Travel and Lifestyle Influencer from Myanmar with
637K Followers in Facebook.
Travelled to 65 countries around the world.
ဒီ Channel လေးကနေ ခရီးသွား၊ ကျန်းမာရေးနဲ့ အထွေထွေ ဗဟုသုတ Video တွေကို တင်ဆက်ပေးသွားမှာမလို့
စိတ်ဝင်စားသူတွေ အနေနဲ့ ဒီ Channel လေးကို Subscribe လုပ်နိုင်ပါတယ်။
Facebook မှာလည်း Nu Myat around the World နာမည်နဲ့ ခရီးသွားပို့စ်တွေ Review တွေ တင်ပေးနေပါတယ်။
Nu Myat around the World
အားလုံးပဲ မင်္ဂလာရှိတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ကြပါစေ
Happy Myanmar New Year to you all.
နုမြတ်ကတော့ နှစ်သစ်မှာ အိန္ဒိယနိုင်ငံကို ရောက်နေပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး အရှေ့အာရှ ၁၀ နိုင်ငံက Content Creator တွေကို ဖိတ်ကြားထားတဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရောက်နေတာပါ။
ခရီးစဉ်မှာ ဩရိသပြည်နယ်အပြင် ဗုဒ္ဓဂါယာ၊ နယူးဒေလီနဲ့ Taj Mahal ရှိရာ အာဂရာတို့ကိုလည်း သွားလေ့လာကြရမှာပါ။
မြန်မာနှစ်သစ်မှာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို သွားရောက်ဖူးမြော်ခွင့်ရလို့ ဝမ်းသာကြည်နူးမိပါတယ်
ခုလောလောဆယ်တော့ အိန္ဒိယနိုင်ငံ အရှေ့ဘက်ရှိ ဩရိသပြည်နယ် (Odisha) ကို ရောက်နေပါတယ်
မြန်မာနှစ်သစ်မှာ ဘေးဘယာ ဝေးကွာပြီး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်
1 month ago | [YT] | 52
View 1 reply
Nu Myat around the World
Hello! မတွေ့တာကြာလို့ မေ့သွားပြီလား
ဒီမေလအစတုန်းက India နိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသ Ladakh ကို ခရီးထွက်နေလို့ Video လေးတွေ မတင်နိုင်ဖြစ်ခဲ့တာပါ
အခုတော့ ဘေးမသီရန်မခ အိမ်ပြန်ရောက်နေပြီဆိုတော့ မကြာခင်မှာ Vlog လေးတွေ တင်ပေးမယ်နော်
1 year ago | [YT] | 54
View 0 replies
Nu Myat around the World
ပန်ထွာဘုရင်မကြီးအကြောင်း စိတ်ဝင်စားနေကြလို့ ဗိဿနိုးမြို့ဟောင်းနဲ့ ကျိန်စာသင့် ပေပင်လေးတွေကို ရိုက်ပြထားတယ်နော်
1 year ago | [YT] | 7
View 1 reply
Nu Myat around the World
အမေရိကန်မှာ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရမယ့် DV 2026 စလျှောက်လို့ရနေပြီနော်
DV နဲ့ ပတ်သက်လို့ အသေးစိတ်အကြောင်းအရာတွေရယ်
ကိုယ်တိုင်အလွယ်လျှောက်လို့ရတဲ့ DV လျှောက်နည်းတွေရယ်ကို ကြည့်ချင်ရင် နုမြတ်ရဲ့ Channel ထဲက DV Lottery ဆိုတဲ့ Playlist မှာ Video တွေ ကြည့်လို့ရပါတယ်။
DV 2026 လျှောက်နည်းကိုလည်း အသစ်ထပ်တင်ပေးဦးမှာမလို့ See you naw !
https://youtu.be/tBrg3TS-Dng?si=EeCn8...
1 year ago | [YT] | 18
View 0 replies
Nu Myat around the World
ခုတလော နိုင်ငံခြားအထွက်များကြလို့
လေယာဉ်စီးတာနဲ့ ခရီးသွားအခြေခံအကြောင်း
သိသင့်သိထိုက်တာတွေကို
Travel Tips အနေနဲ့ Video လေးတွေ ဖန်တီးဖြစ်နေပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေ သိချင်သေးလဲဆိုတာ Comment ပေးသွားပါဦး။
Video တွေ ဖန်တီးပြီး
သိသလောက် တတ်သလောက် ဝေမျှပေးချင်လို့ပါ…
2 years ago | [YT] | 102
View 36 replies
Nu Myat around the World
နုမြတ်ကိုယ်တိုင်ရေးသားထားတဲ့
"ပိရမစ်မြေရောက် အီဂျစ်နေ့ရက်များ" အီဂျစ်ခရီးသွားဆောင်းပါး စာအုပ်ကို
Audio Book အနေနဲ့ ကိုယ်တိုင်ဖတ်ပြပြီး
YouTube မှာ Video တင်ပေးမယ်ဆိုရင် စိတ်ဝင်စားကြလားရှင့်
2 years ago (edited) | [YT] | 37
View 9 replies
Nu Myat around the World
Happy New Year to You All
နှစ်သစ်မှာ အားလုံးကျန်းမာရွှင်လန်းပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
2 years ago | [YT] | 7
View 0 replies
Nu Myat around the World
ဒီနှစ်ထဲ ပြည်ပ ခရီးတွေ အများကြီးသွားဖြစ်ပြီး Video အများကြီးလည်း ရိုက်ထားတယ်။
ခရီးသွားတာများတော့ Video Edit လုပ်ပြီး မတင်ဖြစ်သေးတာပါ။
Video တွေတင်မယ်ဆိုရင် ဘယ်နိုင်ငံအကြောင်း စိတ်ဝင်စားလဲ
ဘယ်နိုင်ငံအကြောင်း အရင်တင်ပေးရမလဲ ဖြေသွားပေးပါဦး။
2 years ago | [YT] | 27
View 5 replies
Nu Myat around the World
အမေရိကန်သွားဖို့ ကံစမ်းရတဲ့ DV 2024 Result တွေ စစ်လို့ရပြီနော်
DV ပေါက်မပေါက်စစ်နည်းနဲ့ Confirmation Number ပျောက်သွားသူတွေအတွက် ပြန်ယူနည်းကို ဒီ Video ထဲမှာ ကြည့်လို့ရပါတယ်။
https://youtu.be/rAYldVYdkkI
3 years ago | [YT] | 1
View 0 replies
Nu Myat around the World
နုမြတ်ရဲ့ Channel လေး YouTube Monetization အောင်သွားပါပြီ။ 🥰🥰🥰
ကြည့်ရှူပေးသူတွေရော Subscribe လုပ်ပေးသူတွေပါ အားလုံး ကျေးဇူးပါ။ ❤️
နုမြတ်ရဲ့ YouTube Channel က ထောင်ထားတာကြာပေမဲ့ စနစ်တကျမတင်တတ်ဘဲ စိတ်ကူးပေါက်သလိုတင်ခဲ့မိလို့ရယ်
ခုတစ်လောမှ YouTube ဘက်ကို သေချာ အားစိုက်လို့ရယ်ကြောင့် ခုမှပဲ Monetization အောင်သွားတာပါ။
နောက်ပိုင်းမှာလည်း ဒီ Channel မှာ စိတ်ဝင်စားဖို့ကောင်းတာလေးတွေ၊ ဗဟုသုတရမှာလေးတွေ၊ ထူးဆန်းတာလေးတွေ၊ ခရီးသွား Vlog လေးတွေလည်း တင်ပေးသွားပါ့မယ်
ဆက်လက်ပြီး အားပေးကြပါဦး 😊
3 years ago | [YT] | 34
View 0 replies
Load more