🌍 **Welcome to my channel🧠
Join me on an exciting journey where we explore the fascinating intersection of **psychology** and **travel**. Here, you'll find a unique blend of content that delves into the mind and spirit of diverse cultures while discovering the transformative power of travel.
Whether you’re a psychology enthusiast, a travel lover, or both, there’s something here for you!
🔔Don’t forget to subscribe and hit the notification bell to embark on this enlightening journey with me.
Let’s explore the world—one mind, one culture, and one adventure at a time!
Hsu’s Endless Journey
သင့်ရဲ့ခန္ဓာကိုယ်မှာ အစွမ်းထက်တဲ့ Chakra 7 ခုရှိနေတယ်ဆိုတာသင်သိပါသလား ?
ဒီနေ့ဆုမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ဆုတို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ Chakra 7 အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ chakra ဆိုတာ Sakra ဆိုတဲ့ ပါဠိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပါတယ်။ မြန်မာလိုအဓိပ္ပာယ်ကတော့ စွမ်းအင်လည်ပတ်စီးဆင်းခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ဆုတို့ရဲ့ဒီခန္ဓာကိုယ်မှာ စွမ်းအင်တွေရှိတယ်ပေါ့နော် ဆုတို့ရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ အလုပ်လုပ်နိုင်စွမ်းတွေ ဒါတွေကစွမ်းအင်တွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Chakra ဆိုတာကလည်း ဆုတို့စိတ်ထဲမှာရှိတဲ့ စိတ်စွမ်းအင်တစ်ခုပါပဲ။
ဆုတို့ရဲ့အတွင်းစိတ်ထဲမှာ Chakra တစ်ခုချင်းစီကလည်ပတ်စီးဆင်းနေပြီးတော့ စိတ်ခံစားမှုစွမ်းအင်တွေ၊ ဆုတို့ရဲ့ Soul တွေကအပြန်အလှန်ဆက်စပ်နေပါတယ်။ ဒါပေမယ့်ဒီစွမ်းအင် ၇ မျိုးကိုတော့သာမန်လူတွေက အပြည့်အဝအသုံးချနိုင်စွမ်းမရှိကြပါဘူး။ ဆု တို့ရဲ့စိတ်ထဲမှာပေါ့နော် အတိတ်နဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာဖျားနာမှုတွေက Chakra လည်ပတ်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီလို Chakra လည်ပတ်မှုကိုအနှောက်အယှက်ဖြစ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်လာတာ၊ ပေါင်းသင်းဆက်ဆံရေးအဆင်မပြေလာတာတွေဖြစ်တက်ပါတယ်။ Chakra စွမ်းအင်တွေဖွင့်လိုက်မယ် တစ်နည်း Healing လုပ်လိုက်မယ် ဆိုရင်တော့ စိတ်ချမ်းသာမှုတွေ၊ စိတ်ရဲ့ငြိမ်းချမ်းမှုတွေကို ရနိုင်ပြီး ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဖြတ်သန်းရရှိနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် Chakra တွေဘယ်လိုအလုပ်လုပ်တယ်။ Chakra ဘယ်နမျိုးရှိတယ်ဆိုတဲ့အကြောင်းကို ဆုက ထပ်ပြီး sharing လုပ်ပေးသွားပါမယ်
ပထမဆုံးပြောပြပေးချင်တဲ့ Chakra ကတော့ Root chakra လို့ခေါ်တယ်။ Root Chakra ဆိုတာဆုတို့ခန္ဓာကိုယ်ရဲ့ ဆီးခုံနားမှာရှိတယ်။ သူကစိတ်ခံစားမှုတွေရဲ့အခြေခံတစ်ခုဖြစ်ပြီးတော့ အဲ့ဒီ Chakra ကိုဖွင့်လိုက်မယ်ဆိုရင် ဆုတို့လောကမှာတွေ့ကြုံလာမယ့် လောကစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ Grounded ဖြစ်တယ် safe ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုးရမှာဖြစ်ပါတယ်
ဒုတိယတစ်ခုက Sacral Chakra လို့ခေါ်တယ်။ ဝမ်းဗိုက်အောက်ဘက်ရဲ့ ၂ လက်မ အကွာမှာတည်ရှိပါတယ်။ Sacral Chakra ကတော့ စိတ်ချင်းဆက်သွယ်နိုင်မှုကို ပြုလုပ်ပေးပါတယ်။ Sacral Chakra ပွင့်သွားပြီဆိုရင်တော့ စိတ်စီးဆင်းမှု၊ လိုက်လျောညီထွေဖြစ်မှု၊ တီထွင်ဖန်တီးနိုင်မှုနဲ့ လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒတွေကိုပါ ထိန်းချုပ်နိုင်လာမှာဖြစ်ပါတယ်။
တတိယတစ်ခုကတော့ Solar plexus Chakra ပါ။ သူကတော့ဆုတို့ရဲ့အစာအိမ်တည်ရှိတဲ့ ဧရိယာမှာရှိပြီးတော့ စိတ်တန်ခိုးစွမ်းအင်ကို ကိုယ်စားပြုပါတယ်။ solar Plexus Chakra စွမ်းအင်ကို Balance ညီအောင်ထိန်းနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလေးစားမှုတွေကို ပိုမိုအားကောင်းစေပါတယ်။
စတုတ္ထအချက်ကတော့ Heart Chakra ။ Hear Chakra ကတော့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။ Heart Chakra ပွင့်သွားခဲ့မယ်ဆိုရင် ချစ်ခြင်းမေတ္တာတွေ ၊ သူတစ်ပါးအပေါ်တန်ဖိုးထားမှုတွေ၊ စိတ်ခံစားနိုင်မှုစွမ်းရည်တွေမြင့်တက်လာနိုင်ပါတယ်။
၅ ခုမြောက် chakra ကတော့ throat Chakra ပါ။ Throat Chakra ကတော့ အသံကိုကိုယ်စားပြုပြီး ဆက်သွယ်ပြောဆိုနိုင်မှုကို ထိန်းချုပ်ပါတယ်။ Throat Chakra ပွင့်သွားမယ်ဆိုရင် အမှန်တရားကိုမြတ်နိုးခြင်း၊ ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း စတဲ့ ဒိလိုလက္ခဏာတွေအားကောင်းလာပါလိမ့်မယ်။
၆ ခု မြောက် Chakra ကတော့ Third eye Chakra ပါ။ Third eye Chakra ကတော့မျက်လုံးနှစ်ခုကြားက အလယ်တည့်တည့်မှာရှိပြီးတော့ ဆုတို့ရဲ့အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေတွေကို အမှန်အတိုင်းသိမြင်နိုင်ဖို့ ကူညီပေးနိုင်တယ်။ဆုတို့ရဲ့အတွေးတွေရှုပ်ထွေးနေပြီး ထိန်းမရဖြစ်နေမယ်ဆိုရင် နဖူးတည့်တည့်မှာရှိနေတဲ့ third eye Chakra လေးကို ဖိလိုက်ရင်အတွေးတွေခေါင်းထဲမှာ ရှင်းသွားတာကို မိသိမြင်နိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ Crown Chakra လို့ခေါ်ပါတယ်။ Crown Chakra ကဥ◌ီးခေါင်းရဲ့ထိပ်ဖျားမှာတည်ရှိပြီး အစွမ်းအထက်ဆုံး Chakra တစ်ခုဖြစ်ပြီး Universe စွမ်းအင်တွေနဲ့လည်းချိတ်ဆက်နေပါတယ်။ သန့်ရှင်းတဲ့စိတ်ဝိညာဥ◌်ကိုရရှိဖို့ ဉာဏ်အလင်းရရှိဖို့နဲ့ အရာရာအားလုံးနဲ့ဆက်သွယ်နိုင်ဖို့အတွက်ကို အကူအညီပေးနိုင်ပါတယ်။
ဒါကတော့ ဆုက chakra တွေရဲ့ အကြောင်းအနှစ်ချုပ်အနေနဲ့ sharing လုပ်ပေးထားတာဖြစ်ပါတယ်။
ဆု အချိန်ရရင်ရသလို chakra တစ်ခုချင်းဆီ Healing လုပ်တဲ့အကြောင်းနဲ့ ပတ်သတ််ပြီး ဆက်ပြီး sharing လုပ်ပေးသွားပါမယ်ရှင်။
#chakra
#endlessjourneywithme
1 year ago | [YT] | 10
View 0 replies