Welcome to Success Myanmar! 🇲🇲

Success Myanmar is your trusted source for motivation, personal development, business insights, and financial education — all tailored for the people of Myanmar. Our mission is to inspire and empower individuals to unlock their full potential and achieve success in every area of life.

🎯 What We Offer:

Motivational content in Burmese

Business and entrepreneurship tips

Financial literacy and investment advice

Productivity and self-growth strategies

Interviews and success stories

Whether you're a student, professional, or aspiring entrepreneur, you're in the right place to grow, learn, and succeed.

🔔 Subscribe now and join a growing community of achievers!

📧 Contact us: successmyanmarofficial@gmail.com


Success Myanmar

အိုမင်းချိန်အတွက် ပြင်ဆင်ထားပါ
--------------------------------
အသက်ကြီးလာရင်
ငါဘယ်သူနဲ့နေရမလဲလို့ တွေးမိကြမှာပဲ
ဒါက သဘာ၀ကျပါတယ်။
ကံကြမ္မာဆိုတာ ဘာမှ ကြိုမပြောနိုင်ဘူး။

အေးမြ လုံခြုံတဲ့ ဘဝလေးတစ်ခုကို
တစ်သက်လုံး ပိုင်ဆိုင်ရမှာပဲလို့
စိတ်ကူးထားခဲ့ဘူးလိမ့်မယ်..

မဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ ကံပဲပေါ့။
အဲဒီတော့ ဘာကို ပူနေမှာလဲ..,..?
ကိုယ်သာ ပင်ပန်းသွားဖို့ရှိတာပဲ။

ကံကြမ္မာဆိုတာ ကိုယ်မြင်ရတာမှ မဟုတ်ပဲ။
ကောင်းတာလည်း ဖြစ်နိုင်သလို
ဆိုးတာလည်း ဖြစ်နိုင်တယ်။

အခုအချိန်မှာ ကျန်းမာနေသေးတယ်
နေရေး စားရေးအဆင်ပြေနေတယ်ဆို
၀မျးသာလိုကျပါ။

အတိတ်ကံအကျိုးပေး
ဘယ်လိုလာမလဲ ဆိုတာတော့ မသိဘူးပေါ့
ခုလောလောဆယ်တော့ အဆင်ပြေနေပါတယ်..
နေကောင်းနေသေးတယ်
ကိုယ့်ကိုယ်ကိုယ် ထူမနိုင်သေးတယ်
အဲဒီတော့..ကျန်းမာရေးလေး ပိုဂရုစိုက်ပြီးနေရမယ်။

ကျန်းမာရေး မကောင်းရင်
ပြုစုရမယ့်သူအတွက်က ၀နျပိုတတျတယျ။
ဂျီမကျမိဖို့လည်း လိုသေးတယ်။

ကိုယ်ကြိုက်သလို
ကိုယ်တိုင် ဘာမှ မလုပ်နိုင်တော့တဲ့အချိန်မှာ..
သူများ လုပ်ပေးတာကို ကြိုက်လိုက်ရုံပဲရှိတာပဲ။

မကြိုက်ဘူးဆိုရင်တောင်
မငြိုငြင်မိဖို့ အရေးကြီးသေးတယ်။

အရမ်း ဂျီကျနေရင်
ကိုယ့်နား ဘယ်သူမှ ကပ်ချင်မှာမဟုတ်ဘူး။

လောကဓံကို ခံနိုင်ရည်ရှိဖို့
အခုထဲကလေ့ကျင့် ပြင်ဆင်ထားရမှာပဲ။
လောကမှာ......
မဖြစ်နိုင်တာဆိုတာ ဘာမှမရှိဘူးလေ

အသက်ကြီးလာတဲ့အခါ မေ့လာခဲ့ရင်
သတိ မမေ့အောင်
သတိကပ်နေတဲ့အကျင့်ကို လုပ်ရမယ်
တရားများများ ထိုင်ရမယ်။

ပိုက်ဆံဆိုတာ အိုစာ နာစာ ရှိတော့ရှိရမယ်။
ဒါပေမယ့်
တချို့က ကုပ်ကပ်ပြီး စုကြတာ။
အသက်ကြီးလာတော့
ကိုယ့်မှာ ဘယ်လောက်ရှိလဲဆိုတာတောင် မေ့သွားပြီ။

အချိန်တန်တော့ ထိုက်တဲ့သူပဲ ရသွားတာပဲ။
မလှူရက် မတန်းရက် မစားရက် မသောက်ရက်
ခြစ်ကုတ်ပြီး စုပေးခဲ့ရတာတွေက မတန်ပါဘူး။

သတိတွေကောင်းတုန်းမှာ
အလှူအတန်းတွေ များများလုပ်ခဲ့ရမယ်။
ကိုယ့် နောက်ကို ပါမယ့် ကိစ္စမျိုးတွေပေါ့။

ခြေတစ်လှမ်း လှမ်းဖို့တောင်
သိပ်ခက်ခဲတဲ့အချိန်ကို ရောက်နေပြီဆိုရင်
ကိုယ်ထားခဲ့ရမှာတွေအတွက်
ပူပင်တဲ့စိတ်ဆိုတာ ရှိနိုင်ပါဦးတော့မလား

ကိုယ့်နောက်ဆုံး အချိန်ကို ဘယ်လိုကျော်ဖြတ်သွားမလဲ
ဘယ်လို ပြင်ဆင်ထားရမလဲ
ဆိုတာလောက်ပဲ စိတ်၀င်စားတော့တယ်။

သံယောဇဉ် အနှောင်အဖွဲ့တွေကိုလည်း
သိပ်ပြီး တွေးမပူတော့ပါဘူးလေ.............။

7 months ago | [YT] | 7

Success Myanmar

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုး မထားချင်ကြဘူး
ဒါကို.......မင်းသိရင်...
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့
လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ် ဆိုတိုင်း
မင်းက တန်ဖိုး မရှိလို့ မဟုတ်ဘူး
လူတစ်ချို့
မင်းအနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး
လူတစ်ချို့
မင်းကို အရေး မလုပ်တော့ဘူး ဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး
တကယ်တော့...
မင်းမေတ္တာ စေတနာ
မင်းရဲ့ ပေးဆပ်မှု့ မင်းရဲ့ အလေးထားမှု့နဲ့
မထိုက်တန်သူတွေ ရှိသလို....
မင်းရဲ့ အရမ်းချစ်တဲ့ ဒဏ်ကို
မခံနိုင်သူတွေလဲ ရှိတယ်
လွယ်လွယ်နဲ့ ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့
စွန့်ပစ်ခံရတယ် ဆိုတိုင်း
အမှိုက် မဟုတ်ဘူး ဆိုတာ နားလည်
တစ်ဖက်က
တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်လေ
တစ်ခါတစ်လေမှာ...
ကိုယ်နဲ့ မထိုက်တန်သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့ သူတွေကို
လောကကြီး က
သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်
ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်း တာပါဘဲ
အဲ့တော့....
မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူသဘော အတိုင်းရှိစေ
သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်းဆုံးရှုံးသွား တာက
အမြဲ စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေကို
ကဲ ဘယ်သူ နာလဲ
မင်း မနာပါဘူး
အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့
တစ်ယောက်ထဲ နေလဲဖြစ်တယ်
နှစ်ယောက် ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေ များလေပဲ
ကိုယ့်မိသားစုနဲ့
ကိုယ့်ကို တကယ်ချစ်တဲ့ သူကိုဘဲ
တန်ဖိုး ထား မြတ်နိုးပြီး ချစ်ပါ
ကျန်တဲ့ အပေါ်ယံတွေ အတွက်
အလေးအနက်ထားပြီး မခံစားပါနဲ့
နော်..နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေ ရဖို့
စာလေး တစ်ပုဒ် ပဲ ဖတ်ရတာ
ငါ့မှာက
ဘဝ နဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ် ။

7 months ago | [YT] | 4

Success Myanmar

တိတ်ဆိတ်ခြင်းဟာ ပညာပဲ

ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့။ ရှိပေမယ့်လည်း ဒီဒေါသကို
ထုတ်မပြနိုင်တာက ပညာပဲ။

မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့။ ခံစားရပေမယ့်လည်း
မျက်နှာမှာ မ ပေါ်လွင်အောင်
ထိန်းချုပ်နိုင်တာက ပညာပဲ။

ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်
ပါ့မလဲ ဝမ်းနည်းတတ်တာပေါ့။ ဝမ်းနည်း
ပေမယ့်လည်း လူတကာကို လှပ်ပြပြီး
ပြောပြမနေတော့တာက ပညာပဲ။

လူပဲ ခံစားချက်ကတော့ အသက်ရှင်
နေသ၍ ရှိနေဦးမှာပဲ။ ဘယ်လို ပညာသား
ပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်။

ဖော်ပြလို့ မထူးဘူးဆိုရင် ဒီလိုပဲ
အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ။

ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့နာမည်ရသွားမယ်။
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့
သိကြမှာ မဟုတ်ဘူး။

ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ
အဖတ်တင်တယ်။ ကိုယ်ခံစားရတာ
သူတို့က ပြေလည်အောင် လုပ်ပေးနိုင်တာမှ
မဟုတ်တာ။

ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်အား
ပျော့တာပဲ လူသိတယ်။ ဖေးမကူညီမှာထက်
ဝေဖန်တဲ့လူတွေက ခပ်များများဆို တော့
နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ။

လူဖြစ်လာပေမယ့်လည်း ဒီလူတွေနဲ့
နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး
ရင့်ကျက်နိုင်မှ တော်ကာကျတယ်။

ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ဆိုတာ
ကလည်း တော်တော်လေးကို ခက်တာ။

တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ
တကယ့်ပညာပါဘဲ လောကအလယ်ရင့်
ကျက်ဖို့ သင်ယူကြရပေဦးမည်။

ဒီကြားထဲတော့ အတတ်နိုင်ဆုံး
တိတ်ဆိတ်နေပေးလိုက်ပါမယ်။

စာပေချစ်သူများ subscribe ပေးလို့ ရပါတယ်။ ကျန်းမာပါစေ ❤️🕳️ www.facebook.com/Successmyanmarofficial/subscriben…

9 months ago | [YT] | 13

Success Myanmar

အမေစုက မြန်မာပြည်ကြီး အေးချမ်းပြီး တိုးတက်နေတာကိုပဲ မြင်ချင်နေမှာ အမေစုကိုယ်စိတ်နှလုံးအေးချမ်းပါစေ 🙏🥰🥰🥰

9 months ago | [YT] | 19

Success Myanmar

ကတိပေးပြီးရင်
တည်နိုင်အောင် ကြိုးစားပါ

သစ္စာဆိုပြီးရင်
ခိုင်မြဲအောင် စောင့်ထိန်းပါ

အချစ်ကို ရပြီးရင်
တစ်ဖက်လူအပေါ် မဖောက်ပြန်မိအောင် နေပါ...။

📖 စာပေ၊ ဗဟုသုတချစ်သူ 🤍⬇️
youtube.com/@MyanmarSuccess

9 months ago (edited) | [YT] | 8

Success Myanmar

သူများပြောစကားတွေကြောင့်
လမ်းမဆုံးပါစေနဲ့

အပင်မြင့်ရင် လေဒဏ်ခံရမယ်
လူမှန်ရင် ဝေဖန်ခံရမယ်

မင်း အောင်မြင်ချင်ရင်တော့
ဝေဖန်ခံနိုင်ဖို့ လိုတယ် ။

📖 စာပေ၊ ဗဟုသုတချစ်သူ 🤍⬇️
youtube.com/@MyanmarSuccess

10 months ago (edited) | [YT] | 9

Success Myanmar

" ဆန်ဖြူဆန်ကောင်း ထောင်းမှ သိ၊
လူတို့သဘော ပေါင်းမှ သိ "
ဆန်ဖြူဆန်ကောင်း ထောင်းမှ သိ၊ လူတို့သဘော ပေါင်းမှ သိ ဆိုသည်မှာ ဆန်၏ အရည်အသွေး (ကောင်း မကောင်း) ကို ထောင်းကြည့်မှ သိနိုင်သကဲ့သို့ လူတစ်ဦးတစ်ယောက်၏ စိတ်နေသဘောထား (ကောင်း မကောင်း) ကိုလည်း အတူတကွ ပေါင်းသင်းဆက်ဆံကြည့်မှ သိနိုင်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အရာဝတ္ထုနှင့် လူတို့၏ သဘောသဘာဝကို နှိုင်းယှဉ်ဖော်ပြသည်။ အပေါ်ယံကြည့်ရုံဖြင့် အရာဝတ္ထု၏ အရည်အသွေး သို့မဟုတ် လူတို့၏ စိတ်နေသဘောထားကို အတိအကျ မသိနိုင်ပါ။ စမ်းသပ်ခြင်း သို့မဟုတ် အတူတကွ ပေါင်းသင်းဆက်ဆံခြင်းဖြင့်သာ အမှန်ကို သိရှိနိုင်သည်။ ဤဆိုရိုးစကားသည် လူတို့ကို အကဲဖြတ်ရာတွင် အချိန်ယူ၍ ပေါင်းသင်းဆက်ဆံသင့်ကြောင်းကို သွယ်ဝိုက်၍ သွန်သင်ထားခြင်း ဖြစ်ပါသည်။
" ဆွေကောင်းလျှင် တစ်စလယ် "
" မျိုးကြွယ်လျှင် တစ်စလောင်း "
" ဘူးကောင်းမှ စင်ခံ၊ လင်ကောင်းမှ စံရ "
ဆွေကောင်းလျှင် တစ်စလယ်၊ မျိုးကြွယ်လျှင် တစ်စလောင်း၊ ဘူးကောင်းမှ စင်ခံ၊ လင်ကောင်းမှ စံရ ဆိုသည်မှာ ဆွေမျိုးများ မည်မျှပင် ချမ်းသာကြွယ်ဝနေစေကာမူ မိမိအတွက် အနည်းငယ်သာ အကျိုးခံစားခွင့် ရှိမည်ဖြစ်ပြီး မိမိ၏ အိမ်ထောင်ဖက် (လင်) ကောင်းမှသာလျှင် ဘဝကို အပြည့်အဝ စံစားရမည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် အိမ်ထောင်ရေး၏ အရေးပါမှုကို ဖော်ပြသည်။ ဆွေမျိုးများ၏ ချမ်းသာကြွယ်ဝမှုသည် မိမိအတွက် အထောက်အပံ့ အနည်းငယ်သာ ဖြစ်နိုင်ပြီး မိမိ၏ အိမ်ထောင်ဖက် ကောင်းမှသာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ ဤဆိုရိုးစကားသည် အိမ်ထောင်ဖက် ရွေးချယ်ရာတွင် သေချာစွာ ရွေးချယ်သင့်ကြောင်းကို သွယ်ဝိုက်၍ သွန်သင်ထားခြင်း ဖြစ်ပါသည်။
" ဇက်မကိုင်သော မြင်း၊ ကန်သင်းမရှိသော လယ် "
ဇက်မကိုင်သော မြင်း၊ ကန်သင်းမရှိသော လယ် ဆိုသည်မှာ မြင်းကို ဇက်ကြိုး (မြင်း၏ ပါးစပ်တွင် တပ်ဆင်ထားသော သားရေကြိုး) ဖြင့် မထိန်းချုပ်ပါက မြင်းသည် လိုရာသို့ မသွားဘဲ ပရမ်းပတာ သွားလာနေမည်ဖြစ်သည်။ ထို့အတူ လယ်ကန်သင်း မရှိပါက ရေကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါ။ ဤဆိုရိုးစကားသည် ထိန်းချုပ်မှုနှင့် စည်းကမ်း၏ အရေးပါမှုကို ဖော်ပြသည်။ အရာဝတ္ထု သို့မဟုတ် အခြေအနေတစ်ခုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် သင့်လျော်သော ထိန်းချုပ်မှုနှင့် စည်းကမ်းများ လိုအပ်သည်။ ထိန်းချုပ်မှုနှင့် စည်းကမ်း မရှိပါက ပရမ်းပတာ ဖြစ်သွားနိုင်သည်။ ဤဆိုရိုးစကားသည် လူမှုရေး၊ စီမံခန့်ခွဲရေး စသည့် ကိစ္စရပ်များတွင်လည်း အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် အဖွဲ့အစည်းတစ်ခုတွင် စည်းကမ်းမရှိပါက ဇက်မကိုင်သော မြင်း၊ ကန်သင်းမရှိသော လယ် ကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ဇက်ကြိုးမရှိသော မြင်းသည် ပရမ်းပတာ သွားလာတတ်သကဲ့သို့ ၊ ကန်သင်းမရှိသော လယ်မှ ရေတို့သည်လည်း ပရမ်းပတာ စီးဆင်းတတ်သကဲ့သို့ စည်းကမ်းတကျ ထိန်းသိမ်း နေထိုင်တတ်ခြင်း မရှိသော လူ၏ ဘဝသည်လည်း ပရမ်းပတာ ဖြစ်တတ်ကြောင်းကို ဥပမာပေး ဆုံးမထားသော ဆိုရိုးစကား ဖြစ်ချေ၏။
" တက်ကပ်မှာ ပညာ၊ ဆုတ်ကပ်မှာ ဥစ္စာ "
တက်ကပ်မှာ ပညာ၊ ဆုတ်ကပ်မှာ ဥစ္စာ ဆိုသည်မှာ တိုင်းပြည် သို့မဟုတ် လူ့အဖွဲ့အစည်း တိုးတက်ကြီးပွားနေချိန် (တက်ကပ်) တွင် ပညာရေးနှင့် အသိပညာကို တန်ဖိုးထားကြပြီး စီးပွားရေး ကျဆင်းနေချိန် သို့မဟုတ် အခက်အခဲများ ကြုံတွေ့နေချိန် (ဆုတ်ကပ်) တွင် ဥစ္စာဓနကို ပိုမိုတန်ဖိုးထားကြသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် လူ့အဖွဲ့အစည်း၏ တန်ဖိုးထားမှုများသည် အခြေအနေအချိန်အခါပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်းကို ဖော်ပြသည်။
တက်ကပ်: တိုင်းပြည် သို့မဟုတ် လူ့အဖွဲ့အစည်း တိုးတက်ကြီးပွားနေချိန်၊ စီးပွားရေး ကောင်းမွန်နေချိန်။ ထိုအချိန်တွင် လူတို့သည် ပညာရေး၊ အသိပညာနှင့် တီထွင်ဖန်တီးမှုများကို အလေးထားကြသည်။
ဆုတ်ကပ်: တိုင်းပြည် သို့မဟုတ် လူ့အဖွဲ့အစည်း စီးပွားရေး ကျဆင်းနေချိန်၊ အခက်အခဲများ ကြုံတွေ့နေချိန်။ ထိုအချိန်တွင် လူတို့သည် မိမိတို့၏ စီးပွားဥစ္စာကို ထိန်းသိမ်းရန်နှင့် ရပ်တည်နိုင်ရန် အာရုံစိုက်ကြသည်။
ထို ဥပမာ၌ တိုးတက်သော တိုင်းပြည်နိုင်ငံတို့တွင် ပညာနှင့် ပညာရှင်တို့သည် အလေးထား နေရာ ရကြလျက် ၊ ဆုတ်ယုတ်နိမ့်ကျသော တိုင်းပြည်နိုင်ငံတို့၌ မူကား ငွေရှင်ကြေးရှင်တို့သည်သာ နေရာရ မင်းမူတတ်သော သဘောကို ပြဆိုထားခြင်းလည်း ဖြစ်ပေ၏။
စာလေးတွေ ဖတ်ပြီး အနာဂတ်ကို တည်ဆောက်ကြမယ် 🌿🤍
youtube.com/@myanmarsuccess

10 months ago | [YT] | 22

Success Myanmar

ရွှေနဲ့ကွပ်တာ ခံချင်ရင်
စိန်ဖြစ်ဖို့တော့ လိုတာပေါ့။

သူတစ်ပါးမြတ်နိုးတာ ခံချင်ရင်
ကိုယ်ကိုယ်တိုင်က တန်ဖိုးရှိဖို့တော့ လိုမယ်။

📖 စာပေ၊ ဗဟုသုတချစ်သူ 🤍⬇️
youtube.com/@MyanmarSuccess

10 months ago (edited) | [YT] | 5

Success Myanmar

နောင်တကြီးစွာ မရချင်လျှင်
ငယ်ရွယ်စဥ်မှာ ပညာသင်။

နောင်တကြီးစွာ မရချင်လျှင်
မအိုမင်းခင် ဥစ္စာပြင်။

နောင်တကြီးစွာ မရချင်လျှင်
မိဘ ရှိစဥ် ကျွေးဖို့ပြင်။

နောင်တကြီးစွာ မရချင်လျှင်
ပညာရှိစကား နားပန်ဆင်။

နောင်တကြီးစွာ မရချင်လျှင်
သူတော်ကောင်းတရား နာဖို့ပြင်။

နောင်တကြီးစွာ မရချင်လျှင်
လုပ်နိုင်တုန်းမှာ လုပ်ဖို့ပြင်။

နောင်တကြီးစွာ မရချင်လျှင်
စုနိုင်တုန်းမှာ စုဖို့ပြင်။

နောင်တကြီးစွာ မရချင်လျှင်
ဒေါသထွက်လျင် သတိစိတ်ဝင်။

နောင်တ ဆိုသည်မှာ နောင်အခါမှ
ရတတ်သည့်အမျိုး ဖြစ်သောကြောင့်
အချိန်မလွန်ခင် ပြင်ဆင်သင့်တာတွေကို
ပြင်ဆင်နိုင်ပါမှ နောင်တ ကင်းဝေး၍
စိတ်အေး ချမ်းသာသော ဘဝကို
ရရှိနိုင်မည် ဖြစ်ပါသည်။

📖 စာပေ၊ ဗဟုသုတချစ်သူ 🤍⬇️
Success Myanmar
youtube.com/@myanmarsuccess

10 months ago | [YT] | 10

Success Myanmar

ကျနော့်ဘဝမှာ တန်းဖိုးကြီးကြီး ပေးနိုင်စရာဆိုလို့
နွေးထွေးမှုရှိတဲ့ မေတ္တာတရားရယ်
ဖောက်ပြန်ခြင်းမရှိတဲ့ အချစ်ချင်းတရားနဲ့
သစ္စာရှိရှိနဲ့ ဆုပ်ကိုင်တတ်တဲ့
လက်လေးတစုံပဲရှိတယ်။ 🤍

📖 စာပေ၊ ဗဟုသုတချစ်သူ 🤍⬇️
youtube.com/@MyanmarSuccess

10 months ago (edited) | [YT] | 4