mlbb event dateတွေ skin အကြောင်းတွေနဲ့ တခြား ဘရားသားတို့အတွက်အကျိုးရှိ့မယိ့ videoတွေကိုအမြဲ တင်ပေးသွားမှာမို့ like and subscribe guys 0458724LL4WW7


nicoroo gaming

အရေးကြီးတဲ့အကြောင်းအရာတွေမလွတ်ရလေအောင်
Video link.https://youtu.be/whvFaEbJV5w?si=2dhCo...

1 week ago | [YT] | 71

nicoroo gaming

ဘရားသားတို့မှာ အရမ်းရူးရူးမူးမူးနဲ့လိုချင်ခဲ့တဲ့အရာ တွေရှိ့ခဲ့ကြဖူးလား ကျွန်တော့်မှာတော့ရှိ့ခဲ့ဖူးပါတယ်  tt တခွင် chou pro လေးတွေ မကြီးစိုးခင်အချိန် အခု့လို  graphic အလန်းစားနဲ့ game တွေ skin တွေမထွက်ခင်အချိန် ကျောင်းမှာဆိုရင်လဲ ဟိုအကောင်ကြီးကကြမ်းတယ် ဒီအကောင်ကြီးကကြမ်းတယ် ဒီလို ပေါတောတောအရာတွေလုပ်ခဲ့တဲ့အချိန် ဆရာမလစ်တာနဲ့ game အကြောင်းပဲ ပြောခဲ့တဲ့ အချိန် ‌တွေပေါ့ကျွန်တော်တို့ရဲ့ ငယ်ဘဝ  ကျွန်တော်တို့ရူးရူးမူး ကြိုက်ခဲ့ရတဲ့ mlbb ဆိုတဲ့ game ထဲက skin တွေပဲ ဖြစ်ပါတယ်  ဒါတွေက အဓိပါယ်မရှိ့ပါဘူး ‌ပဲပြောပြော  ဘာမမဟုတ်တဲ့ game ထဲကရုပ်ပုံသက်သက်ပါပဲ ပြောပြော ကျွန်တော်တို့လို game ကိုရူးရူးသွပ်သွပ်နဲ့  ထမင်းစားရင်တောင် game အကြောင်း ‌အိပ်ရင်တောင်‌game အကြောင်းပဲ စိတ်ထဲ ရောက်နေတတ်တဲ့  game နဲ့ငယ်ဘဝကိုဖြတ်သန်းခဲ့တဲ့သူတွေအဖို့တော့ ဒါတွေက ဘာမမဟုတ်တဲ့ game ထဲကရုပ်ပုံသက်သက်တွေမဟုတ်ခဲ့ပါဘူး လူတိုင်းမှာ လိုချင်တဲ့အရာတွေအရာတွေရှိ့ကြပြီး ဒီ ဆိုင်ကယ်ကို အရမ်းကြိုက်ပြီး တစ်နေ့နေ့မှာဝယ် နိုင်ရမယ်လို့ တွေးထားရင် dream ဆိုင်ကယ် တခြား ကိုယ်က ဘယ်လိုဘယ်စံနဲ့နေချင်တာလဲ  ကိုယ်နေချင်တဲ့ပုံစံက က ကိုယ့်ရဲ့ dream lifestyle အစရှိ့သဖြင့် နယ်ပယ်ဝန်းကျင်မှာအမျိုးမျိုးရှိ့ကြပါတယ် ကျွန်တော်တို့လို ငယ်ဘဝ မှာgame ကိုရူးရူးသွပ်သွပ်ဆော့တဲ့အချိန် လိုချင်တဲ့ skin ကို ချက်ချင်းမဝယ်နိုင်တဲ့ သူတွေမှာတော့ dream skin ဆိုတာတွေကရှိ့ကြပါတယ် ကိုယ်ကိုင်တဲ့ hero မှာ skin လှလှလေးနဲ့ကိုင်ချင်တယ် သူများတွေ skin ကြီးနဲ့ဆော့ရင် ဟာ ဒီ skin ကြီးမိုက်တယ် အားကျတယ် ဒါတွေက သဘာဝပါပဲ ကျွန်တော်ပြောနေတာတွေကို ကျွန်တော့်လို ငယ်ဘဝကိုဒီ game နဲ့ဖြတ်သန်း ဖူးတဲ့သူတွေပဲနားလည်ပါလိမ့်မယ် မင်းဒီလိုတွေပြောနေတာ တခြား moba game တွေ မဆော့ဖူးဘူးလား တောသားလားဆိုရင်တော့  ဟုတ်ပါတယ် ကျွန်တော်စ ထိတွေ့တဲ့ moba game ကတော့ ဒီ game ပါပဲ  ဒါနဲ့စကားမစပ် ဒီထဲမှာ သူများ game ဆော့တာကို ဘေးကနေကပ်ကြည့်ခဲ့ရဖူးတဲ့သူ‌‌ေတွပါလား  ကျွန်တော်ကတော့ nicoroo ပါ ပုံမှန်ဆိုရင် ကျွန်တော့်အနေနဲ့ event တွေ skin တွေအကြောင်းပဲ ပြောတာများပေမယ့် ဒီနေ့မှာတော့  ငယ်ငယ်က game ဆော့တဲ့အ‌ကြောင်း‌‌ေတွစိတ်ထဲပေါ်လာတာကြောင့် ကျွန်တော့်ရဲ့ dream skin တွေအကြောင်းရယ် အရင်က ဒီလောက် eff မျိုးစုံတဲ့ skin တွေမထွက်ခင် ရှားရှားပါးပါး ထွက်ခဲ့ပြီး တော့ အမှန်အတိုင်းပြောရရင် ခု့နောက်ပိုင်း ထွက်တဲ့ skin တွေလောက် eff မစုံတဲ့ skin တွေ ဖြစ်ပေမယ့်လဲ အဲ့ခေတ်အဲ့အခါမှာplayer တိုင်းနီူပါးကြိုက်ခဲ့ရတဲ့ skin တွေအကြောင်းကိုပြောပြပေးသွားမှာပါ အစကတော့ ဒီအကြောင်း video လုပ်မလို့ပဲ အကြောင်းအမျိုးမျိုး ကြောင့် စာနဲ့ပဲတင်ပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင်ကလဲ game ကိုစထွက်ထွက်ချင်းဆော့ခဲ့ရတဲ့ old player  မဟုတ်သလို 2018 2019 ဝန်းကျင်လောက် မစဆော့ခဲ့ရပြီး စဆော့ဆော့ချင်း တစ်နှစ်လောက်မှာ game ဆော့ဖို့ပဲ သိပြီး skin တွေ ဘာတွေအကြောင်း အရမ်း စ်တ်မဝင်စားသေးတာကြောင့် ကျွန်တော်ပြောမယ့်အထဲမှာ အရမ်း ဟောင်း‌ပြီး old player ကြီး‌​တွေပဲသိတဲ့ skin တွေမပါရင် ကြိုပြီး တော့‌တောင်းပန်ထားပါရ‌စေ coda shop မှာ ဖုန်းဘေတစ်ထောင်နဲ့ dimond 41 လုံးရတဲ့အချိန်  ကျွန်တော်တို့ရဲ့ hero တွေမှာလဲ အခု့လို eff အလန်းစား နဲ့ skin တွေအများကြီးမရှိ့သေးတဲ့အချိန်   ရှားရှားပါးပါး ထွက်လာတဲ့ time limit epic skin ခု့ခေတ်စကားနဲ့ဆို lucky box skin တွေက ကျွန်တော်တို့အတွက်‌တော့ ရွှေပါပဲ  အဲ့ထဲကမ ကျွန်တော်က်ုယ်တိုင်လဲ တော်တော်ကြိုက်ခဲ့ရသလို player တော်တော်များများလဲ ကြိုက်ခဲ့ရတဲ့  skin တစ်ကောင်ကတော့ fanny  ရဲ့  lucky box skin ပါ ဒီ skin အနေနဲ့က  2019 ဝန်းကျင်လောက်က ထွက်ခဲ့ပြီးတော့  အဲ့အချိန်တုန်းက ဆိုရင် အလှဆုံး skin တွေထဲမှာတောင်ပါခဲ့ပါတယ် ထွက်တာကြာပြီဖြစ်ပေမယ့် အခု့ထိလဲ တခြား fanny ရဲ့ skin တွေနဲ့ယှဉ်ရင် ယှဉ်လို့ရသေးသလို ကျွန်တော့်ရဲ့ fav skin တွေထဲကတစ်ကောင်ဖြစ်နေတုန်းပါ အသစ်တွေဘယ်လောက်ပဲပေါ်ပေါ် ဘယ်လောက်ပဲလှလှ ကျွန်တော့်အတွက်ကတော့ အချစ်ဉီးလိုပါပဲ ဒါနဲ့စကားမစပ်ဒီထဲမှာအချစ်ဉီးကိုမေ့မရတဲ့သူတွေရှိ့လား   ကျွန်တော့်အနေနဲ့ ဒီ skin ကို အဲ့အချိန်တုန်းက မဝယ်နိုင်ခဲ့ပဲ အရမ်းလိုချင်ခဲ့တာကြောင့် ကျွန်တော့်ရဲ့ dream skin fav skin ထဲမှာ ထည့်ထားရခြင်း ဖြစ်ပါတယ် နောက်တစ်ကောင်အနေနဲ့ကတော့ စော်ကြည်ချင်လို့ ကိုင်ရင်းနဲ့ ကျွန်တော်ရဲ့ fav heroထိ ပါ ဖြစ်လာတဲ့  Claude ရဲ့ time limited epic skin ပါ အခု့ခေတ်စကားနဲ့ဆိုရင် lucky box ‌skin ပေါ့ ‌ဗျာ ဒီ skin ကလဲ လွန်ခဲ့တဲ့ ခု့နှစ်နှစ် 2019လောက်က ထွက်ခဲ့ တာပါ အဲ့အချိန်တုန်းက ဆိုရင် တော်တော်လှတဲ့ skin ဖြစ်ပြီး Claude player တိုင်းလဲ လိုချင်ခဲ့တဲ့ skin ပါ ကျွန်တော့်အနေနဲ့လဲ ဒီ skin ဟာဆိုရင် fav skin တွေထဲကတစ်ခု့ပါ  စိတ်မကောင်းစရာ တစ်ခု့က moonton ရဲ့ အတတ်စမ်းမှုတွေ ‌ကြောင့် အခု့ချိန်မှာဆိုရင် လူကြိုက်နည်းတဲ့ skin ဖြစ်သွားရပါပြီ သူတို့လဲ ပိုကောင်း‌စေ ချင်လို့လုပ်တာဆိုပေမယ့်လဲကိုယ့်ကကောင်းစေချင်လို့ ပြု့စု့ပေး ဂရု့စိုက်ပေးပေမယ့် သူတို့အဖို့ စိတ်ကျဉ်းကျပ်စရာ မွန်းကျပ်စရာ တွေ ဖြစ်သွားတာကလဲ ရှိ့တာပဲလေ  အဲ့တော့ ဒီ skin အနေနဲ့က revamp ပေးပြီးနောက်ပိုင်းမှာ လူကြိုက်နည်းတဲ့ skin ဖြစ်သွားရပြီး ကျွန်တော်ကိုယ်တိုင်ကလဲ သိပ်ပြီး‌တော့မကြိုက်တော့ပါဘူး။  နောက်ထပ်တစ်ကောင်အနေနဲ့ကတော့ mlbb မှာ လူချစ်လူခင်အပေါဆုံးဖြစ်တဲ့ ဆရာကြီး chou ရဲ့ kof skin ပါ  ဒီကောင်ကြီးကဂိမ်းထဲမှာတင် စိတ်ဒုတ်ခပေးတာမဟုတ်ပါဘူး အပြင်လောက ထိပါသက်ရောက်မှုရှိ့ပါတယ် ကျွန်တော့်အနေနဲ့ အိမ်ကနေ ပထမဆုံးပိုက်ဆံခိုးဖူးတာ ဒီ chou ‌ကြောင့်ပါ မှတ်မှတ်ရရ kof skin ဖောက်ဖို့ ပိုက်ဆံ ခိုးခဲ့တာပါ  ဒီkof skin အနေနဲ့က 2019 march လလောက်ကပဲ စထွက်ခဲ့ပြီးတော့ တော်တော်လဲ လူကြိုက်များခဲ့သလို ခု့ထိ လဲ အသစ်တွေ ဘယ်လောက်လာလာ အဟောင်းကိုပယ်ရိုးထုံးစံမရှိ့ဘူးဆိုသလို  ကျွန်တော်ရဲ့ fav skin ဖြစ်နေဆဲပါ old player တွေဆိုသိပါလိမ့်မယ် enemy ဘက်က kof skin ကြီးများပါလာရင် kof skin ကြီးနဲ့ဆိုပြီး auto ကြမ်းပြီ ထင်နေတာမျိုး  ကိုယ်တိုင်က လဲ kof skin လေးနဲ့သာဆို ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟ်ိုက် ပြီး ပိုမှန်ထက်ပို damage ထွက်သလို ခံစား ဖူးပါလိမ့်မယ် အဲ့ခေတ်တုန်းက ဆိုရင် chou က ဒီလောက်လူမုန်းမခံရသေး ပါဘူး ခု့နောက်ပိုင်းမသာ နေရာတကာမှာ by 1လိုက်ခေါ်နေတဲ့ chou pro လေးတွေ‌ chou ရဲ့ play style ကို မသိပဲ recall ပြနေတဲ့ chou pro လေးတွေ ကြောင့်သာ ချဉ်ဘတ် hero ဖြစ်ခဲ့ရတာပါ   နောက်တစ်ကောင်အနေနဲ့ကတော့ hayabusa ရဲ့ luckybox skinပါ ဒီ skin ကိုတော့ Hayabusa player မဟုတ်ရင်တောင် သေချာပေါက်လူတိုင်းနီးပါးကြိုက် ကြမယ်လို့ထင်ပါတယ်  ဒီ skin ဟာဆိုရင်လဲ moonton ရဲ့ စေတနာအမှားတွေကြောင့် ဘဝပျက်ခဲ့ရတဲ့နောက်ထပ် skinတွေထဲက  တစ်ခု့ပါ ကျွန်တော့်အနေနဲ့တော့ အရင် skin ပုံစံကပိုပြီးတော့ ninja ဆန်တယ် ပိုပြီးတော့ dark ဖြစ်တယ် ပိုပြီးတော့ reality ဆန်တယ်လို့မြင်မိပါတယ်   Hayabusa player တိုင်းနီးပါးအရမ်းလိုချင်ခဲ့ရတဲ့ skin တစ်ကောင်ဖြစ်သလို အခု့ဆိုရင်တော့ အရင်ကလောက် မလှတော့ပဲ လူကြိုက် နည်းတဲ့စကင်ဖြစ်သွားရပါပြီ။ လူကြိုက်‌နည်းတယ်ဆို‌ပေမယ့်လဲ အရင်ကထက်ပိုလှတယ် ပို ပြီး ခေတ်နဲ့လိုက်လျောညီထွေ ရှိ့တယ်ဆိုတဲ့လူတွေရှိ့နေတာကြောင့် အခု့ကြည့်‌နေတဲ့သူ‌တွေထဲမှာ အဲ့လိုလူတွေပါတယ်ဆိုရင်လဲ နားလည်ပေးကြဖို့အတွက်ကို‌ပြော ချင်ပါတယ် ဘာလို့လဲဆိုတော့ လူတစ်ကိုယ်အကြိုက် တစ်မျိုးမလို့ပါ ခု့နောက်ပိုင်း ထွက်လာတဲ့ skin တွေကလဲ မိုက်တော့မိုက်ပါတယ်ဒါပေမယ့် ကျွန်‌တော့်အတွက်‌တော့ အရင်ကရှားရှားပါး ထွက်ခဲ့ ရတဲ့ skin တွေလောက် ရင်ထဲမရောက်တာတော့အမှန်ပါပဲ နောက်တစ်ကောင်အနေကတော့ 2020 မှာ စထွက်ခဲ့ တဲ့ gusion ရဲ့ kof skin ပါ  ဒီ skin ကို လူကြိုက်များရတဲ့ အ‌ကြောင်းအရင်းတွေကတော့ အဲ့‌ခေတ်တုန်းက ကော်လဘရေးရှင်း skin တွေ များများစားစားမရှိ့တာကတကြောင်း ပထမဆုံးအကြိမ် ကော်လဘရေးရှင်း skin တွေရဲ့ထုံးစံအတိုင်း ကာရိုက်တာအသစ်ကိုင်ရသလို ကွဲထွက်နေပြီး အရမ်းအထာကျနေတာကြောင့် လူကြိုက်များခဲ့တာပါ  အခု့ထက်ထိလဲ နောက်ပေါ် gusion ရဲ့ skin တွေဘယ်လောက်ပဲလှလှ kof skin မ kof skin ဖြစ် နေတဲ့ သူတွေလဲ ရှိကြပါတယ် ကျွန်တော်အနေနဲ့ တော်တော်ကိုကြိုက်ခဲ့ပြီးတော့ မှတ်မှတ်ရရ gusion kof skin ဖောက်တာ dyrroth ပေါက်လို့ မစားနိုင်မသောက်နိုင် ဖြစ်ခဲ့ရတဲ့ နေ့တွေကလဲရှိ့ခဲ့ဖူးပါတယ်  ကျွန်တော်အခု့ပြောခဲ့တဲ့ skin တွေအပြင်ကိုမ တခြား လူကြိုက်များတဲ့ skin တွေ player တွေရဲ့ dream skin တွေ ရှိ့ပါသေးတယ် ကျွန်တော့်အနေနဲ့တော့ game စဆော့တည်းက ass တွေ mm တွေ ကိုင်တာများတာကြောင့်  ဒီ skin တွေက ကျွန်တော့်ရဲ့ dream skin တွေထဲမှာ ထည့်ထားရခြင်းဖြစ်ပါတယ် နောက်တစ်ခု့အနေနဲ့ကတော့ အရမ်းကြီးမပြောချင်ပေမယ့် ခု့နောက်ပိုင်း ttတွေမှာရော နေရာပေါင်းစုံမှာတွေ့နေရတာကြောင့် ပြောချင်တဲ့ကိစလေးရှိ့နေပါတယ် အဲ့ဒါကတော့ hero ချင်း‌‌တွေယှည်တာတွေ skin ချင်းတွေယှည်တာတွေပါ ဘယ် game နဲ့ ဘယ် game လဲဆိုတာတော့ကျွန်တော်မပြောလဲ ဘရားသားတို့သိကြမယ် လို့ထင်ပါတယ် မင်းgame က hero က ငါ့ game က hero ကို copy တာ  တစ်ချို့ကြလဲ အချက်အလက်အပြည့်စုံနဲ့ ဘယ်နှခု့နှစ်မှာ ဘယ် hero က အရင်ထွက်တာအဲ့ကြောင့် ဘယ် game က copy တာ ဒီလိုတွေ အများကြီးတွေ့လာရပါတယ် တကယ်တော့ နှစ်ခု့လုံးက 5 vs 5 moba game အမျိုးအစားတွေဖြစ်တာကြောင့် တစ်ချို့ hero တွေက အနည်းငယ်တူနေတာ မျိုးတွေ အများကြီးတူနေတာမျိုးတွေက ဖြစ်တတ်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ နယ်ပယ်တူတဲ့ game တွေ ဖြစ်တာကြောင့် တစ်ခု့ခု့တစ်ခု့ ရက်ဖရန့်ယူ တာမျိုးတွေကရှိ့ပါတယ် ဒီနေရာမှာ copy နဲ့ ရက်ဖရန့်ကိုလဲ ခွဲ ခွဲ ခြားခြားသိဖို့လိုပါလိမ့်မယ် ထင်ရှားတဲ့ ဉပမာတွေဆိုရင်   content creator အချင်းချင်း ရက်ဖရန့်ယူတယ် ပြီးရင် က်ုယ့် ပုံစံနဲ့ကိုယ် ပြန်တင်ဆက်တယ် ဒီနေရာမှာ တစ်ချို့နေရာလေးတွေအနည်းငယ်တူနိုင်တယ် ဒါတွေကတခြားနယ်ပယ် အသီးသီးမှာလဲ အများကြီးရှိပါတယ် copy ဆိုတဲ့နေရာမှာ ဉပမာ အရင်က သီချင်းတွေအများကြီး ရှိ့ပါတယ် နိုင်ငံ ခြားက သိချင်းတွေရဲ့ စာသားတွေရော တီးလုံးတွေရောကိုယူပြီး မြန်မာစာတာ ထည့်တာမျိုးပါ ဒါမျိုးကိုကျ copy တယ်လို့ခေါ်ပါတယ်   အဲ့ဒါကို ဘရားသားတို့အနေနဲ့ ခွဲခွဲ ခြားခြားသိဖို့လိုပါတယ် မသိပဲနဲ့ cm တွေမှာသွားဆဲတာ မခံ မရမ်းနိုင်တွေ ဖြစ်တာက အဓိက အဲ့လို post တွေတင်ပြီး အတန်းရှင်းရှာတဲ့သူတွေပဲ အကျိုးအမြတ်ရသွားတာပါ  ရမှန်းသိလို့ ခု့နောက်ပိုင်းဆိုရင်ပိုများလာပါတယ် skin တွေဆိုလဲ ဒီလိုပါပဲ hok မှာ ဆိုရင် skin ပိုင်းမှာ တော်တော်လေးမိုက်တယ် ကျွန်တော်က mlbb player ဆိုပေမယ့် လက်ခံပေးလို့ရပါတယ် colleb skin တွေဆိုရင်လဲ player တွေစိတ်ကြိုက်ထုပ်ပေးနိုင်ပါတယ် ဒါပေမယ့် တစ်ချို့နေရာတွေကြတော့ နဲနဲ eff ‌တွေများလွန်းတယ်ခံစားရပါတယ် mlbb မှာ ဆိုရင်လဲ hok လောက် skin တွေရဲ့ eff တွေမများပေမယ့် သူ့ဟာနဲ့သူလက်ခံပေးလို့ရပါတယ်  ကျွန်တော့်အနေနဲ့တော့ ကြိုက်ပါတယ် အဲ့တော့ ပြောချင်တာကတော့ သူလဲ သူကြိုက်တဲ့ game ဆော့ပါစေ က်ိုယ်လဲ ကိုယ်ကြိုက်တဲ့ game ဆော့ပါ အရမ်းကြီး လိုက်ခံစားမနေဖို့အတွက်ကို ပြောချင်ပါတယ် အားလုံးပဲ Be calm

2 weeks ago | [YT] | 23