | 1
View 0 replies
Load more