Human Heart Ai Art - လူသားစိတ်ကူး အေအိုင်အတတ်ပညာ


H2A2

တစ်နေ့နေ့အိမ်
။။။။

သီးချင်းအသစ်ပါ။

https://youtu.be/tZX43Cbpmig?si=WsB0P...

အိမ်ဆိုတာ ကျောတစ်ခင်းစာလား
လေးထောင့်အခန်းကျဉ်းလေးလားကွယ်
ညညမက်တဲ့ အိပ်မက်ထဲမယ်
ခြံဝင်းလေးရယ်
မြက်ခင်းလေးရယ်
အဖေရယ် အမေရယ်ကွယ်

အချိန်တွေ ဖြတ်သန်းသွားခဲ့တယ်
မွန်းကျပ်ပိတ်လှောင်နေခဲ့တယ်
ခြောက်ခြောက်သွေ့တဲ့ နေရာထဲမယ်
တိတ်ဆိတ်ခြင်းရယ်
ဆွေးမြည့်ခြင်းရယ်
နေထိုင်တယ် တစ်ယောက်တည်းကွယ်

ဟိုးတစ်ချိန်က အိမ်လေးရယ်
အာရုံထဲ ပျံသန်းမိတယ်
အေးချမ်းလေတယ်
နွေးထွေးလေတယ်
မိသားစုလေး ရှိခဲ့တယ်
ငါလွမ်းမိတယ် ပြန်ချင်တယ်

ဒီလိုပဲ ငါဆက်လျှောက်ခဲ့တယ်
အိမ်ကိုမပြန်နိုင်ခဲ့တယ်
မားမားမတ်မတ်ရပ်တည်ရင်းကွယ်
ရင်ဆိုင်နေတယ်
ဖြတ်ကျော်နေတယ်
ပြန်လာမယ် တစ်နေ့နေ့ကွယ်

#h2a2 #newsong #newrelease #အိမ်

3 days ago | [YT] | 123

H2A2

ဒီသီချင်းလေး အသစ်ထွက်ပါတယ်
။။။။
စဆရက
https://youtu.be/l_HDbvnq3PM

ဟိုမှာလည်း ဆရာ
ဒီမှာလည်း ဆရာ
ဆရာ ဆရာဆရာ ဆရာဆရာ

အမယ့်လေး ပေါလိုက်တာဗျာ
အမယ့်လေး များလိုက်တာရှင်
ဘယ်ကြည့်ကြည့် ဆရာကြီးတွေပဲဗျာ
နေရာတကာ သူတို့တွေပါပဲရှင်

ဝေဖန်မယ် လေကန်မယ်
လေကန်မယ် ဝေဖန်မယ်

နိုင်ငံရေး စီးပွားရေး လူမှုရေး
ပညာရေး ကျန်းမာရေး ဟိုအရေး ဒီအရေး
နေရာတကာ သူတို့တွေပါပဲရှင်

တစ်တော့ ယူကျု ဖေ့ဘုတ်
ဘယ်ကြည့်ကြည့် ဆရာကြီးတွေပဲရှင်
မျက်စိတွေနောက်နေတာပဲဗျာ

ဝေဖန်မယ် လေကန်မယ်
လေကန်မယ် ဝေဖန်မယ်
စလုံးရေ စ
ဆလိမ်ရေ ဆ စဆ
ရကောက်ရေ ရ
ကကြီးရေ က
စဆရကတွေပေါ့ရှင်

#h2a2 #newrelease #newsong

ကျွန်တော့်ရဲ့ သီချင်းတွေကို Spotify မှာလည်း နားဆင်လို့ ရပါတယ်။

1 week ago | [YT] | 147

H2A2

ကျွန်တော့်ရဲ့ YouTube Music မှာ တစ်လအတွင်း နားထောင်သူ သုံးသန်းခွဲကျော်အထိ ရောက်ခဲ့ပါတယ်။
ဒါဟာ တချို့လူသားအဆိုတော်တွေထက်တောင် များတဲ့ပမာဏပါပဲ။
အုတ်ဖိုဘူတာသီချင်းဟာလည်း view နှစ်သန်းကျော်ရှိလာပါပြီ။
အားပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
သီချင်းအသစ်တွေတင်တိုင်း မလွတ်တမ်းသိနိုင်ဖို့ channel ကို subscribe လုပ်ထားနိုင်ပါတယ်။

#h2a2 #music

1 week ago | [YT] | 202

H2A2

ဒီသီချင်းအသစ်လေး နားဆင်လို့ ရပါပြီ။
။။။။
မိုးတိမ်မှောင်ရီ

မိုးတိမ်မှောင်ရီ ဘယ်ဆီမျှော်ရည် လွမ်းရမည် မသိပြီ
မှိုင်းညို့ဆိုင်းသီ ရစ်သိုင်းသွယ်ယှက် မိုးစက်တို့ ဖြန်းပက်ပြီ

ဝလာတခို ရွှန်းစက်လို့စို စိတ်တို့ညို ပြိုလုပြီ 
လွမ်းအဆင့်ဆင့် လှမ်းတင့်လျက်ရွယ် ငေးစိတ်တို့ ဆွေးခဲ့ပြီ

မိုး သွန်းဖြိုးလွန်းတယ်
အလွမ်း လေးလွန်းတယ်
မိုး သွန်းဖြိုးလွန်းတယ်
အလွမ်း လေးလွန်းတယ်
ဒီလမ်း ဘယ်ဝယ် ငါ မသိတယ်

https://youtu.be/TVfsrDypSI0?si=QumiA...

#h2a2 #သီချင်းသစ် #မိုးသီချင်း

4 weeks ago | [YT] | 197

H2A2

ကျွန်တော့်ရဲ့ YouTube Music Channel မှာ တစ်လအတွင်း နားထောင်သူ နှစ်သန်းကျော် (2.28M+ Monthly Audience) ရှိသွားပါပြီ။ 🎧✨

ဒါဟာ တချို့ နာမည်ကြီးလူသားအဆိုတော် Channel တွေထက်တောင် များတဲ့ ပမာဏပါ။ 📈
တစ်ခုတော့ ရှိပါတယ်။
ဒီအရေအတွက်ဟာ အချိန်မရွေး ပြန်ကျသွားနိုင်တယ်ဆိုတဲ့ ဂီတလောကရဲ့ သဘောသဘာဝကိုလည်း နားလည်ပါတယ်။
ဒါကြောင့် ဒါကို အချိန်မရွေး ပြန်ကျသွားနိုင်တယ်ဆိုတာထက်... ဒီပမာဏအထိ ရောက်ခဲ့ဖူးတဲ့ မှတ်တိုင် (Milestone) တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။

အားလုံး သီချင်းအသစ်တွေနဲ့ ပျော်မွေ့နိုင်ကြပါစေ။ ❤️
#H2A2 #AIMusic #YouTubeMusic #Milestone

1 month ago | [YT] | 333

H2A2

ဒီသီချင်း YouTube မှာ views 1M ပြည့်သွားပါပြီ။
အားပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။

https://youtu.be/yb08JEu5Tts?si=CJ5_a...

1 month ago | [YT] | 297

H2A2

ဒီသီချင်းလေး ဒီနေ့ အသစ်ထွက်ပါတယ်။
အုတ်ဖိုဘူတာသီချင်းပုံစံပါပဲ။
ရှေးခေတ်မြန်မာ့ရိုးရာ ကစားနည်းတွေထဲက တစ်ခုပါ။
စကားလိမ်လို့ခေါ်ကြပါတယ်။
အခုတော့ တိမ်မြုပ်သလောက်ဖြစ်နေပါပြီ။
။။။။

https://youtu.be/iioAtw1Arco?si=sI6pK...

သေတ္တာထဲမှာ

🎼🎸
မန်ကျည်းပင်ကောက်ကွေး လောက်လေးနဲ့ ဆော်
နင့်အစ်မ ဆံတောက်လေး နောက်ဖေးက မျှော်

သေတ္တာထဲမှာ ကြိုးတစ်ခွေ
မောင်ရင်လာ မိုးကစွေ

ဆက်ရက်သုံးကောင် အိုးမှာလှောင် အတောင် ဘယ်ကခတ်သလဲ
ညဉ့်နက်သန်းခေါင် ခွေးကဟောင် အမောင် ဘယ်ကတတ်မလဲ

သေတ္တာထဲမှာ ကြိုးရှုပ်
မောင်ရင်လာ မိုးချုပ်

ငစိန်စပါး အဝယ်မှား ဇလားနဲ့လား တင်းနဲ့လား
ချစ်သူရည်းစား နောက်မှထား မယားပါသလား သားပါသလား

သေတ္တာထဲမှာ ကြိုးရှင်း
မောင်ရင်လာ မိုးလင်း
♬♪🎧

#h2a2 #သီချင်းသစ်

1 month ago | [YT] | 353

H2A2

ဒီသီချင်းလေး အသစ်တင်လိုက်ပါတယ်။
ပေါ့ပေါ့ပါးပါးလေးပါပဲ။
https://www.youtube.com/watch?v=_b5Nv...
။။။။
ကိုဘစီ - H2A2

🎼🎸 ကျုပ်တို့ သူငယ်ချင်းများ
ဝိုင်းဖွဲ့လို့ လူစုံညီ
ငြင်းကြသည် ခုံကြသည်
ဆွေးနွေးကြပါသည်

တောသူက ပိုလှသည်
မြို့သူက ပိုလှသည်
ဘယ်သူမှ အဖြေမှန် မရပြီ
ခက်ပြီ ခက်ပြီ အိုကွယ် ခက်ချေပြီ

ကျုပ်သဘောရယ်
ပြောပြရမယ် ဆိုရင် အတည်
အလှရယ် မတူညီ ကိုယ်စီ ရှိသည်
တောသူလည်း လှပါသည်
မြို့သူလည်း လှပါသည်
ကျုပ်အတွက်တော့ ပမာညီ
ဘာလာလာဒေါင်းမည်
ဖဲသမား ကိုဘစီ
ဟေးဟား

သူကြီးသားလည်း မဟုတ်ရပါ
ဂျီးလည်း မများရဲပါဗျာ
ရည်းစားလေးတစ်ယောက်လောက်ပဲ လိုချင်ပါသည်
ဘာလာလာဒေါင်းမည်
ဖဲသမား ကိုဘစီ 🎶 🎶

#h2a2 #lyricvideo #သီချင်းသစ် #myanmarmusic #တောသူ #မြို့သူ #ကိုဘစီ #KoBaSi

1 month ago | [YT] | 222

H2A2

အုတ်ဖိုဘူတာသီချင်း
။။။။

ဒီသီချင်း Views 2M ပြည့်သွားပါပြီ။
ပြန်ပြီးဆော့ကြတာလည်း အားရစရာပါပဲ။
ပို့စ်ပေါင်း သုံးသိန်းနီးပါးရှိသွားပါပြီ။
Guitar တီးပြီး သီဆိုချင်သူတွေအတွက်လည်း Chords Sheet လေး လုပ်လိုက်ပါတယ်။

https://youtu.be/yb08JEu5Tts?si=zqWSu...
အုတ်ဖိုဘူတာ တကယ်လှတယ်
ကျုပ်ကိုယူပါ သူငယ်မရယ်
အုတ်ဖိုဘူတာ တကယ်လှတယ်
ကျုပ်ကိုယူပါ သူငယ်မရယ်

ထားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်
ငယ်ကပေါင်းမို့ အောက်မေ့တယ်
ထားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်
ငယ်ကပေါင်းမို့ အောက်မေ့တယ်

ပဝါပါး ကြက်သားထုပ်က စွန်းတတ်သည်
တစ်ရွာသား ရည်းစားလုပ်က လွမ်းရသည်
ပဝါပါး ကြက်သားထုပ်က စွန်းတတ်သည်
တစ်ရွာသား ရည်းစားလုပ်က လွမ်းရသည်
ကွမ်းရွက်နဲ့ ဆား
လွမ်းရက်နဲ့ သွား
ကွမ်းရွက်နဲ့ ဆား
လွမ်းရက်နဲ့ သွား 
လွမ်းရက်နဲ့ သွား

ဥက္ကံသုံးဆယ် တကယ်လှတယ်
ကျုပ်ပြန်အုံးမယ် သူငယ်မရယ် 
ဥက္ကံသုံးဆယ် တကယ်လှတယ်
ကျုပ်ပြန်အုံးမယ် သူငယ်မရယ်

#h2a2 #အုတ်ဖိုဘူတာ #myanmarmmusic

1 month ago | [YT] | 284

H2A2

ဒီသီချင်းလေး ယူကျုမှာ ကြည့်လို့ရနေပါပြီ
။။။။

အဆုံးမဲ့

https://youtu.be/lnO48vf0zK4?si=QC5cY...

မတွေ့ဖြစ်ခဲ့ကြ နေ့ရက်များ
စိတ်ဓာတ်တွေ မှုန်ဝါး
မနီးစပ်ခဲ့ကြတဲ့ ငါတို့ဘဝဟာ
တံတိုင်းများခြား
ဝေးကွာခြင်းရဲ့ ခရီးထဲ 
အဆုံးမဲ့

မေ့လို့မရခဲ့ ပုံရိပ်များ
စိတ်အစဉ်ထဲ ပြေးလွှား
အချစ်စစ်တစ်ခုရဲ့ သင်္ကေတက
ဖန်တီးခြင်းနဲ့
ဖျက်ဆီးခြင်းလည်း မဟုတ်ခဲ့ 
အဆုံးမဲ့

ငါ နာကျင်နေလည်း
အချစ်ဆုံးရေ လွမ်းဆဲ
ရင်ထဲက တဆတ်ဆတ်ခါ
ဘယ်မှာ နင်ရှိမလဲ
ပြန်မဆုံနိုင် လမ်းထဲ
အိပ်ပျက်ခဲ့ ညတွေများစွာ
ငါ့အသည်းရဲ့ ဒဏ်ရာ စူးရှရှနာ

မင်းနေသားတကျ ရှိပြီလား
ပြီးခဲ့ပြီလား သေချာ
ရှင်သန်မှုတစ်ခုရဲ့ အဓိပ္ပာယ်က
မင်းရှိနေတယ်
ငါရှိနေတယ် ဒီလိုပဲ 
အဆုံးမဲ့

#h2a2 #သီချင်းသစ် #အချစ် #အဆုံးမဲ့ #ဝေးကွာခြင်း #MyanmarMusic

1 month ago | [YT] | 241