ပြည်သူ့အတွက် Channel၊ အကောင်းဆုံးဖြစ်ဖို့ အမြဲကြိုးစားနေမယ့် Channel
Special Tipper Channel
ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမား ------------ ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားရဲ့အသက်က ၆၂ နှစ်ရှိလို့နေပါပြီ။ သူကတော့ ဥရုဂွေးနိုင်ငံက ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သူက ကစားသမားဘဝဖြတ်သန်းနေဆဲပါပဲ။ ဥရုဂွေးစတုတ္ထတန်းကလပ် အက်သလက်တီကို နွီဗို ကာဆာဘိုအတွက် သူက ပါဝင်ကစားပေးလို့နေပါတယ်။ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို မွေးဖွားခဲ့တဲ့ ၁၉၇၆ ခုနှစ်မှာ ဒီကစားသမားကြီးက ကစားသမားဘဝ အစပြုခဲ့ပါတယ်။ သူ့ရဲ့နာမည်ကတော့ ရောဘတ် ကာမိုနာ ဖြစ်ပါတယ်။
1 year ago | [YT] | 28
View 0 replies
ဟာလန်း ကို အမြင့်ဆုံးလုပ်ခလစာပေးပြီး စာချုပ်သစ်ချုပ်ဖို့ မန်စီးတီး စီစဉ် ------------------ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်း ကို အမြင့်ဆုံးလုပ်ခလစာပေးပြီး စာချူပ်သစ်ချုပ်ဖို့ စီစဉ်နေပြီလို့ သိရှိရပါတယ်။ မန်စီးတီးဟာ ဟာလန်းအတွက် တစ်ပတ်လုပ်ခကို ပေါင် ၅၀၀,၀၀၀ အထိ ပေးချေဖို့ အစီအစဉ်ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းရဲ့အမြင့်ဆုံးလုပ်ခလစာရရှိနေတဲ့ကစားသမားက ဒီဘရိုင်နေး ဖြစ်ပါတယ်။ ဒီဘရိုင်နေး ကို မန်စီးတီးက တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၄၀၀,၀၀၀ ပေးထားပါတယ်။ ဟာလန်း ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး မန်စီးတီးကို ဂွါဒီယိုလာ သာ စွန့်ခွာသွားခဲ့ရင် ဟာလန်းက အသင်းပြောင်းဖို့အတွက် အလေးအနက်ထားပြီး စဉ်းစားလာဖွယ်ရှိနေပါတယ်။
1 year ago | [YT] | 23
ဘက်ခမ်းတို့ဇနီးမောင်နှံရဲ့ ၂၅ နှစ်ပြည့် ငွေရတုမင်္ဂလာ ---------------- ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့မင်္ဂလာသက်တမ်းဟာ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျရောက်ခဲ့တာပါ။ ငွေရတုလက်ထပ်မင်္ဂလာကို ဘက်ခမ်းတို့ ဇနီးမောင်နှံက ခရမ်းရောင်ဝတ်စုံဖက်ရှင်တွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့မင်္ဂလာပွဲနေ့က ဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဖက်ရှင်ဒီဇိုင်းအတိုင်း ၂၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဘက်ခမ်းတို့ ဇနီးမောင်နှံက ဆင်မြန်းခဲ့ကြတာပါ။ အချစ်ဟာ သူတို့နှစ်ယောက်အတွက် ဘယ်တော့ အိုမင်းမသွားဘူး၊ သစ်မြဲ…သစ်ဆဲ..အမြဲသစ်လွင်တောက်ပနေဆဲပဲဆိုတာကို ဘက်ခမ်းတို့ဇနီးမောင်နှံက သက်သေပြသွားတာက တကယ်ကိုပဲ လှပလွန်းလှပါတယ်။
1 year ago | [YT] | 19
ကစားသမား ၈ ယောက် လက်လွှတ်လိုက်ဖို့ မန်ယူနည်းပြသစ် အေမိုရင် စီစဉ်ထား ------------------ မန်ယူနည်းပြသစ် အေမိုရင် ဟာ ကစားသမား ၈ ယောက်ကို လက်လွှတ်လိုက်ဖို့ စီစဉ်ထားပြီဖြစ်ကြောင်း သိရှိရပါတယ်။ အေမိုရင် ဟာ မန်ယူကို အပြောင်းအလဲလုပ်ဖို့ စီစဉ်ထားပြီး တချို့ကစားသမားတွေကို အငှားချတာ ဒါမှမဟုတ် အပြီးအပြတ်ရောင်းချတာမျိုး လုပ်လိုက်ဖို့ အေမိုရင်က ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။ အေမိုရင် ဟာ လာမယ့်နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် ကစားသမားသစ်တချို့ ဝယ်ယူဖို့ရှိနေပြီး သူ့ရဲ့အစီအမံမှာ နေရာမရနိုင်လောက်တဲ့ ကစားသမားတွေကိုလည်း ပွင့်ပွင့်လင်းလင်း ခေါ်ယူအသိပေးဖို့ အေမိုရင်က စဉ်းစားထားပါတယ်။ မန်ယူနည်းပြသစ် အေမိုရင် ဟာ ရတ်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုး၊ ဇာ့ခ်ဇီး၊ လုခ်ရှော၊ မက်ဂွိုင်းရား၊ အဲရစ်ခ်ဆန်၊ အီဗန်စ်နဲ့ လင်ဒီလော့ဖ်တို့ကို လက်လွှတ်လိုက်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။
1 year ago | [YT] | 22
View 1 reply
အေမိုရင် ဟာ နစ္စတယ်ရွိုင်းကြောင့် ဖိအားတွေနဲ့ စတင်ရလိမ့်မယ်လို့ အွီဂျာ ပြော -------------------------- ပီအက်စ်ဗီအသင်းဆီမှာ နစ္စတယ်လ်ရွိုင်းရဲ့လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အွီဂျာက မန်ယူနည်းပြသစ် အေမိုရင် ဟာ ယာယီနည်းပြဟောင်း နစ္စတယ်လ်ရွိုင်းကြောင့် မန်ယူနည်းပြဘဝကို ဖိအားတွေနဲ့ အစပြုရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အေမိုရင် ဟာ ဖိအားတွေကို မလိုချင်လို့ နစ္စတယ်လ်ရွိုင်းကို နည်းပြအဖွဲ့ထဲ မထည့်ခဲ့ပေမယ့် အဲ့ဒါကပဲ ဖိအားတွေကို ပြန်ဖိတ်ခေါ်လိုက်သလို ဖြစ်နေတယ်လို့ အွီဂျာက ပြောသွားခဲ့ပါတယ်။ နစ္စတယ်လ်ရွိုင်းကို အလုပ်ကမ်းလှမ်းတဲ့ ကလပ်အသင်းတွေ အများကြီးရှိပေမယ့် နစ္စတယ်လ်ရွိုင်းဟာ သူအရမ်းချစ်တဲ့ မန်ယူအတွက် အလုပ်,လုပ်ပေးချင်တာကြောင့်ပဲ လက်ထောက်နည်းပြရာထူးနဲ့ဆိုရင်လည်း မန်ယူဆီမှာ ဆက်နေမယ်ပြောခဲ့ပေမယ့် ဖယ်ရှားခံခဲ့ရတာက စိတ်မကောင်းစရာကောင်းလှတယ်လို့ အွီဂျာက အသိပေးထားပါတယ်။ “အေမိုရင် ဟာ နစ္စတယ်လ်ရွိုင်းရှိနေရင် သူ့အတွက် ဖိအားဖြစ်မယ်လို့ ယူဆပြီး နစ္စတယ်လ်ရွိုင်းကို သူ့ရဲ့နည်းပြအဖွဲ့ထဲ မထည့်ခဲ့တာပါ။ တကယ်တော့ အခုလို လုပ်တာကမှ သူဟာ ဖိအားတွေကို ဖိတ်ခေါ်လိုက်တာပါပဲ။ နစ္စတယ်လ်ရွိုင်း သာရှိနေမယ်ဆိုရင် သူ့အတွက် အကူအညီအများကြီးရနိုင်မှာပါ။ အခုက အဖွင့်ပွဲတွေမှာ သူ ရလဒ်ကောင်းဖို့ အရမ်းပဲ လိုအပ်သွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ အဖွင့်ပွဲတွေမှာ ရလဒ်တွေ ဆက်တိုက်ဆိုးတာနဲ့ ပရိသတ်တွေက နစ္စတယ်လ်ရွိုင်းရဲ့နာမည်ကို အော်လာကြတော့မှာပါ။ နစ္စတယ်လ်ရွိုင်းဟာ မန်ယူပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ယုံကြည်ကိုးစားမှုကို ရရှိထားသူဖြစ်သွားပြီဆိုတာကို မမေ့သင့်ပါဘူး”လို့ အွီဂျာက ပြောကြားသွားခဲ့ပါတယ်။
1 year ago | [YT] | 13
မန်ယူဟာ အေမိုရင် ကို နည်းပြသစ်ခန့်ဖို့ နီးစပ်သွားပြီ --------------- မန်ယူဟာ စပို့တင်းလစ္စဘွန်းနည်းပြ အေမိုရင် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ အရမ်းပဲ နီးစပ်သွားခဲ့ပြီလို့ သိရှိရပါတယ်။ အေမိုရင် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့အတွက် မန်ယူဟာ နှစ်ကြိမ်တိုင် ဆွေးနွေးထားပြီးပြီဖြစ်ပြီး အနီးစပ်ဆုံးအနေအထားတစ်ရပ်ဆီကို ရောက်နေပြီလို့ Daily Mail သတင်းစာက ဆိုပါတယ်။ မန်ယူဟာ အေမိုရင် ကို ခန့်အပ်ဖို့အတွက် စာချုပ်ဖျက်သိမ်းခလျော်ကြေးတစ်ဆင့်ကို ညှိနှိုင်းဖို့သာ လိုအပ်တော့ပြီး စပို့တင်းလစ္စဘွန်းဘက်က အေမိုရင်ရဲ့လက်ကျန်စာချုပ်သက်တမ်းအတွက် ပေါင် ၈ ဒသမ ၅ သန်း လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။ မန်ယူအမှုဆောင်အရာရှိချုပ် အိုမာ ဘာရာဒါ ဟာ နည်းပြ ဂွါဒီယိုလာ ထွက်ခွာသွားရင် အဲ့ဒီနေရာကို အစားဖြည့်ဖို့အတွက် မန်စီးတီးဘက်က အရမ်းလိုချင်နေတဲ့ အေမိုရင်ကို လက်ဦးမှုရယူပြီး မန်ယူအတွက် ခေါ်ယူချင်နေတယ်လို့ သတင်းကြားသိရပါတယ်။
1 year ago | [YT] | 29
Special Tipper Channel
ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမား
------------
ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားရဲ့အသက်က ၆၂ နှစ်ရှိလို့နေပါပြီ။ သူကတော့ ဥရုဂွေးနိုင်ငံက ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သူက ကစားသမားဘဝဖြတ်သန်းနေဆဲပါပဲ။ ဥရုဂွေးစတုတ္ထတန်းကလပ် အက်သလက်တီကို နွီဗို ကာဆာဘိုအတွက် သူက ပါဝင်ကစားပေးလို့နေပါတယ်။ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို မွေးဖွားခဲ့တဲ့ ၁၉၇၆ ခုနှစ်မှာ ဒီကစားသမားကြီးက ကစားသမားဘဝ အစပြုခဲ့ပါတယ်။ သူ့ရဲ့နာမည်ကတော့ ရောဘတ် ကာမိုနာ ဖြစ်ပါတယ်။
1 year ago | [YT] | 28
View 0 replies
Special Tipper Channel
ဟာလန်း ကို အမြင့်ဆုံးလုပ်ခလစာပေးပြီး စာချုပ်သစ်ချုပ်ဖို့ မန်စီးတီး စီစဉ်
------------------
မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်း ကို အမြင့်ဆုံးလုပ်ခလစာပေးပြီး စာချူပ်သစ်ချုပ်ဖို့ စီစဉ်နေပြီလို့ သိရှိရပါတယ်။
မန်စီးတီးဟာ ဟာလန်းအတွက် တစ်ပတ်လုပ်ခကို ပေါင် ၅၀၀,၀၀၀ အထိ ပေးချေဖို့ အစီအစဉ်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မန်စီးတီးအသင်းရဲ့အမြင့်ဆုံးလုပ်ခလစာရရှိနေတဲ့ကစားသမားက ဒီဘရိုင်နေး ဖြစ်ပါတယ်။ ဒီဘရိုင်နေး ကို မန်စီးတီးက တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၄၀၀,၀၀၀ ပေးထားပါတယ်။
ဟာလန်း ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး မန်စီးတီးကို ဂွါဒီယိုလာ သာ စွန့်ခွာသွားခဲ့ရင် ဟာလန်းက အသင်းပြောင်းဖို့အတွက် အလေးအနက်ထားပြီး စဉ်းစားလာဖွယ်ရှိနေပါတယ်။
1 year ago | [YT] | 23
View 0 replies
Special Tipper Channel
ဘက်ခမ်းတို့ဇနီးမောင်နှံရဲ့ ၂၅ နှစ်ပြည့် ငွေရတုမင်္ဂလာ
----------------
ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့မင်္ဂလာသက်တမ်းဟာ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျရောက်ခဲ့တာပါ။
ငွေရတုလက်ထပ်မင်္ဂလာကို ဘက်ခမ်းတို့ ဇနီးမောင်နှံက ခရမ်းရောင်ဝတ်စုံဖက်ရှင်တွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။
ပြောရမယ်ဆိုရင် သူတို့ရဲ့မင်္ဂလာပွဲနေ့က ဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဖက်ရှင်ဒီဇိုင်းအတိုင်း ၂၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဘက်ခမ်းတို့ ဇနီးမောင်နှံက ဆင်မြန်းခဲ့ကြတာပါ။
အချစ်ဟာ သူတို့နှစ်ယောက်အတွက် ဘယ်တော့ အိုမင်းမသွားဘူး၊ သစ်မြဲ…သစ်ဆဲ..အမြဲသစ်လွင်တောက်ပနေဆဲပဲဆိုတာကို ဘက်ခမ်းတို့ဇနီးမောင်နှံက သက်သေပြသွားတာက တကယ်ကိုပဲ လှပလွန်းလှပါတယ်။
1 year ago | [YT] | 19
View 0 replies
Special Tipper Channel
ကစားသမား ၈ ယောက် လက်လွှတ်လိုက်ဖို့ မန်ယူနည်းပြသစ် အေမိုရင် စီစဉ်ထား
------------------
မန်ယူနည်းပြသစ် အေမိုရင် ဟာ ကစားသမား ၈ ယောက်ကို လက်လွှတ်လိုက်ဖို့ စီစဉ်ထားပြီဖြစ်ကြောင်း သိရှိရပါတယ်။
အေမိုရင် ဟာ မန်ယူကို အပြောင်းအလဲလုပ်ဖို့ စီစဉ်ထားပြီး တချို့ကစားသမားတွေကို အငှားချတာ ဒါမှမဟုတ် အပြီးအပြတ်ရောင်းချတာမျိုး လုပ်လိုက်ဖို့ အေမိုရင်က ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။
အေမိုရင် ဟာ လာမယ့်နွေဈေးကွက်ဖွင့်လှစ်ချိန်ကိုရောက်ရင် ကစားသမားသစ်တချို့ ဝယ်ယူဖို့ရှိနေပြီး သူ့ရဲ့အစီအမံမှာ နေရာမရနိုင်လောက်တဲ့ ကစားသမားတွေကိုလည်း ပွင့်ပွင့်လင်းလင်း ခေါ်ယူအသိပေးဖို့ အေမိုရင်က စဉ်းစားထားပါတယ်။
မန်ယူနည်းပြသစ် အေမိုရင် ဟာ ရတ်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုး၊ ဇာ့ခ်ဇီး၊ လုခ်ရှော၊ မက်ဂွိုင်းရား၊ အဲရစ်ခ်ဆန်၊ အီဗန်စ်နဲ့ လင်ဒီလော့ဖ်တို့ကို လက်လွှတ်လိုက်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။
1 year ago | [YT] | 22
View 1 reply
Special Tipper Channel
အေမိုရင် ဟာ နစ္စတယ်ရွိုင်းကြောင့် ဖိအားတွေနဲ့ စတင်ရလိမ့်မယ်လို့ အွီဂျာ ပြော
--------------------------
ပီအက်စ်ဗီအသင်းဆီမှာ နစ္စတယ်လ်ရွိုင်းရဲ့လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အွီဂျာက မန်ယူနည်းပြသစ် အေမိုရင် ဟာ ယာယီနည်းပြဟောင်း နစ္စတယ်လ်ရွိုင်းကြောင့် မန်ယူနည်းပြဘဝကို ဖိအားတွေနဲ့ အစပြုရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အေမိုရင် ဟာ ဖိအားတွေကို မလိုချင်လို့ နစ္စတယ်လ်ရွိုင်းကို နည်းပြအဖွဲ့ထဲ မထည့်ခဲ့ပေမယ့် အဲ့ဒါကပဲ ဖိအားတွေကို ပြန်ဖိတ်ခေါ်လိုက်သလို ဖြစ်နေတယ်လို့ အွီဂျာက ပြောသွားခဲ့ပါတယ်။
နစ္စတယ်လ်ရွိုင်းကို အလုပ်ကမ်းလှမ်းတဲ့ ကလပ်အသင်းတွေ အများကြီးရှိပေမယ့် နစ္စတယ်လ်ရွိုင်းဟာ သူအရမ်းချစ်တဲ့ မန်ယူအတွက် အလုပ်,လုပ်ပေးချင်တာကြောင့်ပဲ လက်ထောက်နည်းပြရာထူးနဲ့ဆိုရင်လည်း မန်ယူဆီမှာ ဆက်နေမယ်ပြောခဲ့ပေမယ့် ဖယ်ရှားခံခဲ့ရတာက စိတ်မကောင်းစရာကောင်းလှတယ်လို့ အွီဂျာက အသိပေးထားပါတယ်။
“အေမိုရင် ဟာ နစ္စတယ်လ်ရွိုင်းရှိနေရင် သူ့အတွက် ဖိအားဖြစ်မယ်လို့ ယူဆပြီး နစ္စတယ်လ်ရွိုင်းကို သူ့ရဲ့နည်းပြအဖွဲ့ထဲ မထည့်ခဲ့တာပါ။ တကယ်တော့ အခုလို လုပ်တာကမှ သူဟာ ဖိအားတွေကို ဖိတ်ခေါ်လိုက်တာပါပဲ။ နစ္စတယ်လ်ရွိုင်း သာရှိနေမယ်ဆိုရင် သူ့အတွက် အကူအညီအများကြီးရနိုင်မှာပါ။ အခုက အဖွင့်ပွဲတွေမှာ သူ ရလဒ်ကောင်းဖို့ အရမ်းပဲ လိုအပ်သွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ အဖွင့်ပွဲတွေမှာ ရလဒ်တွေ ဆက်တိုက်ဆိုးတာနဲ့ ပရိသတ်တွေက နစ္စတယ်လ်ရွိုင်းရဲ့နာမည်ကို အော်လာကြတော့မှာပါ။ နစ္စတယ်လ်ရွိုင်းဟာ မန်ယူပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ယုံကြည်ကိုးစားမှုကို ရရှိထားသူဖြစ်သွားပြီဆိုတာကို မမေ့သင့်ပါဘူး”လို့ အွီဂျာက ပြောကြားသွားခဲ့ပါတယ်။
1 year ago | [YT] | 13
View 0 replies
Special Tipper Channel
မန်ယူဟာ အေမိုရင် ကို နည်းပြသစ်ခန့်ဖို့ နီးစပ်သွားပြီ
---------------
မန်ယူဟာ စပို့တင်းလစ္စဘွန်းနည်းပြ အေမိုရင် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ အရမ်းပဲ နီးစပ်သွားခဲ့ပြီလို့ သိရှိရပါတယ်။
အေမိုရင် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့အတွက် မန်ယူဟာ နှစ်ကြိမ်တိုင် ဆွေးနွေးထားပြီးပြီဖြစ်ပြီး အနီးစပ်ဆုံးအနေအထားတစ်ရပ်ဆီကို ရောက်နေပြီလို့ Daily Mail သတင်းစာက ဆိုပါတယ်။
မန်ယူဟာ အေမိုရင် ကို ခန့်အပ်ဖို့အတွက် စာချုပ်ဖျက်သိမ်းခလျော်ကြေးတစ်ဆင့်ကို ညှိနှိုင်းဖို့သာ လိုအပ်တော့ပြီး စပို့တင်းလစ္စဘွန်းဘက်က အေမိုရင်ရဲ့လက်ကျန်စာချုပ်သက်တမ်းအတွက် ပေါင် ၈ ဒသမ ၅ သန်း လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။
မန်ယူအမှုဆောင်အရာရှိချုပ် အိုမာ ဘာရာဒါ ဟာ နည်းပြ ဂွါဒီယိုလာ ထွက်ခွာသွားရင် အဲ့ဒီနေရာကို အစားဖြည့်ဖို့အတွက် မန်စီးတီးဘက်က အရမ်းလိုချင်နေတဲ့ အေမိုရင်ကို လက်ဦးမှုရယူပြီး မန်ယူအတွက် ခေါ်ယူချင်နေတယ်လို့ သတင်းကြားသိရပါတယ်။
1 year ago | [YT] | 29
View 0 replies