Mixed Martial Arts သတင်း ၊ဆောင်းပါး၊ သုံးသပ်ချက်များနဲ့ interview များ ပုံမှန်တင်ဆက်ပေးနေပါတယ်


MMA Myanmar

Conor နဲ့ Max Holloway တို့ပွဲအပေါ် Topuria ရဲ့ သုံးသပ်ချက်…

Ilia Topuria 🗣️ သူတို့ ၂ ယောက်ပွဲက ကြောင်လေး ၂ ကောင်ရန်ဖြစ်နေသလိုပဲဖြစ်မှာပါ။ ငါ့အမြင်ကတော့ Conor က Max ကိုအနိုင်ရသွားလိမ့်မယ်လို့ထင်တယ်။ ကျွန်တော်အနိုင်ရစေချင်တာကလည်း Conor ကိုနိုင်စေချင်တယ်။ လက်ရှိအခြေအနေမှာ Conor က ကျွန်တော်နဲ့လုံးဝထိုးချင်မှာမဟုတ်ဘူး။ ဘာလို့ဆို သူဘယ်လိုနာကျင်သွားမလဲဆိုတာ သူသိနေမှာပဲလေ။ ဒါပေမယ့် သူ Max Holloway ကိုအနိုင်ယူပြီးတော့ နောက်ထပ်နိုင်ပွဲတစ်ပွဲထပ်ရခဲ့ရင်တော့ ကျွန်တော်တို့ ပွဲဆိုတာဖြစ်လာနိုင်ပါတယ်…” ဆိုပြီး ESPN Deportes ( Papa Legaspi) နဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်…

#ufc
#MMAMyanmar

4 weeks ago | [YT] | 669

MMA Myanmar

Max Holloway နိုင်မယ်လို့ပြောလိုက်တဲ့ Dustin Poireir…

မေး - Conor နဲ့ Max Holloway ပွဲမှာဘယ်သူနိုင်မယ်ထင်လဲ?

Dustin Poireir 🗣️ Conor ကပွဲအချိန်မကြာကြီး မထိုးနိုင်တော့ပေမယ့် သူ့ရဲ့ထိကျ ပါဝါကတော့မပျောက်နိုင်သေးဘူး။ Max ကိုအစောပိုင်းအချီတွေမှာ ဒုက္ခပေးနိုင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်နောက်ဆုံး Max နဲ့တွေ့တဲ့အချိန်တုန်းက Max ရဲ့လက်သီးချက်တွေမှာ ပါဝါတော်တော်ပါလာတယ်။ Lightweight တန်းမှာတောင် အဲလောက်ပါဝါ ရှိနေတာ၊ အခု Welterweight တန်းမှာဆိုရင် Max ကအရင်လိုမျိုး ထိချက်အသားပေးပြီး ထိုးချက်အများကြီးထိအောင် ထုတ်မယ့်ဖိုက်တာမဟုတ်တော့ပဲ ထိကျပါဝါပါတဲ့ လက်သီးချက်တွေ ထွက်လာမှာသေချာပါတယ်။ အဲတာကြောင့် ကျွန်နော်ကတော့ Max Holloway က Conor ကိုအလွယ်တကူအနိုင်ရသွားလိမ့်မယ်လို့ထင်ပါတယ်…” ဆိုပြီး Paramount on UFC နဲ့ podcast မှာပြောသွားခဲ့ပါတယ်…

#ufc
#MMAMyanmar

4 weeks ago | [YT] | 389

MMA Myanmar

မေး - ခင်ဗျားဖက်ကနေ Topuria ကဝင်ပြောပေးတာနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ…

Alex Pereira 🗣️ ကျွန်တော်တို့ အိမ်ဖြူတော်ကို သွားရတော့မယ့်အချိန်မှာ Ilia Topuria က သူ့ရဲ့ Private Jet နဲ့လိုက်ခဲ့ဖို့ ကျွန်တော်တို့ကိုခေါ်လိုက်တယ်။ အဲတာကြောင့် ကျွန်တော်တို့အတူ private jet နဲ့အိမ်ဖြူတော်ကိုသွားခဲ့ကြတယ်။ သူအဖွဲ့သားတွေနဲ့ ကျွန်တော်တို့၊ စပြီးတကယ်
ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာကြတယ်။ ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ Josh Hokit နဲ့ပတ်သက်ပြီး ကျွန်တော်က အင်္ဂလိပ်စကားနားမလည်တော့ ညီအကိုတစ်ယောက်လို ကာကွယ်ပြောဆိုပေးခဲ့တယ်။ Topuria လိုလူမျိုးက ကိုယ့်ပတ်ဝန်းကျင်မှာ မရှိမဖြစ် ရှိနေသင့်တဲ့လူမျိုးပါ…” ဆိုပြီး MMA Junkie နဲ့အင်တာဗျူးမှာဖြေဆိုသွားခဲ့ပါတယ်…

Ilia Topuria မှာကိုယ်ကိုင် Jet လေယာဉ်တော့မရှိပါဘူး။ ဒါပေမယ့် စပိန်ကနေ အမေရိကန်ကိုပွဲထိုးဖို့လာပြီဆိုရင် အမြဲ Private Jet စင်းလုံးဌားပြီးပဲလာတတ်ပါတယ်။ တစ်ခါလာရင် ဒေါ်လာ ၂ သိန်းကုန်ပါတယ်။ အသွား ဒေါ်လာ ၁ သိန်း အပြန်ဒေါ်လာ ၁ သိန်းဆိုတော့ စုစုပေါင်း ဒေါ်လာ ၂ သိန်းကုန်ကျပါတယ်။ အခုအိမ်ဖြူတော်ကိုသွားမယ့်အချိန်မှာလည်း Private Jet ကိုစင်းလုံးဌားပြီး Alex Pereira တို့ကိုပါ တစ်ခါတည်းလိုက်ဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်…

#UFCWhiteHouse
#MMAMyanmar

4 weeks ago | [YT] | 532

MMA Myanmar

Joshua Van Press conference တက်လာတဲ့ Fashion
ချင်း ရိုးရာ အဆင်လေးနဲ့ တက်လာတာပါ
#UFC328 #MMAMyanmar

1 month ago | [YT] | 2,198

MMA Myanmar

Khamzat Chimaev 🗣️ ကျွန်တော် Sean Strickland နဲ့အတူတူလေ့ကျင့်ခန်းဆင်းဖူးတယ်။ ကျွန်တော်တို့အမြဲ Sparring ဆော့တိုင်းကျွန်တော်သူ့ကိုအမြဲနိုင်တယ်။ နောက်တော့ သူကျွန်တော်နဲ့လေ့ကျင့်ရတာကို မကြိုက်တော့ဘူး။ ကျွန်တော်တို့မှာ အသင်းမှာ Group Chat ရှိတယ်။ ကျွန်တော် Xtreme Couture လေ့ကျင့်ရေးကွင်းကိုသွားမယ်ဆိုရင် သူက UFC PI ကိုသွားတတ်တယ်။ ကျွန်တော် UFC PI ကိုသွားပြီဆိုရင် သူက Xtreme Couture ကိုသွားတယ်။ နောက်ပိုင်းလေ့ကျင့်ရေးတွေပြီးသွားလို့ ကျွန်တော်အိမ်ကိုပြန်ရောက်မှ သူကကျွန်တော်မကောင်းကြောင်းတွေကိုလျှောက်ပြောတော့တာပဲ။ ကျွန်တော်သူ့ကိုပျင်းပျင်းထန်ထန်ထိုးလိုက်တဲ့အချိန်တိုင်း နည်းပြဆီပြေးသွားပြီး ကျွန်တော့်ကိုစိတ်လျှော့ဖို့ ပြောခိုင်းတတ်တယ်…” ဆိုပြီး UFC Countdown မှာပြောသွားခဲ့ပါတယ်…

#UFC328
#MMAMyanmar

1 month ago | [YT] | 465

MMA Myanmar

Tatsuro Taira ဖက်က ပိုက်ဆံအများကြီးလောင်းမယ်ဆိုတဲ့ Justin Gaethje…

Justin Gaethje 🗣️ ငါ ဒီကောင်လေးကို ဖိုက်တာတစ်ယောက်အနေနဲ့ တော်တော်လေးသဘောကျတယ်။ ငါအမြဲပြောဖူးပါတယ်။ Brandon Moreno ကငါ့အကြိုက်ဆုံးဖိုက်တာတွေထဲကတစ်ယောက်ဆိုတာ။ သူ့ကိုတောင် စွမ်းဆောင်ရည်ကောင်းတွေနဲ့ Taira ကအနိုင်ယူပြသွားခဲ့တယ်။ သူချန်ပီယံဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ငါ့ကောင် Tatsuro Taira ဖက်ကလောင်ကြေးအများကြီး ငါလောင်းမှာပါ…ဆိုပြီး UFC 328 Embedded - EP 1 မှာပြောဆိုသွားခဲ့ပါတယ်…

Justin Gaethje အဲလိုပြောလာတာလည်းမဆန်းပါဘူး။ ဘာလို့ဆို အခုလက်ရှိမှာ Tatsuro Taira က Justin Gaethje လေ့ကျင့်နေတဲ့ Tiger Beetle MMA Gym မှာလေ့ကျင့်နေတာဆိုတော့ လေ့ကျင့်ဖော်အတွက် Gaethje ကဒီလိုမျိုးအားပေးစကားပြောလာတာတော့ပါ။ ဘာပဲဖြစ်ဖြစ် Joshua Van ကပဲခါးပတ်ကာကွယ်သွားနိုင်ပါလိမ့်မယ်…

#ufc
#UFC328
#MMAMyanmar

1 month ago | [YT] | 621

MMA Myanmar

ချန်ပီယံခါးပတ်ထက်တောင် Joshua Van အကြိုက်ဆုံးအရာတစ်ခု…

Joshua Van အကြိုက်အဆုံးအရာတစ်ခုကတော့ ချန်ပီယံခါးပတ်ဘေးမှာပါတဲ့ Plate ပြားလေးမှာ၊ ဒီချန်ပီယံက ဘယ်နိုင်ငံကိုယ်စားပြု၊ ဘယ်နှစ်ခုနှစ်၊ ဘယ်ပွဲမှာရခဲ့လဲဆိုတာကို မှတ်တမ်းနဲ့အပြည့်အစုံရေးထားတဲ့ Plate ပြားလေးဖြစ်ပါတယ်…

ဘာလို့ Joshua Van က ဒီ Plate ပြားလေးကိုချန်ပီယံခါးပတ်ဖက်ပိုကြိုက်တာလဲဆိုရင် 🗣️ ဒီအရာလေးက ငါ့အတွက်အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုရင် ဒီမှာငါ့နိုင်ငံအလံလေးပါတယ်။ ငါဘယ်လောက် မြန်မာနိုင်ငံကိုယ်စားပြု အလံကိုင်ခွင့်ရအောင်ကြိုးစားခဲ့လဲဆိုတာ သက်သေပေါ့။ အဲတာကြောင့် ဒါလေးက ငါ့အကြိုက်ဆုံးဖြစ်နေတာပါ..” ဆိုပြီး UFC Countdown မှာပြောသွားခဲ့ပါတယ်…

#UFC328
#MMAMyanmar

1 month ago | [YT] | 683

MMA Myanmar

Joshua Van အပေါ် Joshua Van ရဲ့ Boxing နည်းပြ Vasquez ကဘာပြောခဲ့လဲ?

Vasquez 🗣️ ငါသူ့ကိုစတွေကတည်းက သူ့မှာ အရည်အချင်းရှိနေတယ်ဆိုတာသတိထားမိခဲ့တယ်။ ဒါလုပ်ယူထားတဲ့အရည်အချင်းမဟုတ်ပဲ ပင်ကိုယ်ပါရမီပါလာတဲ့ အရည်အချင်းပါ။ အဲဒီနောက် သူ့ရဲ့ စွမ်းအင်၊ သူ့ရဲ့ထူးချွန်လိုတဲ့ ဆန္ဒတွေက တကယ်ကောင်းလွန်းတယ်။ အစောပိုင်းမှာတင် သူ့ရဲ့နိုင်လိုစိတ်ပြင်းပျမှုက ကျွန်တော့်ကိုအံ့ဩစေခဲ့သလို နောက်ဆက်တွဲပွဲတွေအကုန်လုံးကလည်း ကျွန်တော့်ကိုအံ့ဩစေခဲ့တယ်။ ပြီးတော့ သူ့ရဲ့စွမ်းဆောင်ရည်တွေက အချိန်တိုအတွင်းမှာပဲ တော်တော်မြန်အောင်တိုးတက်လာခဲ့တယ်။ Van ရဲ့အဓိကအခြေခံက ခြေထောက်ပိုင်းဆိုတာ သူပြခဲ့တဲ့။ သူ့ရဲ့ Footwork ကတော်တော်ကောင်းလွန်းတယ်။ ကျွန်တော်တို့ Taira နဲ့ပွဲအတွက် ရုပ်ပိုင်းဆိုင်ရာကိုအဓိကလေ့ကျင့်ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ အမြန်နှုန်း၊ ခံနိုင်ရည်ရှိမှု၊ ပွဲအပေါ်အခြေခံပြီး ချိန်ညှိပြောင်းလဲနိုင်မှု စတာတွေကိုအဓိက ပြင်ဆင်ထားပါတယ်။ Taira က Van ထက်အများကြီးပိုရှည်တယ်။ ဒါပေမယ့် Van ကအဲလိုအရပ်မျိုးနဲ့ပြိုင်ဖက်အများကြီးကို အနိုင်ယူခဲ့ပြီးပါပြီ။ ဒီပွဲက ခက်ခဲလိမ့်မယ်ဆိုပေမယ့် ကျွန်တော်တို့လေ့ကျင့်မှုကို အပြည့်အဝအယုံအကြည်ရှိပါတယ်။ ပြီးတော့ Van ရဲ့ Fight IQ ကလည်းကောင်းတော့ အဲတာကိုလည်းယုံကြည်တယ်။ အဲတာကြောင့် ဒီပွဲမှာ Van ပဲ ခါးပတ်ကာကွယ်သွားနိုင်ပါလိ့မ်မယ်…” ဆိုပြီး UFC 328 Countdown မှာဖြေကြားသွားခဲ့ပါတယ်…

#UFC328
#MMAMyanmar

1 month ago | [YT] | 817

MMA Myanmar

Joshua Van အပေါ် Joshua Van အမေရဲ့ပြောစကား…

Van အမေ 🗣️ ငါ့သားလေးအတွက်အရမ်းကိုဂုဏ်ယူမိပါတယ်။ အစတုန်းကတော့ သူ့ကို ဖိုက်တာတစ်ယောက်အနေနဲ့လုံးဝမမြင်ချင်ခဲ့မိဘူး။ ဘာလို့ဆိုသူ့ကိုမနာကျင်စေချင်လို့ပါ။ ဒါပေမယ့် သူ Gym ကိုရောက်ပြီးသွားတော့ သူ့ရဲ့နေပုံထိုင်ပုံတွေကအစပြောင်းလဲလာခဲ့တယ်။ အဲချိန်မှာပဲ အော်… ဒါကသူ့အတွက် အကောင်းဆုံးဖြစ်လာမယ့်အရာပါလားဆိုပြီး တွေးမိလိုက်တယ်။ အခုတော့သူ့ကို နိုင်ငံကိုယ်စားပြုဖိုက်တာတစ်ယောက်အနေနဲ့မြင်ရတာ တော်တော်သဘောကျနေပါပြီ။ နောက်ထပ်လည်း နိုင်ငံဂုဏ်ဆောင်နိုင်ဦးမယ်လို့လည်းထင်ပါတယ်…” ဆိုပြီး UFC Countdown မှာဖြေကြားသွားခဲ့ပါတယ်…

#UFC328
#MMAMyanmar

1 month ago | [YT] | 924

MMA Myanmar

ဥက္ကဌကြီးချက်ထရီ 🗣️ ငွေတွေ အများကြီးရလာပြီး ကျော်ကြားမှုတွေအပေါ် နစ်မျောသွားတဲ့အခါ၊ ကိုယ့်ဘေးမှာ လမ်းမှန်ပြပေးမယ့် အဖွဲ့အစည်းမျိုး မရှိတဲ့အခါ ဘာဖြစ်တတ်သလဲဆိုတာ ကျွန်တော်တို့ မြင်လိုက်ရပြီ ထင်ပါတယ်...” ဆိုပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဖြေကြားသွားခဲ့ပါတယ်…

Rodtang လို့နာမည်တပ်ပြီး ပြောခဲ့တာတော့မဟုတ်ပေမယ့် Rodtang ကိုပြောသွားတယ်ဆိုတာကတော့ သူ့စကားနဲ့တင်အကုန်သိနိုင်ပါတယ်…

#onechampionship
#MMAMyanmar

1 month ago | [YT] | 424