မင်္ဂလာပါ ညပုံပြင် Audiobook Channel ကနေပြီးတော့ စိတ်ခြောက်ခြားဖွယ်ရာ ရသဝတ္တုအမျိုးမျိုးနဲ့ ဂမ္ဘီရ သဘာဝလွန် ဖြစ်ရပ်ဆန်းကြယ် ဝတ္တုတိုများကို ညစဉ်တင်ဆက်သွားမှာဖြစ်ပါတယ် ။
ညအိပ်ချိန်လေးမှာ နားကြပ်လေးတပ်ပြီး စောင်ကိုလုံအောင်ခြုံလို့ ကြောက်လန့်ခြင်းအနုပညာကိုခံစားလိုက်ကြပါဆို့ ခင်ဗျာ။
Welcome to Nya Pone Pyin - ညပုံပြင်, your destination for terrifying audiobook experiences. Explore the realms of horror and the paranormal with our curated collection of spine-chilling stories. Subscribe now for your regular dose of fear-inducing narratives. Dare to listen... if you dare.
**Disclaimer**: All content featured on Nya Pone Pyin - ညပုံပြင် is original and created solely by our team. We take pride in crafting our own narratives and stories, ensuring a unique and immersive experience for our audience. Thank you for supporting.
Nya Pone Pyin - ညပုံပြင် Team
Nya Pone Pyin - ညပုံပြင်
အာလုံးပဲ နှစ်သစ်မင်္ဂလာပါ ခင်ဗျာ 🙏🏻 နှစ်သစ်နဲ့အတူ ညပုံပြင်ပြန်လာပါပြီ ။ အကြာကြီး စောင့်ခဲ့ရတဲ့သူတွေကိုလည်းတောင်းပန်ချင်ပါတယ် ။
အခုတော့ နှစ်သစ်မှာ Fan Favorite ဖြစ်တဲ့ စုံထောက်ဦးစံရှာ ရဲ့ ဇာတ်လမ်းအသစ်ကို တင်ဆက်ပေးလိုက်ပါတယ် ။
🙏🏻အားလုံးပဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ။ 🙏🏻
https://youtu.be/RHxp6ADU_Jw
2 months ago | [YT] | 18
View 2 replies
Nya Pone Pyin - ညပုံပြင်
ဆရာကြီး ဒဂုန်ရွှေမျှား ရေးသားထားပြီး ဘာသာပြန် မြန်မာမှုပြုထားတဲ့ စောရသက်ပြင်း အခန်းဆက် ဝတ္တုရှည်ကြီးမှ မြစိမ်းရောင်ကလပ် ဝတ္တုတိုအပိုင်းကို တင်ဆက်ပေးလိုက်ပါတယ်။
စောရသက်ပြင်း ဇာတ်ကောင်ဟာဆိုရင် ကမ္ဘာကျော် Arsene Lupin ဇာတ်ကောင်ကို မှီငြမ်းမြန်မာမှုပြထားတာဖြစ်ပါတယ်။
ဥာဏ်ရည်ထက်မြက်ပြီး မတရားသော ဓနရှင် အာနာရှင်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ခိုးယူပြီး ဆင်ရဲသားတွေကို ပြန်လှူဒါန်းလေ့ရှိတဲ့ သူခိုးကြီး စောရသက်ပြင်ကို ပြည်သူတွေက ဂုဏ်သရေရှိသူခိုးကြီးလို့တောင်သမုတ်ခဲ့ကြပါတယ် ။
ယခု စောရသက်ပြင်း အခန်းဆက် ဝတ္တုရှည်ကြီးမှ မြစိမ်းရောင်ကလပ် မှာဆိုရင် သူခိုးကြီးစောရသက်ပြင်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ စုံထောက်ကြီး ဦးအောင်မြင်ရဲ့ အမှုတစ်ခုအကြောင်းကို အသံဇာတ်လမ်း Audiobook အဖြစ်တင်ဆက်ပေးလိုက်ပါတယ်။
Today 7 : 00 PM at @nyaponepyinchannel
1 year ago | [YT] | 21
View 2 replies
Nya Pone Pyin - ညပုံပြင်
ဆရာကြီး ဒဂုန်ရွှေမျှား ရေးသားထားပြီး ဘာသာပြန် မြန်မာမှုပြုထားတဲ့ စောရသက်ပြင်း အခန်းဆက် ဝတ္တုရှည်ကြီးကို စတင် တင်ဆက်သွားဝေတာ့မှာပဲ ဖြစ်ပါတယ် ။
ဝစာရသက်ပြင်း ဇာတ်ကောင်ဟာဆိုရင် ကမ္ဘာကျော် Arsene Lupin ဇာတ်ကောင်ကို မှီငြမ်းမြန်မာမှုပြထားတာဖြစ်ပါတယ်။
ဥာဏ်ရည်ထက်မြက်ပြီး မတရားသော ဓနရှင် အာနာရှင်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ခိုးယူပြီး ဆင်ရဲသားတွေကို ပြန်လှူဒါန်းလေ့ရှိတဲ့ သူခိုးကြီး စောရသက်ပြင်ကို ပြည်သူတွေက ဂုဏ်သရေရှိသူခိုးကြီးလို့တောင်သမုတ်ခဲ့ကြပါတယ် ။
ယခု စောရသက်ပြင်း အခန်းဆက် ဝတ္တုရှည်ကြီးကို အသံဇာတ်လမ်း Audiobook အဖြစ်တင်ဆက်ပေးလိုက်ပါတယ်။
1 year ago | [YT] | 22
View 5 replies
Nya Pone Pyin - ညပုံပြင်
စိတ်ညှို့ခြင်းနှင့်တစ်ကွ မန္တရာအင်းအိုင် သိုက်စသော လောကီပညာအဖြာဖြာကို သိပ္ပံနည်းကျကျ လေ့လာလိုက်စားနေသည့် လူထူးလူဆန်းကြီးတစ်ဦး၏ ကြောက်လန့်တုန်လှုပ်ဖွယ် ဇာတ်လမ်း
ဆရာကြီးရွှေဥဒေါင်း ၏ iconic ဇာတ်ကောင်တစ်ယောက် ဖြစ်သည့် ပထမံဆရာသိန်း ဝတ္တုကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ https://youtu.be/XXIAHhdp1QQ
1 year ago (edited) | [YT] | 20
View 1 reply
Nya Pone Pyin - ညပုံပြင်
ဘိုးတော်ကင်း
🔆🔆🔆🔆
တစ်ခေတ်တစ်ခါက ရန်ကုန်မျိုးမှာ ဖြစ်ခဲ့သည့် ဖြစ်ရပ်မှန် ဇာတ်လမ်း…
မြန်မာနိုင်ငံက ဘိုးတော်တု ဘိုးတော်ယောင် တွေရဲ့ လုပ်စားကွက်အမျိုးမျိုး
မိန်းမကိစ္စ အလွန်သောင်းကျန်းသူက ပိတ်ဖြူစင်ကြယ်နဲ့ နာမည်ကျော် ဘိုးတော် ဖြစ်နေတဲ့အခါ ….
ရုပ်ရှင်မင်းသားမြင့်မြတ်နဲ့ ရုပ်ရှင်ပြန်ရိုက်ထားရတဲ့ “ဘိုးတော်ကင်း” ဝတ္တုကို ညပုံပြင်ရဲ့ တင်ဆက်မှုနဲ့
Audiobook အဖြစ်နားဆင်နိုင်ပါပြီ ။
နားဆင်ရန်- https://youtu.be/z81l8-QVHuA?si=acnQj...
2 years ago (edited) | [YT] | 9
View 0 replies
Nya Pone Pyin - ညပုံပြင်
စုံထောက်ကြီး ရှားလော့ဟုမ်း ကိုရေးသားတဲ့ ဆာ အာသာ ကိုနန် ဒွိုင်း ရဲ့ အရေးအသားကို
အနီးစပ်ဆုံး တူညီအောင်ပုံဖော်နိုင်ပြီး မြန်မာမှု မြန်မာရေမြေနဲ့ ရေးသားနိုင်တဲ့နေရာမှာ ဆရာကြီးရွှေဥဒေါင်း ရဲ့
ဦးစံရှား က လုံးဝလိုက်မှီအောင် ရေးနိုင်ပြီး မူးရင်းဝတ္တုရဲ့ အရသာကိုမပျောက်ပျက်ပဲ မြန်မာ့ဟန်လေးနဲ့ ဆိုတော့ မြန်မာလူမျိုးစာဖတ်သူတွေအတွက် တကယ့်ကို ဖတ်ရတာအရသာရှိပါတယ် ။
ဒီလို ဂန္ဓဝင်အရေးအသားနဲ့ ဝတ္တုတွေထဲက ပထမဆုံးလက်ရာဖြစ်တဲ့ *ဘောင်ဒရီလမ်းလူသတ်မှု* ဝတ္တုကို
ဆရာကြီးများရဲ့ ဝတ္တုကို မထိခိုက်ရအောင် အကောင်းဆုံးကြိုးစား ဖတ်ပြထားပါတယ် ခင်ဗျာ။
https://youtu.be/Dm_KVkMY1aA
2 years ago (edited) | [YT] | 10
View 0 replies
Nya Pone Pyin - ညပုံပြင်
သေသူ့သည်းခြေ (ကိုကိုလေး(ဒဂုံခင်ခင်လေး))
============
ဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ နာမည်ကျော် မှော်ဆရာမှတ်တမ်း စာအုပ်ထဲမှ
အထူးခြားအပြောင်မြောက်ဆုံး ဝတ္တုရှည် ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ …ရှမ်းဓနုရွာလေးတစ်ရွာမှာ အချောဆုံး မိန်းကလေးတစ်ယောက်ဟာ ဘယ်အရပ်ကလာမှန်းမသိတဲ့ ရှမ်းလူငယ်တစ်ယောက်နဲ့ ရည်းစားဖြစ်ကြပြီး ဒီရွာကြီးမှာ ရှိတဲ့ သရဲအခြောက်ကြမ်းတဲ့ အိမ်ကြီးမျာ ညစဉ် ချိန်းတွေ့ကြပါတယ် ။
ဒါကို ကောင်မလေးရည်းစားမြင်ဘူးချင်လို့ လိုက်ချောင်းတဲ့ ကာလသားတစ်စုဟာ
ထူးခြားတဲ့အဖြစ်တွေကြုံခဲ့ရပြီး တစ်ရွာလုံးကို သတင်းလွှင့်တဲ့အခါ ကောင်မလေးအမေက အိမ်ထဲက အိမ်ပြင်မထွက်စေလို့ ချစ်သူနှစ်ဦးဟာ ဒုက္ခတွေ့ရပါတယ် ။
ဒါပေမဲ့ ညညတွေမှာ ကောင်မလေး အပြင်မထွက်ပေမဲ့ ကောင်မလေးရဲ့အခန်းထဲမှာ စကားပြောသံတွေ ချစ်ကြည်နူးသံတွေကြားလေရဲ့ ။
ဒီလိုနဲ့ အိမ်နားနီးချင်းတွေက ချောင်းကြည့်တော့……
https://youtu.be/pf3wkdKkDOI
2 years ago (edited) | [YT] | 14
View 0 replies
Nya Pone Pyin - ညပုံပြင်
ဝိညာဉ်ဟောင်း - ကိုကိုလေး(ဒဂုန်ခင်ခင်လေး) | ဂမ္ဘီရ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်း |
https://youtu.be/FF-9uG9C-hs
သေရွှာမှပြန်လာသူ မိန်းကလေးနှစ်ဦး တစ်ယောက်နှင့် တစ်ယောက် ဝိညာဉ် မှားဝင်မိရာမှာ
ဖြစ်လာရသော ကမောက်ကမ များကို....
ဆရာမကြီး ကိုကိုလေး(ဒဂုန်ခင်ခင်လေး) ရဲ့ ဝိညာဉ်ဟောင်း ဆိုသည့် ဂမ္ဘီရ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းလေးမှာ
နားဆင်နိုင်ပါပြီ
2 years ago | [YT] | 13
View 0 replies
Nya Pone Pyin - ညပုံပြင်
ဆရာကြီး ရွှေဥဒေါင်း၏ The King Solomon's Mine ကို ဘာသာပြန် မြန်မာမှုပြု ထားတဲ့
လက်ရာမွန်တစ်ခု ဖြစ်တဲ့ “သိုက်အရစွန့်စားသူ”
ဇာတ်လမ်းဇာတ်အိမ်ကြီးပြီး Hollywood Adventure ရုပ်ရှင်တစ်ခုကို ကြည့်နေရသလိုခံစားရမဲ့ဝတ္တူဖြစ်ပါတယ် ။
အစိုးရစာရေးအလုပ်ကထွက်ပြီး တောလိုက်ဝါသနာနဲ့ အသက်မွေးနေတဲ့ ကိုပေါက်တူးစီကို တစ်နေ့မှာ စာတစ်စောင်နဲ့ လူနှစ်ယောက် ရောက်လာပြီး ပျောက်ဆုံးသူ ညီကို လိုက်ရှာရင်း ပတ္တမြားသိုက်ကိုလည်းရှာဖို့ တောလမ်းခရီး ကျွမ်းကျင်တဲ့ ကိုပေါက်တူးကို ဌားရမ်းခဲ့ပါတယ် ။
ပိုက်ဆံထက် အန္တရာယ်ကြားမှာ စွန့်စားရတာကြိုက်တဲ့ ကိုပေါက်တူးတစ်ယောက် ဒီခရီးကိုလိုက်ဖို့ သဘောတူလိုက်တဲ့ဲ့ခါမှာတော့ ခရီးလမ်းတစ်လျှောက် ဘယ်လို ထူးဆန်းအံ့ဩဖို့ကောင်းတဲ့ အန္တရာယ်နဲ့အတွေ့အကြုံတွေကို တွေ့ရမလဲ…..
ညပုံပြင်မှာ Audiobook အဖြစ် အကောင်းဆုံးတင်ဆက်ထားပါတယ်ခင်ဗျာ ။
https://youtu.be/pWfrzeOkIJg?si=37C3m...
2 years ago (edited) | [YT] | 11
View 2 replies
Nya Pone Pyin - ညပုံပြင်
ဖုတ်တစ္ဆေ ရှုပ်ပလေ သည်ဇာတ်လမ်း
သန်လျှင်မြို့မှာ ဖြစ်ခဲ့ဘူးသည့် ဖြစ်ရပ်မှန် ဇာတ်လမ်းတခု
https://youtu.be/n-Vl7wdCctA
2 years ago | [YT] | 0
View 0 replies
Load more