I have to write the experiences, feelings and thoughts regarding about this cycling to Malacca trip. This journey goes beyond the physical ride; it's a path to deeper reflection. I will try to write one by one. But I don’t have no idea yet.
Even you see my smile face always, my body was so painful inside. Firstly the physical body followed the mind, but later the body don’t want to follow because the body became very tired. Later the mind became malfunctioning and weak itself because of the body. There are interrelationship between and mind.
I was the weakest cyclist among four. The rest three are stronger than me physically and mentally. I have to practice more and more for next….
Saw James Vlog
ပထမဆုံး စကိတ် စစီးတဲ့နေ့ ချွေးကတော့ တောက်တောက်ကျတာပဲ။
#skate
#inlineskate
#sawjamesvlog
1 week ago | [YT] | 17
View 0 replies
Saw James Vlog
နောက်ထပ် ရောဂါတစ်ခု စပြီ။ 🤣
#skate
#inlineskate
#sawjamesvlog
1 week ago | [YT] | 5
View 0 replies
Saw James Vlog
ရုံးက ထုတ်တဲ့ သတင်း bulletin ထဲက မိမိတို့ရဲ့ OCBC စက်ဘီးစီးတဲ့ အကြောင်း။ မိမိရုပ်ကြီးက ရှေ့ဆုံးမှာ 🤣။
#ocbcbicycle
#cycling
#sawjamesvlog
1 week ago | [YT] | 3
View 0 replies
Saw James Vlog
ပေါင်ထဲ ကြွက်ဝင်ခဲ့သည် (Cramps)
အစကနေ အဆုံး အစဉ်လိုက်ရေးဖို့ မအားခင် ဒီကြွက်တက်တဲ့ အကြောင်းလေး တင်ပါရစေ။ ဒါဟာ ခရီးဝေးနင်းဖူးတာလည်း ပထမဆုံးဖြစ်တဲ့အပြင် နေ့ခင်းဘက်စီးဖူးတာလည်း ပထမဆုံးပဲ။ Pontian မြို့ကို တော်တော်လေးကျော်ပြီးချိန် နေ့လည် ၁၂:၀၀ ကျော်ကျော်လောက်မှာ လမ်းဘေး တစ်နေရာမှာ ထမင်းစားနားပါတယ်။ ထမင်းစား မနားခင်ကတည်းက ညာဘက်ပေါင် ကြွက်တက်ချင်သလို ဖြစ်နေတာပါ။ နည်းနည်းလျှော့နင်းပေးလာရင်း ထမင်းစားနားတော့ ပျောက်သလိုဖြစ်သွားတယ်။ ထမင်းစားတဲ့အကြောင်းတော့ နောက်မှ ထပ်ရေးတော့မယ်။
ထမင်းစားပြီး ပြန်စစီကြတဲ့အချိန်မှာ ကိုပိုင်က ရေသောက်ဖို့ သတိပေးတယ်။ ကျတော်က အရင်ကတည်းက ထမင်းစားပြီး ရေမသောက်ပဲနေတာ အကျင့်ဖြစ်နေတော့ နောက်မှ သောက်မယ် ဆိုပြီး မသောက်ဖြစ်ဘူး။ ကျတော်က နောက်ဆုံးက လိုက်တာ။ စီးလို့မကြာပါဘူး ညာဘက်ပေါင် ကြွက်တက်ပါလေရော။ စက်ဘီးရပ်ပြီး ပေါင်ကို ဆန့်တန်းထားရင်း အောင့်တဲ့ဒဏ်ကို အလူးအလဲ ခံရတယ်။ စက်ဘီးကိုလည်း လဲချလိုက်ရတယ်။ ရှေ့ကလူတွေကလည်း ဖုန်းခေါ်ကြပေမယ့် ကျတော်က ဖုန်းနဲ့ဝေးနေတော့ မသိ။ ဖုန်းက စက်ဘီးမှာ။ နောက် နည်းနည်း သက်သာတော့ ထပြီး စက်ဘီးဆီထော့နဲ့ထော့နဲ့ သွားမှ ဖုန်း မစ်ကောလ်တွေ တွေ့တာ။ ဖုန်းပြန်ခေါ်ချိန် သူတို့ကလည်း ပြန်လှည့်လာနေပြီ။ ကျတော်လည်း စက်ဘီးထောင် ရေသောက် ပက်လက်လေးမှိန်းနေရတာပေါ့။ သူတို့က လာကူ လာထူချိန်မှာ ဗိုက်ကြွက်သားမှာ ကြွက်က ထပ်တက်ပါလေရော။ ပေါင်ရော ဗိုက်ရော ကြွက်တက်နေတော့ ရေထပ်သောက်ပြီး ပြန်လှဲနေရတာ။ ဖြည်းဖြည်းချင်းမှ သက်သာလာတယ်။ အဓိက ကတော့ နေပူပြီး လှုပ်ရှားမှုများတော့ ရေဓာတ်လျှော့နည်းသွားလို့ ဖြစ်သွားတာ။ နောက်ဆို ဆာဆာ မဆာဆာ လမိးတောက်လျှောက် ရေကို မကြာခဏသောက် ပါတော့တယ်။
သက်သာပြီး ဖြည်းဖြည်းပြန်စစီးကြတော့ စင်ကာပူသူငယ်ချင်းက ကျတော်ကို ကြိုးနဲ့ဆွဲမယ်ဆိုပြီး ကြိုးပတ်ရှာဝယ်ပါလေရော။ ကြိုးက ပလတ်စတစ်ကြိုးပဲရလို့ ခဏတော့ စမ်းကြည့်သေးတယ်။ ပလတ်စတစ်ကြိုးဆိုတော့ ကြိုးကို ပိုသတိထားရတာနဲ့ ခဏနေ ရပ်လိုက်ကြပါတယ်။ ကျတော်ကလည်း ဖြည်းဖြည်းသက်သာသွားပြီလေ။ အတူတူစီးခဲ့ကြပြီး ဝိုင်ကူပေးခဲ့ကြတဲ့ ကိုပိုင် ၊ ကိုသီဟ နဲ့ Yeu Ming တို့ကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။
စက်ဘီးစီးတဲ့ရက် - မေလ ၁ ရက်နေ့ ၂၀၂၆
07/05/2026
Ko James
#cycling
#melaka
#malacca
#sawjamesvlog
#cramps
1 week ago | [YT] | 17
View 0 replies
Saw James Vlog
Pekan Nanas နာနတ်သီးမြို့
မလေးရှားနိုင်ငံ မလက္ကာကို စက်ဘီးနဲ့ စီးသွားတဲ့ခရီးစဉ်အကြောင်းကို ရေးရမယ်ဆိုရင် အများကြီး ရှိပါတယ်။ အစီအစဉ်လိုက် ရေးသားဖို့လည်း ကြိုးစားပါ့မယ်။ သိုပေမယ့် အခု ပထမဆုံးရေးမယ့် အကြောင်းကတော့ Pekan Nanas (ပကန်နာနတ်စ်) နာနတ်သီးမြို့လေး နားကို ရောက်တဲ့အကြောင်းပါ။
စင်ကာပူကနေ woodlands လူဝင်မှုကြီးကြပ်ရေးဌာနကို ဖြတ်ပြီးရင် ပထမဆုံးရောက်တဲ့ မလေးရှားနိုင်ငံမြို့က JB လို အတိုကောက် ခေါ်တဲ့ ဂျိုးဟိုးဘာရူးမြို့ ဖြစ်ပါတယ်။ စင်ကာပူ နဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း လှမ်းမြင်ရပါတယ်။ စင်ကာပူဘက်မှာ ဆိုင်ကယ်တွေသွားတဲ့ လိုင်းကနေ ဝင်ပြီး passport ကို စက်မှာ တင်ဖတ်ပြီး အလိုအလျောက်တံခါးပွင့်ကာ ထွက်သွားလို့ရပါတယ်။ ကြားကလမ်းကို ဆက်နင်းရပါတယ်။ မလေးရှားဘက် လူဝင်မှုကြီးကြပ်ရေးမှာတော့ အရာရှိက မေးမြန်းပြီး ၁၄ ရက် တုံးထုပေးလိုက်ပါတယ်။ စင်ကာပူက လာသူ ၃ ယောက် က ဂျေဘီမှာ ကြိုရောက်နေတဲ့ စင်ကာပူသူငယ်ချင်းတစ်ယောက်နဲ့ ဆုံပြီး စနင်းခဲ့ကြပါတယ်။ စင်ကာပူ အိမ်က ထွက်ချိန် မနက် ၃:၀၀၊ woodlands ရောက်ချိန် ၅:၀၀ ၊ JB က သူငယ်ချင်း ၄ ယောက် စနင်းချိန် ၆:၃၀။
မြို့အထွက် တောရွာလေးတွေ ကို တစ်နာရီလောက် ဖြတ်နင်းလိုက်တော့ Pekan Nanas နာနတ်သီးမြို့ နားကို ရောက်ရှိလာပါတယ်။ အဲမြို့လေးအဝင် တရုတ်ဆိုင်လေးမှာ မနက်စာ ဘာကူတေး စားကြပါတယ်။ ကော်ဖီလည်း သောက်ကြတာပေါ့။ ရေလည်း ဖြည့်ကြ။ အိမ်သာလေးဘာလေးတက်ပြီး ၈:၂၀ လောက်မှာ ပြန်စထွက်ကြတယ်။
စီးလာရင်း မြို့ထဲရောက်လာတော့ နာနတ်သီးပုံကြီး ကို တွေ့တာ နဲ့ ဝင်ပြီးဓါတ်ပုံရိုက်ပါတယ်။ စင်ကာပူသူငယ်ချင်း ဒီဒေသက နာနတ်သီးထွက်ကြောင်း နဲ့ ဒါကြောင့် နာနတ်သီးမြို့လို့ ပေးကြောင်း ပြောပြပါတယ်။ ကျတော်တို့ စိတ်ထဲမှာတော့ နာနတ် ဆိုတာ မြန်မာအခေါ်အဝေါ် နဲ့လည်း တူနေတာကို ထူးဆန်းနေမိပါတယ်။ ဒါနဲ့ ကျတော်လည်း ဟိုလိုက်ရှာ ဒီလိုက်ရှာရင်း အောက်ပါအတိုင်း ဇစ်မြစ်ကို သိရှိရပါတော့တယ်။
မြန်မာဘာသာစကားနှင့် မလေးဘာသာစကားတို့ကြားတွင် မျိုးရိုးဗီဇအရ ဘာသာစကားတူညီမှု (Linguistic Kinship) လုံးဝမရှိပါ။ မြန်မာဘာသာစကားက တရုတ်-တိဘက် ဘာသာစကားမိသားစု အုပ်စုဖြစ်ပြီး မလေးဘာသာစကားက ဩစတြိုနီးရှန်း ဘာသာစကားမိသားစုဝင် ဖြစ်ပါတယ်။
“နာနတ်သီး" ရဲ့ တကယ့် ဇစ်မြစ် ဇာတိက အရှေ့တောင်အာရှ ဒေသရင်းအပင် မဟုတ်ပါ။ တောင်အမေရိကတိုက် (အထူးသဖြင့် ဘရာဇီးလ်ဒေသ) မှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ တောင်အမေရိကရှိ ဒေသခံ တူပီလူမျိုးများက သူတို့ဘာသာနဲ့ ဒီအသီးကို "nanas" (အလွန်ကောင်းသော သစ်သီး ဟု အဓိပ္ပာယ်ရ) ဟု ခေါ်ခဲ့ကြပါတယ်။ အဲဒီကနေမှ ပင်လယ်ရေကြောင်း သွားကြတဲ့ ပေါ်တူဂီ ကိုလိုနီနယ်ချဲ့များနှင့် ကုန်သည်များက ယင်းအသီးကို တွေ့ရှိပြီးနောက် ပေါ်တူဂီဘာသာစကားဖြင့် "ananás" ဟု ပြောင်းလဲခေါ်ကာ ဥရောပသို့ ရောက်ရှိလာပါတယ်။ အဲဒီကနေမှ ၁၆ ရာစုနှင့် ၁၇ ရာစုများတွင် ပေါ်တူဂီတို့ဟာ အာရှတိုက်သို့ ရေကြောင်းကုန်သွယ်မှုများ ပြုလုပ်ခဲ့ပါတယ်။ (မာလက္ကာတွင် ပေါ်တူဂီတို့ရဲ့ ၁၅၁၁ က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံ ခုထိရှိပါသေးတယ်)။ သူတို့ဟာ မလက္ကာ ရေလက်ကြား (ယနေ့ခေတ် မလေးရှား) နှင့် ရခိုင်၊ ပဲခူး ၊ သံလျင် စတဲ့ မြန်မာ့ကမ်းရိုးတန်း ဒေသများသို့ လာရောက်ကုန်သွယ်ရာတွင် နာနတ်သီးပင်များကို ယူဆောင်လာခဲ့ကြပါတယ်။ အသီးနှင့်အတူ ပေါ်တူဂီဝေါဟာရ "ananás" သည်လည်း ဒေသခံများဆီသို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစကားလုံးကို မလေးလူမျိုးများက "Nanas" ဟု တိုက်ရိုက်ယူသုံးခဲ့ပြီး၊ မြန်မာတို့ကလည်း "နာနတ်" ဟူသော အသံထွက်ဖြင့် ယူသုံးခဲ့တာပါ။ (အိန္ဒိယရှိ အချို့သော ဘာသာစကားများတွင်လည်း Ananas ဟုပင် ခေါ်ကြတာကို တွေ့နိုင်ပါတယ်)။
မြန်မာဘာသာစကားရှိ "နာနတ်" နှင့် မလေးရှားဘာသာစကားရှိ "Nanas" တို့ အသံထွက် ဆင်တူနေခြင်းသည် ဘာသာစကားချင်း ဆက်သွယ်မှု ရှိသောကြောင့် လုံးဝ (လုံးဝ) မဟုတ်ပါ။ ဘာသာစကားနှစ်ခုစလုံးဟာ တောင်အမေရိကမှ လာသော ပေါ်တူဂီစကားလုံး (ananás) ကို သီးခြားစီ အသံဖလှယ် မွေးစားထားခြင်း (Independent Phonetic Borrowing) သာ ဖြစ်ကြောင်း သိပ္ပံနည်းကျ ဘာသာဗေဒနှင့် သမိုင်းဆိုင်ရာ အချက်အလက်များက အခိုင်အမာ သက်သေပြနေပါတယ်။ ဒီလို ရှာဖွေလေ့လာမိတဲ့ Nanas နဲ့ နာနတ်အကြောင်း ဝေမျှပေးလိုက်တာဖြစ်ပါတယ်။
ဘာသာစကားဆိုတာ အဆင့်ဆင့် ဆင့်ပွါး မွေးစား ဖလှယ် ခြင်းတွေနဲ့ ရှေ့ဆက်နေတာကို တွေ့ရှိရပါတယ်။ လက်တင်အမေရိက ဘရာဇီးလ်က တူပီလူမျိုးတွေရဲ့ စကားလုံးကို ပေါ်တူဂီတွေက ယူမွေးစား။ တစ်ခါ ပေါ်တူဂီစကားလုံးကို မလေးရှား နဲ့ မြန်မာက ပြန်မွေးစားပြီး သုံးနေကြတယ်။ အနည်းငယ် လွဲသွားပေမယ့် မူရင်းဇစ်မြစ်က တူနေတယ်။ မွေးစားစကားလုံးမှန်းကို မသိတော့ဘူးလေ။
ပုံထဲမှာ ပြထားတဲ့ နာနတ်သီးပုံမှာ ရိုက်တဲ့အချိန်က မနက် ၈:၂၄ ဖြစ်ပါတယ်။ စထွက်ရာကနေဆိုရင် အကွာအဝေးအားဖြင့် ၅၃ ကီလိုမီတာလောက် ရှိပါပြီ။ ဓါတ်ပုံရိုက်ပြီးတော့ ရှေ့ကို ဆက်နင်းခဲ့ကြပါတယ်။ နောက်တစ်မြို့ကတော့ Pontian လို့ခေါ်တဲ့ ကမ်းခြေမြို့လေး ဖြစ်ပါတယ်။
ခရီးသွားတဲ့နေ့ - မေလ ၁ ရက်နေ့ ၂၀၂၆
၆/၅/၂၀၂၆
စောဂျိမ်း
#cycling
#melaka
#PekanNanas
#sawjamesvlog
1 week ago | [YT] | 7
View 0 replies
Saw James Vlog
မာလက္ကာ ပုံတွေ စာတွေ ရုပ်သံတွေ မကိုင်ရသေးဘူး နောက်တစ်ပွဲ လာပြန်ပြီ။ အလုပ်က ၆၀% စိုက်ပေးလို့ စီးလိုက်အုံးမယ်။
OCBC cycling 2026
#OCBCcycling
#cycling
#sawjamesvlog
1 month ago | [YT] | 13
View 0 replies
Saw James Vlog
အခု မာလက္ကာ ကို စက်ဘီးနဲ့သွားတဲ့ ခရီးစဉ်မှာ အတွေ့အကြုံတွေ အတွေးအခေါ်တွေ အများကြီး ရရှိခဲ့ပါတယ်။ စက်ဘီးစီးတယ် ဆိုတာထက် ပိုပါတယ်။ ကျတော် ကြိုးစားပြီး တင်ပြပါမယ်။ ဘယ်က ဘယ်လို စရေးရမှန်းတော့ မသိသေးဘူး။
ပုံတွေထဲမှာ အမြဲပြုံးနေပေမယ့် ကိုယ်လုံးတွေ နာနေတာတွေရှိပါတယ်။ တစ်ခါတလေ #စိတ် ရဲ့နောက်ကို #ရုပ် က မလိုက်နိုင်တာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်း ရုပ်က အရမ်းပင်ပန်းလာတော့ စိတ် ကိုယ်တိုင်က ပြန်အားနည်း သွားတာတွေလည်း ကြုံရတယ်။ စိတ် နဲ့ ရုပ် က အပြန်အလှန် ဆက်နေတာကိုးဗျာ။
အခု ခရီးစဉ်မှာ အားအနည်းဆုံးသူက ကျတော်ဖြစ်ခဲ့တယ်။ ကျန် ၃ ယောက်စလုံးက ကျတော်ထက် စိတ်ရော ကိုယ်ရော အားသာကြတယ်။ အများကြီး ကြိုးစား ပြင်ဆင် ရအုံးမယ်။
I have to write the experiences, feelings and thoughts regarding about this cycling to Malacca trip. This journey goes beyond the physical ride; it's a path to deeper reflection. I will try to write one by one. But I don’t have no idea yet.
Even you see my smile face always, my body was so painful inside. Firstly the physical body followed the mind, but later the body don’t want to follow because the body became very tired. Later the mind became malfunctioning and weak itself because of the body. There are interrelationship between and mind.
I was the weakest cyclist among four. The rest three are stronger than me physically and mentally. I have to practice more and more for next….
#malaccamalacca
#cycling
#sawjamesvlog
1 month ago | [YT] | 21
View 0 replies
Saw James Vlog
မနက်ဖြန်မနက် စတင်စီးမှာ ဖြစ်ပါတယ်။ မိတ်ဆွေ ၃ ယောက် နဲ့အတူ စုစုပေါင်း ၄ ယောက် စီးမှာ ဖြစ်ပါတယ်။ ၄ ယောက်စလုံး မလက္ကာ ကို စက်ဘီးနဲ့ မစီးသေးဘူးပဲ unseen ဖြစ်ပါတယ်။ တတ်နိုင်သလောက် ဖုန်းနဲ့ မှတ်တမ်းတင်ပါမယ်။ ကင်မရာ သီးသန့် မပါပါဘူးခင်ဗျာ။ စက်ဘီး ကလည်း အရမ်းစျေးမြှင့်တာ မဟုတ်ပါဘူး။ ရွက်ကြမ်းရေကျို စက်ကန်းဟန်း ဖြစ်ပါတယ်။ အကျီအပါအဝင် ကျန်တဲ့ accessories လေးတွေကိုလည်း စက်ဘီးစီးဖေါ် သူငယ်ချင်းတွေက ပေးထားတာ ဖြစ်ပါတယ်။ ဒီတစ်ခါစီးတာကတော့ အဝေးဆုံး စံချိန် ဖြစ်ပါလိမ့်မယ်။ အခုလို စက်ဘီးစီး မှတ်တမ်းလေးတွေကို စောင့်ကြည့်ပေးကြတဲ့ သူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။
#malacca
#cycling
#sawjamesvlog
1 month ago | [YT] | 8
View 0 replies
Saw James Vlog
မာလက္ကာ ကို လာမယ့် မေဒေးနေ့မှာ စက်ဘီးနဲ့ စီးသွားဖို့ ပြင်ဆင်နေပါပြီ။ Giant Gravel အဟောင်းလေးတစ်စီး ဝယ်လိုက်ပါတယ် (စပွန်ဆာ ပေးမယ့်သူမရှိဘူးလေ 😂)။ နောက်က ကယ်ရီယာ ခုံလေးက ကိုပိုင် ပေးတာ။ ကယ်ရီယာမှာ တင်မယ့် အထုတ်လေးက ရုံးက ပေးထားတဲ့ မိုးလုံလေလုံ အိတ်လေး ဖြစ်မယ်။ ရှေ့ဘက်မှာတော့ အိတ်လေးတွေက စမ်းတင်ကြည့်ထားတာ။ အဆင်မပြေရင် ဖြုတ်မယ်။ လေလုံး အပို ၂ ခု၊ လေထိုးတံ နဲ့ တာရာခွါတဲ့ ကလော်တံလေးတွေ ပါမယ်။ L key ၊ ဂွရှင်၊ ဝက်အူလှည့် အတိုလေး ပါမယ်။ ရှေ့မီး နောက်မီး ပါမယ်။ အိုစကေနေပါပြီ။ လိုက်ကြအုံးမလား သယ်ချင်းတို့။
#cycling
#malacca
#sawjamesvlog
1 month ago | [YT] | 3
View 0 replies
Saw James Vlog
Cycling to Legoland JB… 25.1.2026
4 months ago | [YT] | 0
View 0 replies
Load more